Wednesday, October 28, 2009

ကိုသုဏော် စိုင်းမွေးနေ့တုန်းက မွေးနေ့လက်ဆောင် ရေးပေးခဲ့တဲ့ကဗျာ

Photobucket


ဟေ့ကဗျာဆရာ
မတွေ့ တာကြာပြီ နေလို့ မှကောင်းရဲ့လား
လာဗျာ
လဘက်ရည်ဆိုင်ထိုင်ရင်း
စကားပြောကြရအောင်---------
ကျွန်တော်လားးး
လဘက်ရည် ချိုပေါ့ကျလေးသောက်မယ်
ခင်ဗျားဘာမှာ မှာလည်း
လုပ်လေဗျာ
မှာပါဗျာ ခင်ဗျားဘိုင်ပြတ်နေသလား
ကျတော့်မှာ ပါပါတယ် ဗျ-----
ဟေ့စားပွဲထိုး ညီလေးရေ
ဒူးယားဖင်ကျွတ်တပွဲနဲ့ ဂျက်ကမ္ဘာ တပွဲအရင်ပေးကွဲ့  ။ ။
နေပါဦးဗျ ကဗျာဆရာရဲ့
မြစ်လိုစီးဆင်းချင်ရင်
ရေချမ်းစင်လို ရပ်နေလို့ မရဘူးဗျ
အပြုံး စစ်စစ်က
လောဘ ဒေါသ မောဟ များနေတဲ့ကမ္ဘာကြီးက
လူသားစစ်စစ် ဆိုတဲ့သူတွေကို
ပေးခဲ့ရလို့ မရှိတော့ဘူး
စိတ်မကောင်းဘူးဗျာ----
နောက်ဆုံးလက်ကျန်တခု
ချန်ထားရသေးတယ်ဗျ
ကျွန်တော်ချစ်တဲ့ ချစ်သူကိုပေးဘို့ လေ
ချစ်သူကို
ဟန်ဆောင်အပြုံး နဲ့ 
နှလုံးသားအတု မပေးချင်ခဲ့လို့ ပါဗျာ---------
ပို့ စ်မော်ဒန် ဂမ္ဘီရမော်ဒန်တွေ ထားလိုက်ဗျာ
ဖျားနာနေတဲ့ကမ္ဘာ ကြီးကို
ကျွန်တော်တို့ ချစ်တဲ့ကဗျာတွေနဲ့ 
ဆေးကုလို့  ရနိုင်ပါ့မလား
ဆေးကုလို့  မှီနိုင်ပါဦးမလား
အသက်ဆက်ခိုင်းလို့ ဖြစ်နိုင်ပါ့မလား
ခင်ဗျား
စဉ်းစား
စဉ်းစား စဉ်းစား စဉ်းစားးးးးးးးးးးးးးးးးးးးးးး
------
-----------
---------------
-------------------
ဟေ့လူကဗျာဆရာ
စကားလည်းမပြောပါလားဗျ
ခင်ဗျား ဘာဖြစ်နေလည်း
သွားတော့မယ်ဗျာ
လိမ်လိမ်မာမာနေပေါ့
ကျွန်တော်ကတော့
ဗမာပြည်ကြီး ငြိမ်းချမ်းဘို့ အတွက်
မိုက်လိုက်ဦးမယ်ဗျာ
လမ်းတွေ့ ရင်လည်းခေါ်ပေါ့
အဲအခါကျရင်
ဖြစ်တည်မှုပဓါန ၀ါဒ နဲံ့
ဘာမြူဒါ တြိဂံ အကြောင်း
မက်ဒေါနားအကနဲ့ သက်မွန်မြင့်အလှအကြောင်း
(ဘာမှမတတ်တဲ့ ကျွန်တော့်ကို )
ကဗျာကောင်းကောင်း ရေးနည်းအကြောင်း
ခင်ဗျားပြောပြရမယ်နော်---
ပြီးတော့
ဗော်လဂါနဲ့ ဂျုစု မတိုက်နိုင်တောင်မှ
ရှမ်းအရက်ကောင်းကောင်းတိုက်လို့  ဆတ်သားချောက်ဖုတ်
နဲ့ မြည်း မယ်နော်---
ဒုခရောက်နေတဲ့ ဗမာပြည်သူတွေ အကြောင်း
မပြောချင်လည်းနေဗျာ
ခင်ဗျားနောက်ဖေးအိမ်က
ဂျနီဖာ လိုပက်ဆိုတဲ့ကောင်မလေးအကြောင်းတော့
ပြောဖြစ်အောင်ပြောဗှာ-----
သွားပြီဗျိုးးးးးးးးးးးးးးးးးးး
အစစ အရာရာ
အဆင်ပြေပါစေ ကဗျာဆရာ---------------------



ကိုတိုးကြီး ( မာတီဘိုးဘိုးကြီး )
မူရင်း ဒီနေရာမှာ
http://kothuunawsai.myanmarbloggers.org/

No comments:

Post a Comment