Friday, October 30, 2009

ကျတော်ချစ်သော ခေါင်းဆောင်များ အပိုင်း သုံး

ကျတော်နဲ့ ရွှေဘုန်းလူ (သို့) နောက်ကျောကို ဒါးထိုးခံခဲ့ရသူတဦး

Photobucket


ဗကသ အစည်းအဝေးရှိတယ်လာခဲ့ပါဆိုလို့ ဖဆပလ အဖွဲ့ချုပ် ရှိရာ ဒေါ်ချိုချိုကျော်ငြိမ်း ခြံထည်းကို ရောက်သွားခဲ့တော့ ဘယ်သူ့ကိုမှ မတွေ့ အိမ်ထည်းကိုခပ်တည်တည် ၀င်လာခဲ့တယ် ဒီတကြိမ် ပထမဆုံးအကြီမ် ဒိနေရာကိုရောက်ဘူးတာဆိုတော့အူကြောင်ကြားနဲ့ပေါ့ အိမ်ရှေ့မှာလူတယောက်မှ မတွေ့ နောက်ဖေးမှာလူသံကြားတော့ ချောင်းဟန့်သံပေးတော့လည်းထွက်မလာ ခပ်တည်တည်နဲ့ကိုယ်လည်း မီးဖိုချောင်ထည်းဝင်ခဲ့ ထမင်းစားခန်းထည်းရောက်တော့ ထမင်းစားပွဲက ထမင်းအုပ်ဆောင်းတွေဖွင့်ပြီးတခုခု ရှာနေတဲ့ မှုန်ကုတ်ကုတ်နဲ့ လူတယောက်ကိုတွေ့လိုက်တယ် ကျတော် က “ဒီမှာ ဗကသ အစည်းအဝေးရှိတယ်ဆိုလို့လာတာပါ ဘယ်မှာလုပ်မှာလည်းမသိဘူး” လို့မေးတော့ စကားမပြောချင်သလိုလို စာရင်းမသွင်းသလိုလိုနဲ့ “မသိဘူးဗျ” တဲ့
အပြင်ပြန်ထွက်လာတော့ ကားဂိုထောင်ဘေးနားမှာ ဆေးလိပ်သောက်နေတဲ့ ကေကျု (ကိုကိုကြီး) ကိုတွေ့လိုက်ရတယ် အဲဒါနဲ့သူ့ဆီသွားပြီး “ကျု အဲထည်းကကောင်ဘယ်ကကောင်လည်း စကားမပြောချင်သလိုလိုဘာလိုလိုနဲ့” “အဲဒါ ဒေါ်ချိုကြိးရဲ့မွေးစားသားလေ ခင်ဗျားတို့ဆရာ အောင်ဒင်ညီပေါ့” “ ဟုတ်လား အောင်ဒင်က ညီရှိတာမပြောဘူးဘူး သူကဘယ်အဖွဲ့မှ မလုပ်ဘူးလား” ကိုကိုကြီးက င်္ရင်္ီပြီး “ အောင်ဒင်က ညီတင်မဟုတ်ဘူးကွ ညီမလည်း ရှိသေးတယ် သေချာပေါင်းထား”တဲ့

Photobucket
အဲဒါက မှတ်မှတ်ရရ ရွှေဘုန်းလူနဲ့ပထမဆုံး ဆုံခဲ့ဘူးတာပါဘဲ------
သူ့ကိုကျတော် တာရာမင်းဝေ အနေနဲ့ လုံးဝမသိခဲ့ပါဘူး ကျတော်သိခဲ့တာက ရွှေဘုန်းလူအနေနဲ့ဘဲ သူ့ကိုသိခဲ့ပါတယ် ဒုတိယအကြိမ်ဆုံတော့ သူ ဗကသ သတင်းပြန်ကြားမှာ ဘိုကြည် ဘိုဘို တို့နဲ့အတူ လုပ်နေပါတယ် မေးထူးခေါ်ပြောလောက်ဘဲ ရှိပါသေးတယ် ရင်းရင်းနှီးနှီးမရှိခဲ့သေးပါဘူး ဒါပေမယ့် လည်းရင်းနှီးဘို့နဲ့ နီးကပ်ဘို့အကြောင်းက ဖန်လာခဲ့ပါတယ် သူဗကသ သတင်းပြန်ကြားတာဝန်ယူပြီး သိပ်မကြာဘူး သူကိုကော ကျတော့်ကိုပါ လိုက်ဖမ်းလို့ ရှောင်နေရတဲ့အချိန် အိမ်တအိမ်ထည်းမှာဘဲ ၂ လလောက်တူတူအိပ် တူတူစားနဲ့နေလာခဲ့ရပါတယ် သင်္ဃန်းကျွန်းက အိမ်တအိမ်မှာပေါ့ အဲအိမ်က တရုပ်သူဌေးခေါက်ဆွဲစက်ပိုင်ရှင်တယောက် ပိုက်ဆံပေါလို့ ၀ယ်ထားတာပါ ဘယ်သူမှမနေသေးတဲ့အပြင် အဲတရုပ်သေဌေး အမျိုးသမီး ဆရာဝန်မက ၈၈ ဒီမိုကရေစီတိုက်ပွဲတုန်းက ကျောင်းသားတွေကို အပြည့်အ၀ ထောက်ခံခဲ့သူပါ (ကျတော်လက်က သေနှပ်ဒဏ်ရာကိုတောင် သူကုပေးဘူးပါတယ်) အဲအိမ်မှာ တူတူနေတော့ ပထမဆုံးညမှာဘဲ ဒုတိယ အမှတ်တယဖြစ်စေမယ့်အဖြစ်တခုပါဘဲ ကျတော်တရေးနိုးလို့ထတော့ သူမအိပ်ဘဲ စာရေးနေပါတယ် မနက် ၃ နာရီလောက်ရှိပါပြီ တခြားအကသ ကျောင်းသားလေးတွေလည်း ရှိပါတယ် အကုန်အိပ်နေကြတယ် ၀ရမ်းပြေးတွေပေါ့ ၇ ယောက် ၈ ယောက်လောက်တော့ ရှိပါတယ် ကျတော်က “ရွှေဘုန်း ခင်ဗျားမအိပ်သေးဘူးလား မိုးတောင်လင်းတော့မယ်” ဆိုတော့ “အိပ်လို့မရဘူးဗျာ ခင်ဗျားတအားဟောက်တယ် ဘယ်လိုမှ အိပ်လို့မရဘူး” သူ့ကိုတော်တော်အားနာသွားမိတယ် သူကဆက်ပြီး “ ခင်ဗျားတောခိုလို့ သူပုန်ဖြစ်ရင် ခဏနဲ့အဖမ်းခံ၇မယ် ပုန်းနေ၇င်အိပ်ပျော်သွားလို့ ခင်ဗျားဟောက်သံ ၇န်သူကြားသွားရင် အသတ်ခံရမယ်” တဲ့ ဒါပေမယ့် နောက် ၂ ရက်လောက်နေတော့ သူကျင့်သားရသွားပုံ၇ပါတယ် ကျတော်တရေးနိုးတိုင်း အိပ်ပျော်နေတာတွေ့ရပါတယ် သူနဲ့ကျွန်တော် အတူနေတဲ့အချိန်တွေအတွင်းမှာဘဲ တော်လှန်ရေး အကြောင်း နိုင်ငံရေးအကြောင်းတွေဘဲ အများဆုံးပြောဖြစ်ခဲ့ပါတယ် စာအကြောင်းပေအကြောင်းနဲနဲဘဲပြောဖြစ်ခဲ့တယ် သူစာဖတ်အားကောင်းတယ်ဆိုတာပထမဆုံးသိခဲ့တာကတော့ စကာစပ်မိပြီး သခင်စိုးအကြောင်းပြောဖြစ်ချိန်မှာပါ ကျတော်ဖတ်ဘူးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ နှစ် ချမ်း ကွဲခဲ့တဲ့အကြောင်း ဘာကြောင့်ကွဲခဲ့ရတယ်ဆိုတာရေးထားခဲ့တဲ့ စာအုပ်တအုပ်အကြောင်းသူ့ကိုပြောပြပါတယ် စာအုပ်နံမယ်က “ ပြည်သူ့ရုံးတော်သို့ ငါအစီရင်ခံပြီ” ဆိုတဲ့စာအုပ်ပါ ဗမာပြည်ကွန်မြူနစ်ပါတီ အကွဲ အပြဲအပြီး သခင်စိုးရေးခဲ့တာပါ သူ့ကိုစာအုပ်ထည်းမှာပါတဲ့ အကြောင်းအရာတွေကိုပြောပြတော့ ကျတော်သိတာတွေအကုန်သူသိနေတဲ့အပြင် သူကတောင်မှ စာမျက်နှာက အစ အဆုံး အလွတ်၇သလောက်နီးပါး ပြန်ပြောပြနေပါတယ် သူ့ကိုကျတော်ပထမဆုံးအကြိမ် အထင်ကြီးမိခြင်းပါဘဲ ကျတော်က “သခင်စိုးက သူမိန်းမပွေတာကျထည့်မရေးဘူးဗျ ”လို့ပြောတော့ “ သူ့ကိုပြောလို့ဘယ်ရမလည်း သူအယူဆကိုက မိန်းမဆိုတာ ခြင်ထောင်ထည်းစည်းရုံးရတယ် လို့ခံယူထားတဲ့သူလေ သူ့ကိုသွားပြောရင် သူစည်းရုံးရေးဆင်းတယ်ပြောမှာပေါ့” တဲ့ ကျတော်သဘောကျလို့ ဟားတိုက်ရယ်ပေမယ့် သူကတော့ ပြုံးပြုံးကြီးလုပ်နေပါတယ် သူသဘောကျလို့ ဟက်ဟက်ပက်ပက် ရယ်မောတာမျိုး လုံးဝ မတွေ့ရခဲ့ဘူးပါဘူး------။

သူအဖမ်းမခံရခင်တလျှောက်လုံး မနွလေးညီလာခံက ပြန်လာတဲ့အချိန်ကစပြီး အပြင်ထွက်ဘို့ ကြိုးစားခဲ့ပေမယ့် သူမအောင်မြင်ခဲ့ပါဘူး ဘာကြောင့်လည်းဆိုတာတော့သူမပြောပြပါဘူး နောက်မကြာဘူး သူရေးတဲ့ “ကျောင်းဖွင့်ချိန်” ဆိုတဲ့ကဗျာစာအုပ်ကလေးထုတ်ပါတယ် စာအုပ်ဆိုပေမယ့် စာရွက်ကိုခေါက်ထားတာပါ သူကျွန်တော့ကိုရောင်းခိုင်းပါတယ် တအုပ် ၂ ကျပ်နဲ့ပါ အဲအချိန်က ၂ ကျပ်ဆိုတာ တန်ဘိုးနဲနဲ ရှိပါသေးတယ် ကျတော်အံ့သြပါတယ် “ရွှေဘုန်း စာအုပ်က ဈေးကြီးတယ်ဗျ တော်ယုံလူက ၀ယ်မယ်မထင်ဘူး ဒီအချိန်မှာအလကား ဖြန့်တာတောင် တော်ယုံလူက ဖွတ်ပြီးဖတ်နေရတာလေ” ဆိုတော့ ကျတော်ပိုက်ဆံလိုနေလို့ပါ ဖြစ်အောင်လုပ်ပေးပါဆိုပြီး စာအုပ် ၅၀ ကျတော့်ကိုရောင်းခိုင်းပါတယ် အဲအချိန်က ဗကသ ကလည်း အိုးဝေ ဂျာနယ်ထုတ်ပြိးရောင်းနေရတဲ့အချိန်ပေါ့ ကျတော်လိုက်ရောင်းတော့ ၁၅ အုပ်လောက်ဘဲ ရောင်းရတယ် အဲဒါနဲ့ ကျတော်လည်းကြံရာမရဖြစ်ပြီး ကိုဘိုကြည်အမ (တခါတုံးက ကျတော့်မမပေါ့) ကို သွားပြောတော့ သူက စာအုပ် ၁၅ အုပ်ယူထားပြီး ပိုက်ဆံ ၁၀၀ ထုတ်ပေးပါတယ် စာအုပ်ဝယ်တာ မဟုတ်ဘူးနော် နင်တို့ကျောင်းသားတွေ အခက်ခဲဖြစ်နေလို့ လှုလိုက်တာပါလို့ပြောလိုက်တာနဲ့ အဆင်ပြေသွားခဲ့ပါတယ် ကျန်တဲ့ စာအုပ် ၂၀ လောက်က အလကားပေးလိုက်ရတာနဲ့ ပိုက်ဆံမရတာနဲ့ဆိုပေမယ့် အဆင်ပြေသွားခဲ့ပါတယ်------။

ကျတော့်ကို သူဒုခပေးပြိးတော့ သူ့ကိုကျတော်ဒုခပြန်ပေး၇ပါတယ် အဲအချိန်မှာ ကျတော့်အဆက်သွယ်တွေ တော်တော်များများရှောင်နေတဲ့သူနဲ့ အဖမ်းခံရတဲ့သူနဲ့ ဆိုတော့ ဘယ်လိုမှ ပြန်ချိတ်လို့မရတဲ့အချိန် ကျတော်သူ့ကိုပြောတယ် “ ကျတော်ထွက်ချင်တယ် ထွက်မှဖြစ်တော့မယ် အထည်းမှာနေရတာ အခက်ခဲရှိနေပြီ” လို့ ပြောပြီး သူ့ကိုအတင်းအပူကပ်တော့ သူ ပထမ တရက် နှစ်ရက် ဘာမှ မပြောပါဘူး ၃ ရက်လောက်နေတော့မှာ သူ စာလေးတစောင်ရေးပေးပါတယ် စာထည်းမှာတော့ ခေါင်းစဉ်တပ်ထားတဲ့သူတွေက နေနွယ် ဝေလင်း နဲ့အမည်မမှတ်မိနောက်တယောက်ပါ ( ဝေလင်းဆိုတာ ခုနော်ဝေရောက်နေတဲ့ အေအေပီပီက ကိုဝေလင်း ဘလော့ဂါလ် နှင်းခါးမို့း) လို့ ထင်ပါတယ်ကို ဝေလင်း နဲ့တော့ အခုချိန်ထိ အဲအကြောင်းမပြောဖြစ်သေးပါဘူး ရွှေဘုန်းက လိပ်စာအတိကျပေးလိုက်ပြီး သွားရမယ့်အချိန် နဲ့ ပြောရမယ့်စကားလုံးတွေကို အတိကျညွန်လိုက်ပါတယ် နေရာက တောင်ဥက္ကလာ ညောင်မုတ်ဆိပ် မှတ်တိုင် နားက လူမှုဖူလုံရေးဆေးခန်းနောက်နားမှာပါ တံတားလေးကျော်သွားပြီးတော့ ပထမဆုံးတွေ့တဲ့ ညာဘက်က လမ်းထည်းကိုဝင်လို့ပြောပါတယ် ကျတော်ရောက်သွားတော့ မိန်းမကြီးတယောက်ထွက်လာပြိးကျတော့်ကို ပြူးတူးပြဲတဲကြည့်ပြီး (ကြောက်လန့်နေတဲ့ပုံစံအပြင် အသံတွေတုန်နေပြီး) ”မရှိဘူး မရှိဘူး ဘယ်သူမှ မရှိဘူး သူတို့ဒီအိမ်မှာ မနေတာကြာလှပြီ” လိုပြောလိုက်ပါတယ် ပြီးတော့တံခါးကိုအတင်းပိတ်လိုက်တာနဲ့ ကျတော်ပြန်လာခဲ့ပါတယ် သူ့ကိုပြန်ပြောပြတော့ ကျတော်အံ့သြမိတာက “ကျတော်သိပြီးပြီ ခင်ဗျားကိုထောက်လှမ်းရေးထင်သွားတယ်ဗျ” တဲ့ သူဘယ်လိုသိတယ်ဆိုတာကို ကျတော်မမေးမိသလို့ သူကလည်း ပြန်မပြောပြခဲ့ပါဘူး အဲဒီနောက်ပိုင်း အကုသိုလ် ၀င်ချင်တော့ ကျတော်တို့နေတဲ့အိမ်ပိုင်ရှင်က ကျတော်တို့ကိုပေးမနေတော့ပါဘူး အကြောင်းပြချက်က တော့ အဲဒီ အိမ်ကို လူဝင်လူထွက်တွေ တအားများနေတယ် ၀င်ထွက်တဲ့ သူတွေက နောက်ကျောင်းသားတွေ ဖြစ်နေတယ် ဆိုတာ ထောက်လှမ်းရေးက သိနေပြီ တော်ကြာ ၀င်ဖမ်းလို့မိသွားခဲ့ရင် အိမ်ပိုင်ရှင်ပါ ပြသနာတက်ပြီးသူတို့လက်ရှိလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှာ စိုးရိမ်တယ်လို့ပြောပါတယ် အဲဒါနဲ့ သူနဲ့ကျွန်တော် ဘာဆက်လုပ်မလည်းလို့တိုင်ပင်ပြီး (မကသ) က ဇော်လေးမြင့် ကို လိုက်ရှာပါတယ် နေစရာအိမ်စီစဉ်ပေးဘို့ပါ ဒါပေမယ့် မတွေ့ပါဘူး တော်တော်လေးညစ်သွားခဲ့ပါတယ် ဘာဆက်လုပ်၇မှန်းမသိတာနဲ့ ဂုန်ဆာလာ ဘောလုံးကွင်းဘေးက ( ဗသက်အောင်တို့ အိမ်နဲ့ကပ်လျှက်က ဂေါ်ရခါးအရက်ဆိုင်) ကိုဝင်ပြိး အရက်သောက်တယ် (အဲအချိန်မှာ သူအရက်လုံးဝ မသောက်သေးပါဘူး) သူက အမြီးဘဲစားပါတယ် ည ဂ နာရီလောက်ကျတော့ ဘာဆက်လုပ်မလည်းဆိုတော့ သူက “ကျတော်ခေါင်းတွေပူနေပြီ ဘာလုပ်ရမလည်းမသိဘူးတဲ့” အဲဒါနဲ့ကျွန်တော်က “ဒါဆိုလည်း မထူးဘူးလေ ၈၈၈၈ တုန်းကလိုဘဲ ကျတော်တို့ဒိတညတော့ ဂုံဆာလာ ဘောလုံးကွင်းထည်းမှာ ပုဆိုးခြုံအိပ်မယ်ဗျာ” သူကြောက်အားလန့်အားနဲ့ငြင်းပါတယ် “ဟာ မလုပ်ပါနဲ့ဗျာ သူများမြင်ရင်ပြသနာ ပိုဆိုးကုန်မယ်” တဲ့ ည ၉နာရီလောက်မှာတော့ “ကျတော်သွားတော့မယ်ဗျာ” တဲ့ မှတ်မှတ်ယယ အပြင်လောကမှာ သူ့ကိုနောက်ဆုံးအကြိမ်တွေ့ခဲ့ ခွဲခဲ့ခြင်းပါဘဲ နောက် ၂ ရက်လောက်နေတော့သူကျတော့်ဆိကို စာလေးတစောင်ပို့ပါတယ် သူတောင်ဥက္ကလာနဲ့သင်္ဃန်းကျွန်းအစပ် ဆ/ခ ရပ်ကွက်က အောင်ဘော် ဆိုတဲ့လူတယောက်အိမ်မှာသူရှိနေကြောင်း ကျတော့်ကို နေဘို့အဆင်မပြေရင် သူနဲ့လာနေလို့ရတယ်လို့ရေးထားပါတယ် ကျတော်က အဲကောင်ကိုသတိထား သတင်းပေး (အင်ဖော်မာ) တယောက်ဆိုပြီးနံမယ် ထွက်နေတယ်လို့ စာလာပေးတဲ့သူကိုမှာလိုက်ပါတယ် ပြန်ပြောမပြောတော့ ကျတော်မသိခဲ့ပါဘူး ၃ ရက်ဘဲ ကြာတယ် ကိုမျိုးဇော် (မကြာခင်က ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း) ကလာပြောပါတယ် ကိုရွှေဘုန်းတို့ပါသွားပြီတဲ့-------။

သူထောင်ထည်းရောက်ပြီး ကျတော်တို့လည်း ၁၉၉၁ မှာ အဖမ်းခံလိုက်ရပါတယ် အင်းစိန်တောရ သိးသန့်ထောင် အဆောင် ၂ မှာနေတုန်း တနေ့ပေါ့ (သူကအဆောင်တစ်မှာပါ) သူကျတော်တို့အခန်းရှေ့တည့်တည့် မှာ (ကိုက်၂၀၀လောက်အကွာအဝေး ကြားမှာ သံစည်းကြိုးဖြင့်ကာထားသည်)လာရပ်ပြီး ကျတော့်အော်ပြောပါတယ် “တွေ့လိုက်တယ် တွေ့လိုက်တယ် ခင်ဗျားတို့ ဓါတ်ပုံတွေ သတင်းစာထည်းမှာ ကျတော်သတင်းစာဖတ်လိုက်ရတယ်”တဲ့ ကျတော်လှမ်းကြည့်တော့ ဘောင်းဘီ လက်တို အ၀ါလေးဝတ်ပြီး လက်မှာရေချိုးဘို့ ကော်ခွက် အပြာလေးကိုင်ထားပါတယ် အကျီင်္ မပါပါဘူး အဲဒါသူ့ကိုနောက်ဆုံးအကြိမ်တွေ့လိုက်ခြင်းရယ်ပါ သူကဆက်ပြီး“ ဘာမှမကြောက်နဲ့အဖော်တွေအများကြီးရှိတယ်”တဲ့ ကျတော်ကလည်းပြန်နောက်ချင်တော့“ ခင်ဗျားကောင်မလေးက မှာလိုက်တယ် ဘာမှမပူနဲ့ စောင့်နေမယ်ပြောလိုက်တဲ့ ” (မနော်ဟရီမဟုတ်ပါ သူကြိုက်နေပြီးမပြောရဲသောကောင်မလေးတယောက်ပါ အဲအချိန်က မနော်ဟရီနဲ့မတွေ့သေးသလို့ တာရာမင်းဝေလည်းမဖြစ်သေးပါ) သူက ဆက်ပြောပါသေးတယ် “ဘယ်သူ့ကိုမှ မယုံနဲ့ကိုဇော်ထွန်း ကျတော်တော့ နောက်ကျောကို ဒါးနဲ့ အထိုးခံလိုက်ရတယ်ဗျာ” တဲ့နောက်တရက်အကြာမှာတော့ ကျတော်တို့ထက်အ၇င်စောရောက်နေတဲ့ အကသကျောင်းသား ကိုမျိုးထွန်း (မကြာသေးခင်က စင်္ကာပူနိုင်ငံမှ မောင်းထုတ်ခံရ ယခု ကမ္ဘောဒီးယား) က ကျတော့်အခန်းရှေ့မှာ လာပြီးပြောပါတယ် “ကိုရွှေဘုန်းက မှာလိုက်တယ် သူတို့ဒိည ထောင်ပြောင်းမယ် စားစရာရှိရင်နဲနဲပေးပါတဲ့” အဲအချိန်မှာကျတော်တို့လည်း ထောင်ဝင်စာမလာ အိမ်နဲ့လုံးဝမတွေ့ရသေး အချုပ် ၅ လစလုံး အိမ်နဲ့လုံးဝမတွေ့ရ ပါ ဒါကြောင့် “ဟာ မင်းသိတဲ့အတိုင်းဘဲ ငါတို့ ပုံစံ ငပိ စားနေတာ ဘာမှကိုမရှိတာလို့ပြောတော့ သူက“ ကျတော် ၇ုံးထွက်တုံးက ပါလာတာတွေပေးလိုက်မယ်” တဲ့ နောက်နေ့မနက် သူ သရက်ထောင်ကို ပြောင်းသွားခဲ့ပါတယ်--------။

ကျတော်သာယာဝတီ ဘ၀တက္ကသိုလ် ရောက်လို့ ဗကသ က ကိုဘိုဘို နဲ့တွေ့တော့ သူ့အကြောင်းကိုမေးဖြစ်ပါတယ် သူက “ ဆရာကြီးတပည့်က နိုင်ငံရေးမလုပ်တော့ဘူး စာရေးဆရာလုပ်နေတယ် သူအရမ်းအောင်မြင်နေတယ် မသိဘူးလား တာရာ မင်းဝေ ဆိုတာ ” ကျတော်က နောက်နေတယ်ဘဲထင်ပါတယ် “ကဗျာဆရာဆိုဖြစ်နိုင်တယ် သူ့ကဗျာတွေအရမ်းကောင်းတယ် ဘယ်လိုစာရေးဆရာဖြစ်သွားတာလည်း” ဆိုတော့ “ ဆရာကြီး ဆရာကြီးထောင်ထည်းမှာ ၁၀ နှစ်ကျော်နေပြီ အပြင်လောကကြီးအကြောင်းဘာမှမသိတော့ဘူးမို့လား အကုန်ပြောင်းလည်းကုန်ပြီလေ ခုတောင်ကောင်မလေးတယောက်နဲ့ကြိုက်နေပြိ မသိဘူးလား က၇င်မလေးလားမသိဘူး နံမယ်ကတော့မိုက်တယ် မနော်ဟရီတဲ့ တော်တော်လေးလှတဲ့အပြင် သူ့လိုဘဲကဗျာလည်းရေးတယ် ” “ဟုတ်ပါ့မလားဗျာ စာရေးဆရာဖြစ်တာကထားတော့ အရင်က နံမယ်ကြီးစာရေးဆရာတယောက်ကို ရှဲဒိုးရေးပေးဘူးတာ ကျတော်သိတယ် ရီးစားရတာကတော့ မဖြစ်နိုင်ဘူးထင်တယ် ဖြစ်မယ်ဆိုလည်း သူက စပြောတာမဖြစ်နိုင်ဘူး ကောင်မလေးက စပြောတာဘဲဖြစ်မယ်” လိုကျတော်ပြန်ပြောတော့ “ အဲဒါပြောတာပေါ့ ဆရာကြိးခောတ်ကုန်သွားပြီ နားလိုက်တော့ဆရာကြီးရေ ဆရာကြီးဘာမှမသိတော့ဘူး အဲကောင်ခု ဘိယာတောင်နေ့တိုင်းသောက်တတ်နေပြီ” ကျတော်အရမ်းအံ့သြသွားတယ် အရက်ကို အနံ့နံတယ်ပြောဘူးတဲ့ ရွှေဘုန်းလူ ဘယ်လိုဘီယာသောက်တတ်သွားသလည်း ခုချိန်ထိ လုံးဝ စဉ်းစားလို့မရခဲ့ပါ--------။

သူကိုကျတော်မေ့မေ့ပျောက်ပျောက်ပါဘဲ ကျတော်ထောင်ကလွတ်တော့ သူငယ်ချင်းတယောက်ကပြောပါသည် “ကိုရွှေဘုန်းက ဆရာကြီးကိုတွေ့မယ်ပြောနေတယ်တဲ့” အဲအချိန်ကျမှ သူ့ကိုသတိယသွားခဲ့တယ် “ဟုတ်လားး သူကိုယ့်ကိုသတိယသေးတယ်ပေါ့ ကျေးဇူးတင်လိုက်တာကွာ”လိုပြောတော့ သူက “ကျတော်ချိန်းပေးမယ်လေ” တဲ့
နောက် ၂ရက်လောက်ကြာတော့ ကျတော့်ကိုလာခေါ်ပါတယ် “ကိုရွှေဘုန်းနဲ့ဖုန်းပြောလိုက်လေ သူစောင့်နေမယ်တဲ့ ” ကျတော်သူနဲ့ဖုန်းပြောဖြစ်ခဲ့တယ် သူ လေသံက အရင်လိုမဟုတ်ပါဘူး တမျိုးလေးပါဘဲ ကိုယ့်စိတ်ထည်းမှာတော့ အင်းပေါ့လေ သူလည်း တာရာမင်းဝေ ဆိုပြီးနံမယ်ကြီးနေတော့ကိုယ့်ကို သတိတယ ရှိတာဘဲ ကျေးဇူးတင်၇မယ်လို့တော့ထင်လိုက်မိတယ် သူနဲ့တွေ့မယ့် ရက်တရက်နဲ့ အချိန်ကို သူပြောပြပါတယ် စကားတွေအများကြီးပြောကြမယ် သူ့သားလေးနဲ့ သူမိန်းမ (မနော်ဟရီ) လည်းမိတ်ဆက်ပေးမယ်တဲ့ ဒါပေမယ့် သူချိန်းထားတဲ့နေ့ ရောက်အောင်မစောင့်နိုင်ခဲ့ပါဘူး ကျတော့်မှာ အပြင်ထွက်ဘို့အတွက် အကြောင်းတရားတွေဖန်တီးလာပါတယ် နည်းလမ်း ၂ ခုရွေးရတော့မှာပါ ထောင်ထည်းပြန်ဝင်မလား တောထည်း သွားမလား ကျတော် တောထည်းထွက်ဘို့ဆုံးဖြတ်လိုက်ပြီး သူချိန်းထားတဲ့ ၇က်ထက် ၂ ရက်လောက်စောပြီး သူ့အိမ်ကိုသွားခဲ့ပါတယ် ၈ျိုးဖြူပိုက်လုံးကြီးတွေကို ကျော်ပြီး ပုရောဆိတ်ကုန်းဘုတာနားက (နဲ့နဲလေးတော့ လှမ်း ပါတယ် အနီးစပ်ဆုံးနေရာကိုပြောတာပါ )သူတို့နေတဲ့ တိုက်ကလေးကို ကျတော်ရောက်သွားတော့ အိမ်ရှေ့ခန်းမှာ မနော်ဟရီနဲ့တွေ့ပါတယ် ( အဲအချိန်က မနော်ဟရီက ခုဓါတ်ပုံထည်းက မနော်ဟရီလို့မဟုတ်ပါဘူး မျက်နှာလေးကြ့ပုံးလို ငယ်လည်းငယ်သေးလိုထင်ပါတယ် ရိုးရိုးလေးနဲ့ လှနေတဲ့ မနော်ဟရီပါ) သူ့တို့သားလေး ခောတ်နေက ပေါက်စလေး အိမ်ရှေ့ခန်း မှာ မနော်နဲ့ဆော့နေပါတယ် ကျတော်က ရွှေဘုန်းရှီလားလို့မေးတော့ သူအိမ်ခန်းထည်းဝင်သွားပါတယ် ခဏကြာတော့ပြန်ထွက်လာပြီး “နေမကောင်းလို့ အကြောဆေးသွင်းပြီးအိပ်နေပါတယ”် တဲ့ ကျတော်ဘာဆက်ပြောရမှန်းမသိပါဘူး ပါလာတဲ့အဖော်က ခနစောင့်ကြည့်မယ် လို့ပြောလို့စောင့်နေပါတယ် နောက်တခေါက် မနော်ဟရီ အိမ်ထည်းကိုဝင်သွားတော့ ကျတော့်ကိုလိုက်ပို့တဲ့ အဖော်က ကိုဇော်ထွန်းမစောင့်နဲ့တော့ ပြန်မယ်တဲ့ ကျတော်လည်း မနော်ဟရီ ပြန်ထွက်လာတော့“ ပြန်တော့မယ် နိုးလာရင် ကျတော်လာသွားတယ်ပြောလိုက်ပါ” လိုပြောပြီးပြန်လာခဲ့ပါတယ် လမ်းမှာ ကျတော့်ကိုလိုက်ပို့တဲ့ သူက “ကျတော်ထင်တယ် သူချိန်းထားတဲ့နေ့ မတိုင်ခင်သွားလို့ ကျတော်တို့ကိုထွက်မတွေ့တာ ကျတော်အခန်းထည်းမှာ အသံကြားနေတယ် စာရေးနေတယ်ထင်တယ်တဲ့”---------။

ဘာဘဲပြောပြောပေါ့လေ ကျတော်သိခဲ့တဲ့ ရွှေဘုန်းလူဆိုတဲ့လူတယောက်နဲ့ ကျတော် ဘယ်တော့မှ ပြန်မဆုံနိုင်တော့ပါဘူး စိတ်မကောင်းဖြစ်ဆုံးကတော့ သူပြောချင်တဲ့ သူ့ကိုနောက်ကျောကနေ ဒါးနဲ့ ထိုးခဲ့တဲ့တယောက်မကသောသူတွေအကြောင်း ကျတော်နားမထောင်ဖြစ်ခဲ့လို့ပါ သူလည်း နိုင်ငံရေးလောကမှာ စိတ်နာစရာတွေတော်တော်များများကြုံခဲ့မှာသေချာပါတယ် ထားလိုက်ပါတော့ သူနဲ့ကျတော် သံသရာ တကွေ့ကွေ့မှာ ဆုံဖြစ်ခဲ့ဥိးမယ်ဆိုရင်တော့ သူနာကျဉ်းခဲ့တဲ့  နိုင်ငံရေးလောက ကလူတွေအကြောင်း မမေးဖြစ်ရင်တောင်မှ မနော်ဟရီ ဆိုတဲ့ကောင်မလေးတယောက်ကို ဘယ်လိုရီးစားစကားပြောခဲ့သလည်းဆိုတာကို ကျတော်မေးဖြစ်အောင်မေးမိမှာ သေချာပါတယ်

Photobucket

3 comments:

  1. ကောင်းသဗျာ.အခြားသူများလည်းရေးပါဦး.ဆရာကြီးကိုတိုး.

    ReplyDelete
  2. ခုချိန်ထိလည်း တော်လှန်ရေးလောကမှာ နောက်ကျော ဓားလိုက်ထိုးတဲ့သူတွေ အများကြီးရှိသေးတယ်။ ပိုတောင် များလာသလားပဲ။

    ReplyDelete