Sunday, October 25, 2009

မမေ့သင့်တဲ့ သစ္စာဖောက်လောက်ကောင်တကောင်အကြောင်း

သူ့နံမယ်က တင်စိုး တချို့က ခေါ်တယ် ဘောကြီးတဲ့ သူ့လိပ်စာအတိအကျတော့မသိပါ သူက ဟသာင်္တ မှာနေတယ်လို့ဘဲသိပါတယ် ကျတော်နဲ့တွေ့တဲ့အချိန်ကတော့ သူ ဘုန်းကြီးကျောင်းမှာနေတယ်လို့ပြောပြီးလိပ်စာမပေးခဲ့ပါဘူး
သူ့ကို စပြီးတွေ့ခဲ့တာကလည်း စိတ်ဝင်စားဘို့ကောင်းပါတယ် စိတ်ဝင်စားဘို့ကောင်းတယ်ဆိုတာထက် ဆရာကြီးဆိုသူတွေကိုယ်တိုင် အင်ဖော်မာ တယောက်ဖြစ်နေတယ် ဆိုတာကို (လုံးဝ) မသိခဲ့သလို ကျတော်တို့ထက်အရင် သတင်းပေးခံရလို့ ထောင်ထည်းရောက်ခဲ့သူတွေကိုယ်တိုင်က သတင်းကိုထုတ်ပြန်ပေးနိုင်ခဲ့တာ မရှိခဲ့ပါဘူး ဒီလိုသစ္စာဖောက်သတင်းပေးတယောက်အကြောင်းကို သို့မဟုတ် သူ့လို သစ္စာဖောက်တွေအကြောင်းကို ဘလော့ခ်တွေမှာသော်လည်းကောင်း သတင်းဌာနတွေက သော်လည်းကောင်းရေးသားမတွေ့ရလို့ အံ့သြမိပါတယ် ဒါဟာနိုင်ငံရေးမှာအရေးကြီးတဲ့ကိစ္စတခုပါ ကိုယ့်အထည်းစိမ့်ဝင်နေတဲ့ ရန်သူ့လူတွေကို ကိုယ်တိုင်မဖော်ထုတ်နိုင်တောင်မှ ကိုယ်သိသလောက် သေချာရင် နောက်လူတွေ မခံရအောင်ထုတ်ဖော်ရေးသားပေးဘို့လိုအပ်တယ်လိုမြင်လို့ရေးပါတယ်
အဲဒိနေ့က မှတ်မှတ်ရရ ဘောက်ထော်ဘူတာက အပြန် မနက် ၈နာရီခွဲမှာပါ လူဘောင်သစ် ဥက္ကကြီးသက်ထွန်း အိမ်ရှေ့အရောက်မှာ သူ့အိမ်ထည်းက ထွက်လာတာတွေ့လိုက်ရပါတယ် သူသောက်နေကျ ငါးသုံးလုံးစိးကရက်ကိုမီးညှိရင် “ဟေ့ကောင်ဇော်ထွန်းလာပါဦးကွ” ကျတော်လည်းသူနဲ့နောက်နေကျပြောနေကျအတိုင်း“ဘာတုန်းမောင်သက်ထွန်းရ ခင်ဗျားတို့ကွန်မြူနစ်တွေနဲ့ မပေါင်းနဲ့ လို့ ကျတော့်ဥက္ကဌက မှာထားတယ်” လို့ ပြန်ပြောတော့ “ မင်းတို့ဥက္ကဌ အသုံးမကျတာပြောမလို့ကွ မင်းပေါက်လွတ်ပဲစားပြောမနေနဲ့ ” တဲ့ ကျတော်နောက်ပြန်လှည့်ပြီး သူ့ဆီကိုသွားတော့ သူစီးဘို့အဆင်သင့်ရောက်နေတဲ့ ဆိုက်ကားကို ခဏစောင့်ခိုင်းပြီးကျတော့်ကို အိမ်ထည်းခေါ်သွားပါတယ် ပြီးတော့စာတစောင်ထုတ်ပြပါတယ် စာက ကိုကိုကြီးက သူ့နံမယ်နဲ့ ခင်ညွန့်ဆီကိုရေးထားတဲ့စာပါ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ၈များအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းခွင့်အတွက်ပါ ကျတော်ဖတ်ကြည့်ပြီးတော့ “ ဟာ ဒါအစည်းဝေးဆုံးဖြတ်ချက်လည်းမရှိဘူး ကျတော်တို့မြို့နယ်ကိုလည်းဘာမှချမပေးမဆွေးနွေးဘူး နောက်ရေးထားတာလည်း တချို့စကားလုံးတွေ သဘောမကျဘူး ” ကျတော်အဲလိုပြောလိုက်ပါတယ် သူက “ ငါအဲသွားမလို့ မင်းလိုက်ချင်တခါထည်းလိုက်ခဲ့ ” တဲ့ ကျတော်တို့ ၂ ယောက်ပြန်ထွက်လာပြီး ကိုကိုကြီးအိမ်ကို ဆိုက်ကားစီးပြီးသွားခဲ့ပါတယ်
လဘက်ရည်ဆိုင်ထည်းဝင်လိုက်တယ်ဆိုရင်ဘဲ လဘက်ရည်ဆိုင်ရှေ့ကစားပွဲမှာ ထောက်လှမ်းရေးတွေထိုင်နေသလို့ အလယ်ကောင်မှာတော့ ဗကသ ရဲ့ ဒုတိယတန်းခေါင်းဆောင်များဖြစ်တဲ့ ဘိုဘို သန်းစိုး နေလ စိုးဝင်းတို့ထိုင်နေတာတွေ့ရပါတယ် (အဲအချိန်မှာ ထိပ်တန်းခေါင်းဆောင်အားလုံးနီးပါး ထောင်ထည်းရောက်ကုန်ပါပြီ) ကျတော်တယောက်ထည်း ကောင်တာနားက ခုံမှာသွားထိုင်ပြီး ကေကျူ အားမယ့်အချိန်စကားပြောလို့ရမယ့်အချိန်ကို စောင့်နေပါတယ် ကေကျူနဲ့ သက်ထွန်းက ကျတော့ဘေးတခုံကျော်မှာထိုင်ပြီးစကားပြောနေပါတယ် အဲအချိန်မှာဘဲ ကျတော်မသိ မမြင်ဘူးလူတယောက် ဆိုင်ထည်းကိုဝင်လာပါတယ် ပုဆိုးတိုတိုဝတ်ပြီး နဲနဲ၀၀ နဲ့ပေါ့ သူဝင်လာတော့ ဗကသလုံစည်းတာဝန်ခံ စိုးဝင်းက “ဟေ့ကောင် ဘောကြီး ဘယ်ပျောက်နေတာလည်းကွ ” ဆိုတဲ့အသံကိုကြားရပါတယ် သူကဘာမှပြန်မပြောဘဲ သန်းစိုးနဲ့ နောက်ပြောင်နေပါတယ် ဟောင်ဖွာဟောင်ဖွာပေါ့ အဲဒါနဲ့ကျွန်တော် ကေကျူတို့ စားပွဲကိုကူးသွားပြိး “ကျူု အဲဒါဘယ်ကကောင်လည်း” ကေကျုက “ သူ့နံမယ်တင်စိုးတဲ့ ဧရာဝတီတိုင်း ဗကသ ကလေ ” လို့ပြောပါတယ် ကျတော်ဘာမှမပြောဘဲရေနွေးတခွက်သောက်လိုက်ပြီးချိန်မှာ ကေကျုက တစုံတခုကိုသတိယသွားပါတယ် သူစကားစပါတယ် “အဲဒါမင်းတို့လိုင်းတွေပေါ့”တဲ့ ကျတော်တို့လိုင်းဆိုတာ လက်နက်ကိုင်လိုင်း ယူဂျီလိုင်းကိုပြောတာပါ ကျတော် ဗကသ နဲ့စကားပြောတိုင်းအစည်းဝေးမှာဖြစ်ဖြစ် အမြဲပြသနာတက်တာက နအဖ ကိုအော်နေလို့မရဘူး လက်နှက်ကိုင်တော်လှန်ရေးလိုအပ်တယ် ဒါကြောင့်လက်နှက်ကိုင်တော်လှန်ရေး လုပ်ကိုလုပ်ရမယ် ”လို့ပြောလို့ ကျတော့်ကိုတော်ယုံအစည်းဝေးမခေါ်ပါဘူး ပေါ်ဦးရှိစဉ်ကထည်းက “ဇော်ထွန်း မင်းလုပ်ချင်လုပ် ဗကသ နံမယ်နဲ့မလုပ်နဲ့ ဗကသ ဘယ်တုန်းကမှ လက်နှက်မကိုင်ဘူး အလိုလိုမှ န၀တ (အဲအချိန်က န၀တ ပေါ့ ကျတော်တို့က နဝေတိမ်တောင်လို့ဘာသာပြန်ပါတယ်) ကဆွဲစိချင်နေတာ မင်းလုပ်တာအကုန်ပါကုန်မယ် ”လို့ အမြဲပြောဘူးပါတယ် ကေကျုက စကားဆက်ပါတယ် “မင်းစကားပြောချင်လား ခေါ်ပေးမယ်လေ နောက်ဖေး အခန်းထည်းမှာသွားပြော ” ကျတော်က “ကျု စိတ်ချရမှာလား” လို့မေးတော့ “စိတ်ချရပါတယ်တဲ့ ကိုတင်မောင်ဝင်း (ယခင်ဗမာပြည်ကွန်မြူနစ်ပါတီမှ မအိ .ယခု ကဗျာဆရာမ မအိ ရဲ့ ပထမယောက်ကျား)ကိုယ်တိုင်ခေါ်လာပေးထားတာ နောက် သူက ပုသိမ်ထောင်မှာ ၈၈ တုန်းက လက်နှက်မှုနဲ့ထောင် ၆ လကျဘူးတယ်” သူ့စကားဆုံးတော့ သက်ထွန်းက ၀င်ပြီး “ဟေ့ကောင် မင်းထက်ပိုစိတ်ချရတယ် မင်းဆရာ မိုးသီး ရဲလက်ရုံး လူ့ဘောင်သစ်မှာလည်းလုပ်နေတယ်” တဲ့ ထိပ်တန်းခေါင်းဆောင်ကြိး ၂ ယောက်က မီးစိမ်းပြတဲ့အပြင် ကိုတင်မောင်ဝင်းလူ မိုးသီးတပြည့် ဆိုတော့ ကျတော်က “အိုကေလေ ပြောကြည့်မယ် ” ကျတော်နောက်ဖေးခန်းထည်းအရင်ဝင်သွားလိုက်ပါတယ် ကေကျုလည်း ထသွားပြီးသူ့ကိုခေါ်လိုက်တာတွေ့လိုက်ပါတယ် သူအခန်းထည်းကိုဝင်လိုက်လာတော့ ကျတော်နဲ့ သူ့ကို ကေကျုက မိတ်ဆက်ပေးပါတယ် ပြီးတော့သူပြန်ထွက်သွားပါတယ် ကျတော်တို့ ၂ ယောက်ထည်း စကားပြောဖြစ်ပါတယ် ကျတော်က စကားတလုံးလောက်ပြောရသေးတယ် သူက ရဲရဲတောက်စကားတွေပြောပါလေရော ပုသိမ်မှာ ဟသ်ာတမှ ကျောင်းသားတွေ ပြည်သူတွေကို ဘယ်လိုနှိပ်ကွပ်တာ ရ၀တ ဘယ်ကောင့်ကိုဘယ်လိုချချင်လိုက်တာ စုံနေတာပါဘဲ ၁ နာရီလောက် သူ့တရားတွေနာပြီး ပြန်ထွက်လာတော့ သက်ထွန်းတောင်မရှိတော့ဘူး မစောင့်ဘဲ ပြန်သွားခဲ့ပါပြီ သူနဲ့ကျွန်တော် နောက်ထပ် ၂ ခါလောက်တွေ့ဖြစ်ပါသေးတယ် တွေ့တိုင်းသူက လက်နှက်ပေးချမယ် ချမယ် ကြည့်ဘဲလုပ်နေပါတယ် ကျတော် ကိုဇော်မင်း (၈၈ မျိုးဆက် ယခုထောင်တွင်း) နဲ့တိုင်ပင်ပါတယ် ကိုဇော်မင်းဆီမှာက အေဘီအက်ဒီအက် တပ်ရင်း ၂၀၈ က ပြန်ဝင်လာတဲ့ ကိုဆက်နိုင်(ကိုအောင်မိုးကျော်) အပ်ထားခဲ့တဲ့ လက်ပစ်ဗုံးတွေ ရှိနေပါတယ် ကျတော်သူ့ကိုပြောတယ် “ငါတို့လက်ထည်းမှာ သိမ်းထားရတာ အနွ၇ယ်များတယ် အလကားဘာမှ မသုံးမယ့်တူတူသုံးမယ့်သူပေးလိုက်ရင်မကောင်းဘူးလား ”ဆိုတော့ သူက နင့်သဘောအတိုင်းဘဲတဲ့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ အဲနေ့မှာဘဲ ၂၀၈ ကိုနောက်တခေါက်တက်သွားတဲ့ ကိုဆက်နိုင် နဲ့ ကိုကျော်ထက် ( ကိုအောင်ကျော်ဦး ) တို့ ကျတော့်ဆီကိုရောက်လာပါတယ် သုတို့ကြုံခဲ့ရတာတွေကိုပြန်ပြောပြပြီး ကိုဆက်နိုင်ပျော်ဘွယ်တက်မယ်တဲ့ ကျတော်လက်ပစ်ဗုံးပေးမယ့်ကိစ္စ သူတို့ကိုဘာမှမတိုင်ပင်တော့ဘဲ နောက် ၂ ရက်လောက်အကြာမှာတော့ဘောကြီးတင်စိုးကို ဘာကြောင့်လို့မပြောဘဲနဲ့ မင်း တာမွေလေးဘူတာ ညနေ ၃ နာရီတိတိလာခဲ့လို့ချိန်းလိုက်ပါတယ် သူက ဘာလုပ်မလို့လည်းတဲ့ ကိစ္စရှိလို့ လို့ဘဲပြောလိုက်ပါတယ် (အဲအချိန်က လက်ပစ်ဗုံးတွေပေးမလို့လို့ပြောလိုက်ရင် အဲထည်းက တခါထည်းအဖမ်းခံ၇မှာပါ) နောက်ကျတော်ကိုဇော်မင်းကိုပြောလိုက်တယ် နင်ဖွတ်ထားတဲ့ လက်ပစ်ဗုံးတွေဖော်လာခဲ့ ပြီးရင်တာမွေဘူတာကို ညနေ၃ နာရီတိတိလာခဲ့ လမ်းမလျောက်လာနဲ့ကားဌားစီးလာခဲ့ လို့လည်းသေချာမှာလိုက်ပါတယ် ကျတော် တာမွေလေး ဘူတာကို ၁၅ မိနစ်ကြိုသွားပြီး ၂နာရီ၄၅ မိနစ်မှာ ရောက်သွားပြီး ချက်ကင်လုပ်ပါတယ် မသင်္ကာစရာဘာမှမတွေ့ရပါ ၃နာရီထိုးဘို့ ၅မိနစ်အလိုမှာ ကိုဇော်မင်းရောက်လာပါတယ် သူက လက်ပစ်ဗုံးတွေကိုခပ်တည်တည်ဘဲကျွတ်ကျွတ်အိပ်ထည်းထည့်ပြီးဆွဲလာပါတယ် ကျွှတ်ကျွတ်အိပ်ကလည်းတထပ်ထည်း သူကပြောတယ် အဲလိုမှ ရန်သူက မသင်္ကာမဖြစ်မှာတဲ့ ရှေ့ဆင့်နောက်ဆင့် ၃ နာရီတိတိမှာ ဘောကြီးရောက်လာပါတယ် ကျတော်တို့ ၃ ယောက်ရထားသံလမ်းအတိုင်း မလွှကုန်းဘူတာဘက်ကိုလမ်းလျှောက်သွားပြီး နောက်ကိုလှည့်ကြည့်တော့ လူရှင်းနေတာနဲ့ ဘောကြီးကို “ အဲကျွတ်ကျွတ်အိပ်ထည်းမှာ ခင်ဗှားလိုချင်တဲ့ လက်ပြစ်ဗုံးတွေပါတယ် ယူသွား ခုဘာမှပြန်ပြောနဲ့ပြောစရာကိုမနက်ဖြန်မှပြော ဘယ်လိုသုံးရမယ်ဆိုတာနဲ့ စည်းကမ်းချက်တွေကျတော်ပြောမယ် မနက်ဖြန်မနက် ၉နာရီတိတိ ကျိုက္ကစံ ဘုရားပေါ်လာခဲ့ ကျတော်စောင့်နေမယ်လိုပြောပြီး သူနဲလမ်းခွဲလိုက်ပါတယ် သူ့ကိုအဲလိုလက်ပြစ်ဗုံးတွေပေးလိမ့်မယ်လို့မျော်လင့်ထားပုံမရပါဘူးသူ့တအားအံ့သြနေပုံရပါတယ် ကိုဇော်မင်းကိုတော့မှာလိုက်ပါတယ် ဒိညနေရာပြောင်းအိပ် မင်းအိပ်တဲ့နေရာလည်း ငါမသိစေနဲ့ ငါလည်းနေရာပြောင်းအိပ်မယ် ငါအိပ်တဲ့နေရာလည်းမင်းမသိချင်နဲ့ မနက်ဖြန်မနက် ၈ နာရီခွဲ ကျိုက္ကစံဘုရားနောက်က လ္ဘက်ရည်ဆိုင်က စောင့်လို့ ------။
နောက်နေ့ မနက် ၈နာရီမှာ ကိုအောင်ကျော်ဦး ဆီကျတော်ရောက်သွားပြီး အကျိုးအကြောင်းပြောပြပါတယ် ပြီးတော့ ချိန်းထားတာကိုလည်းပြောပြပါတယ် သူဌက်ဖျားတက်နေပါတယ် ကျတော်က လိုက်မလားဆိုတော့ သူလိုက်မယ်တဲ့သူပြောစရာတွေလည်း ရှိတယ်လို့ ပြောပါတယ် ကျတော်တို့ ၂ယောက် ထွက်လာပြီးသူကလ္လက်ရည်ဆိုင်ကစောင့်ပါတယ် ကျတော်က ဘုရားတပတ်ပြီးပြီး ဘောကြီးကို ရှာပါတယ် လူတွေအများကြီးတွေ့နေရတော့ နဲနဲတော့စိတ်ထည်း ထင့်သွားပါတယ် တွေ့တဲ့သူတွေက လုငယ်တွေနဲ့ မျက်နှာရှစ်ခေါက်ချိုးတွေ ဖြစ်တဲ့အပြင် ဘုရားပေါ်တက်ထည်းက ကိုယ့်ကိုဘဲ ၀ိုင်းကြည့်နေမှန်းသိသာပါတယ် ဘာမှမဖြစ်လောက်ပါဘူးလေလို့ဘဲစိတ်ထည်းထင်ထားလိုက်ပါတယ် ၉ နာရီအတိမှာ ဘောကြီးဘုရားပေါ်တက်လာပါတယ် သူ့ကိုကျတော်ပြောလိုက်မိသေးတယ် “မသင်္ကာစရာလူစိမ်းတွေအများကြီး မြန်မြန်သွားမယ်လို့ ” အဲအချိန်က သူစိတ်ထည်းက ကြိတ်ရယ်နေမယ်ဆိုတာမသိခဲ့ဘူး -----။
ကျိုက္ကဆံဘုရားနောက် ၁၂ ရပ်ကွက် မာဃလမ်းထိပ်က လ္ဘက်ရည်ဆိုင် ထောင့်ဆုံးဆိုင်မှာ ကိုအောင်ကျော်ဦးနဲ့ကိုဇော်မင်းထိုင်နေတယ် သူတို့ဝိုင်းမှာထိုင်လိုက်တယ် အပြင်ကြည့်လိုက်တော့ အီး ၂၀၀၀ နှစ်စီးရပ်ထားတာတွေ့တယ် ဆိုင်အ၀မှာလည်း လယ်ကတုံးအကျီနဲ့ လူတချို့တွေ့နေရတယ် စိတ်ထည်းမှာထင့်နေတုန်းပါဘဲ ကိုဇော်မင်းနဲ့ ကိုအောင်ကျော်ဦးဘောကြီးကိုပြောစရာရှိတာတွေပြောပြီး ပြန်မယ်အလုပ် ဘောကြီးကအရင်ရုပ်တရက်ထသွားပါတယ် ကျတော်ကြည့်လိုက်တယ် လ္ဘက်ရည်ဆိုင်ဘေးက ကွမ်းယာဆိုင်ထည်းဝင်တာတွေ့ပါတယ် ကွမ်းယာဆိုင်မှာရပ်နေတဲ့ လယ်ကတုန်းအကျီင်္ အဖြူ နဲ့လူကိုတခုခုပြောလိုက်ပါတယ် ဘုရားအနောက်က ဆိုက်ကားဂိတ် လ္ဘက်ရည်ဆိုင် ကွမ်းယာဆိုင်ထည်းက လူတွေကားမှတ်တိုင်က လူတွေအများကြီးပြေးလာတာတွေ့ပါတယ် အမျိုးသမီးတယောက်ကိုလည်းတွေ့ပါတယ် လွယ်အိပ်စလွယ်သိုင်းပြီး ထမိန်အနီလေးနဲ့ အသက် ၃၀ ပတ်ဝန်းကျင်ပေါ့ သူအော်နေသည် “ဘိန်းဖြူသမားတွေဖမ်းနေတယ် မဆိုင်သူတယောက်မှမပါန”ဲ့ လက်ထည်းမှာလည်သေနှပ်ကြီးကိုင်လို့ ဘာဖြစ်လိုက်မှန်းမသိလိုက်ချိန်မှာဘဲ ကားပေါ်ကိုပြေးတက်နေတဲ့ ကိုအောင်ကျော်ဦးကို ထောက်လှမ်းရေးတွေ ၀ိုင်းထိုးနေတာတွေ့လိုက်ရပါတယ် ကျတော့်ဘေးမှာ လူ၎ယောက်ဝိုင်းထားပါတယ် တယောက်က သေနှပ်နဲ့နားထင်ကိုထောက်ပြီး ”ဟေ့ကောင်ဇော်ထွန်း မင်းနောက်ကို ငါတို့လိုက်နေတာ ၃ လရှိပြီ လောကကြိးမှာ မီးမထွန်းဘဲ မိုက်တာ မင်းတို့နဲ့ငါတို့ဘဲရှိတယ် ပြသနာမီးခွက်ထွန်းရှာနေတဲ့မင်းတို့ကို မာကျူရီမီးလုံးထွန်းပေးလိုက်မယ် လှုပ်ရဲရင်လှုပ်လိုက်စမ်း ” ကောင်းလိုက်တဲ့စကားလုံး ဘီအီးဒိ အောင်သိုက်လား မောင်ကြေးမုံလား မောင်စိန်ဝင်းလား စဉ်းစားဘိုအချိန်မရလိုက် ဒိလူစာရေးဆရာလုပ်စားရင်တော့ တော်တော်အောင်မြင်မှာဘဲလို့တော့တွေးလိုက်မိသည်------။
ခံလိုက်ရတာ စုတ်ပြတ်သတ်နေအောင် မသေယုံမျော့မျော့လေး ထမင်းမကြွေး ရေမတိုက် သေးပေါက်ချင်တယ်ပြောတာတောင် “ပေါက်လို့မရဘူး မင်းပေါက်ချလို့က် မင်းပေါက်တဲ့သေး မင်လျှာနဲ့ပြန်ရက်၇မယ်”တဲ့ မိုက်ရိုင်းလိုက်တဲ့ကောင်တွေ (အဲလိုကောင်မျိုးတွေ ကို ဘယ်လိုသင်ပုန်းချေရပါ့ ဘယ်လိုမေတ္တာထား၇ပါ့) မနက် ၁၀နာရီထည်းကဖမ်းလာတာ နောက်တနေ့မနက် ၆နာရီထိဘာမှမမေးသေး မတ်တပ်ကြီး၇ပ်ခိုင်းတာတာ ခြေထောက်ကြိး ယောင်ကိုင်းပြီး အကြီးကြီးဖြစ်နေပြီ လက်ထိပ်နောက်ပြန်ခပ်ထားသည် ခေါင်းစွတ်စွတ်ထားသည် (ထားတော့နှိပ်စက်တာတွေ နောက်ကြုံမှရေးပြတော့မည်) စဥင်္းစားမိတယ် ငါလုပ်တာတွေအတိကျသူဘယ်လိုသိနေသလည်း ဘောကြီးကိုမတွေ့ဘယ်လိုလွတ်သလည်းပေါ့ (အဲအချိန်ထိ ဘောကြီး အင်ဖော်မာဆိုတာ မစဉ်းစားမိသေး စိတ်ထည်းမှာတော့ သူလွတ်သွားတာ နဲနဲထူးဆန်းနေတယ်ထင်သည် လူ ၅၀ လောက် ၀ိုင်းဖမ်းတာ ဘယ်လိုလွတ်သွားသလည်းပေါ့ အဖြေကိုသိလိုက်ချိန်ကတော့ ကျတော့်ကိုအခန်းထည်းကထုတ်သွားပြီး မင်းလိမ်တာတွေအများကြိး မင်းဘယ်လောက်လိမ်နိုင်မလည်းကြည့်နေတာ နောက်ဆုံးအချိန်ပေးမယ်မင်းပြောတော့တဲ့ ခေါင်းစွပ်လည်းချွတ်ပေးသည်
စားပွဲပေါ်မှာတော့ ဘောကြီးတင်စိုးကိုပေးလိုက်သည့် လက်ပစ်ဗုံး၎ လုံးကိုချထားတာတွေ့လိုက်သည် ချက်ချင်းသိလိုက်တာ က ဘောကြီးတင်စိုး သစ္စဖောက် အင်ဖော်မာ ဆိုတာပါဘဲ------။
ပြောဆိုတော့လည်းပြောတော့တာပေါ့ အကုန်ပေါ်နေပြီဆိုတော့ ပြောပြီ “ မိုးသီးဇွန် ဆိုတာ ကျုပ်တပြည့်ထည်းမှာအညံ့ဆုံးကောင်ဗျ ကွန်မြူနစ်ပါတိကယူ၈ျီဆိုတဲ့ ကောင်တွေ ကျုပ်ခိုင်းတာလုပ်ပေးနေရတာ သုတို့ဘာမှနားလည်တဲ့ကောင်တွေမဟုတ်ဘူး အနှစ် ၅၀လောက်နိုင်ငံရေးလုပ်တာ ဘာမှမအောင်မြင်ဘူး အယ်နယ်ဒီစိုးသိန်းဆိုတာ ကျုပ်ဆီလာအစီရင်ခံစာတင်နေရတာလေ” ဒိလောက်တောင်သိချင်တာကွာဆိုပြီး ဟုတ်တာနဲနဲကို မဟုတ်တာများများပြောပေးလိုက်တယ် နောက်ဆုံးကျတော့ ကျတော့်ကိုနံမယ်ပေးလိုက်တယ် “မင်းက ဆရာကြီးဘဲ”တဲ့ (ထောင်ထည်းကလူတွေအကုန်လုံးနီးပါ ထောင်မူးတွေက အစ ဆရာကြီးလို့ဘဲခေါ်ကြသည် ဤကားဆရာကြိးအမည်ရခဲ့ပုံ )
အဲလိုနဲ့ထောင်ထည်းရောက်သွားတယ် ထောင်ထည်းရောက်တော့ မှ ဘောကြီးတင်စိုး ထည့်လိုက်တာ နည်းမှမနည်း သိတာတင် ဟင်္သာတ ဦးအုန်းသန်း သားအဖ (သူကလည်းမိုးသီးဆရာနေရာက တပြားမှ မလျှော့သူ) ကိုညွန့်ဇော် (အေဘီအက်ဒိအက် သာယာဝတီထောင် ကျဆုံး) သုဝဏအယ်နယ်ဒီက ကိုကျော်အောင် ( သူကတော့စစ်ကြောရေးမှပြန်လွတ်သွား) ကျတော်တို့ ၅ ယောက် ပျော်ဘွယ်အမတ် ဦးလှဖေဇနီးပါ ၄ယောက် ဝေါမှကိုမြတ်စိုး ကိုဟန်ဝင်းအောင် ဦးတင်မြင့် နှင့် ကိုတင်မောင်ဝင်း (ဘောကြိးဆရာ) နောက်နံမယ်မမှတ်မိ ၂ယောက် တို့ဖြစ်သည် ကိုတင်မောင်ဝင်းနဲ့တွေ့တော့ ကျတော်မေးတယ် ခင်ဗျား တာဝန်ခံထားတဲ့သူက အင်ဖော်မာ ဖြစ်နေတယ် ဘယ်လိုရှင်းမလည်းဆိုတော့ အပြင်ရောက်ရင်သူရှင်းပေးပါ့မယ်တဲ့ ခုသူအပြင်ရောက်တာ ကြာပြီ ဘာမှရှင်းပေးတယ်မကြားသေး ဘယ်သူမှာတာဝန်ရှိသလည်းမေးရင် အဓိက ကျွန်တော်ညံ့ခဲ့ပါသည် ဘာကြောင့်ညံ့သလည်းမေးရင်တော့ သက်ထွန်း ကေကျု ကိုတင်မောင်ဝင်းတို့ကိုအပြစ်မပြောတော့ပါ ကျတော်ညံ့ခဲ့လို့ဘဲလို့ပြော၇ပါတော့မည်ဖြစ်ကြောင်း-------။

2 comments:

  1. အော..ဆရာကြီးကို ဘာလို့ဆရာကြီးရယ်လို့ခေါ်မှန်းအခုမှပဲသိတော့တယ်
    ဆရာကြီးရယ် ဆရာကြီးက ဆရာကြီးဖြစ်လောက်ပါပေတယ်.ဟဲ..ဦးအုန်း
    သန်းပေးတဲ့ဒုက္ခတွေရဲ့အစက ဂလိုကိုး..

    ReplyDelete
  2. ဟုတ်ပ ကိုမိုးစဲနေရေ
    ဦးအုန်းသန်းတို့ ကိုသက်ခိုင်တို့ဆိုတာ နံမည်ကြိးတွေပေါ့ ဖော်တဲ့နေရာမှာတော့ လဘက်ရည်ဖျော်တဲ့ မူတူးခေါ် တင်မြင့်တောင်ချမ်းသာမပေးဘူးလေ

    ReplyDelete