Tuesday, October 27, 2009

မယ်ကု ရောက်တောလား

(အဟောင်းလေးပါ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရေးထားခဲ့တာပါ ဒီနေရာလေးမှာ ပြန်စုထားချင်လို့တင်ပါတယ် ဟစ်တိုင် မှာတော့ဖော်ပြခဲ့ဘူးပြီးသားပါ )
---------------

Photobucket
ကားပေါ်မှ ဆင်းလိုက်သည် မယ်ကုရွာ တဲ့
ဟုတ်မှ ဟုတ်ပါလေစ ခြံကျယ်ကြီးတွေထည်းမှာ တိုက်ကြီးတွေမှ ဟီးလို့ လမ်းတွေကလည်း ရန်ကုန်ရွှေမြို့တော်ကြီးလို့ ချိုင့်ဂွက် တွေ လုံးဝမရှီသော နိုင်လွန်ကတ္တရာလမ်းမကြီးတွေ ---
ပတ်ဝန်းကျင်ကို မျက်လုံး ဝေ့ ကြည့်လိုက်မိသည် ကြိုသူမရှိ လိုက်ပို့သူက ခြံကျယ်ကြီးအလယ်ကောင်မှ နှစ်ထပ်တိုက်ကြီးကို ကျော်လျှက် နေရမည့် အဆောင်ကိုလိုက်ပို့သွားခဲ့သည် ကွန်ကရစ်ခင်း အုတ်ပတ်ကားတက်ထားသော်လည်း ဓနိမိုးထားသည့် အဆောက်ဦထည်းသို့ ၀င်လာခဲ့သည် ကုတင်အချို့ကို ကြိုးတိုးကြဲတဲ နေရာချထားလျှက် ဖုံတွေက အလိမ်းလိမ်း “ ကြိုက်တဲ့နေရာမှာနေနော်” အရင်ရောက်နှင့်နေသူ ၂ ဦးအနက် အရပ်ရှည်ရှည် ခါးကိုင်းကိုင်း ခေါင်းပြောင်ပြောင်နှင့်လူက ဆီးကြိုပြီး ပြောလိုက်သည် ကုတင်လွတ်တခုဆီသို့လျှောက်သွားပြီး ပစ္စည်းများကို ချလိုက်သည် ကုတင်ပေါ်က ဖုန်တွေကိုကြည့်ရင်း အသက်ရှုမ၀ ဖြစ်လာခဲ့သည် ခေါင်းရင်းက ပြတင်းပေါက်ကိုဖွင့်လျှက် အပြင်လောက ကိုငေးကြည့်လိုက်မိသည် ယူကလစ်ပင်မြင့်မြင့်ကြီးများ အစီအရီပေါက်လျှက် ခြံ့စည်းရိုးကိုကျော်ပြီး ရွာထည်းကို မြင်နေရသည် အချို့တိုက်ကလေးများမှာ တိုက်ပုလေးတွေ အချို့ကား တိုက်အကြီးကြီးတွေ အနိမ့်ဆုံး ပျဉ်ထောင်သွပ်မိုးအိမ် ၂ အိမ်လောက်ကိုတော့တွေ့နေရသည် အိမ်ခေါင်မိုးတွေပေါ်မှာတော့ ငါးအရိုးလေးတွေထောင်လျှက် လမ်းတွေအားလုံးကို ကတ္တရာခင်းထားသည် ဗမာပြည်က ရွာတွေလို့ ဓနိမိုး ထရံကာ ယိုင်နဲ့နေသော အိမ်တလုံးမှ မတွေ့ခဲ့ရ အနှစ် ၄၀အတွင်း ထိုင်းနိုင်ငံတိုးတက်သလောက် ဟိုးအဝေးကြီးမှာ ပြတ်ကျန်ခဲ့တဲ့ ဗမာပြည်ကို စိတ်မကောင်းခြင်းများစွာဖြင့် လွမ်းဆွတ်နေမိသည်----

Photobucket

၂ ထပ်တိုက်ကြီးရဲ့အောက်ထပ်မှာတော့ စာသင်ခန်းရှိပြီး အပေါ်ထပ်မှာတော့ အမျိုးသမီးများကိုထားသည် စာသင်ခန်းရဲ့ ညာဘက်ထောင့်မှာ တိဗွီ တလုံးကိုတွေ့နေရသည် ဘယ်ဘက်မှာတော့ ကျောက်သင်ပုန်းကြိး သင်တန်းသားတွေ အားလုံး တဦးချင်းမိတ်ဆက်နေကြသည် ၁-၂-၃-၄ ----- အားလုံးပေါင်း ၃၄ ယောက်တိတိ မွန် ကချင် ကယား ချင်း ကရင် လူမျိုးတွေကစုံလှသည် စည်းကမ်းချက်တွေဖတ်ပြတော့ စည်းကမ်း -- စည်းကမ်း--- စည်းကမ်း----- တခုခုကိုထပြောလိုက်ချင်သည် မပြောဖြစ်အောင် စိတ်ကိုမနည်းထိမ်းချုပ်လိုက်ရသည် နားနှစ်ဖက်ကိုလည်းပိတ်ထားလိုက်မိသည် စည်းကမ်း စည်းကမ်းဟုပြောပြီး မတရားသော ဖိနှ်ိပ်မှုတွေအောက်မှာ ၁၃ နှစ်လောက်နေလာခဲ့သော ကျတော့်ကိုတော့ သူတို့နားလည်ပေးနိုင်လိမ့်မည်ဟုထင်ပါသည်

နံနက် ၉ နာရီ သင်တန်းစသည် လူ့အခွင့်အရေးတဲ့ ချစ်သူသာ သိခဲ့ရင်တော့ ရှင်ဒီလူ့အခွင့်ရေးကြောင့်ထောင်ကျခဲ့တာ မမှတ်သေးဘူးလားလို့ပြောလိမ့်မည်ထင်သည် “လူ့အခွင့်အရေးဆိုတာ ဘယ်တုံးက စခဲ့သလည်း ” ကိုမောင်မောင်ကြီးတယောက် “( ဗမာပြည်တုံးကတော့ ကျတော်ကဆရာ ဒီနေရာမှာတော့ သူက ဆရာ) စိတ်ဝင်စားဘွယ်ဖြစ်လာအောင် ပုံတိုပတ်စ လေးများ တော်လှန်ရေး အတွေ့အကြုံများကိုညှပ်ကာ ညှပ်ကာပြောနေသည် စိတ်ကား သူပြောရာသို့မရောက် လူအခွင့်ရေးကြောင့် ထောင်အတူကျခဲ့သော N L D ဦးဝင်းတင် ဒေါက်တာဇော်မြင့်မောင်တို့ ဘယ်လိုနေကြပါလိမ့် ဂျင်မီတယောက် ဘာတွေတွေးနေလည်း ဇော်မင်း အောင်ကျော်ဦး နေမှ ကောင်းရဲလား --
အတွေးနဲ့တဆက်ထည်းမှာဘဲ ဒေါက်တာ ဇော်မြင့်မောင်ရဲ့သားတယောက်ရင်ဖွင့်သံကို စိတ်မကောင်းစွာကြားခဲံ့ရသည် “ ကျတော့အဖေဟာ တိုင်းပြည်အတွက်တော့ တာဝန်ကျေခဲ့ကောင်း ကျေခဲ့လိမ့်မယ် ကျတော်တို့ မိသားစုအတွက်တော့ လုံးဝ တာဝန်မကျေခဲ့ဘူး ” ဒါ ဟုတ်ရဲ့လား ဖခင်တယောက်ရဲမေတ္တာကို ငတ်မွတ်နေရှာတဲ့ ကလေးငယ်တယောက်ရဲ့ စကားလုံးတွေထည်းမှာ နာကျဉ်းချက်တွေ ပါကောင်းပါနေပါလိမ့်မည် ဖခင်သာကြားခဲ့လျှင်တော့ ရင်နင့်အောင်ခံစားသွားရမှာသေချာပါသည် ထို့ထက် ရင့်သီးသော စကားလုံးများဖြင့် ချစ်သူက ကျတော့်ကိုစွန့်သွားခဲ့ဘူးလို့ ကိုယ်ချင်းစာပေးနိုင်ပါသည် “ကလေးရယ် ကိုယ်တို့အားလုံး ကျမ်းမာရေး ပညာရေး အိမ်ထောင်ရေး စီးပွားရေးက အစ အပျော်တွေ ဘ၀တွေ စွန့်လွတ်ပြီး ဘ၀ဘ၀ တွေကိုပေးဆပ်နေကြတယ် ဆိုတာ မင်းလေးကို သိစေချင်လိုက်တာ ”
သင်တန်းချိန် တနာရီပြီးတိုင်း ၁၀ မိနစ် အနားပေးသည် နေ့လည်း ၁၂ နာရီထမင်းကြွေးသည် အကောင်းစားမဟုတ်သော်လည်း အင်းစိန်ထောင်ထည်းက မနူးမနပ် ထမင်းထက်တော့ အများကြီးသာပါသည် နေ့လည်တနာရီ သင်တန်းပြန်စပြီး ညနေ ၄ နာရီသင်တန်းပြီးသည် ။ ခြံဝန်းက အကျယ်ကြီး ဆိုတော့ ၁၂ ပေ ၈ မေ အခန်းကျဉ်းလေးနေခဲံ့ဘူးသူတယောက်အနေနဲ့ နွားခြေရာခွက်နဲ့သမုဒ္ဒယာလောက် မကွာခြားသော်လည်း မီးတရက်မှ မပျက်သည့် မယ်ကုရွာကလေးနှင့် ၃ ရက်မှ မီးတခါလာသော မဟာရန်ကုန်မြို့ကြိးလောက်တော့ကွာခြားပါလိမ့်မည် ။
ည ၇ နာရီ ထိုးတော့ ဦးအောင်ထူး အလှည့် သူ့ထံက ကျတော့်အတွက် ထူးဆန်းတဲံ့ စကားလုံးတလုံးကို ကြားလိုက်မိသည် “ခင်ဗှားတို့ သိထားခဲ့တာတွေ အကုန်လုံးကို မေ့ထားလိုက်ပါ ဘာမှ မသိသေးဘူးလို့ စိတ်ထည်းမှာ ထားထားလိုက်ရင် ဒီသင်တန်းပြိးသွားတဲ့အခါ အများကြီး၇သွားပါလိမ့်မယ်” ဒါဖြစ်နိုင်ပါ့မလား လက်ခံ၇မလိုလို့ ငြင်းလိုက်ရမလိုလို ။ စာသင်ချိန်က ည ၈.၃၀ မှာ ပြီးသည် သို့သော်ဆွေးနွေးပွဲက စပြန်သည် နောက်တနေ့ည အတွက်ပေးထားသောခေါင်းစဉ်ကို အုပ်စုလေးတွေ ဖွဲ့ကာ ဆွေးနွေးကြသည် နောက်တနေ့ ညပိုင်းမှာတော့ ကိုယ့်အုပ် စုဆွေးနွေးချက်ကို အများရှေ့မှာ ထွက်ပြီး ပြောပြကြသည် တခြားအုပ်စုများမှ ပြန်လှန်ဆွေးနွေးချက်များ မေးခွန်းများ ကို ပြန်လည်ဖြေကြားရှင်းလင်းရသည် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်အရ အုပ်စုလိုက် ငြင်းကျ ခုန်ကျ ဆွေးနွေးကြရင်း ည ၁၀နာရီထိုးမှ အိပ်ဆောင်ကိုပြန်လာခဲ့ကြသည် မိတ်ဆွေသစ်များနှင့် ကော်ဖိသောက် ရေနွေးသောက်လျှက် ပြောကြဆိုကြ နောက်ပြောင်ကြနှင့် ည ၁၁ နာရီထိုးတော့ အိပ်ယာ အသီးသီး ၀င်ခဲ့ကြသည် ။ ။

ပိန်ပိန်သွယ်သွယ် မျက်လုံး ၀ိုင်းဝိုင်းလေးနဲ့ အမြဲတန်း ပြုံးနေတတ်တဲ့ ဆရာမလေးတယောက် အခန်းထည်းကို ၀င်လာခဲ့သည်။ သူ စကားစပြောသည် “ကျမပြောတာတွေဟာ ပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ် ကျမ မသိသေးတာတွေလည်းအများကြီး ရှိပါတယ် ဒိတော့သင်တန်းသားတွေအနေနဲ့လည်း သိထားတာ ရှိရင်ပြောကြပါ ဆွေးနွေးပေးကြပါလို့ ဖိတ်ခေါ်ပါတယ် ” ညက ဦးအောင်ထူးပြောတာနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်းသတိထားမိသည် သူက စပြီး “ တိုင်းပြည်တပြည်မှာ အစိုးရတရပ်ကို ထိမ်းချုပ်နိုင်ဘို့ အတိုက်အခံတွေလိုအပ်သလို့ လူထုအဓိက လူ့အဖွဲ့စည်းတွေလည်းလိုအပ်ပါတယ် ” အစချိလျှက် ဟန်ချက်တခုဖန်တီးပြီး အစိုးရအာဏာကို ထိမ်းကျောင်းနိုင်ဘို့အတွက် လူထုအဓိက လူ့အဖွဲ့အစည်း မရှီမဖြစ်လိုအပ်ကြောင်းနဲ့ တိုင်းပြည်အတွက် အရေးကြီးသော အရေးပါသော အခန်းကဏ္ဍ မှာ လူထုအဓိက လူ့အဖွဲ့စည်း မရှိမဖြစ်လိုအပ်ကြောင်း ဆွေးနွေးသွားခဲံ့ပါသည် ။

ဖက်ဒရယ် တဲ့ ပြသနာက စလာခဲ့ပြီ နှစ်ပေါင်း ၅၀ ကျော်ပြည်တွင်းစစ်ဖြစ်ခဲ့ရတာ ဖက်ဒ၇ယ်မစစ်လို့ဟုတချို့ကပြောခဲ့ကြသလို့
၁၉၆၂ စစ်တပ်က အာဏာ သိမ်းရတာ လူမျိုးစုတွေက ခွဲထွက်ခွင့်တောင်းခဲ့လို့ဟု စစ်တပ်ဘက်မှလည်းပြောခဲ့သည် ရှမ်းခေါင်းဆောင်တယောက်ကတော့ “ ရှမ်းစော်ဘွားတွေ ခွဲထွက်မှာ စိုးလို့ အာဏာသိမ်းရတယ်လို့ ၁၉၆၂ မှာ ဗိုလ်နေ၀င်းပြောတာကို ကျတော့ မြန်မာ မိတ်ဆွေတချို့က ယုံခဲ့ကြတယ်ဗျာ တကယ်တော့ စစ်တပ်က အာဏာ သိမ်းခဲံ့ရတာဟာ စီးပွားရေးကြောင့်ပါ ပြီးတော့ နိုင်ငံရေးပါတီတွေ မတည်မငြိမ်ဖြစ်လို့ အာဏာ သိမ်းခဲ့တာပါ ”ဟု ပြောခဲံ့သည်။ လူမျိုးစုတွေရဲ့ ရင်တွင်းခံစားချက်ကို ဒုတိယ အများဆုံးကြားခဲ့ရသည် အစုအဖွဲ့ တွေ စုပြီးဆွေးနွေးခဲ့ကြသည် မွန်မလေး------ ကလည်း “ ခွဲထွက်ခွင့်မပါဘဲလည်း ဖက်ဒရယ်ပြည်ထောင်စုစစ် စစ်တည်ဆောက်လို့၇ပါတယ် ခွဲထွက်ခွင့်ပါခဲ့ရင် ခွဲထွက်ချင်တဲ့သူတွေက အခွင့်ကောင်းယူပြီး ခွဲထွက်ခွင့်တောင်းခဲ့ရင် ငြိမ်းချမ်းရေးကိုထိခိုက်ပြီး တိုင်းပြည်ပြိုကွဲနိုင်ပါတယ် လက်ရှီနိုင်ငံရေးအခြေနေမှာလည်း ကမ္ဘာက ခွဲထွက်ခွင့်ကို နိုင်ငံတကာမှ လက်မခံ အားမပေး တော့ပါဘူး စုစည်းရေးနဲ့ ညီညွတ်ရေးကိုဘဲ အားပေးပါတယ် ခွဲထွက်ခွင့်ထည့်ထားခဲံ့ရင် စစ်တပ်ဟာ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ အချက်ကို အကြောင်းပြပြီး အချိန်မရွှေး အာဏာ သိမ်းနိုင်ပါတယ် ” ဟု ဆွေးနွေးသွားခဲ့သည်
တသီးပုဂလ ဒေါ်နော်ကူး မှလည်း“ ဒါးအနေနဲ့ သုံးရန် မဟုတ်သော်လည်း ဒိုင်းအနေနဲ့ကာကွယ်ရန်ကိုမူ ခွဲထွက်ခွင့်ကိုထည့်သင့်ပါသည် ” ဟုဆွေးနွေးခဲ့သည် ဆက်လက်ပြီး “ ခွဲထွက်ခွင့်မပါဘဲ နဲ့ ဖက်ဒရယ် မစစ်နိုင်ပါဘူး” ဟု သူမအမြင်ကိုဆွေးနွေးသွားခဲ့ပါသည် ။

နောက်တနေ့မှာတော့ ပြည်ထောင်စုကို ဘယ်နှစ်ပြည်ထောင်နဲ့ဖွဲမလည်း ဟုဆွေးနွေးကြသည် ဆွေးနွေးချိန် တနာရီဘဲ ရသည် အဲဒါမှ ပြသနာဘဲ ဟုတွေးလိုက်မိသည် ပညာရှီ ပညာကျော်ကြီးများ နိုင်ငံရေးသမား အဓိပတိကြီးများ နှစ်ပေါင်း ၅၀ လောက်ဆွေးနွေးလို့ မပြတ်တဲ့ အရှုပ်အထုတ်ကြီး ကိစ္စ တခုကို ဘာမှ မသိသေးသော ကျတော်တို့အား တနာရီအတွင်းအဖြေရှာခိုင်းခဲ့သည် အံ့ဘွယ်ရှိပေစွ တကား သိုသော် သင်တန်းသားများကတော့ မဟာဇနကထုံး နှလုံးမူလျှက် ဆွေးနွေးငြင်းခုံ အဖြေရှာလျှက်ရှိသည် “ကိုဇော်ထွန်းဆွေးနွေးလေဗျာ ကောင်မလေးတွေတောင်ဆွေးနွေးနေတယ် ” ကျတော်နဲ့တဖွဲ့ထည်းကျသော ကိုလူဗိုလ်အသံကြောင့်တွေးနေရာမှ သူ့ကိုမော့ကြည့်လိုက်သည် ပြီးတော့မှ “ကျတော်မဆွေးနွေးချင်ဘူး ဘာကြောင့်လည်းဆိုတော့ ကျတော်တပြည်ထောင်စံနစ်ကိုဘဲကြိုက်တယ်ဗျာ” ကယားမလေး မူးမေရီ ကျတော့်ကို အံ့သြစွာဖြင့်မော့ကြည့်ခဲ့သည် “ကျတော်တို့အားလုံးက ဖက်ဒရယ်စံနစ်ကိုဆွေးနွေးနေတာလေ ခင်ဗျားကတပြည်ထောင်စံနစ်ဆိုတော့ ” သူ့စကားမဆုံးခင်ဘဲ “ ကျတော်သီးခြားဆွေးနွေးပါ့မယ်” ဟုပြောလျှက် ဆွေးနွေးဝိုင်းမှ ထထွက်လာခဲ့သည် ။
အခန်းရှေ့မှာတဖွဲ့ခြင်းထွက်ပြီး ရှင်းပြနေကြသည် တချို့ကတော့ NCG ရဲ့ ဂပြည်ထောင်စုမူအပေါ်မှာဘဲဆွေးနွေးနေကြသည်
အုပ်စု ၅ က တော့ကိုးကန့်ကို ပြည်နယ်တခုအဖြစ်သတ်မှတ်ပေးသင့်ပါတယ် ဟုပြောလျှက် ၉ ပြည်ထောင်စုမူကို ဆွေးနွေးလာခဲ့သည် ကျတော်မကျေမနပ်ဖြစ်လာတာနဲ့ “ ကိုးကန့်ကိုပြည်နယ် တခုပေးမယ်ဆိုရင် ထားဝယ်ကိုလည်း ပြည်နယ်တခုပေးသင့်ပါတယ် ဘာကြောင့်လည်းဆိုရင် ဂ ပြည်ထောင်စုမူ ပုဒ်မ ၃၇ မှာ လူမျိုးတမျိုး ပြည်နယ်တခုပေးရမယ်လို့ပါလို့ပါဘဲ ” ဟုဆွေးနွေးလိုက်တော့ အပြင်းအထန်ကန့်ကွက်ခဲ့သူက တော်လှန်ရေးသက်တမ်း အနှစ် ၂၀ ကျော်ပြီဖြစ်သော မွန်အမျိုးသားကြီး နိုင်မင်းမွန် သူက မွန်သံဝဲ၀ဲဖြင့်“ထားဝယ်ကိုပြည်နယ်မပေးနိုင်ပါဘူး လူမျိုးဆိုတာ ဘာသာစကားရှိရမယ် စာပေရှိရပါ့မယ် ” သူ့စကားမဆုံးခင်ဖြတ်လျှက် ကျတော်က “ ဒါဆို ထားဝယ်ဆိုတာ လူမျိုးမဟုတ်ဘူးလား ထားဝယ်ကိုလူမျိုးအနေနဲ့မသတ်မှတ်ဘူးလား” ကျတော့်စကားထည်းမှာ ဒေါသသံပါနေမှန်းသူသိပါသည် သို့သော် ၀ါရင့်တော်လှန်ရေးသမားကြီးပီပီ သူမဖြုံ “ဒါဆို မြန်မာပြည်မှာ လူမျိုး ၁၃၅ မျိုးတောင် ရှိတာ ပြည်နယ် ၁၃၅ ခုပေး၇မှာလား” သူ့စကားထည်းမှာ ကျွန်တော်မကြိုက်သော စကားတခွန်းပါလာခဲ့ပြန်ပါသည် “ မြန်မာပြည်လို့မသုံးပါနဲ့ ဗမာပြည်လို့ဘဲသံုးပါ မြန်မာဆိုတာ မြန်သော မာသောလူမျိုး မြန်မာလုမျိုးဖြစ်ပါတယ် မြန်မာ ကချင် မွန် ကယား အစရှိတဲ့လူမျိုးစုတွေအကုန်ပေါင်းထားတာကို မှ ဗမာပြည်လို့ခေါ်တာပါ ဗမာကို မြန်မာဆိုပြီး မသိနားမလည်တဲ့လူမျိုးတွေကို ခောတ်အဆက်ဆက် လိမ်လာခဲ့တာဗျ ” ချင်းလူမျိုးကြီး ----- က တစခန်းထလာပြန်ပါသည် “လူမျိုး ၁၃၅ မျိုးဆိုတာ ကျွန်တော်တို့လက်မခံပါဘူး မဆလ န၀တ ကခောတ်အဆက်ဆက်လိမ်လာတာ တကယ်တော့ ဗမာပြည်မှာ လူမျိုးတွေ အဲလောက်မရှိပါဘူး” ဒါဆိုလူမျိုးစု ဘယ်လောက်သတ်မှတ်မှာလည်း လူမျိုးသတ်မှတ်ချင်းမခံ၇သူတွေကကော ကျေနပ်ကြမှာလား လို့ကျတော်တွေးနေမိသည် အားတက်သရောဆွေးနွေးညင်းခုံနေကြရင်းနဲ့ ဒီဆွေးနွေးချက်တွေဟာ တကယ်ဖြစ်မလာနိုင်ဘူးလား အိမ်မက်တွေတော့မဖြစ်တန်ရာ လူမျိုးပေါင်းစုံတို့ရဲ ရင်တွင်းခံစားချက် ရင်ဖွင့်သံတွေနဲ့အတူ အနာဂတ် ဗမာပြည်အတွက် ရင်လေးနေမိသည် ဒိပြသနာတွေ ရှင်းနေရတာနဲ့ တိုင်းပြည်တိုးတက်ဘို့လုပ်နေကြဦးမှာလား တရက် တလ တနှစ်လောက်နဲ့တော့ ဒိပြသနာတွေကို ဖြေရှင်းလို့ရနိုင်မယ်မထင် ဘာဖြစ်လို့လည်းဆိုတော့ “ ဒီမိုကရေစီ နည်းကျသော နိုင်ငံရေးပုံစံသည် လူမျိုးစု အုံကြွမှုကို အလွယ်တကူဖြစ်စေနိုင်ပြီး ရွှေးကောက်ပွဲများမှ တဆင့် ပြသနာများကိုဖြစ်စေနိုင်သည် ” ဟု ကျွန်တော်လေ့လာဘူးသည် ဒီပြသနာတွေကို ကျော်ဖြတ်နိုင်ဘို့ ကျတော့်အလှည့်မှာတော့ တပြည်ထောင်စံနစ် ဘဲကောင်းပါတယ် ဟု ဆွေးနွေးခဲ့သည် နောက် ဆရာမ ဒေါ်၈ျာဒင်းကိုလည်းပြန်လှန်မေးခွန်းတခုမေးခဲ့သည် “ဖက်ဒရယ်ပြည်ထောင်စုစံနစ် တခု တည်ဆောင်ယုံနဲ့ ဗမာပြည်ပြသနာတွေကို ဖြေရှင်းနိုင်လိမ့်မယ် လို့ ဆရာမထင်ပါသလား”-----။
နောက်မှ ဆက်ပါဦးမယ်

No comments:

Post a Comment