Saturday, January 30, 2010

ဆရာတင်မိုး အမှတ်တယ ကဗျာ သုံး

Photobucket

ခွပ်ဒေါင်းသို့ ပန်ကြားချက်

Photobucket

(၁)
မင်းသားကြီး မလုပ်ရရင်
ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့
ညစ်ကျယ်ကျယ် လူစားတွေ
တို့ ပြည်မှာ အများသားကလား
ဟိုနားမှာတွေ့  သည်နားမှာတွေ့ 
ဟိုကွေ့ မှာ ကြုံ သည်ကွေ့ မှာ ကြုံ
တပုံတပင်ကြိးပါကလား
ခေါင်းဆောင်က တရာ နှစ်ရာ
ငယ်သားက တယောက်နှစ်ယောက်
မျက်စိနောက်စရာပါလားနော် ------။

(၂)
ကိုယ်ကသာ ဘာမှမဟုတ်
လူတွင်ကျယ်လုပ်ချင်တယ်
ပုတ်လိုက်တဲ့ စိတ်ဓါတ်
စုတ်ပြတ်လိုက်ပါဘိ ။
ပါးစပ်နဲ့ အလုပ်လုပ်
ခွတုတ်တဲ့ လူမျိုး
လက်ညိုးတချောင်းနဲ့ လူရာဝင်
သူသာလျှင် အရေးပါသတဲ့
ပညာကလည်း မရှိ
အသိအမြင်ကလည်း ကျဉ်းမြောင်း
စိတ်ကောင်းကလည်းမမွေး
ကလေးစိတ် မိန်းမစိတ်
အတိတ်လည်း မဝေဖန်
ပစ္စုပန်လည်း မသုံးသပ်
အနာဂတ်လည်း မတွေးရှု
အရေးတခုရယ်လို့ သဘောမထား
တောသားအချင်းချင်း
ကျောပြားကို နင်းချင်တယ်
ရိုင်းပင်းမယ်လို့ တော့စိတ်မကူး
လက်ဦးအောင်ဖျာခင်း
အာဏာပြင်းလှချည့်
ရာဇာမင်းဂုဏ်နဲ့ မတန်
နုံနဲ့ ဟန်ပေါက်လိုက်ပုံက
သဘောက်မသား
လူရမ်းကားတွေ ပါလားဟေ့ ။

(၃)
သမိုင်းစာမျက်နှာကို
အိမ်သာသုံးစက္ကူသဖွယ်
အသုံးပြုခဲ့ကြတယ်
လိုရာကိုဆွဲသုံး
အမဲတုံးကို ခွေးဆွဲသလိုပေါ့လေ
ရေလဲနဲ့ သုံးခဲ့တယ် ၊
ဗလောင်းပလဲ စကား
အပြောင်းအလဲက များသနဲ့ 
ချောင်းထည်းကငါး အကူးမြန်သလို
မမှန်မကန်တွေကို
မြန်မြန်ဆန်ဆန်ပြောကြတယ်
ကြားသူတိုင်း ရှုပ်ထွေးပြီး
အလိုလေး တ ရအောင်
ပါးစပ်က ကျည်ဆံထွက်
ထွီထွမ်ခွက် ပက်လက်မျောရော
စကားနာ စကားလိမ်
စကားသိမ် စကားဖျင်း
စကားတင်း စကားယုတ်
စကားပုတ် စကားလှည့်
စကားရွဲ့ စကားစောင်း
အကြောင်းအမျိုးမျိုးပြပြီး
မတိမကျ ပြောခဲ့ကြတယ်
ပြောသူမရှက်
ကြားသူ ရှက်ရပါတကား ။

(၄)
ဒီမိုး ဒီမြေ ဒီလူတွေနဲ့ 
ဒီအခြေစခန်းသွားရင်
လမ်းမှားတွေရောက်
ဂျောက်ပေါက်တွေ တိုးမှာသေချာတယ် ။
တန်ရာ တန်ရာ မလုပ်ရင်
ရွာနာတယ်ဆိုတဲ့ ဆောင်ပုဒ် အရှိသား
အဟုတ်ကိုဘဲ ရွာနာခဲ့ပြီ ။
မြန်မာပြည် သည်ပုံမျိုးနဲ့ ဆိုရင်
အမျိုးပျောက်ရလိမ့်မယ်
သူခိုးက လူသူဟစ်
မချစ်သူက မေတ္တာ စကားဆိုတော့
ဘယ်လိုမှ မကောင်းနိုင်
ခွပ်ဒေါင်းရေ----- ကယ်ပါဦးလို့ 
ပြည်လုံးကျွတ် အော်ချင်လှပြီ
မကောင်းအညစ်တွေကို
ပြောင်းပြစ်မှ နေရာကျပြီး
ပြည်ရွာ လှလိမ့်မယ် ။

(၅)
အို ----- ခွပ်ဒေါင်း
လွတ်ကြောင်းအတွက်
ခွပ်လက်ပြင် ခွပ်လက်သွေးကာ
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့-------။

တင်မိုး

Friday, January 22, 2010

ကျွန်နော့်ရဲ့ အညတ သူရဲကောင်းများ အပိုင်း (နှစ်)

Photobucket

စကားဦး
ကျတော်ရေးသော လူပုဂိုလ်တို့ အကြောင်းတို့ သည် ကျတော်ဖြတ်သန်းခဲ့သော တိုတောင်းသော အချိန်လေးအတွင်း ဆုံဘူးခဲ့သော သူတို့ အကြောင်းများသာဖြစ်ပါသည်
ထိုသူတို့ အကြောင်းကိုရေးရာ ၌ အာဃာတများနှင့် ၀ါဒဆွဲ အယူဆွဲများကို အတတ်နိုင်ဆုံး ရှောင်လျှက် အကြောင်းအရာများကို အဓိက ထားပြီး ရေးပါသည်
ကျတော်သိသောအကြောင်းအရာများသည် သက်ဆိုင်သူ ပုဂိုလ်တို့ ၏ ဖြတ်သန်းမှု ကာလတလျှောက် သေးငယ်သော အစက်အပျောက်ကလေး တခုသာဖြစ်ပါလိမ့်မည်
ထို့ ကြောင့် ကျတော်သိသော ရေးသောအကြောင်းအရာ အဖြစ်အပျက်များသည် မှန်ကန်သော်ငြားလည်း ပြီးပြည့်စုံပြီ ဟု မယူဆစေချင်ပါ သက်ဆိုင်သူ ပုဂိုလ်များနှင့် ပတ်သက်ပြီး ကျတော် မသိသေးသော အကြောင်းအရာ များ စွာကျန်ရှိနိုင်ပါသေးသည် ။
--------------------------------------------------------------------------------------------
သူကျဆုံးခဲ့တယ်
သူ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်
သူ ဟာ တိုက်ပွဲတပွဲကို တိုက်နေစဉ်အတွင်းမှာဘဲ ရန်သူနဲ့ ရှေ့ တန်းအကျဆုံး စစ်မြေပြင်မှာ သူရဲကောင်းပီသစွာ ကျဆုံးခဲ့သူဖြစ်တယ်
သူဟာ သူ့ ကိုယ်သူ ကွန်မြူနစ်တယောက်လို့ လက်ခံထားပြီး ကွန်မြူနစ်ဝါဒ မော်ဝါဒ တို့ ကိုယုံကြည်စွာလက်ခံခဲ့သူလည်းဖြစ်တယ်
ကွန်မြူနစ်လို့ ကြွေးကျော်ထားပြီး ကွန်မြူနစ်ဝါဒနဲ့ ဆန့် ကျင်ဘက်ပြောဆို တဲ့သူတွေကို ဘယ်လောက်မုန်းမုန်း သူ့ လိုလူကိုတော့ တန်ဘိုးထား လေးစားပါတယ် ။
သူ ကျတော့် အခန်းရှေ့ မှာလာရပ်ပြီး “ ညက မိတ်ဆက်သွားတာ မကြားလိုက်လို့ ပြန်ပြောပြပါဦး”
သူက အခန်းနံပါတ် ကိုး မှာနေပါတယ် ကျတော်တို့ က အခန်းနံပါတ် တစ်ဆယ့်ခုနှစ် ဆိုတော့နဲနဲဝေးတယ် ၄ တိုက်အတိုကနေပြီး သူရှိတဲ့ ၄ တိုက်အရှည်ကိုပြောင်းလာခဲ့ပြီးနောက်တနေ့ မနက် ရေချိုးချချိန်မှာ သူရောက်လာခဲ့တာပါ မုတ်ဆိတ်မွေး နှတ်ခမ်းမွှေး ကြိုးတို့ ကျဲတဲ နဲ့ သူ့ ကို ကျတော်တို့ ၎ ယောက်မိတ်ဆက်ပြီးချိန်မှာတော့ ကျတော်က“ ခင်ဗှား ချေဂွေဗားရားနဲ့ တူဘို့  အသားနဲနဲ မဲပြီး ပါးသိုင်းမွှေးထားလိုက်ပါလား”သူသဘောကျစွာ ရီမောလိုက်ပြီး “ ဆရာကြီးကတော့ ရောက်တာနဲ့ ပြဿနာစရှာပြီ”
သူက ကမာရွတ်မှာနေပါတယ် လှည်းတန်း ခိုင်ရွှေဝါ လမ်းထည်းမှာနေတဲ့  ကျတော့်သူငယ်ချင်းကောင်မလေးတွေကိုမေးတော့ သူတယောက်မှ မသိပါဘူး ကောင်လေးတချို့ ကိုတော့သိပါတယ် သူက အင်ဂျင်နီယာ ပေါက်စ တယောက်ပါ သူနဲ့ အတူနေသူတွေကတော့ ဟင်္သတာ ဦးအုန်းသန်း သားအဖ ကိုခင်အောင် (ဟင်္သာတ) ကိုစံမြင့် ( အင်းစိန်) တို့ နဲ့ အတူနေပါတယ် ၄တိုက်အရှည်မှာ UNDER GROUND လို့ ခေါ်တဲ့ တိုက်ခန်းတွေ အတွင်းမှာ မြေအောက်လှိုင်ခေါင်းတွေ ဖောက်တာကို သူက စလုပ်ခဲ့တာလို့ ပြောရင်မမှားပါဘူး သူက အင်ဂျင်နီယာ တယောက်ဖြစ်လို့ အခန်းနံရံနဲ့ ကပ်ပြီးဖောက်တဲ့ မြေအောက်လှိုင်ခေါင်းတွေကို ဘယ်နှစ်လ ကြာတဲ့အခါ မြေကြောဟာ ဘယ်လောက်ရွှေ့ သွားလို့ ဘယ်လိုဖောက် ဘယ်လိုတူးရတယ်ဆိုပြီး အသေးစိတ်ညွှန်ကြားပေးခဲ့သူပါ ။
တရက်မှာပေါ့
“ဆရာကြီးက မိန်းမတယောက်တောင် ရအောင်မစည်းရှုံး နိုင်ဘဲနဲ့ ဘယ်လိုလုပ်ပြီး တိုင်းပြည်ဦးဆောင်မှာလည်းဗျ ” “ ခင်ဗျားကိုကော ကြိုက်တဲ့သူ ရှိလို့ လား သူများလာပြော၇အောင် ကျတော်ကမှ ကြိုက်တဲ့ သူရှိသေးတယ်” သူဟက်ဟက်ပက်ပက် ရီသွားတယ် ။
၈၈၈၈ ကို ကွန်မြူနစ်တွေ လုပ်ခဲ့တာပါဆိုလို့ ကျတော်ကော်ဆဲတော့ ကွန်မြူနစ်တွေက ကျတော့်ကို ပိတ်ဆို့ မှုတွေလုပ်ခဲ့ပါတယ် သတင်းမပြော မပေးဖတ် စာအုပ်စာတန်းတွေ ပေးမဖတ် ကွမ်းဆေးလိပ်မပေး ရေနွေးမပေး အစရှိတဲ့ ပိတ်ဆို့ မှုတွေလုပ်တဲ့အခါ သူတို့ အစည်းအဝေးမှာ ကိုကိုးကျွန်းပြန် ဦးကြည်ညွန့် ( ပြည်သူ့ တိုးတက်ရေးပါတီ) နဲ့ သူ ၂ ယောက်က ကန့် ကွက်ပါတယ် ကျတော်နဲ့ ဆွေးနွေးမယ်ဆိုပြီး ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေပါဘူး အဲဒါနဲ့ ကျတော်တခန်းခြင်းလိုက်မေးပါတယ် ဦးမိုးဝင်း (ပြည့်သူ့ ရဲဘော်ဦးစိုးဝင်းသား သခင်ဇင် ဒေါ်ကြည်ကြည် သမက်) ကတော့ “သူမပြောဘူး ပြောတဲ့သူသွားပြောလေကွာ မင်းက အကုန်လုံးသိမ်းကြုံးဆဲတာတော့မကောင်းဘူးပေါ့ ”လို့ ပြောပါတယ် အာခေါင်နီ ဦးအောင်ခင် (ရန်ကုန်ခရိုင်ကျောင်းသားသမဂမှ နေလ ခေါ် အေဘီအက်ဒီအက်မှ ဂုရုခေါ် မြင့်အောင် ခေါ် ဘလော့ခ်ဂါ ကိုဖိုးဇေ ဖခင်) ကတော့ “ မင်းတို့ ဗကသ မှာ ဥက္ကဌ လုပ်ခဲ့တဲ့ ညိုထွန်း ခေါ် ဇော်အောင် ကငါတို့ လူကွ ” “ညိုထွန်းဘာလုပ်ခဲ့လို့ လည်း နောက်မှပါလာတာလေဗျာ ၉ ရက်နေ့ ထိ တောင်ငူဆောင် ကန်တီးမှာ မြန်မာစာဌာနက ဆရာကိုဌေးသိန်းတို့ နဲ့ တော်ကီပွားနေတုန်း ၉ ရက်နေ့ နောက်ပိုင်းမှ အဲကောင်ပါလာတာ” “မင်းမသိတာတွေ အများကြီးပါကွာ ” “ဟုတ်ပြီ ဒါဆိုသိတာပြောမယ် ခင်ဗျားလုပ်ခဲ့လား” “ငါလုပ်ခဲ့တယ်မပြောဘူး ဒါပေမယ့် မိုးသီးလည်း ၈၄ ထည်းက ဗကသ နံမယ်နဲ့ စာတွေထုတ်ခဲ့တယ်” “ မိုးသီးက ခင်ဗျားလူလား အဲကောင်တခါမှ သူ့ ကိုယ်သူ ကွန်မြူနစ်လို့ မအော်ဘူး စာထုတ်တာလည်း စာရွက်နဲ့ မီးချောင်းတချောင်းရှိရင်ထုတ်လို့ ၇တယ် ဘာမှမခက်ဘူး မိုးသီး ကွန်မြူနစ်လို့ ပြောရင်ပြောတဲ့အချိန် ရှင်းမယ်ဗျာ” သူဆက်မပြောတော့ပါဘူး ပြည်မှာနေတဲ့ ကိုချစ်ဆောင်ဦးကတော့ “ ပြည်မှာ ငါလုပ်ခဲ့တာကွ” (နောက်ပိုင်းသာယာဝတီတောရ မှာ ပြည်မြို့ က ကိုသန်းထိုက်အောင် ခေါ် ကိုပါချီး နဲ့ တွေ့ တော့“ အဲလူအလကားလိမ်တာ ပြည်မှာ ကျူပ်လုပ်ခဲ့တာ ကြိုက်တဲ့သူမေးကြည့်လိုက်လို့ ပြောပါတယ်) ( ကိုဇော်ထွန်းနိုင် လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပြည်မြို့ ကလည်း “ ကိုချစ်ဆောင်ဦးလုပ်မလုပ်တော့မသိဘူး ကိုပါချီးတို့ ကျောင်းသားတွေ လုပ်ခဲ့တာတော့သေချာတယ် လို့ ပြောပါတယ်) “ဟုတ်ပြီလေ ပြည်မှာလုပ်ခဲ့တယ်ဆိုရင် ပြည်မှာ ငါလုပ်ခဲ့တယ်လို့ ပြောပါ ၈၈၈၈ တခုလုံးကို ငါတို့ လုပ်ခဲ့တယ်လို့ မပြောပါနဲ့ ”“ငါတို့ လူတွေ အများကြီးလုပ်ခဲ့ပါခဲ့တယ်လေ” “ပါခဲ့တာကိုလက်ခံတယ် အကုန်ပါလာတာဘဲ စစ်တပ်ကလူတွေလည်းပါတာဘဲ အလှဖန်တီးရှင်တွေတောင်ပါတာဘဲလေ” သူဘာမှဆက်မပြောတော့ပါဘူး........။
နောက်တခါ မှတ်မှတ်ယယလေးတခုကတော့ ကွန်မြူနစ်တွေနဲ့ ဘဲ ပြဿနာတက်ခဲ့တာပါဘဲ ပြဿနာကို သူဘဲစတင်မီးမွှေးခဲ့သူပါ တနေ့ ( ၂၈.၃.၁၉၉၃) မှာပါ သူကျွန်တော့်အခန်းရှေ့ ကိုရောက်လာပါတယ် “ ဒီနေ့ ကျတော်တို့ ပါတီရဲ့ မွေးနေ့ လို့ ပြောလို့ ရပါတယ် အဲတော့ ဆရာကြီး ကျတော့်ကိုဖြစ်ဖြစ် ကျတော်တို့ ပါတီကိုဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းဝေဖန်ကြည့်ပါလား ဆရာကြီး အမြင်လေးတွေပေါ့” “မလုပ်နဲ့ လေ ပြဿနာတက်နေပါ့မယ် ခဏခဏ ပြဿနာတက်နေတာ ခင်ဗျားသိရဲ့ သားနဲ့ ” “ မဟုတ်ပါဘူးပြောလို့ ရပါတယ်” “ဒါဆိုလည်းပြောမယ်ဗျာ ပထမပြောချင်တာက အပြင်မှာတုန်းက ကျတော့်အဖေ ဗျာ ကွန်မြူနစ်ဆိုအရမ်းအထင်ကြီးတာ တခုခုပူဆာတိုင်း “မင်းတို့ ကွာ ဟိုဟာပူဆာ ဒီဟာလိုချင်နဲ့ တောထည်းက ကွန်မြူနစ်တွေ အတုယူစမ်းပါ မျှစ် ချိုးစားပြီး အနှစ် ၃.၄၀ တော်လှန်ရေးလုပ်နေတာ” လို့ ဆုံးမတယ်ဗျ ထောင်ထည်းက ကွန်မြူနစ်ဆိုသူတွေကို တွေ့ လို့ ကတော့ ထိုင်တောင် ငိုမလားမသိဘူး” “ဆက်ပြောပါဦး” “ဘာဘဲပြောပြော လက်ရှိတာဝန်ယူထားတဲ့သူတွေထည်းမှာတော့ ဗိုလ်ကျင်မောင်နဲ့ ရဲဘော်ထွန်းကိုတော့ အရမ်းလေးစားတယ်ဗျာ ဒါကြောင့် ကျတော်ကတော့မဝေဖန်ချင်ဘူး ဒါပေမယ့် ကျတော့်မိတ်ဆွေ အမတ်မင်းတယောက်ကတော့ ပြောဘူးတယ်” သူစိတ်ဝင်တစားနားထောင်နေတယ် “ ဒေါက်တာသန်းထွန်းက သူခိုးကို အမျိုးပေါင်း ၃၀ ကျော် အဓိပါယ်ဖွင့်ဆိုသွားသလို့  ကွန်မြူနစ်ကိုလည်း အမျိုး ၆၀ လောက် ခွဲလို့ ရမယ်တဲ့ မဆလခောတ်က သိတယ်မလား ၂ ကျပ်တို့ ၃ကျပ်တို့ ဆိုတဲ့ ကွန်မြူနစ် ဘာသာပြန် စာအုပ်တွေ ဖတ်ပြီး ကွန်မြူနစ်ဖြစ်လာတဲ့သူတွေကို ၂ ကျပ်ခွဲတန်ကွန်မြူနစ် လဘက်ရည်ဆိုင်ထိုင်ပြီး ဖတ်ဘူးတဲ့ စာအုပ်တွေထည်းက စာတွေ အလွတ်လျှောက်ပြော လျှောက်အော်နေလို့  အဖမ်းခံလိုက်ရတဲ့ လဘက်ရည်ဆိုင်ကွန်မြူနစ် ကိုသက်ခိုင်တို့ လိုလူတွေဖော်လို့ ထောင်ကျပြိးထောင်ထည်းရောက်မှာ ကွန်မြူနစ်နံမယ်ခံထားသူတွေကို ယောင်တောင်တောင်ပေါင်တောင်တောင်ကွန်မြူနစ် ကိုသက်ခိုင်တို့ လို လူမျိုးကို ဖော်ကောင်ကွန်မြူနစ်” ကွန်မြူနစ် အဓိပါယ်ဖွင့်ဆိုချက် မပြီးခင်မှာဘဲ တဖက်ခန်း အခန်းနံပါတ် ၁၈ က ကိုကျော်မြ အသံ စူးစူးဝါးဝါး ထွက်လာပါတယ် “ ကိုဇော်ထွန်း တော်တော့ မင်းငါတို့ ပါတီ နဲ့ ငါတို့ လူတွေကို စော်ကားခဲ့တာများပြီ ဒီတခါ အဆိုးဆုံးဘဲ သီးခံတာလည်းများလာပြီ မင်းက ဘာကောင်မို့ လို့ လည်း” သူလှစ်ကနဲ ပျောက်သွားခဲ့ပါတယ် ကျတော်ကတော့ ပြဿနာရှင်းစမ်း........။
(နောက်တနေ့ မှာတော့ ဦးကြည်ညွန့် က သူ့ အခန်းမှာ ကျတော်ကြိုက်တတ်တဲ့ ရေနွေးကြမ်းနဲ့ လဘက်သုတ်ကို တကူးတက ရှာထားပြီး ခေါ်ပြောပါတယ် “ ငါတို့ လူတွေဟာ ကေဒါသင်တန်းတွေ ယူဂျီသင်တန်းတွေ တက်ခဲ့၇တာမရှိဘူး မင်းပြောသလို အားနည်းချက်တွေ ရှိနိုင်ပါတယ် ဒါပေမယ့် အဲလိုတော့ သူများကြားအောင်မပြောသင့်ဘူး ဘေးခန်းတွေမှာ ကေအန်ယူတွေ ရှိနေတယ် အယ်နယ်ဒီတွေ ရှိနေတယ် ရန်သူ့ လူ ၀န်ထမ်းတွေ ရှိနေတယ် မင်းပြောတာတွေကို သူတို့ က အမြဲနားထောင်နေကြတာ အခြင်းခြင်းပြဿနာတက်မယ့်စကားတွေ မပြောပါနဲ့ ပြောစရာရှိရင် ငါ့ကိုတိုးတိုးတိတ်တိတ်လာပြော ငါရှင်းပေးမယ် ငါ့ကိုမပြောချင် ကိုမိုးဝင်းကိုသွားပြော မင်းနဲ့ တအားရင်းနှီးတာဘဲ နောက် မင်းလည်း ငါတို့ ပါတီနဲ့ ပတ်သက်ခဲ့ဘူးတာတွေ ရှိတာဘဲတဲ့ )......။
ကျတော်တို့ တိုက်ထည်းမှာ ညညဆို သီချင်းတွေ ဆိုကြသည် သူအမြဲဆိုနေကျ သီချင်းက “အင်တာနေရှင်နယ်သီချင်း” သူ့ ကိုမေးဘူးသည် “ခင်ဗျား ဘာလို့အဲသီချင်းတပုဒ်ထည်းဆိုတာလည်း”ဆိုတော့“အဲသီချင်းတပုဒ်ထည်းရလို့ ပါတဲ့” သီချင်းလည်းတခါမှ မဆိုဘူးဘူးတဲ့......ကောင်းရော ။
သူက ဆေးလိပ်မသောက် ကွမ်းမစား စာဘဲဖတ်နေသူတယောက်ဖြစ်သည် တခါက “ သခင်ဗသိန်းတင်တောင်ဆေးလိပ်လက်ကြားကမချတန်းသောက်သေးတာ ခင်ဗျားလည်း စိးကရက်ကလေးတော့ခဲထားပေါ့ဗျာ စတိုင်ပေါ့ အဲဒါမှ ကောင်မလေးတွေ ကြိုက်မှာ ဗျ ” တော်ပါတော့ဗျာ ဆေးလိပ်သောက်တာ ပိုက်ဆံတွေ မီးရှို့ နေတာဗျ ဘာမှလည်းကောင်းတာလည်းမဟုတ်ဘူး ” “ ခင်ဗျားလို သခင်ဗသိန်းတင် သဘောပေါက်ရင်ကောင်းမယ်ဗျ” ပြဿနာတက်ပြန်ပြီ ဒီတခါတော့လူလဲ သွားတယ် ပေါင်းတည်က ရှေ့ နေပေါက်စ ကိုခင်မောင်ဇော်နဲ့ ပါ.........။
တရက်မှာလည်း သူနဲ့ ကျွန်တော် စာအုပ်တွေအကြောင်းပြောဖြစ်တယ် စကားစပ်မိတာနဲ့ “ နေပါဦးဗျ ကျတော်လည်း လူရှောက်ချီ စာအုပ်တွေဖတ်ဘူးပါတယ် ကွန်မြူနစ်ကောင်း တယောက်ဖြစ်လိုသော် တို့  ကွန်မြူနစ်တို့ ကျင့်ဝတ်တို့  အဲစာအုပ်တွေထည်းမှာတော့ ကွန်မြူနစ်တယောက်ဖြစ်ဘို့ ဆိုတာ တော်ယုံလူမဖြစ်နိုင်ဘူးဗျ ခင်ဗျားတို့ ကျတော့် ကွန်မြူနစ်ဖြစ်တာလွယ်လှကြည့်လား” “ ဆရာကြီး ရ နေရာတကာ စာအုပ်ထည်းက ပေတံနဲ့ တိုင်းလို့ မရဘူးလေ အဲစာအုပ်ထည်းကအတိုင်းသာဆို ကွန် မြူနစ်တယောက်မှ မရှိတော့ဘူး နောက်ပြိး လူရှောက်ချီကိုယ်တိုင်လည်း မလိုက်နာလို့ ပါတီက ထုတ်ထားတာဗျ” တဲ့ 
တခါကလည်း “ ခင်ဗျားတို့ ပြောတဲ့ တရုက်က ကွန်မြူနစ်လားဗျ” “ ဟုတ်တယ်လေ တကမ္ဘာလုံးအသိမှတ်ပြုထားတာဘဲ” “ ဒါဆိုတခုမေးမယ်ဗျာ” သူကြိုသိနေတယ် ပြဿနာရှာတော့မယ်ဆိုတာ“ မမေးတာပိုကောင်းမယ်ထင်တယ်” တဲ့ “တခုထည်းပါ မဖြေလည်းရတယ် ကျတော်ဖတ်ဘူးတဲ့ မာခ့် ရဲ့ အရင်းကျမ်းထည်းမှာ ပစ္စည်းမဲ့ ကိုအဓိပါယ်ဖွင့်တဲ့ နေရာမှာ ကုန်ထုတ်အရင်းအနှီးတွေကိုတဲ့ ပုဂလိက မပိုင်ဆိုင်ရဘူးတဲ့ ဘုံဘဲပိုင်ဆိုင်ရမယ်တဲ့ တဦးထည်းပိုင်ဆိုင်တာနဲ့ အဲဒါဓနရှင်ဘဲတဲ့ ဥပမာဗျာ တောမှာပေါ့ သစ်ခုတ်ဝါးခုတ်ရောင်းစားဘို့  ဓါးမ တချောင်းလောက်ပိုင်ဆိုင်တာနဲ့  အဲလူက ဓန ရှင်လို့ သတ်မှတ်လို့ ၇နေပြီ ” သူစိတ်ဆိုးတာ မှတ်မှတ်ယယ အဲဒိတခါဘဲ တွေ့ ဘူးခဲ့တယ် ကျတော်ကဆက်ပြီး “ ဒီနေ့  တရုပ်ပြည်မှာ ကုမဏီပေါင်း ထောင်နဲ့ ချီပြီ ဖွင့်ထားတယ် ပိုင်ဆိုင်နေကြတယ် တရုပ်တွေက ကွန်မြူနစ်မစစ်ဘဲ ကွန်မြူနစ်အယောင်ဆောင်တွေ ဖောက်ပြန်နေတဲ့သူတွေပေါ့ လူလိမ်တွေပေါ့ ဓနရှင် စရိုက်ပျက်တွေပေါ့” ”တော်တော် တော်တော့ဗျာ ပြဿနာတက်လိမ့်မယ်ခင်ဗျားပြန်တော့” တဲ့......။
သူ သာယာဝတီတောရကိုကျွန်တော့ထက် ၃နှစ်လောက် စောပြီးပြောင်းသွားခဲ့ပါတယ် သာယာဝတီတောရ ကို ကျတော်တို့  ရောက်တော့ သူ သီးသန့်ဆောင်မှာပါ ကျတော်က သီသန့် တွဲဘက် တိုက် မှာဆိုတော့ တွေ့ ဘို့ မလွယ်လို့ မတွေ့ ခဲ့ရဘူး ကျတော်တို့ ရောက်ပြီး မကြာခင်မှာ သူနှစ်စေ့ပါတယ် သူက ၁၀ နှစ်ကျတာပါ ကျတော်တို့ နောက်တမှု ထပ်ဖြစ်တဲ့အချိန်က စပြိး ထောင်လျှော့ရက်တွေကို မပေးတော့ပါဘူး အပြည့်နေရပါတယ် တခြားအကျဉ်းသားတွေ ဆို (ထောင်အခေါ် ကွာ လို့ ခေါ်ပါတယ် ထောင်တွင်းဆုမှတ် လျှော့ရက်ပေါ့ A ကွာ B ကွာ C ကွာ ဆိုပြီး ၃ ဆင့်သတ်မှတ်ပါတယ် Aက တနှစ်ကို ၄ လ ပေးပြီး B က ၃လလောက်ရပါတယ် C ကတော့ တနှစ်ကို ၂ လကျော်ကျော်လောက်ဘဲ ရပါတယ် ) လျှော့ရက်ပေးပေမယ့် နိုင်ငံရေးမှုတွေကို လျှော့ရက်တရက်မပေးပါဘူး မပေးတဲ့ အပြင် ၁၀နှစ်ပြည့်တာတောင်မှ မလွတ်ပေးတဲ့အတွက် တိုက်ပွဲ စတိုက်ပါတယ် ဦးဆောင်သူကတော့ ဦးအောင်သန်း ( သဲကုန်းမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ကွန်မြူနစ်ယူဂျီမှုဖြစ်ထောင်ကျသူ) ပါ နောက်ပိုင်းမှာတော့ ပါဝင်သူအားလုံး( သူမှ အပ) အာဏာပိုင်တွေ ဆီမှာ အလျှော့ပေးခဲ့ပါတယ် ပြဿနာနဲ့ ပတ်သက်ပြီး တောင်းဆိုမှု လိုက်လျောမှုတွေကို တွေ့ ဆုံမေးမြန်းခဲ့ပေမယ့် ဘယ်သူမှ ဘာကြောင့်လည်းမသိပါဘူး ကျတော့်ကို မပြောခဲ့ ကြပါဘူး ကျတော်မေးခဲ့သူတွေကတော့ ထောင်ကလွတ်ပြီး ၀ရမ်းပြေးဘ၀ နဲ့ သဲကုန်းကိုသွားရှောင်နေစဉ် ဦးအောင်သန်း ကိုမေးပါတယ် သူကတော့ “အောင်ကျော်မိုး မိုက်တယ်ကွာ ငါ့စကားနားမထောင်ဘူး” ဆိုတာက အပ မပြောပါဘူးမေးလို့ လည်းစကားလွှဲသွားပါတယ် နော်ဝေ နိုင်ငံရောက် ဦးသိမ်းထူး ကိုမေးတော့လည်း နောက်တော့သူရေးပါ့မယ်လို့ ပြောပါတယ် ခုချိန်ထိတော့ ဘာလို့ မရေးသေးသလည်းတော့မသိပါဘူး ထိုင်းနိုင်ငံမှာနေစဉ်ကလည်း အဲတိုက်ပွဲမှာပါခဲ့တဲ့ ကိုကျော်ဦးညို ကိုမေးပါတယ် သူလည်းမပြောရဲဘူးထင်ပါတယ် လု့ ဘောင်သစ် ဒိမိုကရက်တစ်ပါတိက အထွေထွေ အတွင်းရေးမှုး ကိုဝေလင်းကိုတော့ မမေးဖြစ်ခဲ့ပါဘူး ( သူကလည်းဆရာကြီးတဆူဖြစ်သွားတော့ကျတော့ကို သိပ်စာရင်းမသွင်းချင်တာလည်းပါမယ်ထင်ပါတယ်)
ကျတော်တိုက်ကနေကြားသလောက်ကတော့ နှစ်ပြည့်နေပြီဖြစ်လို့ လွှတ်ပေးဘို့ တောင်းပါတယ် ဘာလို့ မလွှတ်သလည်းဆိုတော့ ခင်ဗှားတို့ နိုင်ငံရေးမှုတွေ ထောင်နဲ့ မဆိုင်ပါဘူးတဲ့ ထောက်လှမ်းရေးက တိုက်ရိုက်ကိုင်တွယ်ပါတယ်တဲ့ ထောက်လှမ်းရေး အမိန့် မရလို့ မလွတ်တာပါလို့ ထောင်ပိုင်က ဖြေပါတယ် ထောက်လှမ်းရေးနဲ့ တွေ့ ခွင့်တောင်းတော့လည်း ထောက်လှမ်းရေးက လာမတွေ့ လို့ တိုက်ပွဲစပါတယ် ပထမဆုံး အစာငတ်ခံ ဆနွပြပါတယ် (တိုက်ပွဲမှာ သီးသန့် ထောင်က လူအကုန်ပါဟန်မတူပါဘူး) တိုက်ပွဲစပြီး ၃ရက်လောက်အကြာမှာတော့ လူတွေခွဲပြစ်လိုက်ပါတယ် သူ့ ကို တယောက်ထည်း (တိုက်မမှတ်မိကိုပို့ လိုက်ပါတယ် )၄ ရက်မြောက်တဲ့နေ့ မှာတော့ ရေဖြတ်လိုက်ပါတယ် ( မိးကတော့ ကျတော်နေခဲ့တဲ့ ၇ နှစ်လုံးလုံး တညမှ မီးမလာလို့ တကူးတက မီးဖြတ်စရာမလိုပါဘူး ညဆိုမှောင်မှောင်ထည်း ခြင်ကလည်းပေါမှပေါ) ၅ ရက်မြောက်လောက်မှာတော့ တိုက်ပွဲပါခဲ့သူ အားလုံး (သူမှအပ) ဆနွပြမှုကို ရပ်ဆိုင်းလိုက်ပါတယ် ဘယ်နှစ်ရက်မြောက်မှာလည်း ရက်အတိကျတော့မမှတ်မိပါ ကိုအောင်ကျော်မိုးတယောက် နံရံကိုခေါင်းနဲ့ တိုက်ပြီး သူရဲကောင်း ပီသစွာ ကျဆုံးခဲ့ရပါတယ်
ကွန်မြူနစ်စစ်စစ်တယောက်ပီသစွာ တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ကိုအောင်ကျော်မိုးရေ
ခင်ဗျားကို ကိုကိုးကျွန်းတိုက်ပွဲမှာ ပထမ ဆုံးကျဆုံးသွားခဲ့တဲ့ ကိုချစ်ဆွေ ရဲ့ ကဗျာလေးနဲ့ အလေး နီ ပြုလိုက်ပါရဲ့ 

နီနီရဲရဲ
ငါ့အသည်းကား
တိုက်ပွဲအတွက်ဖြစ်သတည်း....
ခင်ဗျားရဲ့ 
ဇော်ထွန်း (ဗကသ)

Wednesday, January 20, 2010

ဆရာတင်မိုး ၃ နှစ်ပြည့် အမှတ်တယ (ကဗျာနှစ်)

Photobucket

အိမ်လည်ကြူးတဲ့သား

ကာရန်ချိုမြ၊ သွေးစစွန်းထင်နေတယ်
တယောကြိုးလည်း ၊ တီးတိုးငိုကြွေးတယ်
ဂစ်တာတလက် အုတ်ခုံထက်မှာ
အသက်မရှိ ရှာတော့ဘူး ။
အမေ့အိမ်နား ဒီညများမှာ
စစ်သားဖိနပ် တခွပ်ခွပ်နဲ့ 
ရပ်လို့ စောင့်နေတယ် ။
အိမ်လည်ကြူးတဲ့သား
မိုးစက်တွေကြားမှာ
ဌက်ဖျားမိနေရော့သလား ။
အမေ့နားမှာ
“သား” ခေါ်သံများ တီးတိုးကြားရင်
နားကိုလှည့်စား ဒီညများမှာ
ဘယ်ရောက်နေလည်း လူလေးရယ် ။
သားတို့ ကျောင်းက
ခွပ်ဒေါင်းလှံ့ ကလေး
ရေမြောင်းရဲ့ ဘေးမှာ
သွေးတွေ စွန်းလျှက် ညနေဘက်က
ရပ်ကွပ်ထည်းက လူတွေ တွေ့ ခဲ့သတဲ့
အမေ့သား
စကားတိုးတိုးပြောလှည့်ပါ ။ ။
တင်မိုး

Monday, January 18, 2010

ဆရာတင်မိုး ၃ နှစ်ပြည့် အမှတ်တယ (ကဗျာတစ်)

ကျတော်စနေနေ့ က ပို့ စ် တခုတင်မလို့ ပါဘဲ မြန်မာလက်ကွက် ပျောက်နေတာခုထိ ဒါကြောင့် မတင်နိုင်သေးဘူး
ညကပျင်းလို့ သတင်းတွေ ဖတ်ရင်း ဆရာတင်မိုး ၃ နှစ်ပြည့် မိသားစုတွေ ဆွမ်းကျွေးပွဲတွေ လုပ်ကြမယ်ဆိုတော့ ရေးဘို့ စိတ်ကူးထားတာလေး ခဏထားထားပြီး စာအုပ်အဟောင်းပုံထည်းက ဆရာတင်မိုး ကဗျာလေးတင်လိုက်ပါတယ် သူ့ အတွက် ရည်စူးပြီးလုပ်ကြမယ့် ၄ ရက်အတွက် ( ၁၈ ) (၂၂) (၂၄) (၃၁) နေ့ တွေ မှာ တရက်တပုဒ် နဲ့ ကဗျာ ၄ ပုဒ် တင်ဘို့ စိတ်ကူးမိလို့ ပါ
ခံစားကြည့်ကြပါ

Photobucket

သမိုင်းမှာ မင်းတရားခံဖြစ်မယ်


မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ် ။
ငါမမှန်ရင်
ငါတရားခံဖြစ်မယ် ။
တရားဆိုတာ
ညှာလည်းမညှာ
ညာလည်းမညာ
သာစေ နာစေ မရှိ
ပကတိ
သူ့ သဘော သူဆောင်ခြင်း ပဲ။
ဒီနေ့  မင်းလုပ်ရပ်ဟာ
နောင်နေ့ မင်းရဲအထ္ထုပါတ်
ဒီနေ့ မင်းလုပ်ရပ်ဟာ
နောင်နေ့မင်းရဲ့ အနာဂါတ် ။

မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ
မင်းဘ၀ကို မင်းကသာ ပြဌာန်းတယ်။

မင်ဘာလည်း
မင် ဘယ်သူလည်း
မင်းဟာ မင်းဘဲ -။

တင်မိုး

Wednesday, January 13, 2010

ဗမာပြည်က ၀င်လို့ မရဘူးဆိုတဲ့ မိတ်ဆွေတွေအတွက် ကျော်ဘို့ ခွဘို့ လင့်လေးပါ

ဗမာပြည်မှာ ဘန်းထားလို့ ဝင်လို့ ဖတ်လို့ မရဘူးဆိုလို့ ကျော်တဲ့ခွတဲ့ လင့်လေး တင်ပေးလိုက်ပါတယ် ထပ်ဆင့်ဝေမျှပေးလိုက်ကြပါ

https://www.btunnel.com/

Saturday, January 9, 2010

အင်တာဗျူး

အသစ်ရေးဘို့ အချိန်မရသေးတဲ့အတွက်အဟောင်းလေးတခုကို ပြန်တင်ပေးထားလိုက်ပါတယ် အဟောင်းဆိုပေမယ့် ၁၉၉၅ ခုနှစ်
အင်းစိန်တောရ မှာ ရောက်နေတုန်း ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် စိန်ရတု သဘင်မဂဇင်း စုထုတ်ကြတုန်းက ရေးခဲ့တာလေးပါ
ရေးရတဲ့အကြောင်းရင်းကတော့ အဲဒီအချိန်က အင်းစိန်တောရမှာ အာဏာ ပိုင်တွေ နဲ့ မကြာခဏ ထိပ်တိုင်ရင်ဆိုင်မှုတွေဖြစ်ခဲ့ပါတယ်
မကြာခဏ ပြဿနာတက်လို့ တိုက်ပွဲခဏခဏ တိုက်နေရတဲ့အချိန်ပေါ့ အာဏာပိုင်တွေကလည်း လျှော့လိုက်တင်းလိုက်နဲ့  သွေးတိုးစမ်းနေ တဲ့အချိန်ပါ ပြဿနာတခုခုဖြစ်လို့ အာဏာပိုင်တွေ နဲ့ ရင်ဆိုင်ဘို့  ကိုယ့်နိုင်ငံရေးသမားအခြင်းခြင်း လိုက်ညှိတိုင်းမှာ
နိုင်ငံရေးပါတီအသီးသီး ကိုယ်စားပြုထားပါတယ်ဆိုတဲ့သူတွေဆီက မပြတ်မသားနဲ့ အဖြေတွေ ဘဲ ကြားကြားနေရပါတယ် နားအခါးဆုံး
မကျေနပ်ဆုံးကြားရတဲ့စကားတခွန်းကတော့ “ငါတို့ က ပါတီကိုယ်စားပြုတာဆိုတော့ စကားကိုလွယ်လွယ်ပြောလို့ မရဘူး အဖွဲ့ အစည်း
ပြန်တိုင်ပင်ရဦးမယ်” ဆိုတဲ့ စကားပါဘဲ မိန်းဂျေးလ် ခေါ်ရိုက်ဘို့ စစ်ခွေးတိုက်ပို့ ဘို့ လာခေါ်နေပြီ သူတို့ ဆီက အဖြေမရသေး ဆွေးနွေးတုံး တိုင်ပင်တုန်း နဲ့ ခံခဲ့ရတာလည်းမကြာခဏပါဘဲ ဒါကြောင့်လည်းဒီစာလေးကိုရေးခဲ့ပါတယ် ခုချိန်ထိလည်း နိုင်ငံရေးသမားဆို
သူတွေ ပြတ်ပြတ်သားသား ရှိတာမတွေ့ ရသေးပါဘူး ၂၀၁၀ ကရောက်နေပါပြီ ပြတ်သားကြပါလို့ လည်းတိုက်တွန်းချင်ပါတယ် ဘ၀တက္ကသိုလ်မှာ ထုတ်တုန်းကတော့ ပုံလေးတွေက ခဲနဲ့ ဆွဲပါတယ် ခုတော့ ဂိုလ်ဂယ်ကနေရှာပါတယ် ကိုဗဟိန်း ပုံကိုတော့ ရှာမတွေ့ လို့ မတင်နိုင်ခဲ့ပါဘူး လာဖတ်သူတွေကိုတော့ ကျေးဇူးအထူးတင်ပါတယ်

အင်တာဗျူးခြင်း

Photobucket

“ရဲဘော်မော်စီတုန်း ခင်ဗျားပြည်သူတွေကို ဘာပြောစရာများရှိပါသလည်းခင်ဗျာ”

“တော်လှန်ရေးလုပ်တယ်ဆိုတာ ပျော်ပွဲစားထွက်နေတာမဟုတ်ဘူး ဇာပန်းထိုးနေတာမဟုတ်ဘူး ----- လူသတ်နေတာ”

Photobucket

“ရဲဘော်ချေဂွေဗားရားခင်ဗျား ကျူးဘားပြည်သူတွေကို ဘာများတဆင့်စကား မှာကြားချင်ပါသလည်း”

“တော်လှန်ရေးလုပ်ချင်ရင် ကိုယ့်သေနှပ်ကိုယ်ရှာပြီး ဆီးဗားရား တောင်တန်းပေါ်လာခဲ့”

Photobucket

“ကိုဗဟိန်း ကျောင်းသားတွေကိုဘာပြောပေးရမလည်းခင်ဗျ”

“မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်”

Photobucket

“ဗိုလ်ချုပ်ခင်ဗျား ရဲဘော်များအတွက် စကားတခွန်းလောက်လက်ဆောင်ပါးပေးပါခင်ဗျာ”

“ခုစစ်မြေပြင်ကို ထွက်မယ် ဆင်းရဲမယ်ငတ်မယ်----- အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ ဒါဘဲ”
Photobucket

Photobucket

“ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ပြည်သူအတွက် စကားတခွန်းလောက်ပြောပေးပါလားခင်ဗျ”

“အများပြည်သူ သဘောမတူတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ”

Photobucket

“---- ပါတီက အန်တီနဲ့ ------ ပါတီက အန်ကယ်တို့ ကော ဘာများပြောဦးမလည်းခင်ဗျ”
“အန်တီတို့ ကတော့လေ ခုလောလောဆယ် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ စောင့်ကြည့်နေပါတယ် ပြည်သူတို့ လုပ်တာ ကြည့်နေပြီး အခြေနေကောင်းရင် နေရာဝင်ယူပေးပါ့မယ်”
အန်ကယ်ကတော့ စကားပြောလို့ မရသေးပါဘူး တော်ကြာစကားလွန်သွားရင် အန်ကယ် ပါတီက အထုတ်ခံ၇မှာ စိုးလို့ ပါ ပါတီဗဟိုကော်မတီ အစည်းဝေးခေါ်ပြီးမှ ဆုံးဖြတ်ချက်ချပြီး အဖြေပေးမယ်နော် မောင်ဇော်ထွန်း”

Sunday, January 3, 2010

လွတ်လပ်ရေးကြေငြာစာတမ်း (မူရင်းအတိုင်း)

Photobucket

လွတ်လပ်ရေး ကျေညာစာတမ်း

အောင်စေသတည်း

၁။ မြန်မာသက္ကရ်ာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ် လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန် နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှ ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င် ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါ ပမာကဲ့သို့ တဖြာဖြာတ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာ နိုင်ငံတော် သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုင်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်း သူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေ၀ါလရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေ ဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော အခိုက်အတန့် ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန် ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝ လွတ်လပ် သော ဘ၀ထူး ဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့ သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံ့လ၊ မလျော့သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ၊ ၀ဇီရစိန်သွား ကဲ့သို့ စူးရှသောသတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာတည်း ဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား ဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော် တ၀ှမ်းကို တသွေး တသားတည်းဟူသော ကြိုးထူး၊ တစိတ်တ၀မ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက် အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာ တည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင် တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆိုက်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့သော အနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။

မှတ်ချက်။ ။ ယခုခေတ် လူငယ်များသိရှိနိုင်စေရန်အတွက် မူရင်းအရေးအသားအတိုင်း တင်ပြလိုက်ရပါသည်။
တကယ်ကောလွတ်လပ်ပြီလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Friday, January 1, 2010

ကျွန်နော့် ရဲ့ အညတ သူရဲကောင်းများ (အပိုင်းတစ်)

Photobucket


အဖတ်လိုက် အဖတ်လိုက်ကျနေတဲ့ နှင်းလေးတွေကိုငေး ကြည့်နေမိသည် ညသန်းကောင်ဆိုပေမယ့် ပတ်ဝန်းကျင်တခုလုံး လင်းထိန်လျှက် ဗျောက်အိုးဖောက်သူတွေ မီးရူးမီးပန်းဖောက်နေတဲ့ ကလေးတွေ လူမျိုးပေါင်းစုံ ရာနဲ့ ချီလို့ ----့

မိတ်ဆွေတယောက်က အရက်တခွက်လာတိုက်သည် “အေးနေရင် ဒါလေးသောက်လိုက်တဲ့” မသောက်ချင်ဘူးလို့ ငြင်းလိုက်တော့ သူ အံ့သြသွားသည် ဘာမှတော့ဆက်မပြော အပူချိန်က ရေခဲမှတ်အောက် အနုတ် ၁၈ ဘာလို့ များကို သူ့ ကိုသတိယနေမိပါလိမ့်----။


နားထည်းကို သူ့ အသံလေး ၀င်လာသလိုလို “ ရွှေကျောင်းထက်က ခေါင်းလောင်းသံလေး ------- အဝေးရောက်နေတဲ့ ဒို့ ရဲ့ သူငယ်ချင်းတွေ -----” ကျွန်နော်တို့  အဝေးကြီးကို ရောက်နေသလို ခင်ဗျားလည်း ဘယ်တော့မှ မဆုံနိုင်တော့တဲ့ အဝေးဆုံးကို ထွက်သွားခဲ့ပြီနော်----။


ကျတော့်ကို ဇောက်ထိုး လို့ သူနံမယ်ပေးခဲ့သည် ဘာတွေးတွေး သူများနဲ့ ဆန့် ကျင်ဘက်က တွေးတက်လို့  “ နအဖ လို အဆိုးမြင်ဝါဒီလို့ တော့ခင်ဗျားကိုမခေါ်ရက်ဘူး ဘာလုပ်လုပ် ဘာပြောပြော သူများနဲ့ မတူတဲ့သူဆိုတော့ ဇော်ထွန်းလို့ မခေါ်တော့ဘူး ဇောက်ထိုးလို့ ဘဲခေါ်မယ်” တဲ့ သူ့ ကိုပထမဆုံးစတွေ့ ခဲ့တော့ အင်းစိန်ထောင်သီးသန့် မှာ သူနဲ့အတူနေသူက စာရေးဆရာ မောင်စင်ကြယ် စကားပြောရင်း က သူ့ ကိုထောင်ထည်းထည့်လိုက်သူနဲ့ ကျွန်တော်တို့ အုပ်စုကို ထောင်ထည်းထည့်လိုက်သူ ကတယောက်ထည်းဖြစ်နေခဲ့သည် “ အဲကောင်က ခင်ဗျားတို့ လိုလူမပြောနဲ့  ကျွန်တော်တို့ ၈၈၈၈ အစထည်းက တွဲခဲ့တဲ့သူတွေကိုတောင်မှ ထောင်ထည်းထည့်လိုက်တယ်ဗျာ တမြို့ ထည်းသားခြင်း ၈၈၈၈ မဖြစ်ခင်ထည်းက ပေါင်းလာတဲ့သူတွေလေ သူရယ် ကျွန်တော်တို့ တောကြက် ( အေဘီအက်ဖ်ဒီအက်စ် ယခုထိုင်း) တို့ က အစထည်းက ပေါင်းလာတဲ့သူတွေဗျ ” အဲကောင်ကို ခင်ဗျားတို့ က တင်စိုး ဘဲသိတာ နောက်တမျိုးခေါ်သေးတယ် ဘောကြီးတဲ့ အင်ဖော်မာ လုပ်စားတာ သိပ်တော့ကြာဦးမယ်မထင်ဘူး ” တဲ့ “ကျတော်ယူဂျီတာဝန်နဲ့ ပြန်ဝင်လာပြီး သိပ်မကြာဘူး မြို့ ထည်းမှာ သူနဲ့ တွေ့ တာဘဲ ကျွန်နော် ထွက်သွားတာ သူသိတယ် ပြန်ဝင်လာတဲ့ အကြောင်းပြောရင်းနဲ့ ကျတော်ကလည်း သူငယ်ချင်းလည်းသူငယ်ချင်း နိုင်ငံရေးလည်းတူတူလုပ်ခဲ့တာဆိုတော့ အကုန်ပြောလိုက်မိတယ်ဗျာ ပြောလိုက်ပြီး ၂ ရက်ဘဲကြာတယ် လာဖမ်းတော့တာပါဘဲတဲ့ ” သူ စပြီးအဖမ်းခံခဲ့ရပုံကိုပြောပြခဲ့သည်---။

သူစပြီးတောခိုခဲ့ပုံကိုလည်း
ခင်ဗျား ပါပီမ ဇာတ်ကားကြည့်ဘူးလား အဲဒီကား အစမှာလေ သင်္ဘောကြီးပေါ်မှာ ကျွန်တော်တို့ အုပ်စုပေါ့ သန်းဝင်း (အေဘီအက်ဖ်ဒီအက်စ် မှာအတွင်းရေးမှုးဟောင်း ) လည်းပါတယ်လေ တူတူတောခိုခဲ့တာပေါ့ တဲ့ နောက်တော့မွန်ပြည်သစ်နယ်မြေရောက်သွားခဲ့တာ ရောက်လိုက်တဲ့ ဒုခဗျာ ဒါပေမယ့် ကောင်မလေးတွေလည်းအများကြီးပါတယ်ဆိုတော့ အားတော့မငယ်ပါဘူး” သူအမြဲ အားကျပြီး ပြောနေကျ ကောင်မလေးကတော့ “ အတာ ” တဲ့ ခုဘယ်ရောက်နေပြိလည်းမသိဘူးဗျ အရမ်းအထင်ကြီးဘို့ ကောင်းတာ သူက ငယ်ငယ်ဘဲရှိဦးမယ် အဲဒီတုန်းကလေ ၁၆ ၁၇ လောက်ဘဲ ရှိမယ် ယောက်ကျားတွေ သူထက်ကြီးတဲ့သူတွေနဲ့ ရင်ဘောင်တန်းလုပ်တယ် ပြတ်တယ် ဘာဖြစ်ဖြစ် ဦးဆောင်နိုင်တယ်”
ဘယ်လောက်ထိ အထင်ကြိးသလည်းဆို ထောင်ထည်းမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး တယောက်ယောက်ကို မကျေနပ်တိုင်း “ ဒီကောင်တွေ “အတာ” ထမိန် ဌားပြီး ၀တ်ခိုင်းရမယ်သိလား “အတာ”လောက်သတ္တိ မရှိဘူး” တဲ့--------။

ထောင်ထည်းမှာ တခုခု လုပ်ဘို့ ဆွေးနွေးကြတိုင်း “ ငါ နင်တို့ လောက်နားမလည်ဘူး နင်တို့ လို သဘောတရားတွေကြားမှာမျောမနေချင်ဘူး ဘာဆုံးဖြတ်ချကြလည်း ဘာလုပ်ချင်လည်း င့ါကိုပြော အကုန်ဖြစ်အောင်လုပ်ပေးမယ်” သူရိုးသားစွာ ပြောခဲ့ဘူးသည်-----။

ထောင်ထည်းမှာ သူအလုပ် တွေ အများကြီး လုပ်ပေးခဲ့သည် ဘီဘီစီ ဗွီအိုအေ အောအင်ဒီယား အသံလွင့်ဌာနတွေက သတင်းတွေကို အခြားသော နိုင်ငံရေး အကျဉ်းသားတွေ ဖတ်နိုင်ဘို့ သူအဓိက ကူးယူဖြန့် ချီပေးခဲ့သည် မစ္စတာ ယိုကိုတာ မှတဆင့် ကုလသမဂ ကို စာထုတ်ဘို့ ကိစ္စ သူ အစအဆုံး အဓိက လုပ်ဆောင်ခဲ့သူလည်းဖြစ်သည် အာဏာပိုင်တွေ ကို တိုက်ခဲ့သမျှတိုက်ပွဲတိုင်း သူမပါခဲ့တာမရှိ ကျွန်တော်နဲ့ ပြဿနာတက်တဲ့ ပွဲတိုင်း သူကျွန်တော့်ဘက်ကအမြဲပါခဲ့သည် တခါကလည်း ဒေါက်တာ စိုးလင်း (အယ်နယ်ဒီအမတ် မနွလေး ယခု ၀ံသာနု အယ်နယ်ဒီ ) ကို ရိုက်မလို့ ဆို ပြီး အတင်းထွက်လို့  မနဲတားထားလိုက်ရသည် ၊ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် စိန်ရတုသဘင် မဂဇင်းကို သူအဓိက အစဆုံးလုပ်ခဲ့သည် ပထမ တော့ ကျောင်းသားခေါင်းဆောင်တယောက်က လိုအပ်တဲ့ သရုပ်ဖော် ပုံလေးတွေ ဆွဲပေးမယ်လို့ အာမခံခဲ့ပေမယ့် နောက်ပိုင်း ကျွန်တော်တို့ နဲ့ အဆင်မပြေတော့ ကူညိမှုကိုတန်းလန်းကြီး နဲ့ ဖြတ်ချလိုက်သည် အဲဒိတော့သူ ၁ တိုက်မှာရှိတဲ့  ကိုစိုးထိုက် (မကသ မကဒ မကြာခင်က ထိုင်းနိုင်ငံရောက်လာသူ) ထံ ရောက်အောင်ပို့ ပြီးအကူညီတောင်းခဲ့ပြန်သည် နောက်ပိုင်း တန်းလန်းကြီးနဲ့ ဘဲ ကိုစိုးထိုက်ဆီက ပြန်ရောက်လာတော့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီး သူကိုယ်တိုင် ပန်းချီဆွဲခဲ့သည် အဲဒီတော့မှ သူပန်းချီဆွဲတတ်တာသိသည် “ခင်ဗျားဗျာ ကိုယ်တိုင်ဆွဲတတ်ရဲ့သားနဲ့ သူများအပင်ပန်းခံ အောက်ကျခံပြီး ဆွဲခိုင်းနေသေးတယ်” လို့ ပြောတော့ “ သူတို့ ဆွဲတာ ပိုကောင်းမယ်ထင်လို့ လေ သူတို့ က ပညာရှင်တွေ ငါက အပျော်ဆွဲတာ” တဲ့ ၊

သူ့ အဖေက ဗေဒင်ဟောတာ တော်တော်ကြွမ်းကျင်ပုံ၇သည် နံမယ်က ဦးလေးမြင့် တဲ့ ဟင်္သာတ မှာ နေသည် သူ့ ကိုသူ့ အမေ ထောင်ဝင်စာလာတွေ့ တော့ သူ့ အတွက်ဇာတာကြီးယူလာရင်း သူ့ အဖေ ဟောလိုက်တာကို ပြန်ပြောပြသည် “ ငါ့အဖေက ငါ့ကို အိမ်ပြန်မရောက်တော့ဘူးလို့ ဟောလိုက်တယ် အိမ်ပြန်မရောက်ဘူး ဆိုတော့ ထောင်ထည်းမှာ သေမယ်ဆိုတဲ့သဘောဖြစ်နေတယ် နင်ကြည့်ပေးစမ်း” သူ့ ဇာတာကြီးကိုကြည့်တော့ အုတ် ၂ချပ် ကသစ် ၃ ပွင့် နဲ့ “ဟာကောင်းလိုက်တာ သောကြာ က အုတ် ရထားတာဆိုတော့ ရီးစားတော့ အများကြီးရမယ် ” “ဒါတော့နင်ပြောမှလား ငါ့မှာ ခုလောလောဆယ် ၃ ယောက်တောင် ရှိတယ် နင့်ကိုတယောက်ပေးမယ် မှန်အောင်ဟောနိုင်ရင်” “စနေနဲ့ အင်္ဂါလည်း ကသစ်ဆိုတော့ စစ်ဘက်နဲ့ အကျိုးပေးမယ်နိုင်ငံရေးလည်း လုပ်လို့ ရတယ်” “နင်ကသာလုပ်စားလို့ ရတယ်ပြောတာ သူပုန်လည်းလုပ်ပြိးပြီ ထောင်ထည်းလည်းရောက်နေပြီ ဘာအကျိုးပေးလို့ လည်း” ကျွန်တော်ဘာဆက်ပြောရမှန်းမသိတော့ ၊

သူကော ကျွန်နော်ပါ လွတ်ဘို့ တနှစ်လောက်အလို နောက်အမှုတွေ ထပ်တိုးပြီး သာယာဝတီတောရ ရောက်ခဲ့ကြသည် ရောက်ပြီး ၃ နှစ်လောက်အကြာမှာတော့ သူကျမ်းမာရေးချို့ ယွင်းလာသည် သူ့ ကိုသတ်လိုက်တာ ထောင်ဆရာဝန် အောင်သန်းလို့ ပြောမယ်ဆို ပြောလို့ ရသည် သူ ဗိုက်အောင့်လာသည် အသက်ရှုမ၀ ဖြစ်လာသည် ဗိုက်ကလေး ပူလာသည် ဆေးအကြောင်းနားလည်သည့် ဦးစောနေဒွန်းက(ပေါက်ခေါင်း အယ်နယ်ဒီ ဥက္ကဌ) က အသဲနဲ့ ဆိုင်မယ်ထင်တယ်လို့ ပြောနေသည့် ကြားက ဆရာဝန်က ဘာမှ မဆိုင်ဌက်ဖျားဆေးတွေ တိုက်သည် ဘာဆိုင်လို့ လည်းမေးတော့ အဲဒိဆေးဘဲ ရှိလို့ တဲ့ နောက်မသက်သာလို့ ထောင်ပိုင်တင်ပြတော့ အောင်သန်းက စိတ်ဆိုးပြီး “မင်းတို့ သေလို့ ငါတို့ ဘာမှ မဖြစ်ဘူး လက်မှတ်ကလေးတချက်ထိုးပေးလိုက်ယုံဘဲ ”လို့ ပြောပြီး တီဘီ ဆေးတွေ တိုက်ပြန်သည် အဲဒိမှာ ပိုဆိုးသွားသည် ထောင်ဝင်စာ မလာလို့ အဟာရ နည်းနေတဲ့ကြားက တီဘီ ဆေးအပြင်းတွေ တိုက်တော့ ပိန်ချုံးပြီး ယဲ့ယဲ့လေးကျန်တော့သည် ဆေးရုံပေါ်ထိရောက်သွားခဲ့သည် အပြင်ဆေးရုံထုတ်ဘို့ တင်ပြတော့ ထောက်လှမ်းရေးက ခွင့်မပြုဆိုပြီး အပြင်ဆေးရုံမထုတ်ဘဲ ထောင်ဆေးရုံပေါ်မှာဘဲထားခဲ့သည် ၃ ရက်လောက်အကြာမှာတော့ (၁ ၁ ၂၀၀၀ ) မှာ သူ ကျဆုံးသွားခဲ့သည် သူသေပြီးနောက် ဆရာဝန်မှတ်ချက်က အသဲကင်ဆာတဲ့----၊ ထောင်စုနှစ်ရဲ့ ပထမဆုံး ရက် မနက် ၆နာရီမှာပေါ့------။


နှင်းတွေ ဝေနေပြီ ကိုညွန့် ဇော် ခင်ဗျားရဲ့ ပေးဆပ်ခဲ့မှုတွေ အတွက် ဘယ်သူတွေကမှ အသိမှတ်မပြု မေ့လျှော့နေပေမယ့် ကျွန်တော်မမေ့ဘူးဆို တာ ယုံပါ တိုက်ဆိုင်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန် တော်သတိယနေပါ့မယ်