Saturday, October 24, 2009

ကျတော်ချစ်သောခေါင်းဆောင်များ အပိုင်း နှစ် ကျတော်နှင့် မင်းကိုနိုင်(သို့) သမိုင်းတခောတ်ရေးခဲ့သူ (နှစ်)

Photobucket


ဇူလှိုင်လ ၂၉ (ဟုထင်သည် ရက်အနည်းငယ်မှားနိုင်ပါသည်) ည ၇ နာရီလောက်မှာ ပေါ်ဦးရုတ်တရက်ရောက်ချလာသည် သူက စည်းရုံးရေးအခြေနေတွေကိုမေးတော့ ရှင်းပြလိုက်သည် သူ့ညွှန်ကြားချက်က ခင်ဗျားတို့ အုပ်စုလောက်နဲ့မလုပ်နေနဲ့လေ အချိန်မရှိတော့ဘူး တခြားလှုပ်ရှားနေတဲ့ သူတွေအများကြီး ရအောင်ဆက်သွယ်ပါလို့ပြောပါသည် ကျတော်သူ့ဆီက ပိုက်ဆံတောင်းသည် “ ပိုက်ဆံရှိပေးပါဦး တော်တော်ကုန်နေပြီ စာရွတ်ဖြန့်တာနဲ့ ပိုက်ဆံလိုနေတယ်အိမ်လည်းမပြန်ရဲတော့ပိုက်ဆံတောင်းလို့မရဘူး” လို့ပြောတော့ သူ့မှာလည်း မရှိဘူးတဲ့
နောက်တနေ့မနက် ကိုဘိုကြည် အိမ်ကိုသွားပြီးပြောတော့ ကိုဘိုကြည်က လူတယောက်ဆီခေါ်သွားပြီးမိတ်ဆက်ပေးသည် သူက ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေက ကိုလတ် (ပန်းချိဆရာ) တဲ့ သူ့ကမှတဆင့် သူနဲ့အတူကျောင်းတက်နေတဲ့ ကိုဖြိုးကျော်တိုးဆိုတဲ့နောက်တယောက်ကိုထပ်ပြီးချိန်းပေးပြန်သည် အဲနေ့ညနေမှာဘဲ အဖွဲ့ ၃ ဖွဲ့ပေါင်းပြီး ၈၈၈၈ ဖြစ်မြောက်ရေးအတွက် အဖွဲ့တဖွဲ့ကို ဖွဲခဲ့ကြသည် အဖွဲ့နံမည်ကိုလည်း (ဒီမိုကရေစီ ရရှီရေး ကျောင်းသားအစည်းအရုံး)လို့နံမယ်ခံလိုက်သည် ကျတော့်ဘက်က ကျတော်ရယ် ကိုဘိုကြည့် (ရန်ကုန်တက္ကသိုလ်ပင်မ) ကိုမောင်မောင်လွင် (စိုက်ပျိုးရေးတက္ကသိုလ်ရေဆင်း) ကိုဆန်းမင်း (ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ)တိုကိုစာရင်းပေးခဲ့သည် ကိုလတ်ကတော့သူ့လူတွေက အကသ ကျောင်းသားတွေဖြစ်လို့နေရာမယူလိုပါဟုဆိုလျှက် သူတယောက်သာ နံမယ်ပေးခဲ့သည် ကိုဖြိုးကျော်တိုးက (ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ) အမည်မမှတ်သူတဦး (စက်မှုတက္ကသိုလ်)နှင့်ကိုသက် (အင်းစိန် စက်မှုလက်မှုသိပံ) ကျောင်းသားတို့ကို စာရင်းသွင်းခဲ့ကြသည် ကျတော်တို့ဘက်က ဘလောက်တုံး နဲ့ စာဖြန့်ချိရေးကိုတာဝန်ယူလျှက် ကိုလတ်က လက်ရေးစာ စာရေးစက္ကူ နှင့်ပန်းချီ ဖြန်ချိရေး ကိုတာဝန်ယူခဲ့သလို့ ကိုဖြိုးကျော်တိုးက ငွေကြေး နှင့်ဖြန့်ချီရေး ကိုတာဝန်ယူခဲ့သည် စည်းရုံးရေးအတွက် ရန်ကင်းတောင်ဥက္ကလာ ကိုကျတော်တို့တာဝန်ယူခဲ့သလို့ ကိုလတ်က သုဝဏ ၇န်ကုန်သစ် သာကေတ ဘက်အခြမ်း - ကိုဖြိုးကျော်တိုးမှ သင်္ဃန်းကျွန်း အနောက်ခြမ်းကြည့်မြင်တိုင်ဘက်ကို တာဝန်ယူဆက်သွယ်ခဲ့သည် သြဂုတ် ၄ ရက်နေ့မှာ ပေါ်ဦးက ၈ ရက်နေ့ သင်္ဃန်းကျွန်းတခုထည်းကိုလုပ်ရန် ကျန်သည့်နေမြေတွေ လုံခြုံရေးအရ မလုပ်ရန် ထပ်ပြီးပြောခဲ့သည်
ညတွင်းချင်း ကျတော်တို့အားလုံးစုပြီး အစည်းဝေးထိုင်ခဲ့သည် ဆုံးဖြတ်ချက်က သင်္ဃန်းကျွန်း အထက ၁ ကိုအခြေခံပြီး စတင်ရန် ကိုဖြိုးကျော် စည်းရုံးထားသူများကျောင်းထည်းမှာ စတင်မည် ခွပ်ဒေါင်းအလံကို ကိုလတ်မှ တာဝန်ယူလွှင့်ထူရန်ကိုလည်း ဆုံးဖြတ်ခဲ့ကြသည်
၈၈၈၈ မနက် ၆ နာရီလောက်ထည်းက အထက ၁ ကျောင်းရှေ့မှာ သွားစောင့်နေခဲ့ကြသည် ကိုဖြိုးကျော်တိုးမှ အလုပ်ဖြစ်အောင်မလုပ်နိုင်ခဲ့ပါ ၁၁ နာရီထိုးတော့ တောင်ဥက္ကလာစစ်ကြောင်းတက်သွားပြီလို့ကြားတော့ မှီလိုမှီညား နောက်ကလိုက်ကြတော့မမှီတော့ပါ အဲနေ့ညနေ ၆ နာရီလောက် ပေါ်ဦးနဲ့ မိုးသီး တို့ ၂ယောက်ကျတော့်ကို ၁၆ ကွေ့ ဖန်နေ၀န်းအရက်ဆိုင်ရှေ့မှာခေါ်တွေ့ပြီး အလုပ်မဖြစ်သည့်အတွက် မင်းတို့ညံ့တာဘဲလို့ပြောလိုက်တော့ (အဲအချိန်က မိုးသီးဆိုတဲ့ကောင် ထိုးပြစ်လိုက်ချင်တယ် မိုးချုပ်နေပြီ မှောင်မှောင်ထည်းမှာ မျက်မှန်နဲ့ ဘောင်းဘီလက်ရှည်ကြီးနဲ့ စောင့်ကြွားကြွား ဆရာကြီးဒိဇိုင်းနဲ လက်တွေ့လုပ်နေရတဲ့သူတွေအခက်ခဲကိုသူနားလည်ပုံမရလို့လေ) မနက်ဖြန်ဖြစ်အောင်လုပ်မယ်စိတ်ချလို့အာမခံလိုက်သည် ပေါ်ဦးမှ လူမရလည်းကိစ္စမရှိဘူး ရသလောက်နဲ့လာခဲ့ကြ မနက်၉နာရီကျောက်ကုန်းကွေ့ကစောင့်နေသူတို့လာခဲ့မယ်လို့ထပ်ဆင့်ညွှန်ကြားချက်ပေးပြန်ပါသည် ည၈နာရီထိုးတော့အစည်းအဝေးချက်ချင်းပြန်ထိုင်ပြီး တနေရာမဖြစ်တနေရာဖြစ်အောင် ကျောင်းတွေကိုခွဲပြီးတာဝန်ယူခဲ့သည် (အဲအချိန်မှာ တက္ကသိုလ်တွေပိတ်ထားတော့ အထက ကျောင်းတွေကိုဘဲ အဓိကထားပြီးလုပ်ခဲ့ရသည်) ကျတော်တို့အုပ်စုက အထက ၂ သဃ်န်းကျွန်း ဖြိုးကျော်တိုးက အထက ၁ နှင့် ကိုလတ်က အထက ၄သဃ်န်းကျွန်းတို့ကိုတာဝန်ခွဲခဲ့သည် အထက ၃ကိုတော့အချိန်မရှီတော့လို့မဆက်သွယ်နိုင်တော့ပါ ညတွင်းချင်းစီစဉ်ရသည်က ပထမ အလှံ့ ရအောင်ဖန်တီး၇သည် ကောင်စီရုံးထည်းက အလှံ့တွေ ၀င်ယူခဲ့သည် (ဘယ်လိုဝင်ယူခဲ့သလည်းဆိုတာတော့မရေးတော့ပါ ပြည်တွင်းမှာရှိနေသေးတဲ့သူတွေ ပြသနာတက်မှာစိုးလို့ပါ) ကြယ်၁၄ လုံးအလှံကိုမယူဘဲ ကြယ် ၅ လုံးအလှံ့ကိုဘဲ ယူခဲ့ကြသည် နောက်ဆက်တွဲ ကိုဘိုကြည်အိမ်က ရှိသမျှ ဗလာစာအုပ်တွေ အကုန်ဖြဲပြီး ကြွေးကျော်သံတွေကိုတညလုံးလက်ရေးဖြစ်ရေးခဲ့ကြသည် နောက်တနေ့မနက် ၆နာရီထိုးတော့ ကျတော်တို့လူစုပြီးထွက်လာသည် အနွာရယ် ရှိတယ်ဆိုပြီး အမျိုးသမီးများကို ကျောက်ကုန်းကွေ့က သွားစောင့်နေခိုင်းလိုက်ပါသည် ကျတော် ကိုဘိုကြည် ကိုဆန်းမင်း ကိုမောင်မောင်လွင် ကိုစိုးဝင်း နှင့်အခြားကျောင်းသားတချို့အထက ၂ ကျောင်းရှေ့ကိုသွားခဲံ့သည်ကျောင်းရှေ့ရောက်တော့ ကျတော်တို့ကြိုတင်စုစည်းထားသည့် ဆက်စိန် (မိုးသီးဇွန်တူ) ကျော်ဌေးမျိုး (အေဘီအက်ဒီအက် ၂၀၈ ယခု အမေရိကား (သို့) ကနေဒါ) သက်ညီုထွေး အစရှိသည့်ကျောင်းသားတချို့ကို ဆိုဒ်ကားဂိတ်ထည်းက ၀ါးလုံးတချောင်းကို ယူပြီး ကြယ်ငါးလုံးအလှံကိုပေးလျှက် အလှံကိုပြောင်းပြန်လွှင့်ထူဘို့ ပြောလိုက်ပါသည် ၆.၄၅ လောက်မှာတော့ ကျောင်းတံခါးကိုဝင်စီးပြီးဆရာမတွေကို တံခါးမပိတ်ရန်ပြောပါသည် (ကျောင်းစည်းကမ်းက ၇.၀၀ ဆိုတံခါးမကြီးပိတ်သည်) နောက်ကိုဆန်းမင်းနှင့်၂ ယောက်သား အနီးရှိဈေးသည်တယောက်ထံမှ ခွေးချေကိုဆွဲယူလျက် ကျောင်းထည်းမှကျောင်းသားများ ကျောင်းမတက်ရန် မြို့တော်ခန်းမသို့ချီတက်မည်ဖြစ်၍ အတူလိုက်ပါကြရန်နှင့် ကျောင်းသားတွေကိုမတရားဖမ်း သတ်ခဲ့သည့်ကိစ္စအားမကျေနပ်၍ ဆနွပြပွဲသို့ပူးပေါင်းဆောင်ရွက်ရန် တတ်သလောက်မှတ်သလောက် အော်ပါသည် ကိုဘိုကြည်ကိုစိုးဝင်း ကိုမောင်မောင်လွင်တို့ကိုမူ ဘေးကကြည်နေ့ ထောက်လှမ်းရေးတို့ ရဲတို့ ၀င်ဖမ်းရင် ရိုက်ပြီးပြေးလို့ စောစောထည်းက စီစဉ်ထားပါသည် ၇.၁၅ လောက်မှာတော့ ကျောင်းသား ၅၀ လောက်စုမိခဲ့သည် ကိစ္စမရှိ ရသလောက်နဲ့ အလှံပြောင်းပြန်ထောင်လျှက်ပြည်သာယာလမ်းမကြီးအတိုင်း အထက ၁ သို့ချိတက်ခဲ့ကြသည် အထက ၁ ရောက်တော့ကိုဖြိုးကျော်တိုး နဲ့တွေ့သည် သူက တံခါးပိတ်ထားတယ် ဘယ်လိုလုပ်မလည်းမေးတော့ (အပြင်မှာ သူလူ့၃၀ လောက်တော့ရှိသည် ) ကျတော်တို့လူနဲ့သူတို့လူပေါင်းပြီး တံခါးကိုရိုက်ချိုးဖွင့်ဘို့ပြောလိုက်သည် တံခါးကို ကျော်တက်သူကတက် ရိုက်ချိုးသူက ချိုးလုပ်နေတဲ့အချိန် ကျောင်းစောင့်ဦးမိုးကောင်းထွက်လာပြီး တံခါးကို ၇ိုက်မချိုးရန်နှင့် တံခါးဖွင့်ပေးမည်ဟုပြောလျှက်တံခါးဖွင့်ပေးပါသည် အထက ၁ကျောင်းက ကျောင်းသားတွေအကုန်လုံးကိုခေါ်ထုတ်နိုင်ခဲ့လျှက်လေးထောင့်ကန်လမ်းမကြီးအတိုင်း အထက ၄ သို့ဆက်လက်ချီတက်ခဲ့သည် ဘီအိုစီ သို့အရောက်အလှံကိုင်တက်လာသော အထက ၃ မှ ကျောင်းသားတချို့နှင့်ပူးပေါင်းနိုင်ခဲ့လျှက် အထက ၄ သို့ဆက်လက်ချီတက်ခဲ့သည် အထက ၄ရောက်တော့ တံခါးပိတ်ထားပြန်သည် ကိစ္စမရှိ အုတ်တိုင်းကိုကျော်တက်ပြီး တံခါးကို ရိုက်ချိုးခဲ့သည် (ခုနေဗမာပြည်မှာနေရင်တော့ ကျောင်းပစ္စည်းဖျက်စီးမှုနဲ့ထောင်ထည်းပြန်ရောက်နိုင်သည် ) ကျောင်းအားလုံးကို ပေါင်းနိုင်ခဲ့ပြီး ကျောက်ကုန်းကွေ့ကိုချီတက်ခဲ့သည် လူကလည်းကျောင်းသားနှင့် ပြည်သူအပါအ၀င်လူ ၇၀၀၀ လောက်ရှီလာသည် ကျတော်တို့ ဘယ်လိုမှမထိမ်းနိုင်တော့ မူလလမ်းကြောင်းက ကျောက်ကုန်းကွေ့ကိုချီတက်ရန်ဖြစ်သော်လည်း ကျောက်ကုန်းကွေ့မသွားသေးဘဲ အထက ၂ ဘက်ကိုပြန်ရောက်လာခဲ့သည် အထက ၂ အလွန် မိုးသီးဇွန် တို့အိမ်ရှေ့တည့်တည့်အရောက်မှာတော့ စစ်တပ်က ပိတ်ဆို့လိုက်ပါပြီ အဲအချိန် ကျတော် စစ်ကြောင်းအလယ်ကောင်လောက်ကလိုက်နေချိန် ကျတော့်ကိုကျောင်းသားငယ်တယောက်သတင်းလာပို့ပါသည် အကိုရှေ့မှာ စစ်တပ် ဘယ်လိုလုပ်ကြမလည်းဆိုတော့ ကျတော်စစ်ကြောင်းရှေ့ဆုံးကိုထွက်ခဲ့သည် တပ်မ ၂၂ နည်းဗျူဟာ ၂၂၁ နဲ့တည့်တည့်တိုးပါသည် စစ်သားတွေ သံဆူးကြိုးတွေချလျှက် ဒူးထောက်အနေထားဖြင့်အဆင်သင့်ဖြစ်နေပါပြီ အော်တဲ့သူတွေကလည်း “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ကျောင်းသားပြည်သူသတ်ဘို့မဟုတ်ဘူး”ဖမ်းဆီးကျောင်းသားပြန်လွတ်ရေး” တယောက်တပေါက်တွေအော်နေကြသည် ကိုယ်လည်းသံဆူးကြိုးရှေ့တည့်တည့်ရောက်ကော ဘရင်းကယ်ရီယာရှေ့မှာရပ်နေတဲ့ ဗိုလ်ကြီးကလက်မြောက်လိုက်တာရိပ်ခနဲတွေ့လိုက်သည် သူ့အမိန်ပေးသံတောင်မကြားလိုက်ရ လူတသောင်းလောက်ဆူညံနေတာ ဘာကြားမတုံး အတွဲလိုက်ပြစ်ထည့်လိုက်ပါလေရော ကိုယ့်ဘယ်ဘက်က ဗိုလ်ချုပ်အောင်ဆန်းမှန်ဘောင်သွင်းဓါတ်ပုံ ကိုင်ထားတဲ့ ၉ တန်းကျောင်းသူလေး ခွေကနဲလဲကျတာတွေ့လိုက်သည် ပြစ်ပြီ ပြစ်ပြီ ဆိုတဲ့အသံတွေလည်းကြားလိုက်ရသည် ကိုယ်လည်းကောင်မေးလးကိုဆွဲထူပေး မလို့လုပ်တုန်း လက်မောင်းပူကနဲ့ဖြစ်သွားသည် ဟာငါ့လည်းထိပြီဆိုတာချက်ချင်းသိလိုက်သည် လမ်းဘေးလှဲချလိုက်ရသည် တော်သေးတယ်နောက်မှာဆို ကိုယ့်ကိုတက်နင်းသွားနိုင်သည် ကိုယ်က ရှေ့ဆုံးမှာဆိုတော့ နောက်လှည့်ပြေးတာသူတွေအနက့် ကိုယ်က နောက်ဆုံးပြန်ရောက်သွားပြီးကိုယ့်နောက်ဘယ်သူမှမရှိတော့ ကောင်မလေးလည်း ဘာဖြစ်ကျန်ခဲ့လည်းမသိပါ လမ်းဘေးရေမြောင်းထည်းခုန်ချပြီး မြောင်းအတိုင်း ကုန်းကုန်း ကုန်းကုန်းနဲ့ပြေး၇သည် နောက်လှည့်ကြည့်တော့ စစ်သားတွေ သံဆူးကြိုးတွေဖယ်နေပြိး ရင်ဘောင်တန်းလျှက် လိုက်လာနေတာတွေ့လိုက်၇သည် ပြေးနေရင်း ဆယ်တောင်ပြည့်ဘုရားလမ်းထိပ်ရောက်တော့ ကျောင်းသားတချို့က ထိထားလား လို့မေးသည် ဟုတ်တယ်ထိထားတယ်လို့မဖြေနိုင်ပါ လက်ကတအားနာနေပြီ သွေးတွေကတအားထွက်နေပြီ ကျောင်းသားကြီးတယောက်က လမ်းဘေးက (ဘာကောင်လည်းမသိဘူး ထောက်လှမ်းရေးလားသတင်းထောက်မသိ) ဆိုင်ကယ်ကို ကားရားခွရပ်ထားသူကို အတင်းတွန်းချပြိး ကျတော့်ကိုဆွဲံတင်လိုက်ပါသည် နောက်လမ်းကြိုလမ်းကြားတွေကတဆင့် လေးထောင့်ကန်လမ်းမကြီးပေါ်ပြန်ထွက်ခဲ့သည် ခပ်ချီးယားကားမှတ်တိုင်နားက ဆေးခန်းထည်းဝင်တော့ ဆရာဝန်မရှိဘူးလို့ပြောပြီးဆေးခန်းကိုတံခါးမဖွင့်ပေးပါ မော်တော်ဆိုင်ကယ်မောင်းပြီး တာမွေ လေးဆေးခန်းတွေ ၀င်သည် ဘယ်ဆေးခန်းမှ မဖွင့်ပေးရဲ ၁၁ နာရီကျော်တော့ သွေးထွက်လွန်နေပြီ ကျတော်ဆိုင်ကယ်မောင်းတဲ့သူကိုပြောသည် ”ဆေးရုံကြီးဘဲမောင်းတော့ ကျန်တာနောက်မှရှင်းမယ် မျက်လုံးတွေပြာလာပြီ” သူ့ကိုယ်တိုင်လည်းသိသည် နောက်ဆုံးတော့ဆေး၇ုံကြီးအရေးပေါ်ဌာနရောက်ခဲ့၇သည်
(ဆက်ပါဦးမည်)

No comments:

Post a Comment