Sunday, October 4, 2009

သန်းရွှေ မုဒိတာ

ခပ်သိမ်းသူအပေါင်း တို့ သည်…….
သား တစ်ကွဲ၊မယားတစ်ကွဲ
မိတစ်ကွဲဖတစ်ကွဲဖြစ်ကြရကုန်၏။
ထိုသူတို့ ၏ဆင်းရဲဒုက္ခကို ငါငြိမ်းပါအံ့၊
ထိုသူတို့ ၏မျက်ရည်ကို ငါသုတ်ပါအံ့၊
ငါ၏ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့……..။
ငါ၏လက်ဝဲလက်ဖြင့် ၀တ်စားတန်ဆာကိုပေးအံ့………။
အမိသည်သားငယ်ကို
ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ 
ငါသည်လည်း တိုင်းသူပြည်သားတို့ ကို နှစ်သိမ့်စေအံ့…………..။
ကျန်စစ်သားမင်း (ခရစ် ၁၀၈၄-၁၁၁၂) ရွှေစည်းခုံဘုရား ကျောက်စာမှ
ခပ်သိမ်းသူအပေါင်း တို့ သည်…….
သား တစ်ကွဲ၊မယားတစ်ကွဲ
မိတစ်ကွဲဖတစ်ကွဲဖြစ်ကြရကုန်၏။
ထိုသူတို့ အား
ဆင်းရဲဒုက္ခကို
အစုလိုက် အပြုံလိုက်
ငါထပ်ပေးပါအံ့
ထိုသူတို့ ၏ မျက်ရည်ကို
ပင်လည်ကြီး ဖြစ်စေ ပါအံ့၊
ငါ၏ယာလက်ဖြင့်
ဆန်စပါးရိက္ခာ ကိုလုယူပါ အံ့……..။
ငါ၏လက်ဝဲလက်ဖြင့် ၀တ်စားတန်ဆာကိုချွတ်ယူပါ အံ့………။
အမိသည်သားငယ်ကို
ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ 
ငါသည်လည်း တိုင်းသူပြည်သားတို့ ကို
ဒုခ ပင်လည်အတွင်းဥင်္် နစ်သထက်နစ်အောင်နှစ်အံ့…………..
သန်းရွှေ ( - ၂၀၀၈ )
မြန်မာမြူးဇစ်ကျောက်စာ

No comments:

Post a Comment