Saturday, October 17, 2009

အမည်သညာခေါ်စရာ ကိုတိုး ဆိုသည်မှာ

သူများတွေက မေးကြတယ် (နာမည်အရင်းကိုသိတဲ့သူတွေကပေါ့) ဘာလို့ကိုတိုးကြီးလို့ ခေါ်သလည်းတဲ့ နာမည်အရင်းဘာလို့မသုံးသလည်းတဲ့ တယောက်ပြီး တယောက်လိုက်ရှင်းနေရတာလည်းမောလှပြီ ကျားကျား ကလည်း ပို့စ်အသစ်တင်ထားပါဆိုတော့ ဘာရေးရမလည်းစဉ်းစားရင်း ကိုတိုးကြီးဆိုတဲံ့ နာမည်ဘယ်လိုဖြစ်လာသလည်းရေးလိုက်တာကောင်းမယ်ထင်လို့ရေးလိုက်ပါတယ် ခုမှ ဘလော့ခ်စရေးတာဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်းမိတ်ဆက်ရင်း နောက်တခါလာမေးရင် ရှင်းစရာမလိုတော့ဘဲ (ဘလော့ခ်ရေးတာကလည်း အမှန်က စိတ်တော့သိပ်မ၀င်စားပါဘူး Multiply ဆိုတဲ့ နေရာလေးမှာ အေးဆေးရေးနေရင်း အတွေးအခေါ် ခပ်ညံ့ညံ့လူတွေ ပူညံပူညံဖြစ်နေလို့ ဒီရောက်လာတာ ) ဒီနေရာလေးကိုညွှန်းလိုက်ယုံဘဲပေါ့
တကယ်တော့ ကွန်ပြူတာ ဆိုတာ ထိုင်းကိုရောက်မှကိုင်ဘူးပါတယ် အဲအချိန်က ကိုယ်ပိုင်မသုံးနိုင်သေးဘူး သူများတွေ အားမှဝင်ဝင်ကိုင်ခွင့်ရတာပါ တခါတလေ မျက်နှာ ရှစ်ခေါက်ချိုးနဲ့ ကြည့်တဲ့အကြည့်တွေလည်း မမေ့သေးပါဘူး ဒါ့အပြင် ကွန်ပြူတာနဲ့ပတ်သက်တဲ့ ဘာသင်တန်း ဘာကျောင်းမှမတက်ဘူးသလို့ ဘယ်သူမှ မသင်ပေးလို့ ဘာမှမတတ်ပါဘူး ထိုင်းကနေတဆင့် ဒိနိုင်ငံရောက်လာတော့ မိတ်ဆွေမရှိ သူငယ်ချင်းမရှိနဲ့ ကြောင်တောင်တောင်နဲ့ပေါ့ လည်စရာပတ်စရာလည်းရေခဲပြင်ကြီးဘဲဆိုတော့ ဘယ်မှ မသွားဘဲ ငေါင်နေမိတယ် ပျင်းတာနဲ့ ကွန်ပြူတာလက်တော့လေးတလုံး ၀ယ်လိုက်တယ် စာတွေကလည်းခက်လွန်းလို့ စိတ်ကိုမ၀င်စားခဲ့ဘူး ကွန်ပြူတာကလည်း ၀ယ်သာဝယ်လိုက်ရတာ ဘာမှမတတ် ဘာမှမသိနဲ့ မျောက် အုန်းသီးရတာထက်ပိုဆိုးတာပေါ့ မျောက်ကမှ တော်သေး ကိုယ့်မှာက ခလုပ်နှီပ်လိုက်လို့ပျက်သွားရင်ဒုခ ဆိုတဲ့အတွေးနဲ့ဘာမှမလုပ်တော့ ပိုဆိုးတာပေါ့ ဒီထက်ပိုဆိုးတာက ကီးဘုတ်က ဖင်လန်ကီးဘုတ်ဖြစ်နေတယ် စာတွေအကုန် ဖင်လန်လိုရေးထားတယ်ဆိုတော့ ဘာမှမဖတ်တတ်ဘူး ကွန်ပြူတာရုပ်ရှင်ကြည့်ဘို့ဘဲ ၀ယ်ထားသလိုဖြစ်နေတယ် Burma classic မှာ ရုပ်ရှင်ကြည့်နေရင်းက မမျော်လင့်ဘဲဖိုရမ်လေးနဲ့ချက်ဝန်း လေးတခုတွေ့လိုက်တယ် ပျင်းလို့ဝင်ရေးတယ်ပေါ့ အဲအချိန်က နံမယ်အရင်းဘဲသုံးနေသေးတယ် မြန်မာဖောင့်လည်းမရှိ မြန်မာလိုကလည်းမကျွမ်းကျင်သေးတော့အင်္ဂလိပ်လိုကို မြန်မာအသံထွက်နဲ့ပေါင်းပြီး ရိုက်နေရင်း အင်္ဂလန်က ကောင်မလေးတယောက်နဲ့ခင်လိုက်မိတယ် အင်္ဂလန်နဲ့နီးတော့သူ့ဆီကိုဖုန်းဆက်ရင်း ဘာမှမတတ်တဲ့အကြောင်းပြောပြတော့ ပထမဆုံးဗမာဖောင့်သွင်းနည်းကိုတယ်လီဖုန်းကနေသင်ပေးခဲ့ပါတယ် အဲတုန်းက ဇော်ဂျီခောတ်မစားသေးဘူး Win burmese နဲ့ဘဲသုံးနေခဲ့တယ် နောက်သူပြောတာနဲ့ဘဲ Y A M C ဆိုတဲ့ဖိုရမ်လေးကိုရောက်သွားတယ် အဲဒိမှာ ကိုယ်ဖတ်တဲ့သတင်းလေးတွေနဲ့ ကိုယ်သိတဲ့သတင်းလေးတွေ တင်နေတယ် အဲဒီကနေပြီးမှ ပတ်ဝပ်ခဏခဏမေ့လွန်းတာနဲ့ Myanmar music ဖိုရမ်ရောက်သွားတယ် အဲဒီလည်းရောက်ရော (အဲဒီမှာက ရေးရတာလွယ်တယ် ရှင်းတယ် ဘာဆင်ဆာမှမဖြတ်ဘူး လွတ်လပ်တယ်) ပတ်ဝပ်ကိုမမေ့အောင်အမြဲသတိယနေမယ့် နံမယ်စဥင်္းစားလိုက်ပြီး tyttö 72 လို့ယူလိုက်တယ် tyttö ဆိုတာ ဖင်လန်လိုကောင်မလေး လို့အဓိပါယ်ထွက်တယ်ဒါပေမယ့် ကိုယ်ကလည်းကွန်ပြူတာ မကျွမ်းကျင်တဲံ့အပြင် ကီးဘုတ်က ဖင်လန်ကီးဘုတ်နဲ့ စာတွေက ဖင်လန်စာတွေဖြစ်နေတော့ စိတ်ထည်းထင်တဲ့ဟာနှိပ်လိုက်တာ ပတ်ဝပ်က နစ်နိမ်းဖြစ်သွားပြီး နစ်နိမ်းက ပတ်ဝပ်ဖြစ်သွားတယ် (အဲလိုတော်တာ) နောက်တခု ခက်တာက တခုခုမှားလို့ပြင်ချင်ရင် အက်မင်ကိုအကူညီတောင်းတဲ့အခါ ပတ်ဝပ်က အက်မင်က ရိုက်မရဘူးဖြစ်နေတယ် သူကအင်္ဂလန်ကဆိုတော့ အင်္ဂလိပ်ကီးဘုတ်ပေါ့ တခြားစာလုံးတွေ ရိုက်လို့ရပေမယ့် အိုပေါ်မှာ အစက်ပါတဲ့ စာလုံးရိုက်မရဘူး (ဖင်လန်ကီးဘုတ်မှာ ဖင်လန်စာအပိုတွေပါပါတယ် ဥပမာ Å Ö Ä အဲဒါမျိုးတွေပေါ့ အဲတော့သူကအကြံပေးတယ် ရိုးရိုး o ဘဲသုံးလိုက်ပါ ö မသုံးပါနဲ့ဆိုတာနဲ့ အိုကေပေါ့ tytto ဖြစ်သွားခဲ့တယ် အဲဒီစာလုံးကို မကာအို က ကောင်မလေးတယောက်က ဘာသာပြန်လိုက်တာ ကိုတက်တိုး ဆိုပြီး ဘာသာပြန်ချလိုက်တယ် နောက်တဖြေးဖြေးနဲ့ ခင်တဲ့သူတွေက ကိုတိုး ကိုတိုးကြီး မောင်တိုး ခေါ်ရင်းခေါ်ရင်းကနေ ကိုတိုးကြီးဆိုတဲ့ နံမယ်တလုံးရလာပါလေရော လိမ်တာညာတာမဟုတ်ကြောင်းနဲ့ အလိုလိုနေရင်းရလာသော နာမည် တခုဖြစ်ပါကြောင်း

Photobucket

4 comments:

  1. ဒီနာမည်က ဒီလိုရလာတာကိုး။ ခုမှဘဲတိတော့တယ်။ ကျားအတွက် ရေးပေးတဲ့စာပေါ့နော်။ ရှဲ့ ရှဲ့

    ReplyDelete
  2. ဟုတ်တယ်...။ ကူညီလိုက်တာ တော်တော်မှားသွားတယ်။

    အေးအေးဆေးဆေးနေချင်လို့ ထွက်ပါတယ် ဆိုနေမှ အမှုလာပတ်နေတယ်။ တော်တော်နေလို့ကောင်းတဲ့ လူ့ဘ၀ပါလားနော်။ :(

    ReplyDelete
  3. ဟုတ်ကဲ့
    ခုလိုရှင်းပြပေးတာကို ကျေးဇူးတင်ပါတယ်ရှင်
    အမှတ်တရပေါ့
    လေးစားလျှက်
    မွန်းသက်ပန် (ဆေး-၁)

    ReplyDelete
  4. ခုမှပဲတက်တိုး ၇၂ ဖြစ်လာရတဲ့အကြောင်းရင်းကို သိတော့တယ်။ အရင်ကတော့ တက်တူး လို့ပဲသိတယ်ကိုး။

    ReplyDelete