Saturday, October 10, 2009

မော်စကိုရောက်တောလား

Photobucket အပြင်လောကကိုငေးကြည့်နေမိသည် တောအုပ်စိမ်းစိမ်းကြီး ဘာကြောင့်များ အစိမ်းရောင်ကိုမုန်းတီးခဲ့သူတယောက် တောအုပ်စိမ်းစိမ်းတွေကြားမှာတယောက်ထည်းအထည်းကျန်နေခဲ့ပါလိမ့် အဖြူရောင်ကိုနာကျဥင်္းခဲ့သူတယောက် ဘာကြောင့်များ အဖြူရောင်ရေခဲပြင်တွေပေါ် လမ်းလျှောက်နေရပါလိမ့် တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ဘာရယ်ကြောင့်လှည့်မကြည့်ချင်တော့တဲ့ နေရာတခုကိုရောက်သွားခဲံ့ပါလိမ့်---------------

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တစ်

ဆရာမကမိတ်ဆက်ပေးသည် သူက ဗမာပြည်အကျဉ်းထောင်ထည်းမျာ ၁၃ နှစ်ကျော်နေလာခဲ့သူပါ Finland နိုင်ငံKuopio မြို့ အကျဉ်းထောင်မှ လက်ထောက်ထောင်ပိုင်ဖြစ်သူက ကိုယ့်ကိုတချက်ကြည့်လိုက်သည် သူ့အကြည့်က မထူးခြား ဆရာမကဆက်၍ပြောသည် ဗမာပြည်မှာ ဒီမိုကရေစိရေး ဆနွပြလှုပ်ရှားမှုတွေမှာ ပါခဲ့ဘို့ထောင်ကျခဲ့တာပါ သူတချက်ပြုံးလိုက်သည် သူ့အပြုံးကိုခန့်မှန်းဘို့အချိန်မရလိုက် သူ့စကားများက ကိုယ့်ကိုလောကကြီးထည်းက ခေတ္တမေ့သွားစေခဲ့သည် ဒီနိုင်ငံမှာဆနွပြ မြို့တော်ဝန်ရုံးရှေ့မှာသွားအော်အော်လွတ်တော်ရှေ့သွားအော်အော် ကြိုက်သလောက်အော် မဖမ်းဘူးလိုအပ်ရင် ရဲကတောင်မှ လုံခြုံရေးတာဝန်ယူစောင့်လျှောက် ပေးသေးတယ် တမြို့လုံးပတ်အော်ချင်လည်း ရဲကလုံခြုံရေး လိုက်ပေးသေးတယ် လမ်းကြောင်းရှင်းပေးပါတယ် ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည် ဗမာပြည်မှာ ကုလသမဂ စာပို့လိုထောင်ကျသူတွေအကြောင်း လုပ်အားခမရဘဲ အဓမ္မလုပ်ပေးစေခိုင်းတာမရလို့ ထောင်ကျခဲ့တဲ့ ဗမာပြည်သူတွေအကြောင်းပြောပြရင် ကိုယ့်ကို အရူးတယောက်လို့ထင်သွားနိုင်သည်

သူ့ကိုယ်သူ မိတ်ဆက်သည် သူက ဒီထောင်ရဲ လက်ထောက်ထောင်ပိုင် လုပ်သက်က ၃၇နှစ်တဲ့---အားပါးပါး ဗမာပြည်မှာ ၃ နှစ်ခံတဲ့ထောင်ပိုင်ခပ်ရှားရှား-- ထောင်နဲ့ပတ်သက်လို့ သူစပြီးရှင်းပြသည် ထောင်ဟာတရားရေးလက်အောက်မှာရှိပါတယ် ရဲ စစ်တပ်တို့နဲ့ လုံးဝမပတ်သက်ပါဘူး ထောက်လှမ်းရေးလက်အောက်မှာရှိတဲ့ ဗမာပြည်က အကျဉ်းထောင်တွေကို ချက်ချင်းသတိယမိသည် သူကဆက်ပြီး ဒီထောင်ကို တနှစ် လူ ၈၀၀ လောက်လေ့လာရေးလာကြပါတယ် ၂၀၀ လောက်က နိုင်ငံခြားသားတွေဖြစ်ပြီး အများစုကတော့ ခင်ဗျားတို့လို ကျောင်းသားတွေနဲ့ ဥပဒေပညာလိုက်စားသူတွေပညာရှင်တွေ ဖြစ်ကြပါတယ် သူတို့ကိုကျတော်တို့ လွတ်လွတ်လပ်လပ်လေ့လာခွင့်ပြုပါတယ် အားပါးပါး ဗမာပြည်မှာ ကုလသမဂ ကိုယ်စားလှယ်တွေ လူ့အခွင့်ရေးကိုယ်စားလှယ်တွေ ကမ္ဘာ့ကြက်ခြေနီအဖွဲ့တွေကိုတောင် လွတ်လွတ်လပ်လပ် ပေးမ၀င်ဘူးတဲ့ နအဖစစ်အစိုးရကို ဒီအကြောင်း ပြောလိုက်ရင် ကျတော့်ကို အရူးလို့ပြောမှာ သေချာသလောက်ပါဘဲ သူကဆက်ပြီး တနိုင်ငံလုံးမှာ အုတ်ရိုးကာ (အပိတ်ထောင်) ၁၇ ထောင်နဲ့ အုတ်ရိုးမကာ သံဆူးကြိုးသာခတ်ထားတဲ့ (အဖွင့်ထောင်) ၁၅ ထောင်ရှိပါတယ် တနိုင်ငံလုံးအနေနဲ့ အကျဉ်းသား ၄၀၀၀ ရှိပြီး အမျိုးသမီးအကျဉ်းသားအနေနဲ့ ၂၀၀ ရှိပါတယ် လူဦးရေ ၅ သန်းရှိပြီး အကျဉ်းသား ၄၀၀၀ ရှိတဲ့ ဖင်လန်အကျဥင်္းထောင်ဟာ အနောက်နိုင်ငံက ထောင်တွေနဲ့ နိုင်းယှဥင်္ရင် အကျဥင်္းသားဦးရေ အနဲဆုံးလို့ပြောလို့၇ပါတယ် ဒီထောင်ကတော့ လူ ၈၀ ဆန့်ပြီး ၅၂ ယောက်ထားပါတယ် လူ ၈၀၀၀ ဆန့်ပြီး မဆန့်မပြဲ လူ ၁၄၀၀၀ ထည့်ထားသော ဗမာပြည်က အင်းစိန် ဗဟိုစံပြ အကျဉ်းထောင်ကြီးကိုချက်ချင်းသတိယလိုက်မိသည် ထောင်ကျကျ ခြင်း အပိတ်ထောင်မှာ ၂ လထားပါတယ် အကျဥင်္းသားရဲ့ နေထိုင်ပုံ အကျင့်စရိုက်ကိုလေ့လာပြီးတော့ ရာဇ၀တ်မှု ထပ်ပြီးကျူးလွန်နိုင်တယ်လို့ ယူဆသူကိုတော့ အပိတ်ထောင်မှာဘဲဆက်ထားပါတယ် ရာဇ၀တ်မှုမကျူးလွန်ဘူး ထွက်မပြေးဘူးလို့ ယူဆသူတွေကိုတော့ အဖွင့်ထောင်မှာနေခွင့်ပြုပါတယ် ကျတော်တို့ဗမာပြည်မှာတော့ သွားချင်တဲံ့နေရာသွားဘို့ လိုင်းဝင်၇ပါတယ်လို့ ပြောပြချင်နေသည် သူကဆက်ပြီး အဖွင့်ထောင်မှာ နေခွင့်ရသူတွေထည်း ကျောင်းတက်နေတဲ့ကျောင်းသားကျောင်းသူဆိုရင် အပြင်ထွက်ကျောင်းတက်ခွင့်ပေးပါတယ် နေ့ခင်းပိုင်းကျောင်းတက်ခွင့်ပေးပြီး ညပိုင်းထောင်မှာ ပြန်အိပ်ရပါတယ် ကျောင်းမတက်ချင်ဘဲ ထောင်ထည်းမှာဘဲ စာသင်ပြီး စာမေးပွဲဖြေခါနီးမှထွက်ဖြေမယ့်သူတွေကိုလည်း ထောင်ထည်းမှာဘဲ စာသင်ပေးပြီးစာမေးပွဲဖြေဘို့စီစဥင်္ပေးပါတယ် ကျောင်းမတက်ဘဲ အလုပ်လုပ်ချင်တဲ့သူတွေကိုလည်း သူတို့ဝါသနာပါတဲ့ ထောင်တွင်းအလုပ်ခွင်ထည်းကိုပို့ထားပေးပါတယ် ဘာအလုပ်မှမလုပ် ဘာကျောင်းမှမတက်ဘဲ အခန်းထည်းမှာဘဲ အိပ်နေတဲ့အကျဉ်းသား ဒီထောင်မှာ ၃၀ ရှိနေပါတယ် သူတိုကို အတင်းအကြပ်မခိုင်းပါဘူး အလုပ်လုပ်တဲ့အကျဉ်းသားနဲ့ ကျောင်းတက်တဲ့အကျဉ်းသားတွေကို တနေ့ ၂ ယူရိုပေးပါတယ် ပိုက်ဆံကိုကိုယ်တိုင်လွတ်လပ်စွာ ကိုင်တွယ်သုံးစွဲခွင့်ရှိပါတယ် နားကြားများလွဲနေတယ်ထင်လို့ သေချာအောင်ပါလာတဲ့ စကားပြန်ကို ထပ်မေးမိပါသည် ထောင်ထည်းက ကျောင်းတက်လို့၇သတဲ့ ကျောင်းတက်တာ ၂ ယူရိုပေးသတဲ့ နအဖစစ်အစိုးရလိုတော့ မလိမ်တန်ရာ ချက်ချင်းဘဲ ကျောင်းတက်ဖို့မပြောနဲ့ အင်္ဂလိပ်စာလေ့လာချင်လို့ အင်္ဂလိပ်ဒေရှင်နယ်ရီလေးသွင်းခွင့်ပြုပါလို့ တင်ပြမိတဲ့ ၉၆ ကျောင်းသားခေါင်းဆောင်ကိုစိုးထွန်းကို မချိမဆန့် ထုတ်ရိုက်ခဲ့သော အရာခံဗိုလ် စိန်ဘွားနဲ့ ဒု ထောင်ပိုင်ကျော်စိန်တို့ကို ချက်ချင်း သတိယမိခဲ့သည်

အလုပ်ခွင်မှာတော့ ငါးဖမ်းပို မြုံးလုပ်ငန်း အသေးစားလက်မှုလုပ်ငန်းတွေနဲ့ ပရိဘောဂလုပ်ငန်းတွေကို ထောင်ကထွက်တဲ့အခါ သက်မွေးပညာတခုအနေနဲ့လုပ်စားလို့ရနိုင်တဲ့အထိသင်ပေးပါတယ် ဒီနိုင်ငံမှာ သေဒဏ်မရှိပါဘူး အမှုဖြစ်တဲ့အခါ ရဲက သေချာလေ့လာစုံစမ်းစစ်ဆေးပြီး တရားရုံးကိုတင်ပါတယ် တရားသူကြီးအဖွဲ့ (ဂျူရီလူကြီးများ)က သေချာကြားနာစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ပါတယ် တရားသူကြီးအဖွဲကိုလည်း ဥပဒေနားလည်သူတွေ နဲ့ဖွဲ့စည်းထားပါတယ် ကျတော်ဆရာမကိုတိုးတိုးလေး ကပ်ပြောသည် ဗမာပြည်မှာတော့ ဥပဒေနကန်းတစ်လုံးတောင်နားမလည်တဲ့ကောင်တွေကစစ်ခုံရုံးလို့ဖွဲ့ပြီး ထောင်အနှစ် ၆၀ ကနေ အနှစ် ၃၀၀ ထိချနေပါတယ်လို့ပြောတော့ဆရာမတောင်တော်တော်အံ့သြသွားခဲ့သည်

xxxxxxxxxxxxxxxxxxxxxx

နှစ်

ဒီမှာလည်းထောင်အပြင်တိုက်ဆိုတာရှိပါတယ် ကျွန်တော်တို့ကိုခေါ်သွားပြီးလိုက်ပြခဲံ့သည် ၇ ပေပတ်လည်တိုက်ခန်းလေး-ရေလောင်းအိမ်သာရှိသည် ကုတင်ရှိသည်မွေ့ယာရှိသည်ခေါင်းအုံးရှိသည် ချက်ချင်းဘဲ ဗမာပြည်က စစ်ခွေးတိုက်ကိုပြေးမြင်မိသည် စစ်ခွေးတိုက်ထည်းစ၀င်ထည်းက မီးချောင်းတက်တွားတက်ရသည်အောက်မှာက ကျောက်စရစ်ခဲတွေခင်းထားသည် ဒါ့အပြင်အခန်းထည်းမရောက်မချင်း နောက်က၀န်ထမ်းက သာရေပိုက်လုံးအပျော့နဲ့ တဖုန်းဖုန်းရိုက်နေသေးသည် အခန်းထည်းရောက်တော့အခန်းထောင့်မှာကြိုဆိုနေတာက လောက်တဖွားဖွားနဲ့မိလ္လာပုံကြီးဗမာပြည်စစ်ခွေးတိုက်မှာ မိလ္လာမချရ ရေမချိုးရ အပြင် အခင်းမရှိသောသံမန်တလင်းပေါ်မှာပြစ်ဒဏ်မစေ့မချင်းနေရသည် ညဘက်ဆို ပုံစံကြီး ပုံစံလေးထုတ်မောင်းသည်ပြန်ထွက်လာလျှင်တော့မျော့မျော့လေးဘဲ ကျန်တော့သည် အနဲဆုံးဝဲတွေပေါက်နေတာမှ အပ်ဖျားချစရာမရှိ ဒါ့အပြင် ယုဝတီ ဆောင်ဆိုတာရှိသေးသည် တိုက်ထည်းရောက်ထည်းက ရုပ်ရှင်မင်းသမီးနံမယ်တွေပေးထားသည် ညတိုင်းထုတ်ရိုက်ပြီး ပြန်တက်လာသည့်အခါ ပေးထားသည့်ုနံမယ်ကိုခေါ်ပြီး ရှီပါသည်ရှင့် ထူး ၇သည် ဘယ်လောက်များအသည်းနာဘို့ကောင်းခဲံသနည်း ဒါတွေကိုမခံစားဘူးသောနိုင်ငံရေးသမားတချို့က ဘဘနုရဲ့ မေတ္တာဝါဒ လက်ကိုင်ပြုလျှက် သင်ပုန်းချေရေးဝါဒဟုတွင်တွင်ကြီးအော်နေခဲ့သည်

xxxxx

Photobucket

ထောင်တာဝန်ခံက ဆက်ရှင်းပြသည် ”ဒီနေရာကို အများဆုံးရောက်လာသူတွေကထောင်တွင်းမှာ မူးယစ်ဆေးပါးရောင်းဝယ်သူတွေအများဆုံးရောက်လာပါတယ် ” မူးယစ်ဆေးဝါးရောင်းဝယ်သတဲ့ ဗမာပြည်ကထောင်တွေ လို့ မူးယစ်ဆေးဝါးကို အာဏာပိုင်တွေနဲ့ပေါင်းပြီးသွင်းတာလားလို့မေးမလို့ကြံတုံးရှိသေး သူက ”မူးယစ်ဆေးဝါးကို အပြင်က လုံးဝသွင်းလို့မရပါဘူး ထောင်ထည်းမှာဘဲ ခိုးလုပ်ကြတာရှိပါတယ် ရေမွှေးကို ချက်ပါတယ် ရာဘာတွေကော်တွေကိုချက်ပါတယ် မုတ်ဆိတ်ရိတ်တဲ့အခါ သုံးတဲ့ဆေးရည်ကိုချက်ပါတယ် အပြင်ကလုံးဝသွင်းလို့မရပါဘူး ဒီမှာ လာတ်ပေးလာတ်ယူမှုလုံးဝမရှိပါဘူး ဒိမှာမှာ မဟုတ်ပါဘူး တနိုင်ငံလုံးအနေနဲ့လည်းလာတ်ပေးလာတ်ယူမှုလုံးဝ မရှိလို့ ကမ္ဘာပေါ်မှာလာတ်ပေးလာတ်ယူမှုအကင်းဆုံးနိုင်ငံတွေထည်းမှာ ဒုတိယ ၇ထားပါတယ် ဒိနေရာမှာ အကျဉ်းသားအချင်းချင်း လွတ်လပ်စွာ စကားပြောခွင့် လွတ်လပ်စွာရောင်းဝယ်ခွင့်နဲ့ လွတ်လပ်စွာ ပိုက်ဆံ ကိုင်သုံးခွင့်ရှိပါတယ် သူလိမ်ပြောတာနေတာ မဟုတ်ကြောင်း မလှမ်းမကမ်းရှိ ကြောငြာသင်ပုန်းက သက်သေခံနေပါသည် ကြော်ငြာသင်ပုန်းပေါ်မှာတော့ ”ဖုန်းကဒ်လိုချင် ဒီနေရာကိုလာခဲံ့ တကဒ် ၁၀ မြို့ထည်းကို ခြေထောက်အညောင်းခံပြီးမသွားနဲ့ ” အောက်မှာတော့အခန်းနံပါတ်နဲ့ အမည်ကိုရေးထားပါသည် သူက ဆက်၍ ဒီနိုင်ငံမှာ ထောင်ထည်းကနေဖုန်းဆက်ခွင့်လည်းရှိပါတယ် ဒါ့အပြင် အခန်းတိုင်းမှာ တီဗွီပေးထားပြီး စာရေးခွင့် စာဖတ်ခွင့်တွေ အပြင် လိုအပ်တဲ့ မီးဖို ပန်းကန်ခွက်ယောက်တွေပေးထားပါတယ် လူကိုသေစေနိုင်သော ပစ္စည်းများနဲ့ မူးယစ်ဆေးဝါးမှ အပ ကိုယ်ပိုင်ပစ္စည်းတွေလည်း ပေးထားတဲ့အပြင် အိမ်ကလည်းမှာယူခွင့်ရှိပါတယ် ဗမာပြည်အင်းစိန်တောရမှာ ငပိရည်ကျိုနဲ့ ထညင်းသီးပေးမသွင်းလို့ပြသနာတက်ခဲ့ပုံ ချက်ချင်းမျက်စိထည်းမြင်လာခဲ့သည် အတွေူးမှ မဆုံးခင် သူကဆက်ပြီး အပေါ်ထပ်တက်ကြည့်ကြမယ်ဆိုလို့ အပေါ်ထပ်ကိုတက်ကြည့်ကြမယ် ခေါ်ပြီး အပေါ်ထပ်ကိုတက်လာခဲ့ကြသည် ”ဒီနေရာကတော့ မိသားစုတွေ့တဲ့အခန်း(ထောင်ဝင်စာတွေ့) ဖြစ်ပြီး ပစ္စည်းတွေကိုတော့ ဒီကနေတိုက်ရိုက်ပေးလို့မရပါဘူး ပစ္စည်းပေးတဲ့အခန်းက သပ်သပ်ဖြစ်ပါတယ် ” ကပ်လျှက်အခန်းကိုခေါ်သွားပြန်ပါသည် ”စောစောက အခန်းက လူလွတ်တွေ တွေ့တဲ့အခန်းဖြစ်ပြီး ဒီအခန်းကတော့ မိသားစုတွေတွေ့တဲ့အခန်းဖြစ်ပါတယ် မိသားစုတွေကို ၆ နာရီတွေ့ခွင့်ပြုပါတယ် ကလေးတွေပါလာခဲ့ရင် ကလေးတွေ ဆော့ဘို့ ကစားစရာပစ္စည်းအပြည့်အစုံထားပေးတဲ့အပြင် အိပ်ဘိုအတွက်လည်း စီစဉ်ပေးထားပါတယ် ” ကျတော်ကြည့်လိုက်တော့ ဆိုဖာ ကလေးအိပ်ဘို့ကုတင်အသေး ၂လုံးအပြင်ကုတင်အကြီးကြီးတလုံးကိုမွှေ့ယာစောင်တို့နှင့်အတူတွေ့နေရသည် သူက သဘောကျစွာရီမောပြီး” ထောင်ထည်းမှာ ကလေးမွေးသွားတဲ့သူတွေ အများကြီးဘဲဗျ ”

၁၅မိနစ်ထောင်ဝင်စာတွေ့ဘို့အရေး မနက်မိုးမလင်းခင်မှ တန်းစီ ၀န်ထမ်းတွေကိုလာတ်ပေးရ ထောင်ဝင်စာခန်းထည်းရောက်ပြန်တော့ ထောက်လှမ်းရေးညွှန်ကြားချက်ဟုဆိုကာ ပြောသမျှစကားအကုန်လိုက်မှတ် ပါလာတဲ့ပစ္စည်း ၀န်ထမ်းခိုးမှာပျောက်မှာကြည့်ရ တခါတရံ စကားပြောတာလက်နဲ့မှတ်ယုံမက အသံဖမ်းစက်နဲ့ပါ လိုက်ဖမ်းနေသည့် ဗမာပြည်အကျဉ်းထောင်တွေကို လှောင်ပြောင်နေသလိုပါဘဲ ဒီနေရာကိုရောက်လာတဲ့အကျဉ်းသားတွေအများဆုံးကျူးလွန်တဲ့အမှုတွေကတော့ သူတပါးပစ္စည်းဖျက်စီိးမှု မူးယစ်ဆေးဝါးမှုနဲ့ထောင်ကျသူတွေများပြီးလိင်မှုနဲ့ထောင်ကျသူတွေလည်း ရှိပါတယ် လိင်မှုနဲ့ထောင်ကျသူတွေကိုတော့ အဆင့်နိမ့်တယ်လို့သတ်မှတ်ပြီး ဘယ်သူမှ မဆက်ဆံကြပါဘူး နိုင်ငံခြားသား အကျဥင်္းသား ၃၀၀ လောက်ရှိပြီး အများဆုံးကတော့ ရုရှားနဲ့ အက်စတိုးနိးယန်းတွေဘဲဖြစ်ပါတယ်” ဖြစ်နိုင်ပါသည် တခါက မြိုထည်းမှာ တောင်းနေတဲ့ သူတောင်းစားတယောက်ကိုတွေ့တော့ ကျတော်အံ့သြ စွာမေးဘူးသည် ဒီနိုင်ငံမှာ သူတောင်းစား ရှိသလားဗျ ဆိုတော့  သူက ရှိတယ်ဗျ ဒီနိုင်ငံကမဟုတ်ဘူး ရုရှားကလာတောင်းတာလေ ရုရှားသူတောင်းစားတွေပေါ့ သူတောင်းစားအထင်မသေးနဲ့ ကိုယ်တိုင်ရုရှားကနေမနက်ကားမောင်းလာပြီး ညနေကားမောင်းပြန်တာလို့ ပြောဘူးသည် ထောင်တာဝန်ခံကဆက်ပြီး ဒီနိုင်ငံထည်းကို ခိုးဝင်လာတဲ့ ရုရှားတွေရှိတယ် သူတို့ကို ကျတော်တို့ကဖမ်းပြီး အမေရိကားနဲ့အနောက်နိုင်ငံတွေမှာလို့ ထောင်မချပါဘူး ဘာလုပ်ချင်သလည်းလိုမေးပြီး ပြန်ချင်တဲ့သူတွေကို လမ်းစရိတ် အလုံထုတ်ပေးပါတယ် မပြန်ချင်တော့ဘဲ နေချင်တဲ့သူတွေကိုတော့ ဒုခသည်စခန်းကိုပို့ပြီး ဒုခသည်လျှောက်ခွင့်ပြုပါတယ်” ကျတော့်သူငယ်ချင်း ဆူဒန်ကျောင်းသားတယောက်ကဖြတ်ပြီး “အကျဉ်းထောင်ထည်းမှာ အသားရောင်ခွဲခြားမှု ညင်းပန်းနှိပ်စက်မှု မတရားအနိုင်ကျင့် ဗိုလ်ကျမှုတွေရှိပါသလား” လို့မေးတော့ “ ရှိပါတယ်ဒါပေမယ့်ထောင်အာဏာပိုင်တွေအနေနဲ့လုပ်တာမဟုတ်ပါဘူး ရုရှားတွေကအကျဉ်းသားအချင်းချင်းလုပ်တာပါ တရုပ်ကုလားတွေကို အများဆုံးအနိုင်ကျင့်ကြလို့ တရုပ် ကုလားတွေကို တခြား အကျဉ်းသားတွေနဲ့ရောမထားဘဲ သီးခြားခွဲပေးထားပါတယ်” နအဖ စစ်အစိုးရကတော့ တရုပ် ကုလားသာမက ကျောင်းသားတွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့ပုံကို စာဥ သီချင်းသံကြားတိုင်း သတိယနေမိသည် ၉၀ စက်တင်ဘာ ဟုတ်တယ် ဘလက်စက်တင်ဘာ ထောင်အုတ်ရိုးလေးဘက်လေးတန်မှာ စာဥသီချင်းကိုအကျယ်ကြီးဖွင့်လျှက် “စာဥရေ ငါအရောက်ပြန်ခဲ့မှာ ” အုန်း ဘုန်း အား ဆိုသော အသံတွေ ငရဲပြည် တကယ့်ငရဲပြည်ရောက်နေသည့်အလား နားထည်းကြားယောင်လာမိသည် ။ ထောင်တာဝန်ခံအသံက အတွေးကိုဖြတ်တောက်လိုက်ပြန်ပါသည် “ထောင်ထည်းကို အသက် ၂၀-၃၀ ကြားလူငယ်တွေအများဆုံးရောက်လာတတ်ပြီး ကလေးနဲ့ရော၈ါသည်တွေကို လျှော့ရက်ပိုပေးပါတယ် မူခင်းသေးတဲ့ကလေးနဲ့ရောဂါသည်တွေကိုတော့တခါတရံ သမတ ကလွတ်ငြိမ်းချမ်းသာခွင့်ပေးပါတယ်” သူကဆက်ပြီး “ ထောင်ထည်းမှာ စိတ်ရောဂါ အကြံပေးပုဂိုလ်နဲ့ စိတ်ရောဂါ အထူးကုဆရာဝန် အထွေထွေကုဆရာဝန်တို့ကို ထားပေးပါတယ် အရေးကြီးရင်လည်းအပြင်ဆေးရုံကိုချက်ချင်းပို့ဆောင်ပေးပါတယ် ” ကုလားထိုင်ပေါ်မှာထိုင်လျှက် ဘယ်နေရာကို ရိုက် ဘယ်နေရာကိုမရိုက်နဲ့လို့ ညွှန်ကြားချက်ပေးနေသော အင်းစိန်ထောင်ဆရာဝန် မျိုးဆက်ကိုလည်းကောင်း မင်းတို့သေလို့ ငါဘာမှ မဖြစ်ဘူး လက်မှတ်ကလေးထိုးပေးလိုက်ယုံပါဘဲလိုပြောပြီး ကိုညွန့်ဇော် ကိုစည်သူတို့ကိုသတ်ခဲ့သော သာယာဝတီထောင်းဆရာဝန် အောင်သန်းကိုလည်းကောင်း မျက်စိထည်းမြင်လာခဲ့သည် ။

ဆိုမာလီကျောင်းသားတယောက်က“ သူတို့နိုင်ငံမှာ မူးပြီးလဲနေတာကို မူးယစ်ရမ်းကားတယ်ဆိုပြီး ထောင် ၃ လချပါတယ် ဒီနိုင်ငံမှာကောအဲလိုရှိပါသလား” လို့ မေးတော့ “ဒီနိုင်ငံမှာ မူးယစ်ရမ်းကားမှုဆိုတာမရှိပါဘူး သူတပါးကို မထိခိုက်ဘူးဆိုရင် ကြိုက်သလိုအော်လို့ရပါတယ် မူးပြီးအော်လို့သာ ထောင်ချရမယ်ဆိုရင် တနိုင်ငံလုးံကိုထောင်ချရပါလိမ့်မယ် ” လို့ဖြေတော့ မိန်းမ ယောက်ကျားမှန်သမျှ အရက်ကြိုက်တတ် သောက်တတ်သော သူတို့လူမျိုးတွေကို မြင်ယောင်လာမိသလို တလအမှု ၃၀ တင်ပေးရမယ်ဆိုလို့ ည၉နာရီ ဘတ်စ်ကားမရလို့လမ်းလျှောက်ပြန်လာခဲ့ရသောအမျိုးသမီးလေးတွေကို မသင်ကာမှု မှောင်ရိပ်ခိုမှုဆိုပြီးဖမ်း ကျွှန်တော်တို့အိမ်နံဘေးက ကိုတင်ငွေ အရက်မူးပြီးလမ်းဘေး အပေါ့သွးမိလို့ ပုဒ်မ ၅၄ ဆိုပြီး ဖမ်းဆီးထောင်ချခဲ့သော ဗမာပြည်က ဥပဒေ ဆိုတာကြီးကို နားမလည်နိုင်ခဲ့ ပုလိပ်နှင့် ရ၀တ ကို ဆက်ကြေးပေးပြီး ဖွင့်ထားသော လိုင်စင်ရ ပြည့်တန်ဆာခန်းများ အရက်ပုန်းဆိုင်များ လောင်းကစားရုံကြီးတွေကျ လက်ဖျားနဲ့တောင်မှ မထိ ။ ထောင်တာဝန်ခံအရာရှိက စကားကိုဆက်ပြန်ပါသည် “အကျဉ်းသားတွေ အပြင်ထွက်လည်ပတ်ခွင့် အိမ်ပြန်ခွင့်တွေတင်ပြလာခဲံ့ရင် ထောင်ကျနှစ် ထောင်တွင်းနေထိုင်မှုမှတ်တမ်းတွေကို ကြည့်ပြီးခွင့်ပြုပါတယ် အထူးသဖြင့် ခုလို ခရစ်စမတ်ရက်တွေမှာ မိသားစုနဲ့တွေ့ဆုံနိုင်ဘို့ခွင့်ပေးပါတယ် ခွင့်ပေးထားတဲ့ ရက်အတွင်းမှာ ပြသနာတစုံတခုပေါ်ခဲ့ရင် ထောင်ထပ်ကျတဲ့အပြင် ထောင်ကျတဲ့ကျန်တဲ့နှစ်တွေအတွက်လည်ပတ်ခွင့်မပေးတော့ပါဘူး ဒါ့အပြင်ထောင်ထည်းမှာ ဘာသာရေးလွတ်လပ်ခွင့်ကို အပြည့်အ၀ပေးထားပြီး ထောင်ထည်းမှာ ဘုရားရှစ်ခိုးကျောင်းထားပေးတဲံ့အပြင်ခရစ်ယာန်ဘုန်းတော်ကြီးတွေလည်းထားပေးပါတယ် ” သူကျွန်တော်တို့ကို ဦးဆောင်ပြီး ဘုရားခန်းရှိရာကိုခေါ်ဆောင်သွားခဲ့သည် စိတ်ထည်းမှ မတင်မကျနဲ့ ဟုတ်ရဲ့လား ဒါထောင်မှ ဟုတ်ရဲ့လား ငါတို့ကိုလိမ်နေတာများလားလို့ စိတ်မှာထင်လျှက်သူ့ကိုကျွန်တော် “ ထောင်ကျနေတဲ့အကျဉ်းသားတွေနဲ့ တွေ့ချင်ပါတယ် လွတ်လွတ်လပ်လပ်တွေ့လို့ရမလားလို့ ”မေးတော့ သူက လိုလားစွာခွင့်ပြုခဲ့သည် ။

လေး

အခန်းထည်းအ၀င်မှာဘဲ အတူပါလာသောစကားပြန်က “ ကိုဇော်ထွန်း ခင်ဗျားဒီအခန်းပြောင်းနေပါလားဗျ ပိုက်ဆံလည်းမကုန်ဘူး ခင်ဗျားအခန်းထက်လည်းအများကြီးသာတယ်” ကုတင်မွေ့ယာ တီဗွီ ကွန်ပြူတာ တိုကိုကြည့်ပြီးပြောလိုက်တာဘဲဖြစ်ပါသည် ဆိုဖာပေါ်မှာတော့ လူတယောက် ကျွန်တော်တို့ကို လိုလားစွာပြူံးပြနေခဲ့သည် ကျွန်တော်က “အန်ကယ်ထောင်ဘယ်လောက်ကျပါသလဲ”မေးတော့ “ ၃လထည်းပါကွာ” ဆက်၍ “အသက်ဘယ်ဘယ်လောက်ရှိပြီလည်းအန်ကယ်” “ခု၂ လပိုင်းဆို ၆၀ ပြည့်မယ်ကွ” မမေးရသေးခင်သူက ဆက်ပြီး “အသက်က ၆၀ ထောင်ထည်းရောက်တာ ၃၈ ခေါက်ရှိပြီ” ဘာမှုလည်းထပ်မေးဘိုတွန့်သွားခဲ့တာအမှန် ထောင်ပိုင်လုပ်သက် ၃၇ သူကထောင်ထည်းရောက်တာ ၃၈ ခေါက် အားပါးးးးးးးးးးးးးးးးး “ထောင်ဝင်စာ အိမ်ကမှန်မှန်လာသလားအန်ကယ်” “ထောင်ဝင်စာ ဟုတ်လား ဘာလိုလို့လည်းကွ ဒီမှာတနေ့ကို ၄ ခါကြွေးတယ် အိမ်ကချက်တာထက်အများကြီးကောင်းတယ် ဒါတောင်စိတ်တိုင်းမကျရင် ကိုယ့်ဟာကိုယ် ကိုယ့်ကိုယ်တာကိုယ်ယူပြီး ကိုယ့်အခန်းထည်းမှာဘဲချက်တယ် မီးဖိုရှိနေတာလေ ဘာလိုလို့လည်း အိမ်ကလာတယ်နော် ပိုက်ဆံတောင်းထားလိုက်တယ် ပြီးရင် ၀န်ထမ်းတယောက်ကိုအဖော်ခေါ်ပြီး မြိုထည်းထွက်ပြီး သကြားလုံးတို့ရေမွှေးတို့ ၀ယ်လိုက်တယ်လေ ” ပြောပြောဆိုဆို သကြားလုံးတွေကိုထုတ်ပြီး ဧည့်ခံနေပြန်သည် လွတ်လပ်လိုက်တာမှ ဘယ်သူမှ မရှိ နအဖလိုခိုးနားမထောင် အိုင်စိအာစီ ၀င်တုန်းကလည်း ခိုးနားထောင်ခဲ့သည် ကိုယ့်မပြောနဲ့ ပင်ဟဲရိုးလာတုန်းကတောင် ထောင်ထည်းမှာ အသံဖမ်းစက်တွေခိုးတတ်ပြီးနားထောင်လို့ပြသနာတက်ခဲ့သေးတယ်လို့သတိယမိလိုက်သည် ထောင်ထည်းက စားသောက်ခန်းကို ၀င်ကြည့်မိတော့ လူ ၆၀ တချိန်ထည်းတပြိုင်ထည်းစားလို့ ရအောင်ခုန်တွေ အစီအရီ ချထားတာတွေ့ရသည် ချက်ထားတာတွေကြည့်တော့လည်း အပြင်က စားသောက်ဆိုင်နဲ့ အတူတူပါဘဲ အင်းစိန်ထောင်က ငပိအစိမ်းနဲ့ တာလပေါ မ၀တ၀ ကြွေးသော ဆန်ပါးလုံးအပြည့်နဲ့ ဆန်နီနီတွေကို မျက်စိထည်းအပြေးအလွှားမြင်ဖြစ်အောင်မြင်လိုကသေးသည်

ပြန်ခါနီး နုတ်ဆက်တော့ ထောင်တာဝန်ခံ အရာရှိပြောလိုက်တဲ့စကားတွေက နအဖ အာဏာပိုင်တွေနဲ့ ဗမာပြည်က ထောင်အာဏာပိုင်တွေကို လှောင်ပြောင်နေသယောင် ဆုံးမလိုက်သယောင်ပင် “ ဒီထောင်ထည်းမှာ ထောင်အာဏာပိုင်တွေဟာ လုံးဝ ညင်းပန်းနှိပ်စက်မှုမလုပ်ပါဘူး ထောင်ထည်းမှာဖြစ်ဖြစ် ထောင်ပြင်မှာဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာမေးလို့ရပါတယ် ဒီနိုင်ငံက ထောင်တွေဟာ တခြားနိုင်ငံက ထောင်တွေနဲ့ လုံးဝ ကွာခြားပါလိမ့်မယ် အေးချမ်းတယ် လုံခြုံတယ် ငြိမ်းချမ်းတယ် ထောင်ဆိုတာ လူတွေကိုကြောက်အောင်လုပ်တဲ့နေရာ မဖြစ်စေရပါဘူး မကောင်းတဲ့သူတွေကို ကောင်းလာအောင်ပြုပြင်ပေးတဲ့ ပြုပြင်ရေးစခန်းဘဲ ဖြစ်ပါတယ် ဒီကထွက်သွားခဲ့ရင်လည်း အလုပ်လုပ်စားနိုင်ဘို့အတွက် ပညာတွေကို စံနစ်တကျ သင်ပေးလိုက်ပါတယ် ”

သူခိုးလေးကို သူခိုးကြီး . သူခိုးကြီးကို ဓမြ အဖြစ်သင်ကြားပေးယုံမျှမက အိပ်အိုင်ဗွီ တီဘီ အပါအ၀င်ရောဂါပေါင်းစုံကို ဖြန့်ဖြူးပေးနေသော ဗမာပြည်က အကျဥင်္းထောင်များနှင့်တော့ --------

No comments:

Post a Comment