Monday, October 26, 2009
အနီ မဟုတ်တဲ့ ပန်ုနုရောင်ခပ်ရင့်ရင့် (သို့) မုံရွာတင်ရွှေ အမှတ်တယ
Photobucket
ခုလို နှင်းတွေကျနေတဲ့ မနက်ခင်းတခုမှာပေါ့ သူနဲ့စတွေ့ခဲ့တာလေ ရာသီတွေဘယ်လိုပြောင်းပေမယ့် မှတ်မိနေသေးတယ် သူရဲကောင်းကြီးရယ် ထောင်ဆိုတာဘာလည်းလို့ ပြောဖြစ်ခဲ့တုန်းက အဘပြောခဲ့တယ် ထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ပြတိုက်တဲံ့ ဒါမှမဟုတ် ရန်သူ နဲ့ ရှေ့တန်းအကျဆုံး စစ်မြေပြင်လို့ အဘ အဓိပါယ်ဖွင့်ခဲ့တယ်လေ နှင်းတွေဝေနေပြီ အဘရေ လွမ်းတယ်ဗျာ ----------
Photobucket
ဘ၀တက္ကသိုလ် သို့မဟုတ် အင်းစိန်တောရ ရဲ့ ၄ တိုက်ရှည် အခန်းနံပါတ် ၂ ရှေ့မှာရေချိုးချချိန် ရေမချိုးဘဲ ထိုင်ပြီးစကားပြောနေခဲ့တယ်
“ဒီလိုရှိတယ် ကိုအေးလှိုင် ရဲ့ မာဃဒေ၀ လင်္ကာသစ်ကြီးအလိုအရပြောရမယ်ဆို ရင်မိန်းမဟုဘိ ထိုက္ကုတိသည် မရှိမကောင်း ရှိမကောင်းတည့် မထိလည်းတုံ ထိလည်းတုံ မယုံလည်းခက် ယုံလည်းခက်၏ တဲ့” စကားမဆုံးခင်မှာဘဲ “ဘိုးတော်တက်မယ်နောက်လူတွေကျန်သေးတယ်” ဌက်ဆိုးထိုးသံနဲ့တူတဲ့ ၀န်ထမ်းမြင့်ဝေ အသံကိုကြားလိုက်ရသည် “ကဲခေါ်နေပြီဗျာ နောက်နေ့မှဆက်သြ၀ါဒပေးတော့မယ်ဗျိုး” စကားဖြတ်ပြီးထလိုက်တော့ အခန်းထည်းက ကိုဌေးလွင်က “မိန်းမ မကောင်းကြောင်းပြောဘိုဆို နောက်နေ့လည်းလာမနေပါနဲံဗျာ”လို့လှမ်းပြောလိုက်သည် သူတို့အားလုံး ဖားကူး အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ်ကလူငယ်တွေဖြစ်ပြီး တညင်ဗုံးခွဲမှုမှာ မဆိုင်ဘဲနဲ့ မတရားအဖမ်းခံထားရသူများဘဲဖြစ်ပါတယ် အခန်း ၃ ရှေ့လည်းဖြတ်လျှောက်ကော “မောင်ဇော်ထွန်းလာပါဦးကွ” မမျော်လင့်ဘဲခေါ်သံကြောင့် အခန်းနံပါတ် ၃ ရှေ့မှာလှမ်းနေဆဲခြေလှမ်းတို့ကို ၇ပ်လိုက်မိတယ် ထူထည်းသောမျက်မှန်အောက်က စူးရှတဲ့မျက်လုံးတစုံ ပေါက်မြဲနေတဲ့ စွတ်ကျယ်လက်ပြတ်နှင့်အတူ အနီအနက်ကွက် ဘောင်းဘီလက်တို ပွပွ ကြီးကိုဝတ်လျှက် ကျတော့်ကိုသံတိုင်ကြားက သူလှမ်းခေါ်နေသည်။ ကျတော်က “ အန်ကယ်ဘာပြောစရာရှီလို့လည်းပြောလေ” ”အေး ပြောမလိုလှမ်းခေါ်တာလေ မိန်းမ မကောင်းကြောင်းပြောနေရအောင် မင်းအမေက မိန်းမ မဟုတ်ဘူးလား” “ဗျာ” ဒီလိုနေရာမှာ ဒီလိုလေသံနဲ့ ကျတော့်ကိုဘယ်သူမှပြောမယ့်သူမရှိလို့ထင်ထားခဲ့ဘူးသည်။ ပထမတော့ပြန်ပြောမလို့ပါဘဲ ဒါပေမယ့် သူကိုယ့်ထက်အများကြီးကြီးတဲ့ လူကြီးတယောက်ပါလားဆိုတဲ့အသိနဲ့ အတတ်နိုင်ဆုံး စကားကိုချိုသာစွာ ပြန်ပြောလိုက်တယ် “မဟုတ်ပါဘူး အန်ကယ်ရာ ကျတော်အေးလှိုင်တို့ ကိုကျော်ဆန်းတို့ကို မာန်လည်ဆရာတော်ဘုရားကြီးရဲ့ စာအုပ်အကြောင်းပြောပြနေတာပါ ” “ဟ ဘုန်းကြီးပါဆိုမှ မိန်းမအကြောင်းဘာသိမှာလည်းကွ မိန်းမတွေအကြောင်းမသိခင်ထည်းက ဘုန်းကြီးဖြစ်နေတာပါဆို သူ့အမေအကြောင်းတောင် သူသိချင်မှ သိမှာ မိခင်ကျေးဇူးဆိုတာ အလွန်ကြီးမားတာ မြတ်စွာဘုရားရှင်တောင်မှ နို့တလုံးဘဲကျေခဲ့တာ” ဘိုးတော်တက်မယ်ဆို စကားပြောနေပြန်ပြီ ”အရေးထည်း ၀န်ထမ်းက ပူနေသေးတယ် အခန်းတံခါးပိတ်တော့မှာမို့ စိတ်ထည်းက မကျေနပ်သော်လည်းသူ့ကိုပြန်ပြောဘို့အချိန်မရတော့လို့မ ကျေနပ်စိတ်ကို မြိုသိပ်လျှက် အခန်းဘက်ကိုလျှောက်လာခဲ့သည်။
သူ့ရဲ့တက္ကသိုလ်ကျောင်းသားဘ၀ ဖြတ်သန်းမှုကိုလည်း တမ်းတလွမ်းဆွတ်စွာ ဖြင့် တသသ ပြောပြခဲ့သည် “ အဘက တက္ကသိုလ်မှာ ၇ နှစ်နေခဲ့တာကွ စာညံ့လို့စာမေးပွဲ ရှုံးလို့ မဟုတ်ဘူး တမင်တကာ မဖြေဘဲနေခဲ့တာ ကျောင်းသားဘ၀ကို သံယောဇဉ် ရှိတယ် ဟိုတုန်းက ကျောင်းသားကိုးကွ ငယ်ငယ်တုန်းကဆို မင်းတို့လိုဘဲ အရမ်းတက်ကြွတယ် ဗကသ ရွေးကောက်ပွဲ နီးပီဟေ့ဆို DSO တွေနဲ့ အပြိုင်မဲဆွယ်ရတာ အရမ်းပျော် ဒီလိုပျော်နိုင်ဘို့အတွက် စာမေးပွဲ မဖြေဘဲနေခဲ့တာကွ
၆၂ ကျောင်းသားသမဂ ကြီးဖြိုတဲ့နေ့ကဆို အဘကျောင်းထည်းမှာ ရှိနေတယ် မနက်အစောကြီး “၀ုန်း” ဆိုတဲ့အသံကြီးကြားလိုက်ရတယ် အဘတို့အားလုံးအဆောင်ပေါ်က မဆင်းကြဘူး အပေါက်ဝမှာ ပြူတစ်ပြူတစ် နဲ့ပေါ့ သူရဲ့ ဇူလှိုင် ၇ ရက် အတွေ့အကြုံကိုလည်းပြောပြခဲ့ဘုးသည် သူကဆက်၍ “ ခုမှ နေ၀င်းနဲ့အောင်ကြီး ဟိုလု့လွဲချ ဒီလူ့ဘော်လီဘောပုတ်နဲ့ ၃ ယောက်စလုံးတာဝန်ရှီတယ် တယောက်လုပ်တာ တယောက် မသိဘူးဆိုတာ အလကားပြောတာကွ အဲအချိန်က နေ၀င်းက နံပါတ်တစ် အောင်ကြီးက နံပါတ် နှစ် ခေါင်းဆောင်တွေလေ အခုကျမှ မရှီတော့တဲ့ကျော်စိုး ကိုအပြစ်ပုံချနေကြတယ် ။
NLD အကွဲအြ့ပဲနှင့်ပတ်သက်၍ လည်း “ဗိုလ်အောင်ကြီးတို့ လူစုက NLD ထည်းမှာ ကွန်မြူနစ်တွေ စိမ့်ဝင်နေတယ်ဆိုပြီး ငါ့ကိုတိုက်တယ်ကွ ဒေါ်စုက မလုပ်ပါနဲ့ အတင်းတားနေတဲ့ကြားက မဲခွဲလိုက်တော့ ( ၁၂ ) မဲ ) ( ၂၇ ) မဲနဲ့သူုတို့ ရှုံးသွားတယ် သူတို့ထည်းက တစ်မဲက ဦးကြည်မောင်လေ ဗိုလ်အောင်ကြီးတို့ ခွဲထွက်သွားတော့ NLD မှာ ဦးကြည်မောင်ကျန်ခဲ့တာပေါ့” NLD ထိပ်တန်းသတင်းများပေါက်ကြားမှုနှင့်ပတ်သက်၍ လည်း “CEC အစည်းအဝေးက ဒေါ်စုအိမ်မှာလုပ်တာကွ အစည်းဝေးကိုနေ့ခင်းဘက်လုပ်တယ် ညနေကျရင် ထောက်လှမ်းရေးက သိသွားရော ဒေါ်စုဆိုရင်လေ ဆွေ့ဆွေ့ကိုခုန်နေတာဘဲ အန်ကယ်တို့ ဘယ်လိုဖြစ်ကြတာတုန်း ဘယ်လိုဖြစ်ကြတာတုန်း နဲ့ ပေါ့ ။
သူနဲ့ကျွန်တော် ၁၉၉၄ မှာ ကွဲကွာသွားခဲ့ကြသည် သူက သီးသန့်ထောင်ကိုပြောင်းသွားခဲ့လို့ဘဲဖြစ်ပါသည် သို့သော်မကြာလိုက် တနှစ်ခန့်အကြာ ကျတော်တို့နောက်တမှုထပ်ဖြစ်တော့ သူ့ကိုပါဝင်ပတ်သက်မှုနဲ့ တိုက်ထည်းပြန်ခေါ်လာခဲ့သည် ။ သူက စိတ်ဆိုးစွာဖြင့် ကျတော့် အခန်းရှေ့ (တိုက် ၆ အခန်းနံပါတ် ၉) မှာလာပြောခဲ့သည် “ အဘဟာ အဘ သီသန့်ထောင်မှာ အေးအေးဆေးဆေးနဲ့ နတ်ပြည်ရောက်သလိုနေနေရတာ ဇော်ထွန်းတို့ ဇော်မင်းတို့ ကျော်ဝင်းသိန်းတို့ ဒုခပေးလိုက်တာ ငရဲပြည်ပြန်ရောက်လာခဲံ့ရတယ် ” ကျတော်လည်း စိတ်ဆိုးပြီး “အန်ကယ်ကြီးက ငရဲပြည်တို့ နတ်ပြည်တို့ ယုံလား ” ဟုမေးရာ ကျတော်စိတ်ဆိုးနေမှန်းသိ၍ သူဘာမှမပြောတော့ဘဲ တဟဲဟဲ ရယ်လျှက် အခန်းရှေ့မှ ထွက်သွားခဲံ့သည် ။
သူ့ကံကြမ္မာကိုလည်း သူကြိုသိနေဟန်ရှိသည် နေ့ခင်းဘက် ရေချိုးချချိန် (၁၅)မိနစ်ကို သူ ရေအမြန်ချိုး၍ ဖြစ်စေေ၇မချိုးဘဲဖြစ်စေ ကျတော့်အခန်းရှေ့မှာ စကားလာပြောလေ့ရှိသည် “ အဘကို ထောင် ၁၈ နှစ်ချထားတာ ဘယ်တော့မှ လွတ်မှာလည်းမသိဘူး ပြည့်ရင်တောင်မှ လွတ်ချင်မှ လွတ်ဦးမှာ ဦးဝင်းတင်ကိုတောင်မှ လွတ်ခါနီး မလွှတ်ချင်လို့ ထောင်ထပ်ချထားတာ ကွ ငါ့ကိုလည်း တော်တော်ကြောက်ကြတယ် သေမှလွှတ်မယ်ဘဲထင်ပါတယ်ကွာ အဲဒီတော့ မင်းကို အဘ လုပ်ခဲ့တာတွေ ပြောပြခဲ့မယ် သိချင်တာတွေလည်မေးပေါ့ ဘာမှ အားမနာနဲ့ နောင်ကိုသမိုင်းစာမျက်နှာပေါ်မှာေ၇းမယ်ဆိုလည်း ရေးလို့ရတာပေါ့ အဖြစ်မှန်တွေကို ကြုံတဲ့သူတွေကိုလည်း ပြောပြလို့ရတယ် ”
တနေ့တွင် သူ့အဖမ်းခံ၇ပုံကို သတိတယ ပြောပြခဲ့ပြန်ပါသည် ။ “ အဘကို ၀ရမ်းထုတ်ထားတာ အဘက မသိဘူး ဖမ်းတော့မယ်ဆိုတာ တော့သိနေတာပေါ့ အဲတော့အဘက အဘ အသိမိတ်ဆွေတွေ အိမ်မှာ လှည့်ပတ်ရှောင်နေတာပေါ့ နောက်တော့ TV ကနေ PC လုပ် ပြီးထည့်ပြောတယ် လေ “ဟိုတယောက်တော့ ထွက်ပြေးနေရပြိလေ တင်ရွှေ ဆိုတဲ့လူပေါ့ အခုတော့ ၀ရမ်းပြေးဖြစ်နေပြီလေ ” လို့ပြောမှဘဲ အဘကို ၀ရမ်းထုတ်ထားတာ သိတယ် အဲဒီတော့မှ အဘမိတ်ဆွေအိမ်ကနေ ထောက်လှမ်းေ၇းကိုဖုန်းဆက်ပြီး မ.၀.တ ရုံးမှာ သွားပြီးအဖမ်းခံလိုက်တာ အဘက ဥပဒေသမားဆိုတော့ ဥပဒေ အတိုင်းဖြေရှင်းမယ်ပေါ့ အခုလို ဥပဒေမဲ့ နှစ်အကြာကြီး ထောင်ချမယ်ဆိုတာ သိခဲံ့  ရင် ဘယ်အဖမ်းခံပါ့မလည်း ” ဟုလည်းပြောပြခဲ့သည် ။ သူ့မျက်ဝန်းထည်းနောင်တ အနည်းငယ်ရနေဟန်ကိုတွေ့နေခဲံ့ ရသည် ။
“အဘက ၈၈ မတိုင်ခင်ထည်းက နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေကို အခမဲ့ ရှေ့နေလိုက်ပေးခဲ့တာကွ ကြုံလို့ရှိရင်မေးကြည့်ပေါ့ ပြီးတော့ပြောရဦးမယ် NCG ဆိုတာ အဘလုပ်ခဲ့တာလေ ဂနွီ ညီလာခံ မလုပ်ခင် န.၀.တ က ကပ်ပြီးတော့ ( ၁/၉၀ )ကိုထုတ်လိုက်တယ် ဂနွီလည်းပြီးရော ဒေါက်တာစိန်ဝင်းတို့လို့ အမတ်တချို့ တွေနဲ့တိုင်ပင်ပြီး အဘက အကြံပေးခဲ့တယ် အဘတို့က ဥပဒေ ပညာရှင်ဆိုတော့ ဥပဒေကိုနားလည်တယ်လေ ၁/၉၀ မှာကကိုယ့်သဘောနဲ့ကိုယ် လွတ်တော်မခေါ်ရဘူး သူတို့ခေါ်ပေးမယ်လို့ဘဲပါတယ် အဲဒီတော့ အဘက အကြံပေးတယ် ၁/၉၀ မှာ လွှတ်တော်မခေါ်ရဘူးလို့ဘဲပါတယ် အစိုးရမဖွဲ့၇ဘူးလို့မပါဘူး အဲဒီတော့ မနွလေးကို စင်ပြိုင်အစိုးရဖွဲ့ဘို့ အမတ်တချို့ကိုခေါ်ပြီး NCG ဆိုတာကို ဖွဲ့ခဲ့တာကွ ” ဒီတခါတော့ သူ့မျက်ဝန်းထည်းမှာ သူလုပ်ခဲ့သမျှအတွက် ကျေနပ်အားရနေမှုကိုတွေ့လိုက်ရသည် ။
“ပတ္တနိတ္တုဇျွှန ကံဆောင်ဖို့ မနွလေးမှာ အဘကိုယ်တိုင်လုပ်ခဲ့တာကွ ဘုန်းကြီးကျောင်းတွေမှာ တကျောင်းပြီးတကျောင်းလက်မှတ်ထိုးခဲ့ရတယ် ။ မင်းတို့ ရန်ကုန်က ကျောင်းသားတွေ သမိုင်းအမှန်ကို မသိမှာစိုးလို့ ” ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် စကားတခွန်းကိုမှာခဲ့သည် “ ဒေါ်စုနဲ့တွေ့တဲ့အခါ စကားလေးတခွန်းကို ဆက်ဆက်ပြောလိုက်ပါနော် အဘက သူနဲ့တွေ့ချင်မှ တွေ့ရတော့မှာလေ ” ( သူ့မျက်ဝန်းထည်းမှာတော့ ကြေကွဲနေဟန်ကိုအတိုင်းသားမြင်နေခဲ့၇သည် )
သူကျွှန်တော့ကို ၃ ကြိမ်ထက်မနဲ့ပြောခဲ့တာကတော့ “ဒီမိုကရေစီ၇ပြီးရင်တော့ နိုင်ငံရေးမလုပ်တော့ဘူးကွယ် အဘ အေးအေးဆေးဆေး စာရေးပြီး မိသားစုနဲ့ပျော်ပျော် ရွှင်ရွှင်နေတော့မယ်လေ ” “ အန်ကယ်က စာရေးလို့လား ” “ ဟရေးတာပေါ့ကွ ချူအင်လိုင်းတို့လို့ တရုပ်ပြည်က ခေါင်းဆောင်တွေအကြောင်း ဘာသာပြန်ရေးဘူးတယ် မောင်တင်ရွှေ ဆိုတဲ့နံမယ်နဲ့ပေါ့ ဦးတင်ရွှေ (မုံရွာ) ဆိုတဲ့နံမယ်နဲ့လည်း ဥပဒေ စာအုပ်တွေ ရေးဘူးတယ်လေ ” သူက ဦးတင်ရွှေ ဆိုတဲ့နံမယ် ဖြစ်လာပုံကိုလည်း ပြောပြခဲ့သေးသည် “ငယ်ငယ်တုန်းကတော့ အဘနံမယ် မောင်ရွှေပေါ့ တောဆိုတော့ အမျိုးတွေက ငရွှေ လို့ဘဲခေါ်ကြတယ် တောမှာက မင်းတို့ရန်ကုန်ကလူတွေလို့ နံမယ်လှလှ တွေပေးဘို့သတိမယ ကြဘူး ။ နောက်တက္ကသိုလ်ရောက်မှ မောင်တင်ရွှေ ဆိုပြီးဖြစ်လာတာ ” “ အန်ကယ်က တခြားစာတွေကောရေးသေးလား” ”“ ဟိုတုန်းကရေးတာပေါ့ မဂဇင်းတွေထည်းမှာ အပြန်အလှန် ငြင်းကြ ခုန်ကြ တာတွေရေးတယ် အဲလိုရေးတာ ပျော်ဘို့လည်းကောင်းတယ် ပြီးတော့ ကိုးကားဘို့ဆိုပြီး စာတွေလည်းအများကြီးဖတ်ဖြစ်တယ် အခုခောတ်လို့ ပုဂိုလ်ရေးတိုက်ခိုက်တာ မဆဲရုံတမယ် ရိုင်းရိုင်း ရေးတာမျိုးလည်းမရှိဘူး အယူအဆ အပေါ် ဆွေးနွေး ငြင်းခုံတာမျိုးဘဲ ရှိတယ်”
သူနဲ့ကျွန်တော် စကားပြောဖြစ်ခဲ့သော နောက်ဆုံးနေ့ကိုတော့ အမြဲတန်းသတိယနေမိမှာသေချာပါသည် “ မောင်ဇော်ထွန်းရေ ပြီးရင် ခနလာခဲ့ပါဦးကွယ် ” သူ့အခန်းထည်းကနေလှမ်းခေါ်တာဘဲဖြစ်ပါတယ် “ဟုတ်ကဲ့လာခဲ့မယ်အန်ကယ် ” ရေချိုးချိန် ၁၅ မိနစ်ကို ၂မိနစ်လောက်ဘဲချိုးပြီး လမ်းလျှောက်၇င်းမျက်နှာသုတ်ပုဝါဖြစ်ေ၇သုတ်လျှက် သူ့အခန်းရှေ့ကိုရှောက်ခဲ့သည် သူ့အခန်းနံပါတ်က ၆ ။ သူစကားစလာခဲ့သည် “အဘ တို့ ဗမာပြည်အတွက် လုပ်နိုင်သလောက်လုပ်ခဲ့ပြီးပြီ မင်းတို့ကျောင်းသားတွေလည်း တာဝန်ကျေသင့်သလောက်ကျေခဲ့တယ် ပြည်သူတွေကတော့ တာဝန်ကျေခဲ့တယ်လို့ပြောရမယ် မဲံပေးတာတောင် ကြောက်ကြောက်လန့်လန့်ပေ မယ့် NlD ကိုမဲပေးခဲ့တာကွ NLD ကတော့တာဝန်မကျေသေးဘူး အဓိက ကတော့ NLD မှာ မ၀ံ့ မရဲ လုပ်တဲ့သူတွေ ကြီးစိုးနေတော့ ဒေါ်စု NLD ပါနံမယ်ပျက်ခဲ့ရတယ် ။ အဲဒီတော့ မင်းတို့လူငယ်တွေ NLD မှာလိုအပ်တယ် မင်းအပြင်ရောက်ရင် NLD ကို ၀င်ပြီး ဒေါ်စုကို ၀န်းရံစေချင်တယ် နိုင်ငံရေးကိုဆက်လုပ်စေချင်တယ် ” သူ့အိပ်ယာပေါ်မှာ ဘယ်ဘက်ခြေထောက်ပေါ်ညာဘက်ခြေထောက်ကိုတင်ပြီး တင်မလ္လင်ခွေထိုင်လျှက်က အဆက်အစပ်မရှီပြောလိုက်သောစကားကြောင့် ကျွန်တော်အလွန်အံ့ သြသွားခဲ့သည် “ ကျွန်တော် ပါတီနိုင်ငံရေးမလုပ်ချင်ဘူး အန်ကယ်ကြီး ” သူက “ ပါတီ နိုင်ငံရေးတို့ အမျိုးသားနိုင်ငံရေးတို့ဆိုတာ န၀တ ကခွဲပြီးပြောနေတာကွ တကယ်တော့အဲဒါတွေမရှိဘူး နိုင်ငံရေးဆိုနိုင်ငံကောင်းဘို့လုပ်တာ နိုင်ငံရေးတမျိုးထည်းရှိတယ် ” “ကျတော်နိုင်ငံရေးမလုပ်ဘူးအန်ကယ်” ဘာ...ဘာပြောတယ်ကွ ” သူထိုင်နေရာက ၀ုန်းကနဲထလာသည် ကျတော်လန့်သွားခဲ့ပြီးနောက်ကိုတောင်ခြေလှမ်းတွေ ဆုတ်လိုက်မိသည် ပုံစံအကျီင်္အဖြူနှင့် ဘောင်းဘီလက်တို အပြာကွက်ကြီး ၀တ်လျှက် တင်းမာသောမျက်နှာသွင်ပြင်ကိုယခုတိုင်မြင်သေးသည် ။ သူဒေါသတကြီးဖြစ် “ မင်းက နိုင်ငံရေးမလုပ်လို့ ခုဘာလုပ်နေတာလည်းကွ ” သူနဲံကျွန်တော် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းပြောနေကျ ဒီစကားတခွန်းလောက်နဲ့  သူဒီလောက်ဒေါသ ထွက်စရာ မလိုဟုထင်မိသည် စကားဆက်ပြောဘို့လည်း နဲနဲတွန့်သွားခဲ့သည် သို့သော် အယူအဆနဲ့ပတ်သက်ရင် ဘယ်သူ့ကိုမှ လျှော့မပေးချင်။ “ ကျတော်နိုင်ငံရေးမလုပ်ဘူး အန်ကယ် တော်လှန်ရေးလုပ်နေတာပါ ” “ နေပါဦးကွ တော်လှန်ရေးနဲ့ နိုင်ငံရေးက ဘာကွာလို့လည်း အတူတူဘဲမဟုတ်ဘူးလား ဘာကွာလည်းငါ့ကိုပြောစမ်း ”“ကျွန်တော်ကတော့မတူဘူးထင်တယ်အန်ကယ် နိုင်ငံရေးဆိုတာ လူတဦး လူတစု လူတန်းစားတရပ် ကောင်းစားဘို့အတွက်လုပ်နေတာလို့ထင်ပါတယ် တော်လှန်ရေးဆိုတာကတော့ လုူတွေအားလုံးတိုးတက်ကောင်းစားဘို့ အတွက် ဟောင်းနွမ်းပြီး ခောတ်မမှီတော့တဲ့ အရာတွေရဲ့နေရာမှာ ခောတ်မှီ သစ်လွင်တဲ့ အရာတွေနဲ့ အစားထိုးလိုက်တာဟာ တော်လှန်ရေးဘဲ ပြီးတော့ နိုင်ငံရေးသမားတွေက ပုဂိုလ်စွဲ ပါတီစွဲ ၀ါဒစွဲတွေနဲ့အတ္တကြီးလွန်းကြတယ်လေ ”“ ဟလုဘဲကွ အတ္တရှိမှာပေါ့ ”“ဟုတ်ပါတယ် ဒါပေမယ့် နိုင်ငံရေးသမားဆိုတဲ့သူတွေက အတ္တကြီးလွန်းပြီး တော်လှန်ရေးသမားဆိုတဲ့ သူတွေက အတ္တနည်းတယ်လို့ ဆိုလိုချင်တာပါ ” သူအနည်းငယ်တွေဝေသွားသည် ခဏကြာတော့မှ “ အေး ငါစဥင်္းစားလိုက်ဦးမယ် ” ဟုပြောလျှက် လှည့်ထွက်သွားခဲ့သည် ။
ထိုနေ့မှ စပြီး သူကျွန်တော့ကို စကားမပြောဖြစ်တော့ပါ ၃ ရက်အကြာမှာတော့ သူ့ကို အထူးတိုက်သို့ပြောင်းရွှေလိုက်သည် သူနဲ့ကျွန်တော့အကြား နိုင်ငံရေးနှင့်တော်လှန်ရေး ထပ်တူညီခြင်း ရှိမရှိနဲ့အဓိပါယ်သတ်မှတ်ချက်အငြင်းပွားမှု မပြီးပြတ်ခဲ့ပါ။
သူ့ကိုနောက်ဆုံးတွေ့လိုက်ရတာကတော့ စနေတနေ့ ကျတော် ထောင်ဝင်စာတွေ့ပြီးအပြန် သူ့ကို ရိက္ခာ ဂိုဒေါင်ရှေ့မှာ လှမ်းတွေ့လိုက်၇သည် ကျွန်တော်တို့ ရှိနေလို့ ၀န်ထမ်းက သူ့ကို ရိက္ခာ ဂိုဒေါင်ရှေ့တွင် စောင့်ခိုင်းထားတာဖြစ်ပါသည် သူခေါင်းစွတ်ကို မလျှက် လက်လှမ်းပြသည် ။ ပြီးတော့ ကိုမိုးဝင်းနှင့် စကားလှမ်းပြောနေသည် ကိုမိုးဝင်းက “ဦးတင်ရွှေ နေကောင်းလား”ဟုမေးသံကိုကြားလိုက်ရလျှက် “ကျမ်းမာရေးမကောင်းဘူးဗျာ” ဟု ပြန်ဖြေသံကိုလည်းကြားလိုက်ရသည် နောက်တပတ်လောက်အကြာမှာတော့ သူ့ဆုံးသွားပြီဟု သူ့ယောက်ဖ ကိုဝင်းနိုင်က သတင်းပို့ပေးခဲ့သည် ။ တဆက်ထည်းပင် သူ့ကိုရောဂါပြင်းထန်နေချိန်ဆေးရုံမပို့ခဲ့ဘဲ သေပြီးမှ ဆေး၇ုံသို့ထုတ်ခဲ့သည် ဟုလည်းကြားခဲ့သည် စစ်အစိုးရ ရဲ့ မတရားသော ဥပဒေများအောက်မှာ အနီရောင် မဟုတ်သော ပန်းရောင်ရင့်ရင့် လေးတပွင့် ကြွေလွှင့်သွားခဲ့ရပြန်ပါပြီ ။
လူသေသော်လည်း နာမည်မသေသည့် မုံ့ရွာ ဦးတင်ရွှေ( မနွလေးတိုင်း တိုင်း/စီး) တယောက် သူမယုံကြည်သော နတ်ပြည် သို့မဟုတ် ကောင်းကင်ဘုံ မှာ ထာ၀၇ပျော်ရွှင်နိုင်ပါစေဟု ဆနွပြုလျှက်
ဇော်ထွန်း (ဗကသ)
စာပါအချက်လက်အားလုံးအတွက်တာဝန်ယူပါသည်
No comments:
Post a Comment