Sunday, October 18, 2009

မြန်မာစာ နဲ့ ကလေးငယ်တွေရဲံ့အနာဂတ်

Photobucket


ပြီးခဲ့တဲ့ တပတ်လောက်က သူငယ်ချင်းကောင်မလေးတယောက်နဲ့ ရုပ်ရှင်တကားကြည့်ဖြစ်ခဲ့သည် ကျတော်ကြည့်ချင်လွန်းလို့ သူ့ကိုအတင်းခေါ်တော့ မလိုက်ချင်လိုက်ချင်နဲ့ သူလိုက်ပို့ခဲ့သည်
ပြီးတော့ အံ့သြစွာ မှတ်ချက်တခုလည်းပေးသွားခဲ့သည်
ဖင်လန်စကားကို ဖင်လန်လို့ ဘာသာပြန်ပေး၇တာ နင်တယောက်ထည်းတွေ့ဘူးသေးတယ်တဲ့
--------
စစ်တွေ စစ်တွေ ဖြစ်လိုက်တဲ့စစ်တွေ
ဘယ်တော့မှာလည်းပြီးမှာမဟုတ် ငယ်ငယ်ကတော့ ဖတ်ခဲ့ဘူးတာလေးရှိသည် လူမှန်ရင် အချစ်နဲ့မကင်းနိုင်သလို့ တိုင်းပြည်မှာလည်း စစ်နဲ့မကင်းနိုင်ဘူးတဲ့
လောဘကြောင့်ဖြစ်တဲ့စစ် ဒေါသကြောင့်ဖြစ်တဲ့စစ် အချစ်ကြောင့်ဖြစ်တဲ့စစ် အမုန်းကြောင့်ဖြစ်တဲ့စစ်
ဘာကြောင့်ဘဲဖြစ်ဖြစ် စစ်ဖြစ်လာပြီဆိုတာနဲ့ သေလိုက်တဲ့ပြည်သူတွေေ၇ာက်လိုက်တဲ့ ဒုခ
စစ်စည်းကမ်း စစ်ဥပဒေဆိုတာလည်း စာအုပ်ထည်းမှာဘဲ ရှိပုံရသည်တကယ်ဖြစ်လာတော့ လိုက်နာသူ တော်တော် ရှားသည် အမျိုးသမီးနဲ့ခလေးတွေက အဆိုးဆုံးခံခဲ့ရသည်
----------
အချိန်က ၁၉၃၉
နာဇီ ဂျာမဏီက ပိုလန်ကို စစ်မကြေညှာဘဲ ရုတ်တရက် ၀င်တိုက်ခဲ့သလို ဥရောပ ကိုလည်းချိမ်းချောက်လာခဲ့သည် နာဇီရန်ကို ကာကွယ်ပါသည်ဆိုသော နယ်ချဲ့ရုရှားကလည်းအချောင်သမားစိတ်ဓါတ်ဖြင့် နီးစပ်ရာတွေကို ၀င်သိမ်းသည် နယ်နမိတ်ခြင်းထိစပ်နေသော ဖင်လန်ကို လည်းအလစ်မပေး ဘဲ ၀င်တိုက်ခဲ့သည် ဖင်လန်တနိုင်ငံလုံးလူဦးရေကလည်းလီနင်ဂယက် တမြို့စာတောင်မရှိ ။ ဖင်လန်လူမျိုးတို့ ရရာလက်နက်ကိုင်ြ့ပီး နယ်ချဲ့ရုရှားကို ခုခံခဲ့ကြရသည် ကျူးကျော်စစ်နှင့်ခုခံစစ်တို့ တိုက်ပွဲကားပြင်းထန်လှ၏
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုကာကွယ်ရမယ် ဟူသော စိတ်ဓါတ်ဖြင့် အရွယ်ရောက်ပြီး ယောက်ကျားမှန်သမျှတို့ စစ်ကိုတိုက်ခဲ့ရသလို မိန်းမ မှန်သမျှလည်း ရီက္ခာအတွက်သာမက စစ်ပွဲအတွက် လိုအပ်သော လက်လုပ်လက်နှက်ခဲ့ယမ်းများ ကျဉ်ဆံများ ထုတ်လုပ်ခဲ့သည်
ပြသနာက ခလေးတွေ ကိုကြည့်ရှုစောင့်ရှောက်ဘို့အချိန်မရှိ ရုရှားအမျိုးယုတ်တို့ကလည်း ခလေးမှန်သမျှ အကုန် သတ်ခဲ့ကြသည် ပိုလန်နဲ့ ၈ျာမဏီမှာ တပ်နီက အဆောက်အဦမှန်သမျှ ဖျက်စီးယုံမျမက မိန်းမ မှန်သမျှကို မုဒိန်းကျင့်ခဲ့ကြသည် စစ်ပွဲပြီးတော့ ရုရှားမှာ ပြောစမှတ်စကားတခုကျန်ခဲ့သည်
ငါတို့ရုရှားတွေ ဂျာမဏီမှာ ခလေး ၂ သန်းထားခဲ့တယ်ဟု ဂျာမဏီအမျိုးသမီး ၂ သန်းကို လူမဆန်စွာ မုဒိန်းကျင့်ခဲ့မှုအား ရီစရာအဖြစ်ပြောခဲ့ကြသည်
အဓိက ပြသနာတခုဖြစ်လာခဲ့သည်မှာ ကလေးတွေဘဲဖြစ်သည် မိဘတွေက စစ်ပွဲကြောင့်ကလေးတွေကို လုံးဝလှည့်မကြည့်နိုင် သလို ရုရှားခွေးတွေကကလေးလူကြီးအကုန် သတ်နေတော့ ဘာလုပ်ရမလည်းစဉ်းစားခဲံ့ကြသည် နောက်ဆုံးအဖြေတခု ကို ရှာတွေ့ခဲ့ကြသည်ကလေးများကို စစ်မဲ့ကင်းစင်ရာဖြစ်သော ဆွီဒင်နိုင်ငံသို့ ပို့ဆောင်ထားရေး--
ဒီဆုံးဖြတ်ချက်နဲ့အတူ အသက် ၄ နှစ်မှ ၁၄ နှစ်အတွင်း ကလေးငယ်ပေါင်း ၇၀၀၀ ကို ဆွီဒင်နိုင်ငံသို့ ပို့ဆောင်ခဲ့သည် ၁၉၄၅ စစ်ကြီးပြီးတော့ ခလေးတွေကို မိဘတွေက ပြန်ခေါ်ကြတော့ ခလေးတွေ ပြန်မလာကြတော့ ဆွီဒင်ကို ရောက်ခဲ့သည့် ခလေးငယ် ၇၀၀၀ အနက် ခလေးငယ် ၅၀၀ သာ ပြန်လာခဲ့ကြသည် ၁၉၇၀ ကျော်မှာ ဆွီဒင်နိုင်ငံမှာ ကြီးပျင်းခဲ့သည့် ဖင်လန်ခလေးငယ်များ ကို တွေ့ဆုံအင်တာဗျူးလုပ်ခဲ့ကြသည် ဘာဖြစ်လို့ စစ်ကြီးအပြီး ဖင်လန်နိုင်ငံကို ပြန်မလာတာလည်းလို့မေးတော့ ခလေးငယ်တွေက (မေးတဲ့အချိန်မှာတော့ လူကြီးပိုင်းတွေရောက်နေခဲ့ပြိ) ကျတော်တို့ မိဘတွေကို မမှတ်မိတော့ဘူး နောက် ဖင်လန်စာ ဖင်လန်စကားကိုလည်း ဘာမှမသိတော့ဘူး ဖင်လန်ကို ပြန်သွားခဲ့ရင် အကုန်အစက ပြန်စရမှာရယ် စစ်ကြီးအတွင်း သံယောဇဉ်တွယ်ခဲ့တဲ့ ဆွီဒင် မိဘတွေကို မခွဲနိုင်တော့တာရယ်ကြောင့် မပြန်ဖြစ်တော့တာပါဟုသူတို့ဖြေခဲ့ကြသည် ရုပ်ရှင်လေးက ဒီလောက်ပါဘဲ
ရုပ်ရှင်ကြည့်ပြီးတော့ အတွေးတွေ တသီတတန်းကြီးပါလာခဲသည်
ပြည်တွင်းစစ်ဒဏ်ကြောင့် ဖိနှီပ်သူအာဏာရူး စစ်အစိုးရကြောင့် ကမ္ဘာအနှံ့ မြန်မာကလေးငယ်တွေ ပြန့်ကျဲနေခဲ့ကြသည် မှာ ထောင်ဂဏန်း မကလောက်ပါသူတို့ အနာဂတ်ကို တွေးကြည့်နေမိသည်
သူတို့ကော ဗမာပြည်ကို (ဒီမိုကရေစီ အစိုးရ တက်လာခဲံရင် ) ပြန်လာကြဦးမှာလား သူတို့သည် မြန်မာစာကို လုံးဝနီးပါးမတတ်ပါအိမ်မှာနေရင်းပြောနေ သုံးစွဲနေကြစကားတချို့ကိုမူ အနဲအကျဉ်းတတ်ပါလိမ့်မည် သို့သော်သိတာသည် ဘာမှမဟုတ်ပါ တချို့နိုင်ငံတွေ မှာ ဗမာစာ ကျောင်းတွေ သင်ပေးနေသည်ဟု သိရပါသည် သို့သော်သူတို့သင်တာသည် ဗမာပြည်က စာအုပ် မှာပြီး
မမ၀၀ ထထက လောက်ဘဲသင်ပေးနေပါသည် သင်သူကိုယ်တိုင်ကလည်း ပညာသင်ကြားရေးစံနစ်ကိုနားမလည်မတတ်ကျွမ်းသလို့ သူတို့ကိုယ်တိုင်လည်း မြန်မာ စာ ကျွမ်းကျင်သူများမဟုတ်ကြပါ တချို့ဆို နာမည်ကောင်းလိုချင်လို့သာ စာသင်နေကြသည် ဗမာပြည်မှာ ၆ တန်းလောက်နေဘူးသူများသာဖြစ်ပါသည်မှာ ခလေးငယ်များအတွက် ရင်လေးစရာဖြစ်နေပါသည်
ကလေးငယ်များ အနာဂတ်နှင့်ပတ်သက်ပြီး နီးစပ်ရာခလေးငယ်လေးများကို မေးကြည့်ဘူးတော့
ဗမာပြည်ဆိုတာ သိလည်းမသိဘူး ပြန်လည်းမပြန်တော့ပါဘူး ဟု သူတို့ခံစားချက်ကိုပြောပြပါသည်
နင်တို့မိဘတွေပြန်ရင်ကောလိုက်မှာလားဆိုတော့ သူတို့က ဘယ်တော့ပြန်မှာလည်း လို့ပြန်မေးပါသည်
ဟုတ်တော့ဟုတ်ပါသည်
ဗမာပြည် ဒီမိုကရေစီတိုက်ပွဲကား ဘယ်လောက်ကြာဦးမည်မသိ ဗမာပြည် အခြေနေကောင်းလို့ ပြန်ခွင့်ရှိတဲ့အချိန်မှာ သူတို့ ဘယ်အရွယ်တွေရောက်နေပြီလည်းမသိနိုင် နိုင်ငံတကာမှ သူတို့သင်ယူထားသော ပညာတွေ ဗမာပြည်မှာ ချက်ချင်းသုံးလို့ရနိုင်မည်မထင် ဗမာပြည်ပြန်လည်ထူတောင်ရေးကြားမှာ သူတို့ ဘယ်လောက်စိတ်ညစ်ကြမည်နည်း စကာစပ်မိလို့ မနှစ်က နေ့ခလေးထိန်းကျောင်းတကျောင်းမှ လုပ်အားပေးသွားခဲံသည် ကျောင်းအုပ်ဆရာမကြီးက အသက် ၄ နှစ်မှ ၆နှစ်အတွင်းခလေးလေးတွေနဲ့မိတ်ဆက်ပေးရင်း ဒီကို ဘာလို့ရောက်လာသလည်းဆိုတာနဲ့ ဗမာပြည်အကြောင်းနဲ့နဲပြောလိုက်ပါဆိုတော့ ခလေးတွေကို နဲ့နဲပြောပြခဲံသည် ဗမာပြည်ဆိုတာ ဘယ်မှာရှိတယ်ဆိုတာ စပြောလိုက်သည် သူတို့မေးကြသည် ပြသနာမရှိ ကမ္ဘာာ့မြေပုံကို ပြပြီး သူတို့ကို ရှင်းပြခဲ့သည် ပြသနာရှိလာတာက
ဗမာပြည်မှာ မီးခဏခဏ ပျက်တယ် ညဆိုမီးမလာဘူး ၃ - ၄ ရက်နေမှာ ၂ နာရီလောက်ဘဲလာတယ်လို့ပြေတော့
အသက် ၅ နှစ်ခလေးငယ်လေးတယောက်က
မီးပျက်တယ်ဆိုတာ ဘာလည်းတဲ့
ဒီနိုင်ငံမှာက မီးဖွင့်ဘို့ခလုပ်မလို့ပါ အိမ်ထည်းဝင်တာနဲ့ မီးက အလိုအလျောက်လင်းလာသလို့ ရေပိုက်ခေါင်းအောက် လက်ထည့်လိုက်တာနဲ့ ရေက အလိုလိုကျလာသည့် နိုင်ငံမှာ နေတဲံ့ခလေးငယ်တယောက်ကို မီးပျက်တဲ့အကြောင်းကို ရှင်းပြဘို့ စကားလုံးမရှိနိုင်ပါ (ဒေါက်တာ ၀ါပိုလာရာဟုလာ စကားနဲ့ပြောရရင်တော့ )ကုန်းမြေကိုမမြင်ဘူးတဲ့ ငါးတကောင်ကို ကုန်းမြေပေါ်က ပြန်လာခဲ့တဲ့ လိပ်က ကုန်းမြေရဲ့သာယာပုံကို ဘယ်လောက်ဘဲ ရှင်းပြရှင်းပြ ငါးသည်နားလည်နိုင်မှာမဟုတ်ပါ
ကျတ်ာလည်း ၇ုပ်တရက် နားလည်နိုင်မယ်ထင်ပြီး မီးခလုပ်ကို သွားပိတ်ပြလိုက်ပြီး မီးပျက်တယ်ဆိုတာ ဒီလိုမျိုး မီးမလာတာလို့ ရှင်းပြလိုက်မှ ပိုဆိုးသွားတာက ဒါလွယ်လွယ်လေးဘဲ မီးခလုပ်ပြန်ဖွင့်လိုက်လာမှာပေါ့တဲ့
ကိုယ့်နှဖူးကိုယ်ရိုက်ပြီး သေစမ်းဟဲ့ နနွိယ လို့ဘဲ အော်လိုက်ချင်တော့သည် ဟုတ်တာပေါ့ ငါ ကလေးလောက်တောင် ဦးနှောက်မရှိပါလားလို့တွေးလိုက်မိသည်

Photobucket

အဲဒီအကြောင်းတွေ နော်ဝေက မိတ်ဆွေတယောက်ကို ပြောမိတော့ ဟုတ်တယ် ဒီနိုင်ငံက ဗမာခလေးတွေလည်း ဒီလိုဘဲ နော်ဝေစာ နော်ဝေ စကားမွတ်နေအောင်တတ်နေပြီ လူကြီးတွေက နဲနဲဘဲတတ်တာ တနေ့ မြို့ထည်းက ဖုန်းဆိုင်သွားလို့ စကားပြန်လုပ်ဘို့ ခလေးကို ခေါ်သွားတယ်လေ
ခလေးက နော်ဝေလိုပြောတာ နားလည်တယ် သူ့မိဘကို ဗမာလို့ပြန်ပြောဘို့ကျ မတတ်တော့ဘူး အိမ်ရောက်တော့ ပြန်ပြောတယ်လေ သမီးသူပြောတာကို နားလည်တယ် ဒါပေမယ့်ဖေဖေ့ကို ပြန်မပြောတတ်ဘူးတဲ့
နိုင်ငံတကာရောက်မိသားစုတွေအနေနဲ့ ခလေးတွေ မြန်မာစာ ညံ့ဖျင်းရတဲံ့အကြောင်းလေ့လာကြည့်တော့အဓိက အနေနဲ့ မိဘတွေကိုယ်တိုင် သားသမီးတွေရဲ့ ပညာသင်ကြားရေး ၈ရုမစိုက်မှုသည် အချက်တချက်အနေနဲ့တွေ့ရသည် အိမ်မှာနေရင်း မြန်မာလိုပြောတော့ မြန်မာစကား ပြောတတ်ယုံလောက်တော့ ရှိပါသည် ထိုသို့ မြန်မာစကားလေးကို စဥင်္ဆက်မပြတ် ထိမ်းသိမ်းထားနိုင်သလို့ မြန်မာ စာကိုလည်း မျိုးးဆက်မပြတ် ဆက်လက်တတ်ကျွမ်းအောင် ထိမ်းသိမ်းထားဘို့တော့လိုသည်ဟုထင်ပါသည် မြန်မာခလေးငယ်များသည် မြန်မာလူမျိုးဟု ပြောတတ်သော်လည်း မြန်မာ ပြည် ဘယ်နားမှာ ရှိမှန်းမသိကြပါ တခါက စာသင်နေတဲံ ဆရာတဦးကို အကြံပေးဘူးသည် ပထ၀ီ နဲ့ မြန်မာ့သမိုင်းလေး တွဲသင်ပါလားဆိုတော့ မင်းဘာနားလည်လို့လည်း ကလေးတွေက အိမ်က လွတ်လို့သာလာနေရတာ ဗမာစာ သိပ်ဝင်စားတာမဟုတ်ဘူး ပထ၀ီ သမိုင်း သင်ဘို့နေနေသာသာ ရေးတတ်ဖတ်တတ်အောင်တောင် မနဲသင်နေရတယ် လို့ ပြန်ပြောတော့ ကိုယ်ပြောမိတာတောင်မှားလေခြင်းလို့ စိတ်ထည်းထင်ခဲ့မိသည်
မြန်မာစာသင်ကြားသည့်ဆရာများကိုယ်တိုင်ကလည်း နိုင်ငံတကာရောက်နေပါလျှက် နိုင်ငံတကာ ပညာသင်ကြားရေးစံနစ်ကို မလေ့လာဘဲ အင်တာနက်ပေါ်က စာအုပ်မှာ ပြီး ဗမာစာကို ရေးတတ်ဖတ်တ်ပြီးရော ဆိုပြီး မမ၀၀ ကခိုင်းယုံ . ညအခါ လသာခိုင်းယုံနဲ့ဘဲ့ကျေနပ်နေခဲ့သည်
ဘာဘဲပြောပြော သူတို့လေးတွေသည် အချိန်တန်လျှင် အိမ်ပြန်ကျလိမ့်မည် ဟုကျတော်ထင်ပါသည် အကုန်မဟုတ်တောင်မှ တော်တော်များများပြန်ကြပါလိမ့်မည် ထိုခလေးများသည် မိမိ မွေးဖွားခဲ့ရာ မိမိ မိဘများမွေးဖွားကြီးပြင်းခဲ့ရာ အရပ်ဒေသများမှ ကိုယ့်ဆွေမျိုး ဒါမှမဟုတ်ကိုယ့်လူမျိုးများနှင့် ကိုယ့် ဘာသာစကားများဖြင့် အားရပါးရ ပြောချင်ကြပါလိမ့်မည် ကျတော်တို့သည် ဗမာပြည်မှာ မွေးဖွားကြီးပြင်းခဲ့သူများဖြစ်သော်လည်း ဒုတိယ မျိုးဆက် တတိယမျိုးဆက် ခလေးများသည် မိတ်အင် ဖော်ရင်နာ လေးများအဖြစ် ဗမာစာ ဗမာစကား ဗမာပြည်အကြောင်းသူတို့ဘာမှ မသိရှာကြတော့ပါ
ဗမာပြည်ရဲ့ ၈၈၈၈ ဒီမိုကရေစိ တိုက်ပွဲများ သမိုင်းများနှင့်တကွ မင်းကိုနိုင် ကိုကိုကြီး တို့ကို သူတို့သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဗမာစာ ဗမာစကားကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ရေးတတ် ဖတ်တတ်ပြောတတ်စေချင် တာကတော့ ကျတော့် ရင်ထည်းက ဆနွပါ........

2 comments:

  1. ကိုတိုး
    ကိုတိုးပြောတာလည်းဟုတ်နေတာပါပဲ.ကိုတိုးကိုယ်တိုင်တောင် ဖင်းမလေး
    (ဖင်လန်မလေးလို့မခေါ်ဘူးနော်)ကိုရုပ်ရှင်ကြည့်ဖို့(ဘာသာပြန်ပေးဖို့ပါ.ဟီး)အတင်းခေါ်သေးတာပဲ.ဖင်လန်မှာကြီးတဲ့ ဖင်လန်မှာမွေးတဲ့ကလေး
    တွေက သူတို့ငယ်သူငယ်ချင်း ဖင်လန်လူမျိုးတွေနဲ့ လည်း ရုပ်ရှင်ကြည့်
    မယ်ကျောင်းတူတူတက်မယ် ကလပ်တူတူသွားမယ်..ဘာညာဘာညာ..
    နောက် တံငါနားနီး တံငါနဲ့ အိမ်ထောင်ကျမယ် ဖင်လန်စာတတ်မှ ဖင်လန်စ
    ကားပြောမှ အလုပ်မှာအဆင်ပြေမယ် လူမျိုးကတော့ဗမာ ကရင် ရှမ်း မွန် ချင်း စိတ်ဓါတ်နဲ့တွေးခေါ်မှု ပျော်ရွှင်မှုတွေက အမေရိကန်လို ထိုင်းလို တရုပ်လို ဖင်လန်လို နော်ဝေးလို ဆွီဒင်လို ဖြစ်မှာ ကျိန်းသေပါတယ် အတင်းကြီး လုပ်ယူတယ်ဆိုရင် ကလေးတွေအပေါ်မှာ တရားစာနာမှုရှိပါ့မလား ကိုယ့် လူမျိုးယဉ်ကျေးမှုကိုထိမ်းသိမ်းကြတာ ကျနော် တန်ဖိုးထားလေးစားပါတယ် အဓ္ဓကြီးမဟုတ်တဲ့ နည်းလမ်းနဲ့ဆို ကလေးတွေခမျာ ခံသာတာပေါ့ ကိုတိုးကြီးရယ်..ကိုတိုးကြီးလည်း ကိုယ်ချင်းစာမိမှာပါ..ကျနော်တို့ရဲ့ မနိုင်သေးတဲ့ဒီမိုကရေစီတိုက်ပွဲမှာ ရလိုက်တဲ့ နောက်ဆက်တွဲ ဒါဏ်ရာဒါဏ်ချက်တွေ သေရာပါ အနာရွတ်တွေ ပါဗျာ..

    ReplyDelete
  2. ဟုတ်ပါတယ် ဒါပေမယ့် မြန်မာပြောပြီး မြန်မာပြည် ဘယ်နားမှန်းမသိတဲ့ကလေးတွေ ကို စိတ်မကောင်းဖြစ်ပြီး မိဘတွေကိုအားမ၇လို့ပါ ဘာဘဲပြောပြော ကျတော်လေးစားတဲ့ ကဗျာဆရာ ကိုမိုးစဲနေ တယောက်လာဖတ်လို့ ကျေးဇူးအရမ်းတင်ပါတယ်

    ReplyDelete