Friday, October 23, 2009

ကျတော်ချစ်သော ခေါင်းဆောင်များ

Photobucket
ကျွန်တော်နဲ့ မင်းကိုနိုင် (သို့) သမိုင်းတခောတ်ရေးခဲ့သူ


သူ့အကြောင်းရေးမယ်ဆိုရင် အများကြီးရေးမှပြည့်စုံပါလိမ့်မယ် ဒါပေမယ့် အရှည်ကြီးရေးဘိုအတွက် အချိန်မရတာရယ် လူတယောက်အကြောင်း ဝေဖန်မယ်ဆိုရင် သူ့ခေါင်းတလားရဲ့ နောက်ဆုံးသံချက်ကို ရိုက်ပြီးမှ ဝေဖန်ပါ ဆိုတဲ့ စာရေးဆရာကြီးဗန်းမော်တင်အောင်ရဲ့ စကားရယ်ကြောင့် ကျတော်သိခဲ့ဘူးတဲ့ ပတ်သက်ခဲ့ဘူးတဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ခေါ်တဲ့ ပေါ်ဦးထွန်း အကြောင်းကို အတိုနိုင်ဆုံး တိုနိုင်သမျှေ၇းပါ့မယ်
သူနဲ့ကျွန်တော်တရပ်ကွက်ထည်းနေပါတယ် ဒါပေမယ့် မျက်မှန်းတန်းမိယုံ သိယုံမျှပါဘဲ ရင်းရင်းနှီးနှိးတော့သိပ်မရှိခဲ့ပါဘူး ၁၉၈၈ မတိုင်မှီပေါ့ အဲဒီနှစ်မတိုင်မှီတွေထည်းက သူ့ကိုသင်္ကြန်နီးတိုင်း တွေ့နေကြပါ သူက ဆိတ်ပါးစပ်နတ်မျက်စိ လို့ခေါ်တဲ့သင်္ကြန်အဖွဲ့မှာ သံချပ်ခေါင်းဆောင်လည်းလုပ်နေပါတယ် သူ့ကို စပြီးရင်းနှီးခဲ့တာက ၁၉၈၈ ရဲ့ ဇွန် လထည်းမှာပါ မတ်လ ကျောင်းသားလှုပ်ရှားမှုအပြီးကျောင်းတွေပိတ်လိုက်ပြီးတဲ့နောက်မှာ ဇွန်လမှာ ကျောင်းတွေပြန်ဖွင့်ခဲ့ပြီး ကျောင်းထည်းမှာ ကျောင်းသားလှုပ်ရှားမှုတွေပြန်စပါတယ် ၁၃ ရက်နေ့မှာတော့ အဓိပတိလမ်းပေါ်မှာ စင်ထိုးပြီးတရားပွဲတွေစပါတယ် မိုးသီးတို့ မောင်မောင်ကျော်တို့ တရားတွေဟောကြချိန်မှာ ကျတော်ကတော့ ရန်ကုန်တက္ကသိုလ်ဝင်တဲ့ ပေါက်တွေမှာ အပေါက်စောင့်တာဝန် ယူပါတယ် (လုံခြုံရေးပေါ့) ပထမ တရက်နှစ်ရက်မှာ ပြသနာမရှီသေးပေမယ့် ၃ ရက်လောက်နေတော့ ပြသနာစလာပါတယ် မျက်နှာအ၀တ်စီးထားထဲ့ သူတွေ ခဏခဏ ရောက်လာပါတယ် ဆိုးတာက “ ဗဟိုကကွ ကျောင်းသားကဒ်ပြ” ဆိုတာကြီးပါဘဲ တခါတလေတော့သီးခံလို့ရပေမယ့် နာရီဝက်တခါလောက် တယောက်ပြီးတယောက် တဖွဲ့ပြီးတဖွဲ့ ဗဟို ဗဟို လာလုပ်နေတော့ စိတ်တိုလာတယ် အဲဒါကြောင့်ကိုယ်နဲ့တူတူ တာဝန်ကျနေတဲ့ကျောင်းသားတွေတိုင်ပင်ပြီး နောက်တခါလည်းလာကော “သူက ဗဟိုကလို့ ပြောယုံရှိသေး ” ”ဟေ့ကောင် ငါတို့လည်းဗဟိုက မင်းတို့ဘာဗဟိုလည်း မင်းတို့ကျောင်းသားကဒ်အရင်ပြ” လို့ပြောလိုက်ကောထိုးမယ်ကြိတ်မယ်ဖြစ်ကုန်ကျပါလေရော (အဲအချိန်က ဗဟိုဆိုပြီး ၁၅ မိနစ်တခါလောက်ဖွဲ့နေကြတာဘာဗဟိုတွေမှန်းမသိဘူး) ကိုယ်လည်းပြသနာတက်တာနဲ့ လုံခြုံရေးကို တံခါးဝတွေမှာ မလုပ်တော့ဘဲ စင်ဘေးနားသွားပြီးလုံခြုံရေးပေါ့ ကျတော်ဆိုတဲ့ကောင်ကလည်း ပြသနာကောင် ကျတော်ရှိတဲ့အရပ်ပြသနာရှိတယ်လို့တော့သူများတွေကပြောကြတာဘဲ (ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုကလည်းကျတော့်ကို ပြသနာ ကောင် လို့ဘဲခေါ်ပါတယ် ကျတော်လာတိုင်း ပြသနာကောင်လာပြီလို့ပြောနေကျပါ ကျတော့်လက်သုံးစကားကလည်း ဂျိုကာ(ဂျိုကာဆိုတာ ကိုပြုံးချိုကိုကျတော်တို့ခေါ်နေတဲ့နံမယ်ပါ) ပြသနာကိုကျုပ်ရှာတာမဟုတ်ဘူး ပြသနာက ကျုပ်ကိုလာလာရှာနေတာလို့ပြောနေကျပါ)
စင်ဘေးသွားပြီးလုံခြုံရေးလုပ်ခါမှ ပါးသိုင်းကြီးနဲ့တွေ့ရပါတော့တယ် (ပါးသိုင်းဆိုတာ ပါးသိုင်းဝင်းမိုးကိုခေါ်တာပါ) သူက စစ်တုရင်ထိုးတာ တော်တော်ကောင်းတယ် နံမယ်ကြီးလေ သူကရန်ကင်းမှာနေတယ် ဆိုတော့နီးတယ် သူ့ကိုသိနေပေမယ့် သူကတော့ ကျတော့်ကိုမသိပါဘူး သူကလည်း စင်ဘေးနားက အဓိပတိလမ်းဘေးနားထိုင်ပြီးဟိုကြည့်ဒိကြည့်ကြည့်နေရင်းကိုယ့်ကို ကြည့်မရဘူးထင်ပါတယ် (ကိုယ့်ပုံကလည်းထောင့်မကျိုးဘူးလေ) ကျောင်းသားကဒ်လာစစ်ပါတယ် ကျောင်းသားကဒ်ပြတာတောင်မှ အတုထင်လို့ဆိုပြီး အားကစားရုံထည်းလိုက်ခဲ့ခေါ်နေသေး မလိုက်နိုင်ဘူးဆိုတော့ ဘာမှမပြောဘဲ ကိုယ့်ကိုဘဲထိုင်ချက်ကင်လုပ်နေတယ် (အဲနေ့က တင်းပြီး ညနေအပြန် ရန်ကင်း ၁၂ လုံးတန်းက ငြိမ်းချမ်းရေးလဘက်ရည်ဆိုင်မှာသူ့ကိုထိုင်စောင့်နေသေးတယ် ရိုက်မလို့ဆိုပြီး မတွေ့လို့မရိုက်ဖြစ်တာ)
ပြသနာတက်တော့မယ်ဆိုပြီး အဲနေ့ညဘဲ ကျတော့်သူငယ်ချင်းတယောက်ဖြစ်တဲ့ ကိုဘိုကြည် (အေအေပီပီ) အိမ်ကိုဝင်ပြီးအကျိုးအကြောင်းပြောပြပါတယ် သူက “ ဒီအချိန်ပြသနာအချင်းချင်းမတက်နဲ့လေကွာ ပေါ်ဦးမတွေ့ဘူးလား သူရှိနေတယ်လေ” “မတွေ့ဘူးလေ အကုန်လုံးက မျက်နှာ ပုဝါတွေစီးထားပြီး ရုပ်ဖျက်ထားကြတာ ဘယ်မှတ်မိမလည်းကွ” ဆိုတော့ သူ့ညီကိုဆန်းမင်း(ယခုမဲဆောက်)ကိုထည့်လိုက်ပြီး ပေါ်ဦးကိုလိုက်ရှာပါတယ် ည၈နာရီလောက်မှ တွေ့ပါတယ် ပေါ်ဦးကိုအကျိုးအကြောင်းပြောပြတော့ “ဟုတ်တယ်ဟ ဗဟိုက ခဏခဏဖွဲ့နေတာ မင်းကိုမသိလို့မေးတာဖြစ်မယ် မနက်ဖြန်ကျတော့်ဆီလာခဲ့လေ ဘွဲ့နှင်းသဘင်ခန်းမနောက်က စောင့်နေမယ် အဲဒီကိုလာခဲ့” လို့ပြောပြီးလမ်းခွဲခဲ့ပါတယ် သူနဲ့လမ်းခွဲပြီးပုန်းနေတဲ့အိမ်ကိုရောက်တော့ (ကျောင်းသားလှုပ်ရှားမှုဖြစ်တဲ့ ၁၉၈၈ဇွန် ၆ ရက်နေ့ကစပြီးအိမ်မှာမနေဘဲ ဟိုပုန်းဒိပုန်းနဲ့ အိမ်ပြန်မရောက်ခဲ့တာ ဒီနေ့ထိပါဘဲ) သတင်းကျေညာသွားတာသိပြီလားတဲ့ မသိသေးဘူးဆိုတော့ ကျောင်းတွေပိတ်လိုက်ပြီတဲ့ အဲဒီညက ဘာဆက်လုပ်ရမလည်းစဉ်းစားရင်း အိပ်လို့ကိုမပျော်ခဲ့ဘူး နောက်တနေ့ ကျောင်းထည်းသွားတော့ ဆရာကြီးများအုပ်စု အစည်းဝေးတွေထိုင်နေလိုက်ကြတာ ဘယ်ကဆရာကြီးတွေလည်းမသိပါဘူး တပြည့်ဆိုလို့ ကျတော်တယောက်ဘဲ ရှိတယ် သူတို့အစည်းအဝေးတွေ မပြီးသေးဘူး အပြင်ထွက်သင့် မထွက်သင့် ငြင်းခုံလို့ ဆုံးဖြတ်ချက်မကျသေးခင်ဘဲ မွှေးမွှေး (အဆိုတော်ပန်းအိစံ ယခုအမေရီကား) ဦးဆောင်ပြီး ကျောင်းသားတချို့ လမ်းပေါ်တက်ပြီးပြည်လမ်း အတိုင်းထွက်သွားပါလေရော ကိုယ်လည်းနောက်ကလိုက်ရတာပေါ့ အသံလွင့်ရုံရှေ့မှာပိတ် ကြံတောသင်းဂျိုင်းမှာပိတ် ပြစ်ခတ်နဲ့ ကိုယ်လည်းပါသွားတာပေါ့ ကံကောင်းလို့အဲနေ့ထည်းက မသေတာ ညလည်းတညလုံးအင်းစီန် အထက ၂ ရှေ့က ဘောလုံးကွင်းထည်းမှာ ပုဆိုးခြုံပြီးအိပ်ခဲ့ရတာပေါ့ မနက်အစောကြိးထပြီး ဇွန် ၂၂ မနက် ၉နာရီမှာ ရန်ကင်း ၁၂ လုံးတန်းမှာ လူစုပြန်တယ် ဒါပေမယ့် စုလို့မရခဲ့ဘူး အကသ ကျောင်းသား ၂၀လောက်ဘဲ ရတယ် အဲဒါနဲ့ခေါင်းဆောင်တဲ့ကျောင်းသားက မြောက်ဥက္ကာလာသွားမယ်လို့ပြောပြီးလာခဲ့ကြတယ် (ကျတော်လမ်းမှာမေးတယ် အဲဒီကျောင်းသားကို မိန်းထည်းမှာ ကောက်ထားတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလည်း ဘယ်သူယူသွားလည်းမေးတော့ သူက သူလည်းမသိဘူးတဲ့ ပိုက်ဆံထုတ်ကြီးပျောက်နေတယ်တဲ့ ) မြောက်ဥက္ကလာအထက( မမှတ်မိနံပါတ်) ကျောင်းရှေ့ရောက်တော့ ခဏစောင့်နေပါတယ် သူဘာစောင့်နေလည်းမသိဘူး နေ့လည် ၁၂ နာရီထိုးတော့သွားကြမယ်လို့ခေါ်ပြီး ရွှေတိဂုံဘုရားကိုသွားခဲံ့ကြတာပေါ့ ဘုရားပေါ်လူလိုက်စုပေမယ့် အဆင်မပြေတာနဲ့ ညနေ ၃ နာရီလည်းထိုးကော လူစုခွဲပြီး ပြန်လာခဲ့ကြတယ် အပြန်အိမ်ကိုတန်းမပြန်သေးဘဲ ပေါ်ဦးလိုက်ရှာပြီး တရက်နဲ့တနေ့လုပ်ခဲ့သမျှတွေ ပြန်ပြောပြပါတယ် သူက ငြိမ်နေလိုက်ဦး သူဘာဆက်လုပ်မယ်ဆိုတာ စဉ်းစားဦးမယ်လို့ပြောလို့ ပြန်လာခဲ့တယ် နောက် ၃ ရက်လောက်ကြာတော့ ကျတော့်ကိုသူဆက်သွယ်လာပါတယ် သူလုစုလို့ရပြီဖြစ်ကြောင်း မကြာခင်တိုက်ပွဲပြန်စမယ့်အကြောင်း လူရနိုင်သလောက် စုထားဘို့အကြောင်းတွေပြောပြီး ပြန်သွားခဲံပါတယ် အဲဒီနောက်ပိုင်းမှာတော့ ဇူလှိုင်လတလလုံး ၄ ခါဘဲတွေ့ရပါတယ် ၄ခါစလုံး သူဆက်သွယ်လာတာပါ ဆက်သွယ်တဲ့အကြောင်းက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး မင်းကိုနိုင် ဆိုတဲ့နံမယ်တပ်ပြီးထားတဲ့ လှုံ့ဆော်ရေးစာတွေဖြန့်ုဘို့ပါ ဖယောင်းလှိမ့်ထားတဲ့စာရွက်၁၀ ရွက်လောက်ကိုပေးသွားပြီး ခင်ဗျားစုထားတဲ့လူတွေနဲ့ များများပြန့်အောင်ဖြန့်ပေးပါတဲ့ သူကတော့လွယ်လွယ်လေးပြောသွားခဲ့တာပါ ကျတော့်မှာတော့ ကိုယ်က မီချောင်းနဲ့ ဖယောင်းစက္ကူပေါ်မလှိမ့်တတ်တော့ ရန်ကင်းမှာ ကျတော်နဲ့ခင်တဲ့ လူတယောက် မိတ္တူကူးဆိုင်ကို အကူညီသွားတောင်းရပါတယ် အဲဒီလူက သူယောက်ခမဆိုင် သူ့ယောက်ခမ မသိအောင်လုပ်ပေးမယ် ကူးမယ့်ဟာထားခဲ့လို့ပြောပါတယ် ပိုက်ဆံကိစ္စပြောတော့ ပုံမှန် တစောင်တကျပ်တန်ကို သူလည်းအနွရယ်နဲ့ရင်းရလို့ ၁ကျပ်ခွဲပေးပါဆိုလို့ ပေးပြီးအစောင်တရာ ကူးပါတယ် ၄ခါတိတိပေါ့ အဲစာတွေကို ကိုယ်စုထားတဲ့ကျောင်းသားတချို့နဲ့ မင်္ဂလာဈေး စိန်ဂျွန်းဈေး တွေမှာ ၀င်ဖြန့်ပါတယ် နှစ်ယောက်က စာဖြန့် တယောက်က အခြေနေကြည့်ပေးပေါ့ နောက်ဘတ်စကားစီးပြီးဘတ်စကားပေါ်ကကျဲချပါတယ် ပပ၀င်း ရုပ်ရှင်ရုံပေါ်တက်ပြီး ရုံပေါ်ကနေအောက်ကိုကျဲချခဲ့ပါတယ် တချို့စာတွေကိုတော့ အရေးကြီးတယ်ထင်တဲံ့  ဌာနဆိုင်ရာက ညွှန်မှုးတို့ လိုအကောင်ကြီးကြိးတွေဆီကိုတော့ စာတိုက်ကနေ ရီစစ်စတာလုပ်ပြီး ပို့ခဲ့ပါတယ် လိပ်စာတွေကိုတော့ တယ်လီဖုန်းစာအုပ်ထည်းက ကူးယူပါတယ်
ကျတော်လုပ်ခဲ့တာတွေကို သူ့ကိုပြန်ပြောပြတော့ သူကတခွန်းထည်းပြောတယ် ခင်ဗျားမဆိုးဘူးတဲ့ (သူကတော့ပြောတာလွယ်လိုက်တာ ကိုယ့်မှာတော့ မိသွားရင်ခံလိုက်ရမယ့်ဖြစ်ချင်း)
အဲလိုနဲ့ ဇူလှိုင်လကုန်မှာ သူနဲ့အဆက်သွယ်ပြတ်သွားပါတယ် ကိုဘိုကြည်ကိုမေးတော့ ၈၈၈၈ လုံးနီးလို့ သူရှောင်သွားတယ်တဲ့ ပြန်ဆက်သွယ်လိမ့်မယ် သင်္ဃန်းကျွန်းတောင်ဥက္ကလာမှာ လူစုထားပါလို့မှာသွားတယ်လို့ပြောပါတယ် (နောက်နေ့မှ ဆက်ပါမည်)

5 comments:

  1. အဲ့တာပေါ့.. ပြောကို မပြောချင်တော့ဘူး။ ပီးရင် ဟုတ်တာလဲမဟုတ်ဘူး. မိဝေးဖဝေးနဲ့..။

    ReplyDelete
  2. ဆက်ရေးပါဝေ့..ဖထီးစောင့်ဖတ်နေမည်။

    ReplyDelete
  3. ဖတ်ပြီးသွားပါပြီ။ ကောင်းတယ်။ ဆက်ရေးပါ။ ဆက်ဖတ်မယ်။ အောင်ကျော်ဦး

    ReplyDelete
  4. ဆက်ရန်ကိုမျှော်နေပါတယ်

    ReplyDelete
  5. မအေးမြနှင်းရည်ရေ ဆေးရုံပေါ်ထိတော့ ရောက်နေပြီ ကျတော်ပြီးအောင်ရေးပေးပါ့မယ် လာဖတ်လို့ကျေးဇူးနော်

    ReplyDelete