Tuesday, October 27, 2009

မယ်ကု ရောက်တောလား အပိုင်းနှစ်

Photobucket

မြောက်ပြန်လေအဝေ့မှာ ကြွေကျနေတဲ့ ယူကလစ်သစ်ရွက်ကလေးများကို ငေးကြည့်နေမိသည် “ ကိုဇော်ထွန်း နေ့ခင်းက ပြောတာ တကယ်လားဟင် ” အတွေးနဲ့ ငေးနေသော ကျွန်တော် အသံကြားလို့ လှည့်ကြည့်လိုက်တော့ နော်အယ်ဝါးနဲ့ ပုလဲမယ် (အေဘီ အက်ဒိအက် တပ်ရင်း ၄) “ တကယ်ပြောတာပေါ့ ဘာလည်းမယုံလို့လား” “ မဟုတ်ပါဘူး ကိုဇော်ထွန်းက တခါတလေ သူများနဲ့ဆန့်ကျင်ဘက်ပြောတတ်တယ် အဲဒါကြောင့်တမင်အရွဲ့တိုက်ပြောတယ်ထင်လို့လာမေးကြည့်တာပါ ” နုတ်နဲ့နဲ သွက်ပုံရသော ပုလဲမယ်က ပြောလိုက်သည် ကျတော်ပြောခဲ့သော တပြည်ထောင်စံနစ်ကြောင့် သူတို့လေးတွေ စိတ်ထည်းမှာ စိုးရိမ်နေကြောင်းလည်း သတိထားမိလိုက်သည် ထိုင်ကြလေ လိုပြောတော့ သူတို့ ၂ ယောက်ကျတော့်ရှေ့က ခုန်မှာ ၀င်ထိုင်ခဲ့ကြသည် “တိုင်းပြည်တပြည်မှာ ဘာအရေးကြီးဆုံးလို့ထင်သလည်း” သူတို့မဖြေပါ “ ကျတော်နဲ့ အယူဆ တူချင်မှဘဲတူလိမ့်မယ် ဦးအောင်ထူးပြောသလိုဘဲ မတူမှ လှတယ် ပန်းချီကားလေးတချပ်မှာ ဆေးရောင်စုံတွေပါနေသလို့ ပန်းခင်းလေးထည်းမှာ ရောင်စုံပန်းကလေးတွေနဲ့မှ ပိုပြီးကြည့်လို့ လှပါတယ် မှန်တယ် မှားတယ်ဆိုတာကိုတော့ ပြည်သူတွေက ဆုံးဖြတ်ကြပါလိမ့်မယ် ” ကျတော်စကားဖြတ်လိုက်ပြီးမှ ဆက်၍ “ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ဆိုတာကိုလက်ခံပါသလား” ပုလဲမယ်က “လက်ခံပါတယ်” လို့ထောက်ခံလိုက်သည် ။ ကျတော်တို့တိုင်းပြည်မှာ တိုင်းပြည်တိုးတက်ဘို့ နဲ့ ကျတော်တို့လူမျိုးတွေ ဆင်းရဲတွင်းကလွတ်ပြီး ချမ်းသာစွာနေ၇ဘို့က အရေးကြီးဆုံးလို့ထင်ပါတယ် ဘယ်နှစ်ပြည်ထောင်ဘဲသွားသွား အုပ်ချုပ်တဲ့အစိုးရက လူတဦးခြင်းစီရဲ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အခြေခံအခွင့်အရေးတွေ အပြည့်အ၀ပေးထားမယ်ဆိုရင် ပြသနာမရှိနိုင်ဘူးလို့ထင်ပါတယ် ခုတော့ ၈ ပြည်ထောင်တွေ ၉ ပြည်ထောင်တွေ ဆွေးနွေးငြင်းခုံနေတာနဲ့ဘဲ အလုပ်မဖြစ်တော့ဘူး ပြည်နယ်မရလို့ ပြသနာရှာတဲ့သူတွေလည်း ရှိလာနိုင်တယ်အဲဒီပြသနာတွေလိုက်ရှင်းနေတာနဲ့ဘဲ တိုင်းပြည်တိုးတက်ဘို့ ဘာမှ မလုပ်နိုင်တော့ဘူး နင်တို့ ၂ ယောက်စဉ်းစားကြည့်စမ်း ငါတို့နောက်မှ လွတ်လပ်ရေးရတဲ့တိုင်းပြည်တွေ ငါတို့နိုင်ငံလောက်တောင်သံယံ ဇာတ မထွက်တဲ့ နိုင်ငံတွေ ငါတို့နိုင်ငံထက် ပိုပြီးတိုးတက်နေတယ်လေ ” ကျတော်စကားဆုံးတော့ နော်အယ်ဝါးက “ တိုင်းပြည်တပြည် တိုးတက်ဘို့အတွက် ကိုဇော်ထွန်း ဘာအရေးကြီးဆုံးလို့ထင်ပါသလည်း ” ကျတော်အနည်းငယ်စဉ်းစားလိုက်သည် ပြီးမှ “ တိုင်းပြည်တပြည်တိုးတက်ဘို့က အဓိက ပြည်တွင်းငြိမ်းချမ်းရေးဘဲ ငြိမ်းချမ်းရေးမ ရှိရင် ဘာမှ လုပ်လို့မရဘူး ” “ကျမတို့သိထားတာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ လို့ဘဲသိထားတယ်” အင်းငါမပြောချင်ဘူး နင်တို့စဉ်းစားကြည့် ဒိမှာလာပြိးသင်တန်းပို့ချတဲ့သူတွေကိုကြည့်လေ ဘယ်သူဘဲလာပို့ချ ပို့ချ သူတို့တာဝန်ယူတဲ့ဘာသာကို အရေးကြီးတယ်လို့ပြောမှာဘဲ ကိုမောင်မောင်ကြီးကိုမေးကြည့် လူ့အခွင့်အရေးက အရေးကြီးတယ်လို့ပြောမယ် ဒေါ်မိုးမိုးမေးကြည့်ရင် လူထုအ ဓိက လူ့အဖွဲ့အစည်းအရေးကြီးတယ်လို့ပြောမယ် ဒေါ်ဂျာဒင်းနဲ့ ဦးခွန်ဥက္ကာ က ဖက်ဒရယ် အရေးကြီးတယ်လို့ပြောမယ် နောက်လာဥိးမယ် တပ်မတော်အရေးကြီးတယ် မီဒီယာ အရေးကြီးတယ် ဖွဲ့စည်းပုံအရေးကြီးတယ် ဒီမိုကရေစီ အရေးကြီးတယ် ပြောကြမှာဘဲလေ အဲဒါနင်တို့ဟာနင်တို့စဉ်းစားဆုံးဖြတ်ကြ ငါကတော့ အဲသင်တန်းဆရာတွေ အကုန်အရင်စုပြီး ဘယ်ဟာအရေးကြီးဆုံးလည်း အရင်ဆွေးနွေးခိုင်းတာ ပိုကောင်းမယ်လို့ထင်တာဘဲ သူများစကားဌားပြီးပြောရရင်တော့ ပန်းတိုင်းလှနေကြတာပါဘဲ ” သူတို့ပြန်သွားခဲ့ကြပါပြီ သူတိုမေးသောမေးခွန်းအတွက် ကျတော့်အဖြေသည် သူတို့ရင်မှာ ဘ၀င်မကျစေမှန်းကိုတော့အလိုလိုသိနေမိပါသည် ။

“ ကိုဇော်ထွန်းထတော့လေ ၇ နာရီတောင်ထိုးတော့မယ်” အင်းသားလေး ကိုကျော်မင်းထက် လာနိုးမှ ဘဲ အိပ်ယာမှ ထဖြစ်ခဲ့သည်။ “ဒိနေ့ဘယ်သူလာမှာလည်း ” ကျတော့်အမေးကို ကိုလူဗိုလ်က “ ကိုတိုးဇော်လတ်လို့ပြောတယ် ခင်ဗျားနဲ့သိလား” “ အင်းသိတယ် မဲဆောက်မှာ ၂ ခါလောက်တော့ဆုံဘူးတယ်” စာသင်ခန်းအ၀င်ဝ မှာ သူ့ကိုတွေ့လို့နုတ်ဆက်တော့ သူကျွန်တော့ကိုမှတ်မိဟန်မတူပါ “ ကိုတိုးဇော်လတ်ဆိုကထည်းကတွေ့ချင်နေတာ ခင်ဗျားမဲဆောက်မှာတုန်းကမေးခဲ့တဲ့ မေးခွန်းကို ဖြေမသွားလို့မေးမလို့စောင့်နေတာ” ဟုတ်လား ဘာမှတောင်မပြောရသေးဘူး ဘာမေးမှာတုန်း” “မဲဆောက်တုန်းက ခင်ဗှားမဖြေဘဲထားသွားခဲ့တာလေ အသွင်ကူးပြောင်းရေးကာလ တ၇ားမျှတမှူကိုရှာဖွေတယ်ဆိုတာ ယုန်မရခင် သံပုရာ ရှာနေတာလား ဆိုတဲ့မေးခွန်းပါ” သူသဘောကျစွာ ရီလိုက်ပြီးနောက် “မှတ်မိပြိ မှတ်မိပြီ လက်စသတ်တော့ခင်ဗျားမြောက်ပေးလိုက်တာကိုး ဟဟဟဟဟ ခုမှဘဲ တရားခံတွေ့တော့တယ်” သူနုဲ့ကျွန်တော် စာသင်ခန်းထည်းကို ၀င်လာခဲ့ကြသည် ။
တရားမျှတခြင်းတဲ့ “အသွင်ကုူးပြောင်းရေးကာလမှာ တရားမျှတာမှုကိုရှာဖွေဘို့နဲ့ အမှန်တရားကိုရှာဘို့ဆိုရင် ဖြစ်ပျက်သမျှကို သင်ပုန်းခြေပြစ်ရမယ် တချို့ အဖြစ်ပျက်တွေကိုမေ့ပြစ်ရမယ်” စဉ်းစားစရာပါဘဲ ကျတော်သူ့ကိုမေးချင်လာခဲ့သည် “မတရားမှုတွေအတွက် အရေးမယူ အပြစ်မပေးဘူးဆိုရင် ဒိမိုကရေစိ တန်ဘိုးကိုနှိမ့်ချရာမရောက်နေဘူးလား” တချိဲု့ကိစ္စတွေမေ့ပြစ်ရမယ်တဲံ့  ၆၂ ကျောင်းသားသမဂကြီးအဖြိုခံခဲ့ရတဲ့ကိစ္စ ၇၄ အဓိပတိလမ်းပေါ်က သွေးစက်တွေ ၈၈ လမ်းပေါ်မှာကျခဲ့တဲ့ ပြည်သူတွေ ကျောင်းသားတွေရဲ့အလောင်းတွေ နှစ်ပေါင်း ၅၀ အတွင်း မီးရှို့ခံလိုက်ရတဲ့ ရွာတွေ မုဒိန်းကျင့်ခံခဲ့ရတဲ့ မရေတွက်နိုင်တဲ့ တိုင်းရင်းသူတွေ ထောင်ထည်းမှာ တဖက်သတ်မတရားအနိုင်ကျင့် ရိုက်နှက်ခြင်းခံခဲ့ရတဲ့ ကျောင်းသားးတေ---ွ နိုင်ငံေ၇းသမားတွေ--- ပြည်သူတွေ---- သွေးစက်တွေ---- မျက်ရည်တွေ----- မမေ့နိင်ဘူး မမေ့နိုင်ဘူးး သင်ပုန်းချေဘို့ မဖြစ်နိုင်ဘူး ကျတော်တို့ဘက်လည်း နဲနဲလောက်ထည့်ပြီးစဉ်းစားပေးပါဦးဗှာ တရားမျှတမှုကို ရှာဖွေနေတဲ့ ခင်ဗျားတို့မတရားဘူးဗျာလို့ ထအော်လိုက်ချင်သည် ရင်ထည်းမှာဒေါသကြောင့်တအားမွန်းကျပ်လာသည် ရင်ထည်းက ခံစားချက်တွေ အပြင်ကို အံကျမလာခင် စာသင်ခန်းအပြင်ဘက်ကိုထွက်လာခဲ့မိသည် သူ့မျက်နှာကိုကြည့်ပြီး စိတ်ထည်းက Asolzhenitsyn
ရဲ့ စကားတခွန်းကို ပြောခဲ့မိသည် “ မကောင်းမှုကျူးလွန်သူတွေအပေါ်မှာ အရေးမယူ အပြစ်မပေးခဲ့မဝေဖန်ခဲ့ဘူးဆိုရင် ကျတော်တို့ဟာ သူတို့ကို အကာကွယ်ပေးတဲ့သဘောသက်ရောက်နေယုံမျှသာမက နောင်လာနောက်သားမျိုးဆက်သစ်တွေအတွက် တရားမျှတမှု အခြေခံတွေကိုပါ တစစီဖျက်စီးလိုက်ခြင်းဘဲဖြစ်တယ်” လို့--.။
မနက်ဖြန်မှ ဇာတ်သိမ်းပိုင်းရေးပါမည်
လာဖတ်သူများ ရွှင်လန်းချမ်းမြေ့ပါစေ
လာဖတ်သူများလို့သာပြောရတယ် ဖတ်တာတော့ ဆရာကိုမိုးစဲနေ တယောက်ဘဲတွေ့တယ် ဟဟဟဟဟ

No comments:

Post a Comment