Friday, November 27, 2009
ညနေခင်းတွေ ပြန်ပေးပါ
Photobucket
သူငယ်ချင်း
မင်းသွားနှင့်ပြီလားကွယ်-------။
လေးဆယ်ကျော်အရွယ်
ငယ်ပါသေးတယ်ကွာ
နုတ်မဆက်ဘဲ
ရုတ်တရက်ခွဲ ခွာသွားခဲ့ပေမယ့်
ငါတို့ တူတူ ကန်ခဲ့ ဘူးတဲ့
ဂုန်ဆာလာ ဘောလုံးကွင်းကိုလွမ်းတယ်---
ငါတို့ တူတူသောက်ခဲ့ကြတဲ့
(ဗသက်အောင်တို့ အိမ်နားက)
ဂေါ်ရခါး အရက်ဆိုင်ကို လွမ်းတယ်----
ငါတို့ တူတူ ထိုင်ခဲ့ဘူးတဲ့
“ဇင်မာ” တီးရှော့ ကိုလွမ်းတယ်-----
မင်းသွားနှင့်တော့ကွယ်
ကိုကိုကြီး ပေါ်ဦး သက်ထွန်း ဘိုကြည်
လာမနုတ်ဆက်နိုင်ခဲ့တာ
နားလည်ပေးလိုက်ပါ----
တကယ်တော့ အဲဒီနေရာလေးမှာ
အာဏာရှင်တွေ မရှိဘူးကွဲ့ 
အဲဒီနေရာလေးမှာ
မတရားမှုတွေ မရှိဘူးကွဲ့ 
အဲဒီနေရာလေးမှာ
ဧည့်စာရင်းတိုင်ဘို့ မလိုဘူးကွဲ့ 
အဲဒီနေရာလေးမှာ
ရွှေဘုန်းလူ ရှိတယ်
ကိုထက်မိုး ရှိတယ်
ကိုမျိုးဇော် ရှိတယ်
ရန်ဖြစ်မနေနဲ့ နော် စိတ်ချပါရစေကွယ် ------။
နုတ်ဆက်လိုက်ပါတယ်
၈၈၈၈ ကို တူတူလုပ်ခဲ့ကြတဲ့
မီးမီး ဥမ္မာ လဲ့လဲ့ စနွာ
ဘိုကြည် မောင်မောင်လွင် ဆန်းမင်း ဇော်ထွန်း
မင်းကိုသတိယနေပါ့မယ်----
ငါတို့ တူတူ စာကျက်ရင်း
ဖားထွက်ရိုက်ခဲ့ဘူးတဲ့ ညတွေကို သတိယနေပါ့မယ်---
ဘက်ဂီယို ပလာတီနီ နဲ့ 
ပီလီကစ် တွေ အကြောင်း--
စတာလင် လီနင်နဲ့ 
ဗင်သိုဗင် ရဲ့ လက်ရာမြောက်တီးလုံးတွေ အကြောင်း
ဒီမိုကရေစီ ဗြူရိုကရေစီ နဲ့ 
ဟိုက်ပိုကရေ စီအကြောင်း
ငြင်းရင်းခုန်ရင်း ရန်ဖြစ်ရင်းနဲ့ 
ထိုးကြ ကြိတ်ကြ ရန်ဖြစ်ခဲ့ ကြတဲ့
(ဘယ်တော့မှ အစားပြန်မရနိုင်တော့တဲ့)
ငါတို့ ရဲ့ 
ညနေခင်းလေးတွေကို
တိုက်ဆိုင်မှုလေးတွေ ရှိတိုင်းသတိယနေပါ့မယ်-------။
၂၀ ၁၁ ၂၀၀၉ နေ့ တွင်ကွယ်လွန်လျှက် ယနေ့ ရက်လည်ဆွမ်းကြွေးသော ကိုစိုးဝင်း (ဗကသများအဖွဲ့ ချုပ် လုံခြုံရေးနှင့် စည်းကမ်းထိမ်းသိမ်းရေး တာဝန်ခံ) အား အမှတ်တယ
ကျနော်ချစ်သောခေါင်းဆောင်များ အပိုင်း ငါး
ကိုကိုကြီး (သို့ မဟုတ်) ဗကသ ရဲ့ Master Brain
Photobucket
ကျတော်နဲ့ ပတ်သက်သမျှ ဗကသ မကသ ရကတ ၂ဖွဲ့  ရခသ ဗကသ (အောက်ဗမာပြည်) ဗကသ (အထက်ဗမာပြည်) တပ်ဦးပေါင်းစုံ ကခေါင်းဆောင်တွေ လူ့ ဘောင်သစ်ပါတီ အရေးတော် ပုံ ပါတီ ဘွဲ့ ၇ကျောင်းသားများပါတီ အစရှိတဲ့ ကျောင်းသားပါတီတွေ အများကြီးထည်းက ကျောင်းသားခေါင်းဆောင်ဆိုသူ တွေ အများကြီးထည်း မှာ ကျတော်အထင်ကြီးဆုံး အလေးစားဆုံး အတော်ဆုံး ပြဿနာအများဆုံး အတိုက်ခိုက်ခံ၇ဆုံး ကိုယ်ကျိုးစွန့် အနစ်နာအခံဆုံး (အားလုံးကျတော့်တယောက်ထည်းအမြင်ပါ) ကျောင်းသားခေါင်းဆောင်တယောက်ကို ပြပါဆိုရင် ကျတော့်သူ့ ကိုလက်ညိုးထိုးပြမိမှာ ပါ သူ့ ကိုကျောင်းသားတွေ ကျောင်းသားပါတီတွေ တင်မကပါဘူး ကွန်မြူပါတီဝင်ဆိုသူတွေ အယ်နယ်လ်ဒီ ဗဟိုကော်မတီဆိုသူတွေ တိုက်ခိုက်တာက အစ ကျွန်နော်သိနေလို့ ပါဘဲ “မင်းဆရာမိုးသီး ရောက်တဲ့ နေရာကွဲတာဘဲလို့ အပြောခံခဲ့ရဘူးသလို မင်းဆရာကေကျု နိုင်ငံရေးမလုပ်ခိုင်းနဲ့ တော့လို့ ပြောခဲ့ ပြီး၈၈၈၈ ကို သူတို့ လုပ်ခဲ့တာပါလို့ ပြောခဲ့ ဘူးတဲ့ တဲ့ကွန်မြူနစ်ဆိုသူတွေ ကို ကျွန်တော်ကော်ဆဲခဲ့ဘူးပါတယ် (အဲအချိန်က အရမ်းတက်ကြွ ပြီး ငယ်လည်းငယ်သေးလို့ ပါ ခုချိန်ဆို ဆဲဖြစ်မယ်မထင်တော့ပါဘူး ခင်ဗှားတို့ အဆင့် ပျင်းတယ်ဗျာလို့ ပြောမိမှာပါ) အတွင်းစည်းထည်းကဖြစ်တဲ့ ဗကသ အခြင်းခြင်းမှာတောင် ဗကသ အတွင်းရေးမှုး လုပ်သွားခဲ့ဘူးတဲ့ ရန်မျိုးသိန်း (ယခု ဆရာဝန်ဖြစ်နေပါပြီ )ကတောင် “ အဲလူနားခိုင်းလိုက်တော့ဗျာ နိုင်ငံရေးမလုပ်ခိုင်းပါနဲ့ တော့” လို့ ကျွန်တော့ကိုပြောဘူးသလို ခုအမေရိကားမှာ Burma camp
မှာလုပ်နေတဲ့ ကိုအောင်ဒင် (ဗကသ ဒု ဥက္ကဌဟောင်း) ကလည်း သူနဲ့ တူတူ ကားတစီထည်းစီးသွားပြီး ကိုကိုကြီးအဖမ်းမခံရဘဲ သူ့ ကိုဖမ်းလိုက်လို့  ထောင်ထည်းကနေပြီးသတိထားဘို့ ပြောဘူးတယ်လို့ ကြားခဲ့ဘူးပါတယ် ကိုအောင်ဒင် တကယ်ပြောမပြောတော့ ကျွန်တော်လည်းမသိပါဘူး ကျောင်းသားခေါင်းဆောင်တွေအကုန်လုံးကို ဖမ်းခဲ့ပြီး ကိုကိုကြီးတယောက်ထည်းကို ပြန်လွတ်ပေးလိုက်တာဟာလည်း တကယ်တော့ ထောက်လှမ်းရေးရဲ့ ဇယားတွေပါဘဲ
(သူ့ အကြောင်းရေးတဲ့အခါ ပြဿနာတွေ ဆဲဆိုမှုတွေ ဝေဖန်မှုတွေ ရှိလာနိုင်ပေမယ့် ကျွန်တော့တယောက်ထည်းအမြင်နဲ့ ကျနော့် ရှူထောင့်က ကျွန်နော်ရေးပါတယ်)
သူဟာ အေဂျီတီအိုင်အောင်ထားခဲ့ပြီး မှ ၇န်ကုန်တက္ကသိုလ်မှာ (နိုင်ငံတာဆက်ဆံရေးနဲ့ အုပ်ချုပ်ရေး ဘာသာ၇ပ်) နဲ့ ကျောင်းပြန်တက်နေသူပါ ဒါ့အပြင်သူက အထက်တန်းရှေ့ နေစာမေးပွဲလည်း အောင်ထားပါတယ်
ကျွန်နော့်လက်က သေနှပ်ဒဏ်ရာမသက်သာသေးလို့ မလိုက်နိုင်ဘူးလို့ ပြောပြီး တွေ့ ပြိးရင်ဘာထူးလည်းဆိုတာ ပြောပြပါလို့ တော့မှာလိုက်ပါတယ် သူက စိတ်ချပါလို့ ပြောပြီး ပြန်သွားခဲ့ပါတယ် အဲဒီနောက်ပိုင်း အချိန်တော်တော်ကြာမတွေ့ ၇တော့ပြန်ပါဘူး-----
သူ့ ကိုဒုတိယအကြိမ်ပြန်တွေ့ တာကတော့ ၁၉၈၉ ဇူလှိုင် ၁၉ အာဇာနည်နေ့ ချီတက်ပွဲမှာပါ အဲဒီနေ့ ညထည်းက အာဇာနည်နေ့ မှာ လူထုနဲ့ အတူ ချီတက်ဘို့ အစီစဉ်တွေ အကုန်ဆွဲထားပါတယ် ပန်းခွေ တွေကအစ အကုန်လုပ်ထားပြီး သင်္ဃန်းကျွန်း ဒီမိုကရေစီ ပါတီ ရုံးခန်းထည်းမှာ အဆင်သင့်လုပ်ထားပါတယ်။
(လူ့ ဘောင်သစ်မှာဘာလို့ မထားလည်းဆိုတာပြောပြပါ့မယ် သင်္ဃန်းကျွန်း မှာလူ့ ဘောင်သစ် ၂ ဖွဲ့ တင်ထားပါတယ် အရှေ့ ခြမ်း အနောက်ခြမ်းဆိုပြီးတော့ပါ တခြမ်းက တင်သန်းဦးတို့ ပေါ့ တခြမ်းက သန်းအံ့ တို့ လုပ်ပါတယ်သူတို့ နဲ့ ပထမ ပိုင်းမှာ အဆင်မပြေပါ ဂျေအေစီ လို့ ခေါ်တဲ့ သုံးခြောင်းထောက် ဖွဲ့ ပြီးမှ နဲနဲ ပြန်အဆင်ပြေတာပါ နောက် သက်ထွန်း ပြန်လွတ်လာပြီးတော့မှ ရွေးကောက်ပွဲအတွက် သူ့ ကို မဲဆွယ်ပေးမှ ပြန်တွဲမိတာပါ တခါလည်း ဆူးလေဘုရားလမ်းမှာ ရှိတဲ့ လူ့ ဘောင်သစ်ဌာနချုပ်မှာ (မိုးသီးထွက်သွားပြိးတဲ့နောက်) လူ့ ဘောင်သစ် တိုင်းက လူတယောက်နဲ့ ချိန်းထားလို့ သွားပါတယ် ဟိုရောက်တော့ သူတို့ အစည်းအဝေးလုပ်နေတယ်လို့ ပြောပါတယ် ကျတော်တွေ့ ဘူးတဲ့ အစည်းအဝေးဆိုတာတွေက ကုလားထိုင်တွေ စားပွဲတွေ ပေါ်မှာ ခန့် ခန့် ညားညားထိုင်ပြီး ပြောနေ ဆိုနေတာမျိုး ကျတော်ကြည့်ဘူးတဲ့ ဓါတ်ပုံတွေ ရုပ်ရှင်တွေထည်းက အစည်းအဝေးဆိုတာလည်း ကုလသမဂအစည်းအဝေး အမေရိကန်ဆီးနိတ် ကွန်ဂရက် စတဲ့အစည်းအဝေး မှန်သမျှ ခန့် ခန့် ညားညားတွေကြည့်ပါဘဲ ခုတော့သူတို့ အစည်းအဝေးဆိုတာက ကြမ်းပေါ်မှာ လူ ၇ ယောက် ၈ ယောက်လောက် ၀ိုင်းထိုင်နေကြတာပါ ဘေးမှာလည်း (သက်ထွန်းတို့ တုန်းကလို့ ငါးသုံးလုံးစီးကရက် ဝေးရော) ဆေးပေါ့လိပ်တို ကို နို့ ဆီခွက်ထည်းထည့်ထားတာ ဆိုတော့ အစည်းအဝေးမှန်းလည်းမသိပါဘူး သူတို့ ကိုလည်း အောင်ဇေယျ ကလွဲလို့ တယောက်မှ ကျွန်တော်မသိပါဘူး အရင်သိဘူး မျက်မှန်းတန်းဘူးတဲ့ လူ့ ဘောင်သစ်ခေါင်းဆောင်တွေ လည်း တယောက်မှ မရှိတော့ပါဘူး ကျွန်တော့်ကိုလည်းသူတို့ တယောက်မှ မသိပါဘူးသူတို့ စကားဝိုင်းနားရောက်သွားတော့ ဥက္ကဌ ကြီးဆိုတဲ့ အောင်ဇေယျ ထလာပြီး “ အစည်းအဝေးလုပ်နေတာ နားမလည်ဘူးလား” တဲ့ ဘာကိစ္စလည်း တဲ့ ကျတော်ဗကသ ကပါ စာအုပ်ကိစ္စပါ ဆိုတော့ နောက်မှလာ ဒီမှာအစည်းအဝေးရှိတယ်------ ဘာညာကွိကွ နဲ့ ဘလိုင်းကြီးကောပါလေရော အဲဒါနဲ့ ကျတော်လည်းတင်းပြီး “ဟေ့ကောင်အောင်ဇေယျ မင်းငါ မလုပ်ချင်လို့ လူ့ ဘောင်သစ်ဥက္ကဌ ဖြစ်တာပါကွာ” လို့ ပြောလိုက်မိတာနဲ့ လူ ၈ ယောက်လောက် ၀ိုင်းသမ လိုက်တာ ခံခဲ့ ရ ဘူးပါတယ် )
ဒါပေမယ့် အဲဒီ ဇူလှိုင် ၁၉ ရက်မနက်ပိုင်းမှာတော့မနက်အစောကြီးလမ်းကြောင်းသွားကြည့်ခိုင်းလိုက်တဲ့ သူ ပြန်လာပြိးသတင်းပို့ ပါတယ် ချီတက်ပွဲ ဖျက်လိုက်တယ် ဘာလို့ လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဖျက်လိုက်လို့ တဲ့ အဲဒါနဲ့ ကျွန်တော့ အယ်နယ်လ်ဒီ ရုံးမှာ ဗကသ က ဘယ်သူရှိမလည်းသွားရှာတော့ ကိုကိုကြီး နဲ့ တွေ့ ပါတယ် သူကိုမေးတော့ ချီတက်ပွဲ ဖျက်လိုက်တယ် လို့ ထပ်ပြောပါတယ် ကျတော်စိတ်ဆိုးပြိး “နေပါဦးဗျ ဗကသ က ဘယ်တုန်းက အယ်နယ်လ်ဒီနောက်လိုက်ဖြစ်သွားတာလည်း အလ်နယ်လ်ဒီ မလုပ်တာနဲ့ မလုပ်ရတော့ဘူးလား” လို့ မေးလိုက်မိတော့ သူ ကျွန်နော့်ကို အပြင်ခေါ်ထုတ်လာပြိး ကျတော်လက်ခံတဲ့ထိ နာရီဝက်လောက် နိုင်ငံရေးအခြေနေ အယ်လ်နယ်ဒီ ဗကသ ဆက်ဆံရေးတွေကို ရှင်းပြပါတယ် ပြန်လာတဲ့ အခါ ဒီမိုကရေစီ ရုံးခန်းပေါ်ပြန်ရောက်တော့ ရန်ကုန်ခရိုင် ကျောင်းသား သမဂ က ထက်မိုး (အေဘီအက်ဖ်ဒီအက်စ် ဗဟိုကော်မတီဝင် ကွယ်လွန်) စော်ဘွားကြီးတို့  အုပ်စု ရောက်လာပြီး ဘာဆက်လုပ်မလည်း ဆိုပြီး မေးလို့  လုပ်ထား ပြီးသားပန်းခွေ ကို ဗကသ ဒီမိုကရေစီပါတီ ကကျောင်းသား တွေ ပေါင်းပြီး ကျိုက္ကဆံ ဘုရားပေါ်သွားချလိုက်ပါတယ်
နောက်တကြိမ်တွေ့ တာကတော့ ဒေါ်ချိုချိုကျော်ငြိမ်းခြံထည်းမှာပါ ( ရွှေဘုန်းလူ အကြောင်းထည်းတွင်ရေးထားပါသည်) အဲဒီနေ့ အစည်းအဝေးအပြီးမှာ သူနဲ့ အချိန်တော်တော်ကြာစကားပြောဖြစ်ပြီး ဗကသ ကနေပြီး လူ့ ဘောင်သစ် ပါတိ ခွဲထုတ်ခဲ့တာတွေ သူပြောပြပါတယ် အေဘီအက်ဖ်ဒီအက်စ်ကို ဗကသ က ၀င်းမိုးနဲ့ အောင်နိုင် ရောက်သွားခဲ့တဲ့အကြောင်းနဲ့  တရားဝင် စည်းတွေ ဘောင်တွေ ထည်းက တောင်းဘို့ တိုက်ဘို့ အတွက် လူ့ ဘောင်သစ်ကို ဖွဲ့ စည်းခဲ့တာဖြစ်ကြောင်း လူ့ ဘောင်သစ်နဲ့  အေဘီအက်ဖ် ဒီအက်စ် လုပ်လို့ မရတဲ့ အလုပ်တွေ ကို ဗကသ အနေနဲ့ ဆီမီးယူဂျီ သဘောမျိုးနဲ့ လုပ်မှာဖြစ်ကြောင်းတွေ ကို အချိန်အတော်ကြာ သူရှင်းပြသွားခဲ့ပါတယ် အဲဒီနောက်ပိုင်း သူနဲ့ တွေ့ လိုက်မတွေ့ လိုက်ပါဘဲ
မနွလေး ကျောင်းသားညီလာခံအပြိးမှာ ဗကသ ကနေပြီး ဗကသ (အောက်ဗမာပြည်) ဆိုပြိးကွဲထွက်သွားခဲ့ပါတယ် အဓိက ကတော့ ကိုကိုကြိး နဲ့ အဆင်မပြေမှုတွေပါ ( အသေးစိတ်မရေးတော့ပါ ပြဿနာတွေ ရှိနိုင်လို့ ပါ ) ထောက်လှမ်းရေး ရဲ့  ဇယားတွေကလည်းညက်ပါတယ် မနွလေးဘူတာမှာ ညီလာခံအပြန်ကျောင်းသားတွေကိုဖမ်းတော့ ဗကသ (အောက်ဗမာပြည် ) ကလူတွေတော်တော်များများအဖမ်းခံ၇ပါတယ် အဲဒါကို အောက်ဗ က ကေကျူ ထောက်လှမ်းရေးနဲ့ ပေါင်းပြီး သူတို့ ကိုဖမ်းပါတယ် လို့ သတင်းလွှင့်ခဲ့ပါသေးတယ်
နောက်မှ ဆက်ပါဦးမယ်
Friday, November 20, 2009
တိုက်ပွဲပျော် အပိုင်းနှစ်
Photobucket
ဒီလိုဘဲပေါ့
တိုက်ပွဲဆိုတာ သာချင်သာမယ်
ဒီလိုဘဲပေါ့
တိုက်ပွဲဆိုတာ နာချင်နာမယ်
သာသာနာနာ ဘာမှ မဖြုံ---------------။
ကျတော့်ကို စစ်ကြောရေး ၃ ကြိမ်ထုတ်ခဲ့ပါသည် ပထမဆုံးအကြိမ်မှာမေးခဲ့တာက“ မစ္စတာ ယိုကိုတာ နဲ့ ပေးလိုက်တဲ့ လူ့ အခွင့်အရေးစာတမ်း ဘယ်သူရေးသလည်း ” “ကျွန်နော်မသိပါ ” ပြသနာမရှိသေး ဒုတိယအကြိမ် စစ်ကြောရေး ထုတ်တော့ “ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် အထိမ်းအမှတ် စိန်ရတု သဘင် မဂဇင်း ဘယ်သူတွေ ထုတ်သလည်း ” ကျတော်စဥင်္းစားသည် ဒီစာအုပ်ဘယ်လိုပေါ်သွားသလည်းပေါ့ “ဘာစာအုပ်လည်းကျွန်တော်မသိပါ ” ၀ိုက်လက်သီး ပတ်လတ်သီး တွေ ၀င်လာတယ် မင်းတို့ ခောတ် မင်းတို့ လုပ်ထားပေါ့ကွာ လို့ စိတ်ထည်းက တေးထားမိပြန်သည်
“မင်းကိုယဉ်ယဉ်ကျေးကျေးမေးတာ မရတော့လည်း ရအောင်မေး၇မှာပေါ့ကွာ ” “ မဟုတ်ဘူးလေ စာအုပ်မမြင်ဘူးဘဲ ကျွန်တော်ပြောလို့ မရဘူး စာအုပ်ပြ” အဲအချိန်ထိ စာအုပ်မိသွားတာ မသိသေး “ အိုကေ ရတယ်” သူက ခေါင်းစွပ် စွပ်ထားတာကို ချွတ်ပေးလိုက်ပြိး “ ဒီစာအုပ်တဲ့ ” ကျွန်နော် လုပ်သာလုပ်ခဲ့သည် မမြင်ဘူးခဲ့ ကြည့်လိုက်တော့ လှလိုက်တာ ခန့် ခန့် ငြားငြား
ကြီး အဖုံးမှာ ခွပ်ဒေါင်းပုံကို ပန်းချီဆွဲတာတောင်မဟုတ် ချဉ်နဲ့ ကို စိတ်ရှည်လက်ရှည်ထိုးတာတာ လိမ်လို့ မရတော့လို့ ချက်ချင်းသဘောပေါက်လိုက်သည် လူဘယ်နှစ်ယောက်စစ်ကြောရေးထုတ်ထားပြီး ဘယ်နှစ်ယောက် ဘာပြောထားလည်းမသိ ဆက်လိမ်လို့ က နာတော့မယ် သဘောပေါက်လိုက်သည် “ဟုတ်တယ် ကျွန်တော်တို့ လုပ်တာ” “ သူ
ကဆက်၍ “ ဘယ်သူတွေ ပါသေးလည်း” လုပ်တဲ့သူတွေနံမယ်ပြောလိုက်သည် ( အဲဒီလိုပြောလိုက်မိလို့  ကိုစိုးထက်ခိုင် မကသ က ကျွန်တော်ဖော်လို့ သူထောင်ကျရပါသည်ဆိုပြီး ရိုက်မယ်လို့ ကြိမ်းထားခဲ့သည် ထောင်ကလွတ်လို့ အပြင်မှာတွေ့တော့“ ခင်ဗျား ကျွန်နော်လုပ်လိုက်ရင်သေသွားမယ် သနားလို့ မလုပ်တော့ဘူး ” ဟုပြောပါသည်)
“မင်းဘာတာဝန် ရှိလည်း” “တာဝန်ခံအယ်ဒီတာပါ” “ဘာလည်းတာဝန်ခံအယ်ဒီတာဆိုတာ” “ စာအုပ်ထည်းပါတဲ့ အကြောင်းအရာအတွေ နဲ့ ပတ်သက်ပြီး တစုံတခု အငြင်းပွားဘွယ်ဖြစ်လာခဲ့ရင်ရှင်းဘို့ အတွက်ပါ” “အဲစာအုပ်ထည်းမှာ ဘယ်သူတွေရေးလည်း”“ အဲဒါတော့ကျနော်မသိဘူး” သူမယုံပါ ခေါင်းစွပ်ပြန်စွပ်သည် ရိုက်တော့မယ်ဆိုတာသိသည် “မင်းတာဝန်ခံအယ်ဒီတာ မင်းသိရမှာပေါ့” ပြဿနာဘဲ အကောင်းဆုံး ဆင်ခြေကို စဉ်းစားလိုက်သည် ပြီးမှ “မဟုတ်ဘူး ပို့ တဲ့ သူတွေက တိုက်ပေါင်းစုံက ပို့ တာဖြစ်ပြီး သူ့ တို့ နံမယ်အရင်းတတ်တားတာမဟုတ်ဘူး ကျွန်တော်တို့ က ဘယ်သူတွေရေးတယ်ဆိုပြီးမေးလို့ မရ မေးခွင့် မရှိပါ မကြိုက်ရင် မထည့်ယုံပါဘဲ” တော်သေးတယ် ကျွန်နော့်ဆင်ခြေကို သူလက်ခံလိုက်သည် အရိုက်မခံရတော့ သူခေါင်းစွပ်ပြန်ချွတ်ပေးပြီး “ မင်းရေးတဲ့ ဟာတွေ ငါ့ကိုပြ” ကျွန်တော်ရေးသော ကဗျာတပုဒ် ဆောင်းပါးတပုဒ် အင်တာဗျူးတခု သူ့ ကိုပြလိုက်သည် ကဗျာကို သူဖတ်ကြည့်ပြီး “ဒီကဗျာက ဘာရေးတာလည်း ”
ဘာမှ မဟုတ်ပါဘူး နိုင်ငံရေးမလုပ်တော့ဘူး စစ်တုရင်ဘဲ ထိုးမယ်လို့ ရေးထားတာပါ” “မင်းစစ်တုရင် ထိုးတတ်လို့ လား”“ နဲနဲပါးပါးထိုးပါတယ် ကျောင်းသားမြို့ နယ်ပွဲထိုးဘူးတယ် ခုတော့မထိုးတာကြာလှပြီ ” တော်သေးတယ် ငါနဲ့ ထိုးမလားဆို ဒုခ
( အဲဒိကဗျာလေးအကြောင်းနဲနဲ ဖြတ်ပြောချင်ပါသည် ၁၉၉၃ ထည်းမှာ တိုက်ဝင်း အတွင်းမှာ စာအုပ်တအုပ်ထုတ်ပါသည် ( အဲဒီစာအုပ်ကိစ္စသည် ထောက်လှမ်းရေးမှာမပေါ်ခဲ့ပါ ထုတ်ဝေသူများ ပြည်တွင်းမှာ ရှိနေပါသောကြောင့်လုံခြုံရေးအရ စာအုပ်နံမည် ထုတ်ဝေသူများအမည်ကို မဖေါ်ပြတော့ပါ) အဲဒီစာအုပ်ထည်းမှာ ကဗျာလေးတပုဒ်ပါပါသည် ရေးသားသူအမည်ကို မဖေါ်ပြတော့ပါ ) ခေါင်းစဥင်္က
ငြိမ်းချမ်းရေး
သူငယ်ချင်း------
မင်းနဲ့ ငါစစ်တုရင်ထိုးနေမယ့်အစား
ကဲလာ
မင်းနဲ့ ငါ
အေးအေးဆေးဆေး
စကားပြောရအောင် သူငယ်ချင်း ----။
အဲဒါလေးပါဘဲ ကဗျာရေးသူဆိုလိုချက်က တွေ့ ဆုံဆွေးနွေးဘို့ နအဖ ကိုဖိတ်ခေါ်လိုက်တာပါ ကျွန်နော် စာအုပ်တာဝန်ခံထံသို့  စာရေးပြီးဆွေးနွေးခဲ့ပါသည် ဟုတ်ပြီး တွေ့ ဆုံဆွေးနွေးရေး လက်ခံပါသည် သို့ သော် တွေ့ ဆုံဆွေးနွေးဘို့ ဆိုတာ ကိုယ့်မှာ အင်အားရှိဘို့ လိုပါသည် အင်အားမရှိဘူးဆို ရင် အော်နေလည်းအလကားဖြစ်ပါသည် တွေ့ ဆုံဆွေးနွေးရေးဆိုတာ ရှုံးတဲ့သူတွေ အော်တာဖြစ်သည် နအဖ ကို တွေ့ ဆုံဆွေးနွေးရေးစားပွဲဝိုင်းပေါ်ရောက်လာဘို့ အတွက် ဖိအားပေးနိုင်ရပါမည်
ဖိအားပေးနိုင်ဘို့ နည်းလမ်း သုံးခု ရှိပါသည် ပထမ နည်းလမ်းက လူထုအားနဲ့ စားပွဲ ၀ိုင်းဆီကို တွန်းပေးမလား (အဲဒီအချိန်မှာ
ဘာလှုပ်ရှားမှုမှ မလုပ်နိုင်ပါ ) နံပါတ် နှစ် နည်းလမ်းက စစ်ရေးနည်းလမ်းအရ နအဖ ကိုချိန်းခြောက်နိုင်လျှင် နအဖ သည် တွေ့ ဆုံဆွေးနွေးရေး စားပွဲဝိုင်းကိုတက်လာပါမည် နံပါတ် သုံးက နိုင်ငံတကာ ဖိအားနည်းဖြင့် နအဖ ကို စားပွဲ ၀ိုင်းဆီသို့ တွန်းပို့ ရေးဖြစ်သည် အဲဒိနည်းလမ်း သုံးသွယ် အနက် တခုခု မရှိပါဘဲနှင့် တွေ့ ဆုံဆွေးနွေးရေး စကား ပြောနေလျှင်မဖြစ်နိုင်ပါ အဲဒီနည်းလမ်း သုံးသွယ် တခုခု လုပ်နိုင်၇ပါမည် ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားပါသလည်း ”
ဟု ဆွေးနွေးခဲ့ရာ အဲဒီ စာအုပ်တာဝန်ခံအယ်ဒီတာမှ ဘာမှ အကြောင်းမပြန်ခဲ့ပါ အဲဒါနဲ့ ကျွန်နော်တင်းပြိးမှတ်ထားလိုက်ပါသည် ၄တိုက်အတိုမှ ကိုဘုန်းမော် နှစ်ပတ်လည်သွေးသစ်လှုင်းမဂဇင်းထုတ်သည့် အခါ အထက်ပါတုန့် ပြန်ကဗျာ ကို ပို့ လိုက်ပါသည် ၂ ရက်လောက်အကြာမှာ ရောက်မလာလို့ ထပ်ပို့ ပေးပါလို့ ပြောပါသည် ကျွန်တော်ထပ်မပို့ တော့ ကျွန်နော်တို့ ထုတ်မယ့် မဂဇင်းမှာ ဘဲထည့်လိုက်တော့မယ်လို့ ပြောလိုက်ပါသည် သို့ သော် သူတို့ မဂဇင်းမှာလည်း ပြန်တွေ့ လို့ ဆိုပြီးထည့် လိုက်တော့ ၂ ခါထည့်ဖြစ်သွားပြီး အမှုပိုကြီးသွားခဲ့ပါသည်။
ကျွန်တော်ရေးလိုက်တဲ့ တုန့် ပြန်ကဗျာလေးက
ရင်ဆိုင်ခြင်း
သူငယ်ချင်း----
စိတ်ကူးယဉ်လမ်းလျှောက်
လေထည်းမှာ တိုက်ဆောက်လို့ 
တောရောက်တောင်ရောက် စကားတွေ ပြောနေမယ့်အစား
ပုစ္စာတပုဒ်ကို
သရုပ်မှန်စွာ အဖြေထုတ်နိုင်ဘို့ 
ကဲလာ
မင်းနဲ့ ငါ
စစ်တုရင်ထိုးမယ်သူငယ်ချင်း------.။
တိုက်ဝင်းအတွင်းမှ လူပေါင်း ၁၀၀ ကျော်ကို စစ်ကြောရေးထုတ်မေးမြန်းခဲ့ပါသည် နယ်ထောင်တွေ ကိုရောက်နေသော ပါဝင်ပါတ်သက် သူများကိုလည်း ပြန်ခေါ်ခဲ့ပါသည် သာယာဝတီထောင်မှ ကိုဌေးကြွယ် ( ၈၈ မျိုးဆက်) တောင်ငူထောင်မှ ကိုဖြိုးမင်းသိန်း (ဗကသ အောက်ဗမာပြည်) သရက်ထောင်မှ ကိုဇော်မင်း (ဗကသ ယခုထောင်တွင်း) ကိုလွင်ဦး ( ဒေါ်အောင်ဆန်းစုကြည် နိုဗယ် ၉၀ ခေါင်းဆောင်) တို့ ကိုလည်း ပြန်လည်ခေါ်ယူ စစ်မေးခဲ့ပါသည် စစ်ကြောရေးအပြီးမှာတော့
လူပေါင်း ၂၄ ယောက်ကို ရွေးချယ်လျှက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ မှ ကြေငြာချက်အမှတ် ၂ / ၁၉၉၆ ဖြင့် ရန်ကုန်တိုင်းမြောက်ပိုင်း ခရိုင် အထူးတရားသူကြီး ကျော်ထွန်းမှ ဘွဲ့ တံဆိပ်များ ချီးမြင့်ခဲ့ပါသည်
(အခြားသူများနှင့်ပတ်သက်သော ကိစ္စများကို ကျွန်နော်မရေးတော့ပါ ကာယကံရှင်များ သီးခြားရေးချင်လည်းရေးပါလိမ့်မည်မရေးချင်လည်း သူုတို့ သဘောအတိုင်းဖြစ်ပါသည် ကျွန်တော်ရေးလျှင်ပြဿနာ ရှိနိုင်သောကြောင့်ဖြစ်ပါသည်)
နောက်တိုး ၁၂ နှစ်ချီးမြောက်ခြင်း ခံ၇သူ ( ၄ ) ဦး
၁။ ကိုစိုးမြင့် (ဗမာပြည်ကွန်မြူနစ်ပါတီ) ယခု သာယာဝတီထောင်
၂။ ကိုဘမျိုးသိန်း(ဒညတ) ယခု သရက်ထောင် ဟုထင်
၃။ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု (လူ့ ဘောင်သစ် - ၈၈ မျိုးဆက်) ယခု ထောင်တွင်း
၎။ ဒေါက်တာ ဇော်မြင့်မောင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အမရပူရ ပြည့်သူ့ လွတ်တော်ကိုယ်စားလှယ်)
နောက်တိုး ၇နှစ် (၁၈) ဦး
၁။ ကိုမျိုးမြင်ညိမ်း (အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်)
၂။ ကျွန်နော်
၃။ ကိုညွန့် ဇော် (အေဘီအက်ဖ်ဒီအက်စ်) သာယာဝတီထောင်ကျဆုံး
၎။ ကိုစိုးထက်ခိုင် (မကသ) ယခု ထိုင်း
၅။ ကိုအောင်ကျော်ဦး(ဗကသ) ယခု အေအေပီပီ ထိုင်း
၆။ ကိုဇော်မင်း (ဗကသ- ၈၈ မျိုးဆက်) ယခု သရက်ထောင်
၇။ ကိုဖြိုးမင်းသိန်း (ဗကသ အောက်ဗမာပြည်)
၈။ ကိုဝင်းသိန်း( သုံးရောင်ချယ်) ယခု နော်ဝေ
၉။ ကိုကြည်ဖေကျော်( အေဘီအက်ဖ်ဒီအက်စ်) ယခု ထိုင်း
၁၀။ ကိုထွန်းဝင်း (ရခိုင်ကွန်မြူနစ်ပါတီ)
၁၁။ ကိုယဉ်ထွေး (ဒု-ဥက္ကဌ လူ့ ဘောင်သစ်ဒိမိုကရက်တစ်ပါတီ) ယခု နော်ဝေ
၁၂။ ဦးဝင်းတင် (ဗဟိုကော်မတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်)
၁၃။ ကိုအောင်မျိုးတင့် (ဒု ဥက္ကဌ မကသ) ယခု ထိုင်း
၁၄။ ကိုပြုံးချို (ဒု ဥက္ကဌ ရကတ- ၈၈ မျိုးဆက်) ယခု ထောင်တွင်း
၁၅။ ကိုမြတ်ထွန်း (အေဘီအက်ဖ် ဒီအက်စ် ၂၀၉)
၁၆။ ကိုလှသန်း (အေဘီအက်ဖ် ဒီအက်စ်)
၁၇။ ကိုစိန်လှိုင် (သုံးရောင်ချယ် ) ယခု အဖမ်းခံထားရ
၁၈။ ကိုဘိုဘိုဦး (အေဘီအက်ဖ်ဒီအက်စ်) တို့ ဖြစ်ကြပြိး
နောက်တိုး ( ၅ ) နှစ် ၂ဦးမှာ
၁။ ဒေါက်တာမြင့်နိုင် ( ကန့် ဘလူမြို့ နယ် ပြည့်သူ့ လွတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်)
၂။ ကိုသက်မင်းအောင် ( အေဘီအက်ဖ် ဒိအက်စ် ) ယခု ထိုင်း
တခြားသူများအမှုတွေ ကိုလေ့လာချင်တယ်ဆို၇င်တော့ ဒီနေရာလေးမှာ သွားကြည့်ပါ
http://www.aappb.org/notguilty3.html
http://www.aappb.org/notguilty6.html
http://asiapacific.amnesty.org/library/Index/ENGASA160112005?open&of=ENG-2AS
http://drzawmyintmaung.blogspot.com/
လိုအပ်သည်များနှင့် စာလုံးပေါင်းသပ်ပုံအမှား များကို နောက်နေ့ မှ ထပ်မံဖြည့်စွတ် ပြင်ဆင်ပါမည်
Thursday, November 19, 2009
တိုက်ပွဲပျော်
Photobucket
ပုခက်ထည်းက
အူဝဲဟစ်ခါ စစ်ကြေညှာပြီး
လောကကြီး၏ ခါးသီးတွေ့ ကြုံ
အလုံးစုံကို မဖြုံအံခဲ
ရင်ဆိုင်နွဲရင်း လူလည်းအတော်ကြီးခဲ့ပေါ့-----------
ဟုတ်တာပေါ့ မွေးကထည်းက အော်ဟစ် ငိုယိုပြီး တောင်းခဲ့  တိုက်ခဲ့တာ နဲမှ မနဲခဲ့တာဘဲ ငယ်ဘ၀တွေ ပြန်တွေးတိုင်းလည်း မိဘတွေ ရှိမှန်း မရှိမှန်းမသိဘဲ လိုချင်တာတခုထည်းအတွက် တိုက်ပွဲဝင်ခဲ့တာ စိတ်မကောင်းတော့ဖြစ်မိပါတယ် မိဘတွေကလည်း သာမာန်ပူစာတာထက်စာရင် ငိုယိုတောင်းဆိုတော့မှ ၀ယ်ပေးခဲ့တာ များပါတယ်----။
ရဲလည်းရဲလို့  နွှဲလည်းနွှဲခဲ့
အောင်ပွဲတွေလည်း အင်္သချေ-----။
မိုက်လည်းမိုက်လို့ တိုက်လည်းတိုက်ခဲ့
ရှုံးခဲ့တာလည်း အနှနွ--------။
အသက်နဲနဲလေးကြီးလို့ လူငယ်ပိုင်းရောက်လာတဲ့အချိန် ပျော်လို့ မှ မဆုံးခင် ရန်ကုန်တက္ကသိုလ်ထည်းမှာ မုန်တိုင်းတွေ စလာခဲ့ပြီး ရန်ကုန်တက္ကသိုလ်က ဘွဲ့ တခုပေးဘို့ ငြင်းဆန်ခဲ့တာကြောင့် ဘ၀တက္ကသိုလ်မှာ ဘွဲ့ ယူဘို့ ပြောင်းတက်ခဲ့မိတယ် တောင်းပွဲတိုက်ပွဲတွေကြားကဘဲ ဘ၀တက္ကသိုလ်ကြီးက မာစတာဘွဲ့ ကိုထပ်ပေးခဲ့တာပေါ့ တချို့ ကတော့ ပီအီတ်ဒီ အတွက်ဆက်တက်နေကြတုန်း ဆက်တိုက်နေကြတုန်း ဘ၀တက္ကသိုလ်မှာတိုက်ခဲ့တဲ့တိုက်ပွဲတွေကြားမှာ အောင်ပွဲတွေ အများကြီး ရှိခဲ့ဘူးသလို ရှုံးခဲ့ ခံခဲ့ရတာတွေ လည်းမနဲခဲ့ပါဘူး ရှုံးခဲ့တဲ့ တိုက်ပွဲတွေက ရိုးရိုးလေး ရှံးခဲ့တာတော့မဟုတ်ပါဘူးပေးဆပ်ရင်းနှီးမှုတွေ အများကြီးနဲ့ ရှုံးခဲ့ကြတာပါ ဟုတ်တယ် အဲဒီ ရှုံးခဲ့ဘူးတဲ့ တိုက်ပွဲတွေ ကြားက တိုက်ပွဲလေးတပွဲပေါ့ စိတ်ဝင်စားမယ်ထင်ရင်တော့ ဖတ်ကြည့်ပေါ့ဗျာ အချက်အလက်အားလုံးမှန်ကန်ကြောင်းကိုတော့တာဝန်ယူပါတယ်--------------။
ဟုတ်တယ် အဲဒီနေ့ပေါ့ ၁၉၉၅ နိုဝင်ဘာ ၁၁ ရက် စနေနေ့ ထင်ပါတယ် ညနေပိုင်း ထောင်ပိတ်ခါနီးအချိန်မှာဘဲ ကိုတင့်ဆန်း (ရကတ ဥက္ကဌ) က အုတ်တံတိုင်းနားက ကပ်ပြီးသတင်းလေးတခုပေးပါတယ် ( သူတို့ က ၄ တိုက်အတို ကျတော်တို့ က ၄ တိုက်အရှည်ပါ ၄တိုက်အရှည်မှာ အခန်းနံပါတ်တစ်ကနေပြီး ၁၈ အထိရှိပြီး အုတ်တံတိုင်းတခုကိုကန့် ထားပြီး အခန်းနံပါတ်၁၉ ကနေ ၃၀ ထိကို ၄တိုက်အတိုလို့ ခေါ်ပါတယ်)
“ ညနေက ခေါင်းဖြူကြီးထောင်ဝင်စာထွက်ပြီး ဘာတွေ ပြောလည်းမသိဘူး ပြန်လာပြိးသိပ်မကြာဘူး ထောက်လှမ်းရေးကလာခေါ်သွားတယ် ” တဲ့
(ခေါင်းဖြူကြီးဆို တာ သုံးခွကပါ ၁၉၈၈ မှာ လက်နှက်မှုနဲ့အဖမ်းခံထားရပြီးထောင်နှစ်ပေါင်း ရာကျော်ချထားတာပါ)
အဲဒီညတွင်းချင်းဘဲ ည၈ နာရီလောက် ၄တိုက်အတိုက တင်မောင်လွင် (လေအေးသာ) ကြီးအခန်းကို ၀င်ရှာပါတယ် ပထမဆုံး ရေဒိယိုတလုံးမိသွားပါတယ် ဆက်တိုက်ပါဘဲ တင်မောင်လွင်ရဲ့ ဖော်ကောင်လုပ်မှုကြောင့်ဘဲ ၄တိုက်အရှည်က ကျတော့်အခန်းနဲ့ ကပ်လျှက် အခန်းနံပါတ် ၁၈ ကို ၀င်ရှာပြီးအခန်းထည်းရှိတဲ့ လူတွေကို ထုတ်သွားခဲ့ပါတယ် အဲအချိန်မှာ အခန်းနံပါတ် ၁၈ မှာ ကိုမျိုးမြင့်ညိမ်း (ကျားဘငြိမ်းသား ပေဖူးလွှာ မဂဇင်း ထုတ်ဝေတဲ့ ကိုဝင်းငြိမ်း ညီ) နဲ့  ကိုကြည်ဖေကျော်( အေဘီအက်ဖ်ဒီအက်စ် ယခုထိုင်း) ၂ယောက်နေပါတယ် အစပိုင်းမှာလူတွေပြည့်နေပင်မယ့် ထောင်ပြောင်းထားတာမကြာသေးတော့ လူနဲနဲဘဲ တိုက်ထည်းမှာ ရှိနေပါတယ် သူတို့ ကိုထုတ်သွားပြီးတဲ့နောက် ကျတော်နဲ့ အတူနေတဲ့ ကိုညွန့်ဇော် (အေဘီအက်ဖ်ဒီအက်စ် သာယာဝတီထောင်ကျဆုံး) တိုင်ပင်ပြီး သတင်းစာရွက်စာတန်းတွေကို ဖျက်စီးပါတယ် ( အဲဒီအချိန်က ကျတော်တို့ အခန်းကနေပြီး တိုက်ဝန်းအတွင်း ဘိဘီစီ ဗွီအိုအေ အာအက်ဖ်အေ သတင်းတွေကို ထုတ်ပြန်ပေးနေတာပါ သတင်းတွေကိုတော့ ကိုဂျင်မီ ( လူ့ ဘောင်သစ် ၈၈ မျိုးဆက် ကနားထောင် ကိုမြတ်ထွန်း (အေဘီအက်ဖ် ဒီအက်စ် ၂၀၉ ) က လက်ရေးတိုနဲ့ လိုက်ေ၇းပြီးတော့ လမ်းကြောင်းနဲ့  ကိုမျိုးမြင့်ညိမ်းဆီပို့ ပေးပြီး ကိုမျိုးမြင့်ညိမ်းဆီကတဆင့် ကျတော်တို့ ဆီပို့ ပေးပြီး ကိုညွန့် ဇော်က လက်ရေးနဲ့ စာရွက်ပေါ်မှာ အချောပြန်ရေးပြီး တိုက်ဝန်းထည်းကို ဖြန့် ပါတယ် )
ညတွင်းချင်း ကျတော်တို့ ဖျက်စီးနိုင်ခဲ့ပါတယ် ဒါပေမယ့် နောက်တနေ့ မနက်မှာတော့ တိုက်ဝန်းကြီးတခုလုံးကို ၀င်မွှေတော့တာပါဘဲ ဘယ်သူ့ တွက်ချက်တွေနဲ့  ၀င်မွှေတယ်ဆိုတာတော့ခုချိန်ထိ ရှင်းလို့ မ၇သေးပါဘူး (ပထမဆုံး စစ်ကြောရေးထုတ်တာက ကိုတင်ဝင်း ဒုတိယက တင်မောင်လွင်နဲ့ ကိုထွန်းဝင်း (ရခိုင်ကွန်မြူနစ်ပါတီ) တတိယကတော့ ကိုမျိုးမြင့်ညိန်းနဲ့ ကိုကြည်ဖေကျော်ပါ------။
နောက်နေ့ ရှာဖွေရေးကလည်း ကြမ်းသလားမမေးပါနဲ့  အင်းစိန်ထောင်က တာဝန်ကျ ၀န်ထမ်းတွေကိုတောင်မှာ တိုက်ဝန်းထည်း ပေးမ၀င်တော့ဘဲ ညတွင်းချင်း နယ်ထောင်တွေက ခေါ်လိုက်တဲ့ ၀န်ထမ်းအင်အား ၁၀၀ ကျော်နဲ့ ရှာပါတော့တယ် ရိုးရိုးတောင်မရှာပါဘူး အောက်ခံသံမံတလင်းတွေကို ပေါက်ချွန်းတွေနဲ့ ပေါက် (သတင်းအတိအကျရတဲ့အခန်းတွေ ဆို ပိုဆိုးပါတယ် ) ပြိးမြေလှန်ရှာတာပါ တိုက်ဝင်းရှေ့ က စားဘို့ စိုက်ထားတဲ့ သစ်ပင်တွေ အကုန်နုတ် မြေတွေပေါက် နဲ့ တကယ့်မြေလှန်စနစ်ဆိုတာ အဲအချိန်မှာဘဲ မျက်ဝါးထင်ထင် မြင်ခဲ့ရတာပါ
အဲဒီညဘဲ ကျတော့်ကိုလာခေါ်ထုတ်ပါတော့တယ် (၃ရက်လောက်ဆက်တိုက်စစ်လိုက်တာ မချိမဆန့် ဗျိုး) ကျတော့်အခန်းကမိတဲ့ အထည်းမှာတော့ ရေနွေးတည်တဲ့ ဂေါက်အပါအ၀င် အခန်းထောင့်က UNDER GROUND ပွင့်သွားခဲ့ပြီး စာရွက်စာတန်းတော်တော်များများပါပေမယ့် အရေးကြီးတဲ့ သတင်းတွေတော့ မပါသွားခဲ့ပါဘူး ကိုကြည်ဖေကျော်တို့ အခန်းက မိသွားတဲ့အထည်းမှာတော့ စာရွတ်စာတန်းတွေ ဦးဝင်တင်(ဗဟိုကော်မတီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်) ယိုကိုတာလာတုန်းက ပေးလိုက်တဲ့ စာကြမ်း လက်ရေးမှုတွေ ကျတော်တို့ စုထုတ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် စိန်ရတု သဘင် မဂဇင်း တွေ ပါသွားခဲ့ပါတယ် ( ကိုကြည်ဖေကျော် ကိုကျတော်နောက်ပိုင်းမေးကြည့်တော့ “ ဘာလို့ အဲစာအုပ်ကို မဖျက်စီးတာလည်း” ဆိုတော့ သူက သူထောင်ကလွတ်တဲ့အခါ ယူသွားမလို့ ပါတဲ့ သူကော ကိုမျိုးမြင့်ညိမ်းကော လွတ်ဘို့ ရက်ပိုင်းလေးဘဲ ကျန်တော့တာပါ ) ကိုမျိုးမြင့်ညိမ်းကိုလည်းကျတော်မေးတယ် ဦးဝင်းတင်စာတွေက အပြင်ထုတ်ပြီးသား ဘာလို့ မူကြမ်းတွေ သိမ်းထားတာလည်းဆိုတော့လက်ခံထားတာပါတဲ့ တော်တော်အံ့သြဘို့ ကောင်းတဲ့သူ ထောင်ကိုများ ရုံးခန်းထင်လားမသိဘူး လက်ခံပစ္စည်းထားသတဲ့)
အဲဒီစာအကြောင်း နဲနဲလောက်ဖြတ်ပြောပါ့မယ် အဲဒိစာကြမ်းက ၁၉၉၄ ထည်းမှာ ကုလသမဂ လူ့ အခွင့်ရေးကော်မတီက မစ္စတာ ယိုကိုတာ လာမယ်ဆိုတဲ့ သတင်းကြားတဲ့အခါ ကိုဇော်မင်း (ဗကသ ယခု ထောင်တွင်း ၈၈ မျိုးဆက်သစ်) ကစတင်အကြံပြုခဲ့ပြီး ကျောင်းသားအုပ်စုတွေဖြစ်တဲ့ ကိုအောင်ကျော်ဦး ( ဗကသ ယခု အေအေပီပီ ထိုင်း) ကိုစိုးထက်ခိုင် (မကသ ယခုထိုင်း) ကိုဖြိုးမင်းသိန်း ( ဗကသ- အောက်ဗမာပြည်) ကိုညွန့်ဇော် တို့ စီစဉ်ပြီး အင်းစိန်ထောင်တွင်းမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆီက အင်းစိန်ထောင်အ၀င်အပါ ဗမာတပြည်လုံးရှိ ရဲဘက်စခန်းတွေ ထောင်တွေမှာ လူ့ အခွင့်ရေးချိုးဖောက်မှုတွေ မတရားနှိပ်စက်မှုတွေကို စုစည်းပြီးေ၇းသားထားတာဖြစ်ပါတယ် အဲဒီစုစည်းမှုအားလုံးကို ကိုညွန့်ဇော်က လက်ရေးမူနဲ့ စုစည်းရေးပြီး ကိုမျိုးမြင့်ညိန်း အကြံပေးချက်အရ ဦးဝင်းတင်ဟာ သတင်းစာဆရာကြီးဖြစ်တယ် ဒါကြောင့် သူ့ ကို အစီအစဥင်္ မကျဖြစ်နေတာတွေ ကို အစီစဉ်တကျရေးခိုင်းမယ်ဆိုပြီး ဦးဝင်းတင်ဆီ ပို့ ပါတယ် ဦးဝင်တင်က ပြင်ဆင်တည်းဖြတ်ပြီးနောက် ကိုမျိုးမြင့်ညိမ်းဆီပြန်ပို့ ထားတာပါ အဲဒိစာကို လက်ရေးမှုနဲ့ ကိုညွန့် ဇော်က ကူးရေးပြီး ထောင်တွင်းက ထုတ်တဲ့ အိတ်တွေရဲ့ ကိုင်းတွေထည်းမှာ ထည့်ပတ်ပါတယ် အဲဒီစာထည်းမှာပါတဲ့အချက်လက်တွေကို သဘောတူကြောင်း လူပေါင်း ၁၀၀ ကျော် လက်မှတ်ထိုးတာပါတယ် (ပတ်တဲ့တာဝန်ကိုတော့ ကိုလှသန်း (အေဘီအက်ဖ်ဒီအက်စ်) နဲ့ အခြားတစ်ယောက် တာဝန်ယူပါတယ် (အခြားတယောက်နံမယ်ကိုမဖော်ပြတော့ပါ အမှုတွဲထည်းမပါဘဲ မဖော်ဘဲ ကျန်ခဲ့သူပါ ပြည်တွင်းမှာ ရှိနေဆဲဖြစ်လို့ မရေးတော့ပါ) အဲဒီစာထည့်ပတ်ထားတဲ့ အိတ်ကို ကိုမျိုးမြင့်ညိမ်းက အပြင်ကိုထုတ်ပါတယ် အပြင်မှာရှိတဲ့အိပ်ကို သုံးရောင်ချယ်ကိုဘုန်းမြင့်ထွန်း (အာရှလက်ဝှေ့ ချန်ပီယံ ဦးတင်ထွန်းသား ယခု ဂျပန်) က တာဝန်ယူပြီး ဒေါ်အောင်ဆန်းစုကြည်ဆီကို ပို့ ပေးခဲ့ပါတယ် ဒေါ်အောင်ဆန်းစုကြည်က ဖတ်ပြီးတဲ့နောက် ဗိုလ်ကြီးဝင်းထိန်ကို ဘာသာပြန်ခိုင်းပြီး မစ္စတာ ယိုကိုတာကတဆင့် ကုလသမဂ ကိုပို့ ခဲ့တာပါ အဲဒီမတိုင်ခင်ကလည်း ၁၉၉၃ မှာ ပုံစံအကျီင်္ပေါ်မှာ လက်မှတ်ထိုးပြိး ဂျနီဗာမှာကျင်းပနေတဲ့ လူ့ အခွင့်ရေးညီလာခံကို ပို့ ခဲ့ဘူးပါတယ် ထောက်လှမ်းရေးက မမိပေမယ့် အဲအချိန်ထည်းက ခင်ညွန့် က တင်းနေတာပါ
နောက်နေ့ မှဆက်ပါဦးမယ်
ကဗျာလေးကတော့
အီကြာကွေး ရဲ့ တိုက်ပွဲပျော်ဆိုတဲ့ ကဗျာလေးကို ခံစားပြီးရေးပါတယ်
Wednesday, November 18, 2009
ဒီလိုပါဗျာ ဒီလိုဒီလို
Photobucket
Taw Lu Thit said...
ဘိုးဘိုးကြီး အဟောင်းတွေပဲဖတ်နေရတယ်ဗျ
ဘယ်သူ့ကို ပြဿရှာရေးရင်ကောင်းမယ် စဉ်းစားနေတာမှလား..
ပူညံပူညံဖြစ်အောင်လေ..ကိုတိုးကြီးတို့.နော်ဝေက.ကျောင်းသားခေါင်းဆောင်တွေအကြောင်းရေးပါဦး..လေအေးသာအကြောင်းပြောတာနဲ့ မင်းသမီးပုံလေးကိုတင်လိုက်တော့ ကာယကံရှင်လေးခမျာ ဘယ်လိုနေမလဲ..ဟင်း..ခက်ပါ၏..
ကို Taw Lu Thit ရေ
ခင်ဗျားကော်မန့် လေးဖတ်မိပြီး ကျတော့် ဆရာတွေ ထည်းက ဆရာတဆူဖြစ်တဲ့  ရကတ ဒုဥက္ကဌ ကိုပြုံးချိုကိုသတိယသွားတယ်ဗျိုး နဲနဲဖြတ်ပြောလိုက်ဦးမယ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ ကလည်း အရင်က ၂ ခုရှိတယ်ဗျ
တင့်ဆန်း ပြုံးချို ရဲထွန်း တို့  (ရကတ) နဲ့  သန်းဝင်း ဘကျော် တင်တင်ညို တို့ (ရကတ) ပေါ့ ပထမ ရကတ က ဒုဥက္ကဌ နဲ့ ခု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ထောင် ၆၅ နှစ်ကျနေတဲ့ ကိုပြုံးချိုပေါ့ သူက ကျတော့်ကိုခေါ်တာက “ပြဿနာကောင်” တဲ့ ကျတော်ရှိတဲ့ နေရာ ပြဿနာ ရှိသတဲံ့ ကျတော်ကလည်း သူ့ ကိုပြောပါတယ် “ ပြဿနာကို ကျွန်နော် ရှာတာမဟုတ်ဘူး ပြဿနာက ကျွန်နော့်ကို လိုက်ရှာနေတာပါ ” လို့ -----
ကျွန်နော် မရေးဖြစ်တာတော့မဟုတ်ပါဘူး ရေးထားတဲ့ ပို့ စ် နှစ်ခု မတင်ပါနဲ့ လို့  ကျွန်နော့် ဆရာများက ပြောလို့ ပါ ခင်ဗျားပြောသလို ပြဿနာ ရှာတယ်လို့ ဘဲ သူတို့ ကမြင်နေကြတယ်လေ ပထမ တခုက ဒီနေ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ က “ ကိုမြအေး” အကြောင်းပါ သူရဲ့ ထောင်ထည်း၇ပ်တည်ချက် ထောင်မကျခင်အခြေနေတွေ ရေးထားမိပါတယ် ဒါပေမယ့် ကျတော့်ဆရာတယောက်က ပြောပါတယ် “ ဒီလို အချိန်မှာ ဒီလိုရေးလိုက်တာဟာ လက်ရှိလုပ်နေတဲ့ ကိုမြအေး ကို ရိုက်ချလိုက်တဲ့ သဘောမျိုး နအဖ အကြိုက်ဖြစ်သွားလိမ့်မယ် မတင်ပါနဲ့ ” လို့ ပြောပါတယ်
ကျတော်ပြန်စဉ်းစားတဲ့အခါ မှန်ပါတယ် ကိုမြအေး ကောင်းတာ ရှိမယ် မကောင်းတာ ရှိမယ် သို့ သော် မကောင်းတာတွေ ပါသွားလို့  နအဖ အလိုကျ ဆောင်းပါးမျိုးလေး ဖြစ်သွားမှာတော့ ကျွန်နော် ဘယ်လိုမှ မလိုလားတာအမှန်ပါဘဲ ကျွန်နော် ဒီဘလော့ခ် လေး စလုပ်ထည်းက ကျောင်းသားခေါင်းဆောင် ဆိုသူတွေ ရဲ့ အကြောင်းကို မှတ်တမ်းမျိုးလေး လုပ်ထားချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ လုပ်ခဲ့တာပါ ကျတော် ဘလော့ခ်နဲ့ ပတ်သက်ဘာမှမတတ်ပါဘူး ဒီဘလော့ခ်လေးကိုလည်း လုပ်လည်းမလုပ်တတ်လို့  ကျတော့်မမ “ဌက်ပြာလေး” (သူလည်းမလုပ်တတ် လုပ်တတ်နဲ့ ) လုပ်ပေးထားတာပါ လိုအပ်တာအကုန်လုံးကိုလည်း ဘာမှထည့်တတ်လို့  ကျွန်နော့်မမ “ စတော်ဗယ်ရီလေး” က ကွန်နက်ရှင် မကောင်းတဲ့ အခက်ခဲ တွေ ကြားက အသေးစိတ်အကုန်လုပ်ပေးထားတာပါ ကျွန်နော် ဘလော့ခ်ဂါ လည်းမဟုတ်ပါဘူး---
နောက်တယောက်အကြောင်းကတော့ ခင်ဗျားပြောတဲ့ နော်ဝေ နိုင်ငံရောက် ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ၂၈ ဗကသ မှာ သတင်းပြန်ကြား တာဝန်ခံနဲ့  အေဘီအက်ဖ်ဒီအက်စ် မှာ တာဝန်ယူဘူးခဲ့  တဲ့ “ကိုသူ၇ိန်” အကြောင်းရေးတာပါ ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ပြောတာနဲ့ မတင်ဖြစ်ပြန်ဘူး ကြောက်လို့ လည်းမဟုတ်သလို မရေးရဲလို့ မပြောရဲလို့ တော့ မဟုတ်ပါဘူး မလိုလားအပ်တဲ့ ပြဿနာကို ဒီလို အချိန်မျိုးမှာ မဖြစ်ချင်သေးဘူး ကောင်းတဲ့ သူမှာဖြစ်စေ မကောင်းတဲ့ သူမှာ ဖြစ်စေ ထောက်ခံတဲ့ သူရှိနေတတ်ပါတယ် ဒီနေ့  “ဒေါ်အောင်ဆန်းစုကြည်” ဘယ်လောက်ကောင်းတာလုပ်လုပ် အနစ်နာခံခံ ဆန့် ကျင်တဲ့ သူတွေ ရှိနေသလို “သန်းရွှေ” လိုကောင်လည်း ဘယ်လောက်မကောင်းကောင်း ထောက်ခံတဲ့ သူတော့ ရှိနေတယ်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး အမှန်တကယ်ပြောမယ်ဆိုလည်း လူတယောက်အကြောင်းကိုရေးတဲ့အခါ သူ့ ဘ၀ မပြီးဆုံးသေးဘဲ တနည်းအားဖြင့် မသေသေးဘဲနဲ့ ရေးရင်မပြည့်စုံနိုင်ပါဘူး ( ဗန်းမော်တင်အောင်လည်းပြောဘူးတယ် လူတယောက်ကို ဝေဖန်တော့မယ်ဆိုရင် သူ့ ရဲ့ ခေါင်းတလား နောက်ဆုံးသံချက်ကိုရိုက်ပြီးမှ ဝေဖန်ပါတဲ့ ) သူပြောတာလည်း ရူထောင့်တခုအနေနဲ့ တော့ မှန်နိုင်ပါတယ် ဘာလို့ လည်းဆိုတော့ လူဆိုတာ အချိန်မရွှေး ပြောင်းလဲတတ်တဲ့ သတ္တ၀ါ ဖြစ်နေလို့ ပါ အရင်က ကောင်းခဲ့ လုပ်ခဲ့ပေမယ့် နောက်ပိုင်း ဖောက်ပြန်ခဲ့တဲ့ လူမျိုး ဥပမာ အေးလွင်တို့ လိုကောင်မျိုးတွေပါ
တခုစဥင်္းစားမိတာကလည်း သေပြီးမှ ရေးတဲ့ သူတွေအကြောင်းကလည်း ၉၅ ရာခိုင်နုန်းလောက်က ကောင်းတာကြည့်ဘဲ ရေးတတ်ကြတယ် ဆရာမိုးစဲနေ စကားနဲ့ ပြောရရင်တော့ ဘုန်းတော်ဘွဲ့ တွေပေါ့ သေပြီးမှ မကောင်းဘူးဆိုပြီး ရေးထားတာတွေ့ ဘုူးဖတ်ဘုးတာ နဲနဲလေးဘဲ ရှိပါတယ် ( ဟစ်တလာ မူဆိုလိုနီ ဂဠုန် ဥိးစော ) အစရှိသဖြင့်ပေါ့ ( ကျွန်နော် လေ့လာမှုအားနည်းတာလည်းဖြစ်နိုင်ပါတယ်)
ပြောစရာတခုရှိတာကလည်း ရေးစရာရှိတာရေး ဘယ်သူမှမတိုင်ပင်နဲ့  အကြံ ဥာဏ်မတောင်းနဲ့  ဆိုတာမျိုးပေါ့
တချို့ သူတွေက ပြဿနာမရှိနိုင်ပါဘူး တချို့ သူတွေက ပြဿနာရှိပါတယ် သာမာန်လူတယောက် အကြောင်းရေးတာမျိုးပြဿနာမရှိပေမယ့် မိုးသီး အကြောင်း နိုင်အောင်အကြောင်းရေးပြီ ဆိုရင်တော့ ပြဿနာ ရှိလာနိုင်ပါတယ် ကော်မန့် တခုထည်းမှာ “ကိုဖုန်း” ရေးဘူးသလိုပေါ့ ထိုင်းပြန်ဆင်း အမေရိကားသွား နောက်ခံ ဘက်ဂရောင်းမရှိဘူးဆို အသတ်ခံ ရနိုင်ပါတယ် သူတို့ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူတို့  ထောက်ခံတဲ့ သူတွေ ကမ္ဘာ အနှံ့ မှာ ရှိနေတာ ငြင်းလို့ မရနိုင်ပါဘူး ဒီလောက် နဲ့ ထားလိုက်ပါတော့ ဆိုလိုချင်တာက ကျွန်နော့်အတွက်လည်း တချို့ ချို့ သော ပြဿနာများ ကိုရင်ဆိုင်ဘို့ အတွက် ဘက်ဂရောင်းလိုအပ်တယ် ယူဆလို့ ဆရာတချို့ ကို ကိုဇော်မင်း အကြောင်း ပို့ စ် ဖျက်လိုက်ရပြီးနောက်ပိုင်းမှာ အကြံတောင်းပါတယ်
အိုကေပါဗျာ ထားလိုက်ပါတော့်နော့
ရေးတော့်ေ၇းပါ့မယ် အရင်လိုတော့ တနေ့ တပုဒ်လောက်တော့ တင်ဖြစ်မယ်မထင်တော့ဘူး ရေးမယ် ကျဲမယ် ပေါ့ဗျာ
လာဖတ်တဲ့ သူ အားလုံးကိုကျေးဇူးတင်ပါတယ်နော်
Tuesday, November 10, 2009
ကျတော်ဆုံခဲ့ဘူးသော ဘ၀တက္ကသိုလ်မှ အနုပညာသည်များ
အပိုင်း သုံး
Photobucket
ခုလို နှင်းမှုန်တွေ ဝေနေတဲ့ နံက်ခင်းတခုမှာပေါ့ သူနဲ့ စသိခဲ့တယ် တိုက်ဆိုင်မှုလို့ ပြော၇မလားတော့မသိဘူး ဘ၀တက္ကသိုလ်မှာ အနုပညာ ရှင်တော်တော်များများနဲ့ ဆုံခဲ့ ဖူးတာ နှင်းတွေ ဝေနေတဲ့ ဒီဇင်ဘာ ညနေခင်းတွေနဲ့  ဇနွဝါ ရီ နံက်ခင်းတွေမှာပါ
ဒါကြောင့် လည်းနှင်းမှုန်ဝေ နေတာလေးတွေ ကိုချစ်တယ်
( ကျွန်တော်နဲ့ ခင်မင်ပါသော စင်္ကာပူ ထိုင်း အမေရိကား နော်ဝေ နိုင်ငံတို့ မှ “နှင်း” ပါသော“ဝေ” ပါသော “မှုန်” ပါသောကောင်မလေးများကို မရည်ရွယ်ပါ ပြသနာလာရှာမှာ စိုးလို့ ပါ )
သူ အခန်းရှေ့ မှာလာလာပြီးစကားပြောနေခဲ့ သည့်တိုင်သူ့ ကိုဘယ်သူမှန်းမသိသေး သူ နဲ့ ရင်းရင်းနှီးနှီးသိသူက ကိုဇင်လင်း သူတို့ က ၁၉၈၂ တုန်းက ဒီတိုက်ဝန်းတွေ အတွင်းမှာ ဆုံခဲ့ ဘူးကြသည် ရင်းနှီးခဲ့ ဘူးကြသည် တိုက်ပွဲ တွေ တိုက်ခဲ့ ဘူးကြသည်
သူတို့ စကားပြောတိုင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေခဲ့ ကြသည် သူ စာရေးဆရာတယောက်ဆိုတာတော့သိသည် ကလောင်နံ မည် မသိသေး တနေ့ သူ စာအုပ်တအုပ်အကြောင်းပြောနေတာကြားလိုက်သည် ဒီစာအုပ်ဖတ်ဘူးပါတယ် ဘာစာအုပ်ပါလိမ့် စဉ်းစားလို့ မရ ကိုဇင်လင်းကိုလည်း မမေးရဲ မေးလိုက်ရင် “ မင်း မောင်စိန်ဝင်းတို့ ငြိမ်းကျော်တို့ လောက်ဘဲ သိတာပါကွာ ” လို့ ပြောမှာသေချာသည် စကားများရမည် ဒီတော့ သူ့ ကိုမမေး ဒီတော့ ဥာဏ်ကူရသည် နောက်နေ့ စကားလာပြောတော့ စကားပြောနေရင်းက “ အန်ကယ် ဦးလေးမြင့် ကလောင် ဘယ်နှစ်မျိုး နဲ့ စာရေးလည်း” လို့ မေးလိုက်တော့ “ရေးတာတော့ ၃ မျိုးလောက်ရှိတယ် ဒါပေမယ့် အဓိက ရေးတာကတော့ “လှကွန့် ” ဆိုတဲ့ နံမယ်နဲ့ လေ ”
ခေါင်းထည်းမှာ ချက်ချင်းဖြတ်ခနဲပေါ်လာသည် ကျတော်ဖတ်ဘူးခဲ့ သော လှကွန့် ရဲ့  တအုပ်ထည်းသောစာအုပ် “ မောင်ဇော်ထွန်းဖတ်ဘူးလား” ကျတော်ဝမ်းသာအားရနဲ့ ဘဲ “ ကျတော်တအုပ်တော့ ဖတ်ဘူးတယ် အန်ကယ်ဦးလေးမြင့်ရ “ကြံတောက ပြောသောသမိုင်း ” ဆိုတဲ့ စာအုပ်ပါ ” သူပျော်သွားသည် “ဟုတ်တယ် အဲ ဒီ စာအုပ်ထုတ်တုန်းက ရောက်လိုက်တဲ့ ဒုခ မျက်နှာဖုံး ကြည့် ဘဲ စာပေစီစစ်ရေးကို ၃ ခါတင်ရတယ် ကြံတော သဂျိုင်း ကုန်းထည်းမှာ မျက်နှာဖုံးပုံရဘို့  ဓါတ်ပုံဆရာကိုခေါ်သွားရတာ ခဏခဏ ဓါတ်ပုံဆရာကလည်း သဂျိုင်းကုန်း ထည်းဆိုတော့ မလိုက်ချင် အတင်းကိုခေါ်ပြီး ရိုက် စီစစ်ရေးက မချပေး မျက် နှာဖုံးပုံကျဘို့ ကိုဘဲ ၆ လလောက်ကြာခဲ့တယ် ” အဲဒီစာအုပ်ထုတ်တုန်းက ကြုံဘူးခဲ့သော အခက်ခဲများနှင့် အတူ တခြားသူရေးဘူးသော စာအုပ်တွေ အကြောင်း သူပြောပြသော်လည်း ကျတော် တအုပ်မှ မဖတ်ဘူး ခဲ့သလို တခုမှ မမှတ်မိခဲ့ ။ သူ နောက်တခု တော်တာ ရှိသေးသည် အဲတာကတော့ ပန်းပု ကို ကျွမ်းကျင်စွာ ထုလုပ်တတ်ခြင်းဖြစ်သည် သူလက်ရာတွေ ကြည့်ရတာ သက်မွေး ပညာတခုအနေ နဲ့ လုပ်စားနိုင်လောက်အောင်ကို ကျွမ်းကျင်သည် အိမ်ကို ဆပ်ပြာတုန်းလေးတွေ မှာပြီး ဘုရားပုံ ရှင်သီဝရိ သူရဿတီ ဒေါင်းပုံ ဆင်ပုံ အစရှိသဖြင့် တော်တော်များများ သူထွင်းပေးခဲ့ သည် သူထွင်းပေးထားခဲ့သော ဘုရားပုံလေး ကျတော့်အိမ်မှာ ခုနေထိ ရှိနေနိုင်ပါသေးသည်---------------။
Photobucket
သူ့ ကို အပြင်မှာထည်းက တွေ့ ဘူးသည် ၈၈ တရားပွဲ တ၇ားလာဟောတုန်းကပေါ့ ထောင်ထည်းရောက်တော့ သူက ၃ တိုက် ကျတော်က ၄ တိုက် အတိုမှာ တွေ့ ဘို့ မလွယ်သေး ဒီတော့  ဆက်သွယ်ဘို့ ဘာယာကို အားကိုး၇သည် “ ကိုသိန်းလွင် ကျွန်တော့်ကို နောက်တိုက်က ဗေဒင်ဆရာဆီ သွားမေးပေးစမ်းပါ ကျတော့်မွေးနေ့ ရေးပေးလိုက်မယ် ” ဘာယာကိုသိန်းလွင်ကို ကျတော်ပြောတော့ “ ကာတွန့်  ဘယ်ဗေဒင်ဆရာလည်း ” ( အင်းစိန်ထောင်မှာ ကျတော့် ကို ဗိုလ်ကာတွန်း လို့ ခေါ်တာ ၄ ယောက်ရှိသည် မကသ ကိုဇော်မင်း လူ့ ဘောင်သစ် ဂျင်မီ ရကတမှ ကိုတင့်ဆန်း ဘာယာ သိန်းလွင် တို့ ဖြစ်သည်)
“ ဒီတိုက်ထည်းမှာ ဗေဒင် ဆရာ ဘယ်နှစ်ယောက်ရှိလို့ လည်းဗျ ” ကျတော်စိတ်တိုပြီး မေးလိုက်သည် “ဟ ဗိုလ်ကာတွန်းရ ၂ယောက်ရှိတယ်လေ ၁ တိုက်မှာ ဆရာ စံဇာဏီဘို ရယ် ၃ တိုက်မှာ ဆရာခ ၇ယ်လေ ” အဲတော့မှ ဟုတ်သားဘဲ ဆရာစံဇာဏီဘို လည်း ရှိပါသေးလားလို့  တွေးလိုက်မိသည် ။ “ ဆရာခဆီ မှာမေးချင်တယ် သွားမေးပေးဗျာ” သူထွက်သွားသည် အဲနေ့ က သူပြန်မလာတော့ နောက်နေ့ ရေချိုးဆင်းလို့ ဘာယာသိန်းလွင်နဲ့ တွေ့ တော့ “ ကိုသိန်းလွင် ဘာပြောတုန်း” “ဆေးလိပ် ၅၀ ပေးရမယ်တောင်းနေတယ် ဗိုလ်ကာတွန်း ” စိတ်ထည်းမှာ ထောင်းခနဲ ဖြစ်သွားသည် “ မပေးဘူး ဗျာ မမေးဘူးဗျာ” စိတ်ထည်းမှာတော့ တေးထားလိုက်သည်--------။
(နောက်မှ သိ၇တာ သူတောင်းတာမဟုတ် ဘာယာတွေ ကလိမ်ကကျစ်ကျတာပါ )
တနေ့  သူတို့ တိုက်မှာရေမလာလို့ ကျွန်တော်တို့ တိုက်ရှေ့  က ၅ တိုက်မှာ ရေလာချိုးကြသည် ကျတော်တို့  အခန်း ရေချိုးချချိန်နဲ့ တိုက်နေလို့  တံခါးပေါက်က ချောင်းကြည့်လိုက်တော့ နှတ်ခမ်းမွှေး ကားကားကြီးနဲ့ သူ့ ကိုတွေ့ လိုက်သည် မြတ်ထွန်း (အေဘီအက်ဖ် ဒီ အက်စ် ၂၀၉) နဲ့ တွဲ ပြီးလမ်းလျှောက်လာတာတွေ့ ၇သည် စကားအများကြီးပြောဘို့ အချိန်မရ ကျတော်တို့ အခန်းက တက်ရတော့မှာ ဆိုတော့ တွေ့ တဲ့ အချိန်လေးမှာဘဲ သျှာရှည်ပြီး မေးလိုက်မိသည် “ဆရာခ ကျွန်တော်စာရေးချင်လို့ ဘာတွေ ဘယ်လို စရေးရမယ်နဲ့ ဘာတွေလိုအပ်တယ် နဲနဲလောက်ပြောသွားပေးပါ” သူက “ဟ မောင်ဇော်ထွန်းက စာရေးတာ ဘာခက်လို့ တုန်း စာရွက်နဲ့ ဘောပင်ရှိ ရေးလို့ ရတာဘဲ မင်းအခုဆို စာရွက်နဲ့ ဘောပင်တောင်မလိုဘူး အဲမှာ အုတ်ခဲအပိုင်းစလေးတခုကောက် သံမံတလင်းပေါ် ရေးချင်တာရေးစမ်းကွာ” တောက် စိတ်ထည်းမှာ ဒုတိယ အကြိမ်တေးထားလိုက်မိသည်--------။
တတိယ အကြိမ်ဆုံတော့ သူနဲ့ ရင်းနှီးနေပြီ ထောင်ကလည်းနဲနဲ အခြေနေကောင်းနေသည် ကောင်းဆို သူတို့ ၃ တိုက်က ဘောက်ချာ တိုက်ဆိုပြီး နံမယ်ကြီးသည် တနေ့  ဘိုဘို ဦး (အေဘီအက်ဒီအက်စ် တပ်ရင်းမသိ ) နဲ့ ထောင်ဝင်စာအပြန်ခဏ ၀င်လိုက်သွားခဲ့သည် ဘိုဘိုဦးက လမ်းမှာထည်းက ပြောထားသည် ကျတော်သူ့ အခန်းရှေ့ မှာ ရပ်လိုက်ပြီး သတင်းလေးဘာလေးပြော စကားစပ်မိစပ်ရာပြောရင်း ဘိုဘိုဦးကလက်အတို့ သူသင်ပေးသည့်အတိုင်း “ ဆရာခ ခင်ဗျားက လူတွေလိမ်စားနေတာဘဲဗျ ဟုတ်တာ နဲနဲကို မဟုတ်တာများများရေးပြီး မနုစာရီ တို့ ဆားပုလင်းနှင်းမောင်တို့ နဲ့ လုပ်စားနေတယ်ပေါ့ ” ကိုယ်ကလည်း ဂွင်ဝင်တုန်း တေးထားတာတွေ နဲ့ ရောပြီးကစ်လိုက်သည် သူအပြုံးမပျက် “ဟေ့ကောင် မင်းတို့ လို စဉ်းစားတတ်တဲ့ ကောင်တွေ ဖတ်ဘို့ ရေးထားတာမဟုတ်ဘူး မင်းတို့ မဖတ်နဲ့  ငါ့စာအုပ်တွေကို အသက် ၁၄ နှစ်ကနေ အသက် ၂၁ နှစ်အတွင်း ကလေးတွေ ဖတ်ဘို့ ရေးထားတာ မင်းတို့ မဖတ်လည်း ငါ့စာအုပ်တွေ ထုတ်တိုင်းကုန်တယ် ” ကျတော်ဘာပြောရမှန်းမသိခဲ့ (နောက်မှ ကိုမြတ်ထွန်းပြန်ပြောသည်မှာ သူတို့ အရင်မေးထားခဲ့ပြိးပြီတဲ့ အဲအတိုင်းဘဲ ဖြေခဲ့တယ်တဲ့ -----------။
နောက်ပိုင်း သူကျွန်တော့ကိုဗေဒင်နဲနဲပါးပါးသင်ပေးသည့် သဘော ဗေဒင်နဲ့ ပတ်သက်တာတွေ မေးရင်ပြောပြသည် မရှင်းတာတွေမေးရင် သူရှင်းပြသည် သူ့ ကို ကျွန်တော်မေးဘူးသည် “ဆရာခ အရင်က ဆရာခက အနီဆို (အလံနီကိုဆိုလိုသည်) ထောင်လည်းကျဘူးတယ်ပြောတယ်ဟုတ်လား” “အေးအစက တော့နီတယ်ကွာ ခုတော့မနီတော့ဘူး ထောင်ကျတာက တော့ ၂ခါ ၃ခါ လောက်ပေါ့ ” ကျတော်က ဆက်ပြီး “ ၇၀ ကျော်နှစ်တွေတုန်းက ဆရာခ ကို ဘိုးတော်လိမ်မှုနဲ့ ဖမ်းပြီးထောင်ချဘူးတယ်ဆို ဘိုးတော် အောင်ထွန်း ဆိုတာ ဆရာခမို့ လား” သူမျက်နှာကို ရှုံ့ မဲ့လျှက်“ အေး ဘိုးတော်အောင်ထွန်းဆိုတာတော့ဟုတ်တယ် ဒါပေမယ့် လိမ်တာမဟုတ်ဘူး ဟေ့ကောင်ရေ ခိုးတာခိုးတာ မင်း ဘိုးတော်တင်ဦးဆိုတာ ကြားဘူးလား အင်းစိန်ထောင်မှာနံမယ်ကြီး ” “ဟုတ်ကဲံ့ ပြောပါဦး ဆရာခ” “ သူ့ ကိုဆို အဲအချိန်က ထောင်ပိုင်ကိုယ်တိုင် ထိုင်မကတော့ ယုံတမယ်လေ ထောင်ပိုင်ဘာဖြစ်ချင်လည်း အကုန်အဆင်ပြေအောင်လုပ်ပေးတာ ဘာစားချင်လည်းပြော ပူပူနွေးနွေးရမယ် ၀န်ထမ်းတွေဆို သူခိုးပေးတ်ာအမြဲတန်းစားရတယ် ကြောင်နှစ်ကောင်ခေါက်ဆွဲ စားချင်လား ရတယ် စားချင်တာပြောလိုက်ကွာ နာရီဝက်အတွင်းရောက်လာစေရမယ် ” “ ဘယ်လို ခိုးသတုန်းပြောပါဦး ဆရာခရဲ့ ” “အေးအဲလိုခိုးဘို့ အတွက်က ရုက္ခစိုး မှော်ဆိုတာ အောင်ရတယ်ကွ မင်းနားလည်အောင် တိုတိုပြောရရင်ကွာ သရဲမွေးပြီး သရဲ ကို ခိုးခိုင်းတာပေါ့ ဘာကတိ ညာကတိတွေ ထားရသေးတယ် ” သရဲမွေးတာ ဆိုတော့ ကျတော်တောင်နဲ နဲ လန့် သွားတယ် ( အဲဒိအချိန်က စပြီး ကျွန်တော်သရဲ ကြောက်တတ်သွားတာပါ အစက မယုံ မကြောက် )----------။
နောက်တခါဆုံတော့ ကျွန်တော်မသိချင်ယောင်ဆောင်ပြီး “ ဆရာခ ဆရာက ကပြောတယ် ဆရာခ ကိုလျှာဖြတ်စရာ အကြွေး ရှိတယ်ဆိုတာ ဟုတ်လား ” သူ တချက်တွေဝေ သွားတာတွေ့ လိုက်သည် ပြီးမှ “ ဟုတ်တယ်ကွ ငါသေချာတွက်တာ ဘာမှားလည်းမသိဘူး နက္ခက် ကော ဗေဒင်ကော ဗမာပြည် ဇာတာ ကော အချိန်ချပြီးတွက်တာဘဲ သေချာပေါက်ကို မှန်ရမှာ ဒါပေမယ့် ခက်တာက ကွာ ဗေဒင်မှာ လည်း ယတြာတို့  ဓါတ်ဆင် ဓါတ်ရိုက်တို့  ကတ်ကင်း ရိုက်တာတို့ ရှိတယ်ကွ ငါထင်တယ် န၀တ ( အဲအချိန်က န၀တ ဘဲ ရှီသေးသည်) ဓါတ်ဆင် ဓါတ်ရိုက်တို့ ကတ်ကင်းရိုက်တာတို့ လုပ်မယ်ထင်တယ်ကွ ” “ကတ်ကင်းရိုက်တယ်ဆိုတာ ဘယ်လိုလည်း ဆရာခ ” “ဒီလိုကွာ ဓါတ်ပြန် ရိုက်တယ် ခေါ်မှာပေါ့ ဥပမာ ခု စောမောင်အုပ်ချုပ်တယ်ထားပါတော့ သူ နဲ့ စကားပြောလို့  အထက်စီးရချင်ရင် အနိုင်ရချင်ရင် သူ့ နံမယ် အင်္ဂါ ကြာသာပတေးကို ကတ်ကင်း ကြာသာပတေး အင်္ဂါ နဲ့ ပြန်ရိုက်ရတယ် အနဲဆုံးကကွာ သူနဲ့ စကားပြောတော့မယ်ဆို ကြာသာပတေး နဲ့ စပြီး အင်္ဂါ နဲ့ ဆုံးတဲ့ ပစ္စည်းတခုခု ဆောင်သွားကွာ ပြီးတော့ မြစိမ်းရောင်ဝတ် မြင်းစိးသွားပေါ့ ကွာ ဟဟဟဟဟ ” သူသဘောကျနေသေးသည် -----။
သူ ထောင်က လွတ်မယ့် နေ့ မတိုင်ခင်တရက်က စပြီး ဘယ်သူ နဲ့ မှ စကားမပြောတော့ တနေ့ လုံးတညလုံး “ဥုံ” တလုံးထည်း ရွတ်နေခဲ့သည် မိလ္လာချ ရေချိုး “ဥုံ” နေခဲ့ သည် ဒီတခါတော့ တိုက်ဆိုင်မှုကြောင့်လားမသိ နောက်တနေ့ မနက်မှာ ဘဲသူ လွတ်သွားခဲ့ သည်--------။
ထောင်ကလွတ်တော့ ကျတော်သူ့ ကိုတွေ့ ဘို့ ကြိုးစားခဲ့ သည် တွေ့ ခွင့်မကြုံ ရှင်းစရာ ကိစ္စလေးတွေ ရှိလို့ ပါ ပထမ ကိစ္စက ရွှေ ဘုန်း လူ့ (မနော်ဟရီ ပါမပါ မသေချာ) ကို နာရေး ပွဲတပွဲလား သာရေး ပွဲတပွဲလားတော့မသိ မင်းသိင်္ခ တပြည့် ဆိုသူတွေက ၀ိုင်းထိုးလွတ်လိုက်သည်ဟုကြားသည် အဲဒီကိစ္စ ဆရာခ နဲ့ ရှင်းချင်သည် နောက်တခု ဗေဒင် တွက်ကြည့်ချင်သည် နောက်တခု က သျှာဖြတ်ဘို့ ကိစ္စ ရိချင် ခနဲ့ ချင် သည်သူ့ ကို သို့ သော် ကျွန်တော့်အမေက ပေးမတွေ့  ပြသနာတက်မှာကို သူ စိုးရိမ်သည် ရွှေဘုန်းလူအတွက် တခုခု ပြန်လုပ်မှာ ကို သူအရမ်းစိုး၇ိမ်သည် ဒီတော့ “မသွားပါနဲ့ သားရယ် အဝေးကြီးး မှော်ဘီမှာနေတာ နောက်သူ့ ကိုတွေ့ ဘို့  တုန်ကင် တရက် ကြိုယူရတယ် နောက်ပိုင်းလည်း ဗေဒင်က သူမဟောတော့ဘူးသူ့ တပြည့် တွေဘဲ ဟောနေတာ နောက်ထောက်လှမ်းရေးတွေ ကလည်းပြည့်နေတယ် ” ကျွန်တော် ဘာမှမပြော နောက်တခါ ထပ်ပြောတော့ “ အင်းသားသွားချင်ရင် ဒိလိုလုပ် သူ့ ဆီအရင်မသွားနဲ့  မှော်ဘီရောက်ပြိးမှ မတွေ့  ရရင် အလကားဘဲ သူ့ ညီ ကျောက်မြောင်းမှာ ရှိတယ် အဲဒီကို အရင်သွားလိုက် မေမေ လိုက်ပို့ မယ်” ဟုပြောလျှက် သားအမိ ၂ ယောက် ကျောက်မြောင်းကို သွားခဲ့ကြသည် ။ ကိုဝင်းဇော် (သစ်တော) ဆီရောက်တော့ ကျတော်ပြောသည် ကျတော် ထောင်ကလွတ်လာတယ် မင်းသိင်္ခ နဲ့ တွေ့ ချင်ပါတယ် ဆိုတော့ သူက သူ့ အကို တရားစခန်း ၀င်နေကြောင်း ဘယ်သူနဲ့ မှ မတွေ့ ကြောင်း ဗေဒင်လည်း မဟောတော့ကြောင်းပြောပြီး သူဟောမယ်ပြောလျှက် ကျတော့်ကို ဗေဒင်ဟောလိုက်သည်
“မင်းကံဇာတာ နိမ့်တုန်းဘဲ အဖမ်းခံ ၇ဦးမယ် အရိုက်ခံ၇ဦးမယ် လွတ်အောင်ပြေးတော့ ” တဲ့ ( ရိုက်မယ့်သူကတော့ အမြဲရှိနေမှန်းသိပါသည်) သူ ယတြာ ချေပေးပါ့မယ်ပြောလျှက် အဆောင်တွေပေးလိုက်သည် ဘာတွေမှန်းတော့မသိခဲ့ပါ သူ့ ဟောချက် မှန်ခဲ့ပါသည် ၇က်ပိုင်းလောက်ဘဲ ကြာတယ် ထောက်လှမ်းရေးလိုက်ဖမ်းလို့ ပြေးလိုက်ရတာ ထိုင်းကိုဘယ်လို ဘယ်လို ရောက်သွားမှန်းကို မသိလိုက်ခဲ့------။
Photobucket
သူ အခန်းရှေ့ မှာလာ၇ပ်ပြိး “ဖက်တီးက မမိုက်ပါဘူးဗျာ ၀ါးတီးတွေ အကုန် သူ့ ခေါင်းရင်းမှာ ချိတ်ထားတာ စားချင်တာတောင်မစား၇ဘူး” အဲအချိန်ထိ သူ့ ကို မိုးမြတ်သူ (အယ်လ်နယ်ဒီလူငယ် ယခုထိုင်း) ရဲ့ အမှုတွဲလို့ ဘဲသိထားခဲ့သည်
နောက်တခုသိတာက သူပန်းချီကောင်းကောင်းဆွဲတတ်သည် လို့ သိသည် သူ နဲ့ တခန်းထည်းနေတဲ့ ဖက်တီးအကြောင်းပြောရင်းက သူ ပန်းချိ ကေမျိုး ဆိုတာ သိလာခဲ့သည် သူ့သီချင်းလည်းရေးသည် အရပ်မြင့်မြင့် ဗလတောင့်တောင့် ဆိုတော့ ကျတော်ပြောသည် “ကိုမျိုး ခင်ဗျားတို့ က ၂ ယောက်လေ ဖက်တီးကို မိုးမြတ်သူ နောက်က ချုပ်ခိုင်းထားပြီး ခင်ဗျားကလိမထိုးရဲဘူးလား သူယားတတ်တယ်လို့ ပြောဘူးတယ်”
(ဖက်တီးခေါ် လေးမောင်သက်ခေါ် တင်မောင်လွင်အကြောင်း နဲနဲဖြတ်ပြောချင်ပါသည် ) ထောင်က ထွက်ရင် ကျွန်တော့် ကိုသတ်မယ်ကြိမ်းတဲ့ ထည်းသူလည်းပါသည် သူ့ ကိုကျတော်က ဖက်တီး ၀က်ကြီး လူယုတ်မာကြီး လို့ အမြဲခေါ်လို့  ၇န်ခဏခဏ ဖြစ်၇သည် သူ ယုတ်တာတွေ နဲနဲပြောပြမည် အင်းစိန်ထောင် တိုက်ဝန်း အတွင်းမှာ ဖော်ကောင်လုပ်သည့် ကိစ္စ နှင့်ပတ်သက်ပြီး နံမယ်ကြိး ၃ယောက် ရှိသည် ပထမ တယောက်က ဗမာပြည် ကွန်မြူနစ်ပါတီက ကိုသက်ခိုင် ။ သူ့ အား အလွန်အရေးကြီးသည့် ကိစ္စများ ဖြစ်သည့် ပန်ဆန်းဌာနချုပ်မှ သတင်းများကို ပြန်ဖော်ပေးသည့် အလုပ် ကို ပြုလုပ်ပေးခဲ့ပြီး အလုပ်ကိစ္စများကို ကိုသက်ခိုင်နဲ့  ၂ ယောက်ထည်းသာ သိခဲ့တဲ့ ဦးသန်းစော (ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်) ကဲံ့ သို့ သော အရေးကြီးပုဂိုလ်များအပါအ၀င် လဘက်ရည် ၀ယ်ပေးတဲ့ ကုလားအဆုံး လူပေါင်း ၁၀၀ ကျော်ဖော်ချခဲ့သည် နောက်တယောက်က ဟသာင်္တ ဦးအုန်းသန်း ( သူက ကျတော်တို့ လို ဘဲ ဘောကြီးခေါ်တင်စိုး အင်ဖော်မာလုပ်လို့ ထောင်ကျ) သူလည်း ရှိသမျှ အကုန်ဖော်ချခဲ့သည်လို့ နံမယ်ကြီးသည် ။
နောက်ဆုံးတယောက်ကတော့ လူယုတ်မာကြီးတင်မောင်လွင် သူ့ အဖေက နံမယ်ကြီး ဗမာပြည်မှာ အသက်အငယ်ဆုံးနဲ့ ပါမောက္ခဖြစ်ခဲ့ သူ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်ပါ သူ့ အမေတော့မသိပါ သူ့ အကိုကလည်း ဗမာပြည်မှာအတော်ဆုံးဆေးကျောင်းသား ၁၀ တန်းအောင်ပြီး ကျောင်းပိတ်ရက်ထည်းက စာကြည့်တာ ကျောင်းဖွင့်တော့ ဒုတိယ နှစ် ဆေးကျောင်းကို့ စ် ကို အလွတ်ရပြီးသား ဒုတိယနှစ်ရောက်တော့ ဗမာပြည်ဆေးကျောင်းပညာရေးစံနစ် နိမ့်သည်ဆိုလျှက် ကျောင်း ဆက်မတက်ဘဲ နိုင်ငံခြား မှာ ဆေးကျောင်းတက်ဘို့  ဗမာပြည်က တိုက်ရိုက်ဖြေတာ ချက်ချင်းအအောင်ပေးခံခဲ့ ၇သူတဲ့ သူ့ ကျတော့လူယုတ်မာသက်သက် ရန်ကုန်မြို့လည်ကောင်မှာ လေအေးသာ တည်းခိုခန်းဖွင့်လျှက် အမျိုးသမီးပေါင်းများစွာကို ဖျက်စီးခဲ့သူ သူထောင်ထည်းရောက်တော့ နောက်ဆုံးဖျက်စီးခဲ့တဲ့ အမျိုးသမီး ၂ ယောက်အကြောင်းကို မြိန်ရေသျှက်ရေပြောတုန်း အမျိုးသမိး ၂ ယောက်က ဟသ်ာတက ကုန်လာပို့ ရင်း အလိမ်ခံလိုက်၇သည် သူ့ တည်းခိုခန်းမှ တည်းခိုနေကျ ဖောက်သည် ငွေမပါဘဲ ပြန်ဘို့ အခက်ခဲဖြစ်နေတဲ့ အမျိုးသမီး ၂ ယောက်ကို လူမိုက်တွေ အားကိုးလျက် ဖျက်စိးခဲ့သည် သူ့တည်းခို ခန်းမှာ အမျိုးသမိးတွေကို တိုင်းရဲက ဆင်းဖမ်းလျှင် မမိအောင် ရုပ်ရှင်ထည်းကလို အံဝှက်တွေ ထားပြီး ဖွက်ထားခဲ့သူ နောက်ဆုံး ထောက်လှမ်းေ၇းက အမျိုးသမီးများနဲ့ ပျော်ပါးဘို့ လာဟန်ဆောင်လျှက် ဖမ်းမှ လက်ပူးလက်ကြပ်မိတော့သည် မိတော့လည်း လူတွေကို ဒုခပေးတုန်း သူ နဲ့ မတည့်သည့် ရဲတွေ မြို့နယ်မှုးတွေ အပါအ၀င် အင်းစိန် စီအိုင်ဒီက အခွေကြီးတွေ ဆွဲထည့် လိုက်သည် တကယ် လာတ်စားခဲ့တဲ့ ရဲတွေကို တယောက်မှ မဖော် အဲလို ဒုခပေးခဲ့တဲ့ကောင်ကြီး )
ကိုကေမျိုး နဲ့ခင်လာတော့ သူ့ အကြောင်းတွေမပြောဖြစ်သော်လည်း သူ သီချင်းတွေ ဆိုပြခဲ့သည် သူရေးသည့် သီချင်းတွေ ပြခဲ့သည် သူပန်းချီလေး လက်ကိုင်ပုဝါမှ ဆွဲပေးခဲ့သည် အမှတ်တယဆိုပြိး သို့ သော် သူဆွဲပေးခဲ့ သော ပန်းချီကားလေးပါသည့် လက်ကိုင်ပုဝါလေး ထောင်တွင်း ရှာဖွေရေးလာတော့ အသိမ်းခံလိုက်၇သည် ထောင်က လွတ်တော့လည်း သူနဲ့ မတွေ့ ဖြစ်တော့ မိုးမြတ်သူတယောက်တော့ ထိုင်းရောက်နေတာ တွေ့ ခဲ့သည် ကိုကေမျိုးတယောက် ခုတော့ ဟိုးးးးးးးးးးးးးးးးးးး အဝေးကြီးကိုေ၇ာက်သွားခဲ့ပြီ ကိုကေမျိုးရေ ခင်ဗျားဆိုပြခဲ့တဲ့ သီချင်းသံလေးကြားတုန်းဘဲဗျိုးးး ။ ။
နောက်မှ ဆက်ပါဥိးမယ်
ဆရာက ကိုလွမ်းတဲ့ ည
ဆရာက ရေ
ကျွန်တော် လွမ်းနေဆဲ ပါ ဗျာ
လွမ်းတယ်ပြောမိလို့ များ
အလာ အရှင်မြတ်ဆီက
ခွင့်ပန်ပြန်လာခဲ့ပြီး
ငါ့ ကို လာကျူနေသလားလို့ 
(မမေးပါနဲ့ )
တကယ်လွမ်းမိတာပါ-------။
တွေ့ ခဲ့ မိတဲ့ အချိန်လေး
ခဏလေး
ခဏလေး
တကယ့် ကိုခဏလေးပါဗျာ ။
ဗမာပြည် လွတ်လပ်ရေးမ၇သေးဘူးလို့ 
(ကျွန်တော်ပြောမိတော့)
ဆရာက ဒေါသထွက်
မျက်နှာပျက်နေမှာတော့သေချာတယ် ။
လွတ်လပ်ရေးကို တိုက်ခဲ့တဲ့
မင်းတို့ အဖိုး ငါတို့ အဖေတွေ
မစော်ကားရဘူးကွ
တကယ်တော့ ဗမာပြည်
လွတ်လပ်ရေးမရတာမဟုတ်
ဒီမို ကရေစီ မရှိတာ
လူ့ အခွင့်အရေး တွေ ဆုံးရှုံးနေတာလို့ 
ဆရာက အပြောမှာ နစ်မြော
ကျတော်
ငေးမောလို့  တွေးတောနေခဲ့ မိသူပါဗျာ--------။
ဆရာက အပြင်မှာတုန်းက ရေးခဲ့ဘူးတဲ့
ကဗျာမဟုတ်တဲ့  ကဗျက်
အလွတ်ကျက်ခဲ့မိတာ ရွတ်ပြမိတော့
မင်းမှတ်မိသားဘဲကွ လို့ 
ပီတီ အလုံးတွေနဲ့  ပြုံးပြုံးကြိးလုပ်နေခဲ့တာ
ကျွန်တော်
မြင်ယောင်နေသေးတယ်ဗျာ------။
ဆရာက ရေ
ဘာလိုလို နဲ့ အနှစ်နှစ်ဆယ်ကျော်ခဲ့ပေမယ့်လည်း
မမေ့နိုင်သူ ကျွန်တော့အတွက်တော့
ခောတ်တွေ မပြောင်းနိုင်သေးပေမယ့်
စံနစ်တွေ ဟောင်းနေသေးပေမယ့်
နှလုံးသားထည်းမှာတော့
ဘယ်တော့မှ မပြောင်းနိုင်တဲ့
ဆရာကရဲ့ အပြုံး နဲ့ 
ဆရာကရဲ့ မျက်လုံးလေးတွေကို
တစိမ့်စိမ့် ကြည့်လို့ လွမ်းနေပါ့ မယ် ---------။
ok
ဗိုလ်မူးသော်က ရေးခဲ့ပြီး သူ့ ကို ပြန်ရွတ်ပြခဲ့တဲ့ ကဗျာလေးကတော့
မော်စီတုံး
ယန်စီမြစ်ကို ဖြတ်ကူးတော့
ကျမ်းမာရေး လိုက်စားတယ်တဲ့------။
ချူအင်လိုင်း
ကလေးတွေ နဲ့  ဆော့ကစားတော့
မဟာဂရုဏာ ရှင်ကြီးတဲ့ -----။
ဗိုလ်ချုပ်အောင်ဆန်း
ဖာ စကားပြောတော့
ပြတ်သားတယ်တဲ့-----။
ဘာမှ မဟုတ်တဲ့ ငါ
ဘုရားပေါ်တက် ပုတီးစိတ်တော့
“ငပေါက်” တဲ့
(မောင်သော်က)
Friday, November 6, 2009
Savonlinna မြို့ ကလေးရောက် တောလား
Photobucket
ဗျာ
ဟုတ်တယ်ဗျိုး မနေ့ ကတနေ့ လုံး အိမ်မှာမရှိဘူးဗျ ဘယ်သွားနေလည်းဆိုတော့
အင်း ပြောရရင်တော့ ခရီးသွားတယ်ပြောရမှာပေါ့ အဝေးကြီးတော့မဟုတ်ဘူး ကားနဲ့ သွားရင် ၂နာရီကျော်ကျော်လောက်ဘဲ မောင်းရတဲ့ Savonlinna ဆိုတဲ့ မြို့ ကလေးကိုသွားတာပါ ရုရှား ဆွီဒင် ဖင်လန် သုံးနိုင်ငံနယ်စပ်က မြို့ ကလေးပေါ့ အရင်တခါလည်းတခေါက်ရောက်ဘူးခဲ့တယ်ဗျ
ဒိတခေါက်သွားတာက ဒီလို ဒီလို
ကျတော့်အိပ်ကောင်းတုန်း မနက် ၈ နာရီဘဲ ရှိသေးတယ် (ပုံမှန်က ၁၁ နာရီမှထတာ) ဖုန်းလာတယ်ဗျာ ကိုငြိမ်းချမ်းတဲ့ သူ့နံမယ်က-----။
သူ နဲ့ အစကတော့ သိပ်မခင်ပါဘူး ပိုက်ဆံချမ်းသာတဲ့ သူတွေဆိုတော့လေ (သူကလည်း တိုက်နဲ့ ကားနဲ့  မိန်းမ နဲ့  သမီး ၂ ယောက်နဲ့ )
တနေ့  သူနဲ့ စကားစပ်မိရင်း သူ့ အဖေက သူ့ ကိုမှာထားသတဲ့ (ကိုတိုးဘဲထားပေါ့) ကိုတိုးဆိုတဲ့ ကောင် ထောင်ထည်းတုန်းကလည်း တယောက်ထည်း ခုလည်းတယောက်ထည်းနေတယ်ကြားတယ် တော်ကြာ ကိုယ့်ကိုယ်ကိုယ်သတ်သေနေတောင် ဘယ်သူမှ မသိဘဲနေမယ် ကြည့်လိုက်ပါဦးလို့  သူ့  အဖေက မှာသတဲ့
သူ့ အဖေလား သူ့ အဖေနဲ့ က ဘ၀တက္ကသိုလ်မှာသိခဲ့တာပေါ့ သိတယ် မလားသူ့ အဖေကို
ကဗျာဆရာ မောင်အောင်ပွင့် ပေါ့ သူသားမှန်းလည်းမသိပါဘူး သူတို့ မောင်နှမ နှစ်ယောက်နံမယ်က သူ့ အဖေ ခဏခဏပြောတာရယ် ထူးထူးခြားခြားဖြစ်နေတာရယ်ကြောင့် မှတ်မိနေတာပါ ဘယ်လို ထူးခြားလည်းဆိုတော့ ဒိလိုဗျ
သူ့ နံမယ် အပြည့်စုံက “မောင်ကြီး ငြိမ်းချမ်း” တဲ့ သူ့ ညီမက “ လုံမငြိမ်းချမ်း ” တဲ့
ဘယ်သူမှမမှည့်ဘူးတဲ့ နံမယ်ဆိုတော့ ခင်ဗျားတို့  အတွက် မထူးခြားပေးမယ့် ကျတော့်အတွက်ထူးခြားနေလို့  မှတ်မိနေတာဗျိုး
သူက ဖုန်းဆက်တယ်ပေါ့ အားရင်လိုက်ခဲ့တဲ့ သူသွားမလို့ တဲ့ အဲမြို့ ကို ကျွန်တော်ကလည်း အားသလားမမေးနဲ့ ဘာမှကိုမလုပ်တာ တံမျက်စည်းတောင်မလှည်းတဲ့ကောင်လေ ထားလိုက်တော့
အင်း လိုက်မယ်ပေါ့ဗျာ တိုတိုပြောကြပါစို့ ခုချက်ချင်းဆင်းလာတဲ့ ဘာပြောကောင်းမလည်း ဆင်းလိုက်တာပေါ့ အားးးးးးးးးးးးးးပါးး အေးလိုက်တာ အပြင်လောကကြီး ဘယ်လောက်ကင်းကွာနေသလည်းဆို အပြင်မှာတော်တော်အေးနေတာတောင်မသိဘူးလေ ဒါနဲ့ အပေါ်ပြန်တက် အနွေးထည်း၃ ထပ်လောက် ၀တ်လိုက်ရသေးတယ် ပြိးတော့ ထွက်ခဲ့တယ်ပေါ့ဗျာ-------။
ရာသီဥတုက နဲနဲအေးစပေါ့ အပူချိန်က အနုတ်တော့ မဆင်းသေးပါဘူး သုံည (၀) ဘဲရှိသေးတယ်ဗျ လမ်းပေါ်မှာလည်း နှင်းတွေ ဖွေးခါစပေါ့ သစ်ပင်တော်တော်များများကတော့ ၀ါထိန်လို့ လေ တချို့ အပင်တွေ အရွက်တွေ မရှိတော့ဘူး ကြွေကုန်ပြီပေါ့
လမ်းခရီးမှာသာယာတာတွေ လှပတာတွေ မဖွဲ့ တော့ဘူးဗျာ ကျွန်တော်က စာရေးဆရာ မဟုတ်တော့ သိပ်လည်းမဖွဲ့ နွဲ့ တတ်လို့ ပါဗျာ ရောက်သွားပြီလို့ ဘဲထားလိုက်ပါတော့-------။
Photobucket
အဲမြို့ ကလေးက တမြို့  လုံးမှာ လူဦးရေ ၂ သောင်းကျော်ဘဲ ရှိတယ်ဆိုဘဲ ဗျ အလုပ်အကိုင် ရှားပါးပြီး လူငယ်တွေနဲပါတယ် သက်ကြီးအိုရွယ်တွေ အများဆုံးနေပါတယ်
အဲမြို့ လေးကနေ ဆွီဒင်ကိုဘဲသွားသွား ရုရှားကိုဘဲ သွားသွား ၂ နာရီလောက်သေင်္ဘောစီး၇တယ်လို့ ဆိုပါတယ် အဲဒီမြို့ ကလေးရဲ့ ထင်ရှားတဲ့ အမှတ်အသားကတော့ ခံတပ်အဟောင်းကြီးဘဲဖြစ်ပါတယ် တဲ့ အဲဒီခံတပ်ကြီးကို အလွန်ကြီးမားတဲ့ ရေအိုင်ကြိးထည်းမှ တည်ဆောက်ထားတာပါ အဲရေအိုင်ကြီးကလည်း ဥရောပတခုလုံးရဲ့ အကြီးမားဆုံးရေအိုင်ကြီးတွေထည်းမှာ စတုတ္ထ လို့ သိရပါတယ်
Photobucket
အဲဒိခံတပ်ကို သွားဘို့ ရေအိုင်ကြီး နဲ့ ခံတပ်ကို တံတားကြီးတခုနဲ့ ဆက်သွယ်ထားပါတယ် တံတားကြီး ကတော့ အရှင်ပါ သေဘော်င်္ကြီးတွေ လာတဲ့ အခါ တံတားကြီးကို အပေါ်ထောင်ပြီး ဖွင့်ပေးတယ်လို့  ပြောပြ ပါတယ်
Photobucket
ခံတပ် ရှေ့ တည့်တည့်မှာတော့ ပြတိုက်ကလေးတခုလည်း ရှိပါသေးတယ် ခံတပ်ကြီးဆီကို သွားဘို့ အတွက် အခြားတံတားအသေးတခုလည်း ရှိပါသေးတယ် အဲတာံးလေးကတော့ ရေတိမ်ပိုင်းကနေပြီး ဆောက်ထားတာပါ
လူတွေဟာ အဲဒီတံတားလေးပေါ်ကဘဲ ဖြတ်လျှောက်ပြီး ခံတပ်လေးဆီကိုသွားကြတာပါ တံတာလေးပေါ်က ငုံ့  ကြည့်တဲ့အခါ ယူရိုပိုက်ဆံ အကြွေစေ့ တွေအများကြီးကို မြင်နေရပါတယ် ဘာလို့  လူတွေ အဲပိုက်ဆံတွေကို ပြစ်ချတာလည်းလို့ မေးကြည့်တဲ့ အခါ သူတို့ က အဲအထည်းကို အဲလိုပိုက်ဆံတွေပြစ်ချတာ လာတ်ရွှင်တယ် ပိုက်ဆံတွေများကြီး ၀င်တယ်လို့ ပြောပါတယ်ခင်ဗျ ခံတပ်ထည်းရောက်တဲ့ အခါမှာလည်း တိုးရစ် ဂိုက်တွေ ရှိပါတယ် သူတို့ က ခံတပ်ကြီးအကြောင်းကို ရှင်းပြပေးပါတယ်
ခံတပ်ကို ကျောက်တုံးများနဲ့ တည်ဆောက်ထားပြီး ၅ ထပ်ရှိပါတယ် ခံတပ်အပေါ်တက်တဲ့ အခါလည်း အသုံးပြုတဲ့ လှေခါးထစ်တွေအားလုံးကိုလည်း ကျောက်တုံးအကြီးကြီးတွေနဲ့ တည်ဆောက်ထားတာပါ
Photobucket
ခံတပ်ကို ၁၄၇၅ မှာတည်ဆောက်တယ်လို့ တိုးရစ် ဂိုက်က ရှင်းပြပါတယ် နိုင်ငံခြားသားတွေ နေ့ တိုင်းလာရောက်လေ့လာတယ်လို့ လည်းပြောပါတယ်
နောက်တခါ သူဆက်ရှင်းပြတာကတော့ ဒီခံတပ်ကြီးကို စတင်တည်ဆောက်ခဲ့သူဟာ နော်ဝေ လူမျိုး ဗမာအခေါ်ဆိုရင်တော့ နယ်စားကြီးတယောက်ပေါ့ ခံတပ်ကို နှစ်အကြာကြီးတည်ဆောက်ခဲ့ ရပါတယ် အောက်ခြေ အ၀ိုင်းကြီး တခုထည်းကိုဘဲ ၁၀ နှစ်ကြာတည်ဆောက်ခဲ့ ၇ပါတယ် ခံတပ်ကြီး ရဲ့ အပေါ်ဆုံးထပ်က ပတ်ပတ်လည် အပေါက်တွေ ထည်းမှာ အမြောက်ကြီးတွေတပ်ဆင်ထားပါတယ် ခုတော့အမြောက်တွေအားလုံးအပေါ်မှာမရှိတော့ပါဘူး အောက်မှာဘဲ ပြထားပါတယ် အမြောက်တွေ အပြင် ကျောက်တုံးတွေလည်းတင်ထားပါတယ် ခုထိရှိနေတုန်းပါဘဲ ခံတပ်ထည်းကို ကျွံဝင်လာတဲ့ ရန်သူကို အဲဒိအပေါက်တွေထည်းကနေပြီး ကျောက်တုံးတွေနဲ့ ပြစ်ချပါတယ် ဒါ့အပြင် ရေနွေးပူ တွေနဲ့ လည်းလောင်းချတယ်လို့  ရှင်းပြပါသေးတယ် အဲဒီနယ်စားကြီး နော်ဝေလူမျိုးပိုင်လက်ထည်းကနေ ရုရှားတွေ မတရားသိမ်းယုလိုက်တာ နှစ်ပေါင်း ၁၀၀ တိတိ ကြာခဲ့ပါတယ် ၃ နိုင်ငံ နယ်စပ်က အရေးပါတဲ့ ခံတပ်ကြီးဖြစ်လို့  ရုရှားတွေလက်ကနေ ဆွီဒင်တွေက တိုက်ခိုက်သိမ်းယူလိုက်ပါတယ် ဆွီဒင်တွေလက်ကနေ ရုရှားတွေပြန်သိမ်းပါတယ် ခုနှစ်တွေတော့သူပြောပြပေမယ့် ကျတော်မမှတ်မိတော့ပါဘူး ရုရှားလက်က တခါ ဆွီဒင်ပြန်သိမ်းပြန်တယ် အပြန်လှန်တိုက်ပြီးသိမ်းနေကြတယ်လို့ သိ၇ပါတယ် ၁၉၁၇ ရုရှား-ဖင်လန်စစ်ပွဲမှာ ရုရှားတွေစစ်ရှုံးတော့မှ ဖင်လန်နိုင်ငံကိုပြန်ပေးခဲ့ တာ ယနေ့ တိုင်အောင်ပါဘဲ
( ရုရှားတွေကို သူခိုး ဂျပိုး အလကားကောင်တွေလို့  ဒီနေ့ တော့မပြောသေးဘူးဗျိုး ဘာကြောင့်လည်းဆိုတော့ လိုက်ပို့ တဲ့ မောင်ကြီးငြိမ်းချမ်းမိန်းမ ကရုရှားမဗျ တော်ကြာ ကားပေါ်က ကန်ချနေမှာ စိုးလို့ )
ကြည့်လို့ ကောင်းနေတုန်းဘဲ ပြန်ကြမယ်ဆိုလို့ ပြန်လာခဲ့ ရပါတယ် နောက်တခါကြုံတဲ့အခါ ကျတော်သေချာလေ့လာခဲ့ပါဦးမယ် ဘာဘဲ ပြောပြော အပြင်တခါထွက်ရင် ရေးစရာတခု ၇လို့ လာခေါ်တဲ့ မောင်ကြိးငြိမ်းချမ်းကို ကျေးဇူးတင်ရမှာပါ
အင်္ဂလိပ်လို ဖတ်ချင်ရင်တော့
Savonlinla
Thursday, November 5, 2009
ကျတော်ချစ်သော ခေါင်းဆောင်များ အပိုင်း လေး
အဖြူကို အနီဆိုးခဲ့သူ တဦး (သို့ ) ဇော်မင်း
Photobucket
က
ကာယကံ ရှင်တောင်း ဆိုမှုအရ ဖျက်လိုက် ရပါသည်
တညထည်းနဲ့  ပိုစ် ၃ ခုဖျက်လိုက်ရတယ် စိတ်ညစ်ပါ၏
Tuesday, November 3, 2009
ကျတော်ဆုံခဲ့ဘူးသော ဘ၀တက္ကသိုလ်မှ အနုပညာသည်များ
Photobucket
အပိုင်းနှစ်
၁၉၉၀ စက်တင်ဘာ ထောင်တွင်းပြသနာများ ပြီး ချိန်ကစပြီး ထောင်တွင်း နေထိုင်ရေး ကြပ်သွားခဲ့ သည် ရရှိပြီး ထောင်တွင်းအခွင့်အရေးများပိတ်ပင်ခံ၇သည့်အပြင် သူများတွေ ရေချိုးချချိန်မှာတောင် အခန်းဝကို ဖျာဖြင့်ပိတ်လျှက် တံခါးကို ကျောပေးထိုင်နေရတဲ့အချိန်မှာပါ သူနဲ့ နာရီပိုင်းလောက်လေးဘဲ တွေ့ဖြစ်ခဲ့သည် အဲဒီ တိုတောင်းတဲ့အချိန်လေးမှာဘဲ စကားလေးတိုးတိုးဖြင့်ပြောခဲ့ရသည် “ အခန်းနံရံကိုခေါက်ပြီး မက်ဆေ့ခ် သဘောမျိုးအချက်ပေးလို့ တံခါးဝနားသွားထိုင်ပြီး တိုးတိုးလေး စကားပြောခဲ့သည် ကျတော်ဘယ်သူပါ
လို့ မိတ်ဆက်လိုက်ပြီးခဏအကြာ “ ငါ့ကိုသိလား” သူ့ အမေးကိုကျွန်တော်“ ဆရာက (သူ့ကို့ ခင်သူများက ဗိုလ်မူးသော်က ကို ဆရာက လို့ ခေါ်ပြီး မင်းသီင်္ခကိုတော့ ဆရာခ လို့ ခေါ်ပါတယ် ) ကိုကျွန်တော်သိပါတယ် ဆရာက ရေးတဲ့ တိုက်ရေယဉ် (၁၀၃) လည်းကျွန်တော်ဖတ်ဘူးပါတယ်” “အေးကွယ် မင်းနဲ့ စကားပြောဘို့မလွယ်တော့ဘူး အခြေနေက ကြပ်နေတာ ဘယ်လောက်ကြာဦးမလည်းမသိဘူး မင်းကိုပြောချင်တာက တိုက်ပွဲတိုက်ပြီဆိုရင် နိုင်အောင်သာတိုက်---” သူ့ဆုံးမ သြ၀ါဒတွေပေးနေခဲ့သည် ကျွန်တော်က “အခြေနေကောင်းမယ်ထင်တယ် ဗေဒင်ဆရာ---” ကျွန်တော် စကားဆုံးအောင်သူပြောခွင့်မပြုခဲ့ပါ “တော်စမ်းပါကွာ ဗေဒင်ဆရာဆိုတဲ့ကောင်တွေ လူလိမ်တွေကွ ဟိုဘက်တိုက်မှာ ရှိနေတဲ့ မင်းသီင်္ခ ဆိုတာ သိလား” “ဟုတ်ကဲ့ကျွန်တော် ဆရာခ ကိုသိပါတယ်ခင်ဗျ” “အေးဟုတ်ပြီ မင်းထောင်က လွတ် တဲ့နေ့  သူ့ဆီကိုသွားဖြစ်အောင်သွား ပြီး မင်းငါ့ကိုစား သူ့ သျှာ ကိုဖြတ်လာခဲ့ သူ့ ဆီက ငါ သျှာ တချောင်း ရစရာရှိတယ်” “ဗျာ” “မင်းမသိဘူးလား အဲကောင်ငါ့ကို ထောင်ကလွတ်မယ်လို့အတိကျ ဟောထားတယ် မမှန်ရင်လျှာ ဖြတ် မှန်ရင် သူခိုင်းတာလုပ်ပေး၇မယ်ဆိုပြီး အလောင်းစားလုပ်ထားတယ် နေ့ ၇က်အတိအကျပြောထားတယ် ခုမလွတ်ဘူး ထောင်ထည်းမှာဖြတ်မရလို့ အပြင်ရောက်ရင် ငါ့ကိုယ်စား အကြွေးရအောင်တောင်းပေးနော်” ကျတော်ဘာဆက်ပြောရမှန်းကိုမသိပါ ဟုတ်ကဲ့လို့တော့ပြောလိုက်ပြီး တိုက်ရေယဉ် ၁၀၃ အကြောင်းနဲနဲမေးဖြစ်သည် “ဆရာက အဲတိုက်ရေယဉ်ပျက်တုံးက မသေလို့ အရေးယူခံလိုက်ရတယ် သေရင်ကော ဘာဖြစ်မလည်းမသိဘူးနော် ဘာတံဆိပ် ညာတံဆိပ်တွေများပေးမလားမသိဘူး” သူစိတ်ဆိုးသွားသည် “ အဲအကြောင်းတွေ ငါ့ကို ဘယ်တော့မှမပြောနဲ့ စစ်တပ် ကိုစိတ်နာလွန်းလို့” ဖြစ်နိုင်ပါသည် သူ့ဇနီး ဆုံးလို့ အသုဘ ထွက်ပို့ပြီးအပြန် သူ့အိမ်ခဏ၀င်ပြီး စစ်ဗိုလ်အ၀တ်အစားဖြင့် ရိုက်ထားသော ဓါတ်ပုံကို ကိုင်ပေါက်ခွဲခဲ့သည်ဟု တော့ ကြားခဲ့ဘူးပါသည်---------။
ဒီလူကြီး ငါမြင်ဘူးပါတယ် ဘယ်မှာမြင်ဘူးပါလိမ့်လို့ စဥင်္းစားခဲ့သည် ကိုယ့်အမှုတွဲတော့ အမှုတွဲဘဲ ထောက်လှမ်းရေးက တွဲလိုက်တာဘဲဖြစ်တယ် တရပ်ကွက်ထည်းနေပေမယ့် သူ့  လည်း ကိုယ် မသိ ကိုယ့် လည်းသူမသိ ထောက်လှမ်းရေး ၆ ရောက်မှ သူ့ကိုမြင်ဘူးခဲ့သည် ထောင်ထည်းရောက်ချိန်ထိ စဉ်းစားမရခဲ့ သူကလည်း ကိုယ့်ကို သိပ်ကြည်ပုံမရ ကျွန်တော်ညံ့လို့  သူအဖမ်းခံရတာလို့  ထင်ထားပုံရသည် ကျွန်တော်ညံ့တာတော့ မှန်ပါသည် ကျွန်တော်ကိုယ်တိုင်လည်း သတင်းပေးတယောက်ကြောင့်ခံလိုက်ရတာကိုး သူ့ အကြောင်းကို ဘာမှမသိ မြင်ဘူးတယ် ဘယ်မှမြင်ဘူးလည်း ဒါဘဲ စဉ်းစားနေမိသည် အင်းစိန်ထောင် ၄ တိုက်အတို ကိုရောက်တော့မှာ ပြည့်သူ့တိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင်ကျွန်းပြန်တယောက်က သူ့ကိုလာနုတ်ဆက်သံ ကြားလိုက်၇သည် “ အိုင်ဗွီ လီနင် နောက်တခေါက်ရောက်လာပြန်ပြီလား” အဲအသံကြားလိုက်တော့မှ သူဘယ်သူလည်းဆိုတာ ခေါင်းထည်းမှာ ချက်ချင်းပေါ်လာပါတော့သည် လီနင် လီနင် ဟုတ်ပ တကယ်တော့ သူ့  ကိုမြင်ဘူးတာမဟုတ်ပါ ရုရှားကွန်မြူနစ်ခေါင်းဆောင် လီနင်ကို ဓါတ်ပုံထည်း မှာ မြင်ဘူးထားတာဘဲဖြစ်ပါသည် ခေါင်းပြောင်ပြောင် မျက်လုံးစူးစူး အဲဒီမျက်လုံးများက ခွက်နေသောမျက်တွင်းထည်းမှာရောက်နေသည် လီနင်နဲ့ တော်တော်တူတယ် လို့ခုမှဘဲ စဉ်းစားမိတော့သည် သူနဲ့ကျွန်တော်မတည့်ပါ ခဏခဏ စကားများပါသည် သူစာတွေအများကြီးရေးဘူးသလို သူ့အမျိုးသမီးကလည်းစာရေးဆရာမတယောက်ပါ ကျတော်အဖမ်းခံ လိုက်ရတော့ ယုတ်မာသော အစိုးရက မဆီမဆိုင် ကျွန်တော့် အစ်ကိုကို အလုပ်ဖြုတ်လိုက်သလို သူ့ကိုဖမ်းတော့လည်း သူ့ မိန်းမကို အလုပ်က ဖြုတ်လိုက်ပါသည် သူနဲ့ စကားပြောရတာ တော်တော်လက်ပေါက်ကပ်သည် စာအုပ်တွေအကြောင်းတော့ ပြောဖြစ်သည် ခက်တာက ကိုယ် ဖတ်သမျှ တခု မှ သူအကောင်းမမြင် ဘယ်စာရေးဆရာ အကြိုက်ဆုံးလည်းမေးတော့ အချစ်မှာတော့ ငြိမ်းကျော်လို့ ဖြေမိတော့ “အေးမင်းတို့လိုကောင်တွေ ကြိုက်မယ်ဆို ကြိုက်လောက်တယ် သူစာရေးကောင်းလားတော့မမေးနဲ့ သူအချစ်အရေးကောင်းလို့ သူ့ သမီး ၁၆ နှစ်တောင်မပြည့်သေးဘူး လင်ယူသွားတယ် ” “ မင်းသိင်္ခ ကြိုက်တယ်ပြောမိတော့လည်း “ အဲကောင်လူလိမ်ကွ တချိန်ကဘိုးတော်စစ်ဆင်ရေးတုန်းက အဖမ်းခံရဘူးတယ် ” မောင်သာရ ကြိုက်တယ်ပြောမိတော့လည်း “ ဒီလူကြီးလည်း မောင်သိန်းလွင်ဆိုပြီး ကျောင်း သားခေါင်း ဆောင် လုပ်ခဲ့တယ် နောက်တော့ ဒူးထောက်ပြိးထွက်သွားခဲ့တာ ” အဲလို အကောင်းတွေတခုမှ မပြောတော့ သူနဲ့  စာအကြောင်းပြောဘို့ 
တော်တော်လေးဝန်လေးပြီး ဘာမှဆက်မပြောဖြစ်တော့ ခုအချိန်ထိလည်း သူ့ ဆောင်းပါးတချို့ ကို အွန်လိုင်းပေါ်မှာ ဇင်လင်း အမည်ဖြင့် မကြာခဏတွေ့ နေရပါသည်--------။
၎ တိုက်အတိုကို မရောက်ခင် သီးသန့်မှာထည်းက ၀မ်းကိုက်နေတာ မျော့မျော့လေး ကျန်တော့တယ် သွေးတောင်ပါနေပြီ ထောင်ကလည်းဆေးကုမပေး အိမ်နဲ့ လည်းမတွေ့ ရတော့ ဆေးမှာလို့  မရ လုပ်စရာ တစ်ခုဘဲ ကျန်တော့သည် အိပ်ယာပေါ်ပက်လက်ကလေးလှန် တရားလေးမှတ်ပြီး သေဘို့ စောင့်ယုံပါဘဲ အဲအချိန်မှာဘဲ အခန်းဝမှာ စကား အပြန်အလှန်ပြောသံကြားနေရသည် ခဏကြာတော့ကျွန်တော့်ကိုလှမ်းခေါ်သံကြားလို့  အခန်းဝကိုထသွားတော့ ၀မ်းကိုက်ပျောက်ဆေး မက်ထရို ၇ယ် ထက်ထရာ ဆိုက်ကလင်း တွေရယ်လာပေးတာတွေ့ ရသည် သူ့ ကိုကျွန်တော်မသိပါ လက်ပြင်ကုန်းကုန်း အရပ် ပျက်ပျက်နဲ့  လူတယောက် ပုဆိုးလေးကိုမလို့  “ ငါ့လည်း ရှိတာလေးလာပေးတာဟေ့ တူတူဘဲ ငါတို့ လည်း အိမ်နဲ့ မတွေ့  ရသေးဘူး မင်းတို့ နဲ့  တရက်ထည်း တူတူ ကျတာကွ မင်းတို့ ရှေ့ က အသုတ်လေ ” သူစကား တွေပြောပြနေသည် သူပြန်သွားတော့ ကိုဇင်လင်းကို ကျွန်တော်မေးဖြစ်သည် “ ဦးဌေးအောင် သူက ဘယ်သူလည်း ” ထုံးစံအတိုင်း အရင်စဟောက်ပါသည် “ မင်းကလည်း နိုင်ငံရေးလုပ်နေပြီး အာပြဲတို့  ကိုကိုကြီးတို့ ကလွဲ ရင် ဘယ်သူ့ မှ မသိဘူး သေချာမှတ်ထား အဲဒါ ဦးထိန်လင်းတဲ့ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ် စာလည်းရေးတယ် နောက် ပြည့်သူ့ ရဲဘော်ကော ကြားဘူးလား ” “ ဟုတ်ကြားဘူးပါတယ် ” “ အေး ပြည့်သူ့  ရဲဘော် ဗိုလ်ထိန်လင်း ဆိုတာ နံမယ်ကြီးဘဲ မှတ်ထား”
ကျွန်တော် ဟုတ်ကဲ့ လို့ ပြောယုံမှ တပါး ဘာမှ ပြောလို့ မရတော့ပါ-----။
ရေကန်ပေါ်က အသံကြား နေရသည် တယောက်ထည်းစကားပြောနေတာ “ ကိုသိန်းတန် ကိုသိန်းတန် စိုး သင့် ဘောပေါ်တက်ခဲ့မယ်လေ ” “ အဲလု ဘာတွေ အော်နေတာလည်း ဗျ ” လို့ တဖက်ခန်းမှာနေတဲ့ သူကိုမေးကြည့်တော့ “တွံတေးသိန်းတန် ပြဇာတ်ပြောနေတာလေ သူရေချိုးချတိုင်းအဲလိုပြောနေကျဗျ ရီရတယ် နားထောင်ကြည့်” ကျွန်တော်အခန်းဝ ထွက်လာပြီး နားထောင်ရင်ရေကန်ပေါ်လှမ်းကြည့်တော့ မျက်မှန်ကိုလက်တဖက်ကမ ထမင်းစားပန်ကန်တွေ ကျန်လက်တဖက်နဲ့  မပြီး ရေစစ်နေတဲ့ သူ့ကိုတွေ့ လိုက်ရသည် သူအဲချိန်က ခုလို မ၀သေး ပိန်ပိန်သွယ်သွယ်လေး သူပြန်သွားပြီးတော ကျွန်တော်က “ကိုပြုံးချို သူက ဘယ်သူလည်းဗျ ” လို့မေးတော့ “ အဲဒါ လူရွှင်တော်အရိုင်း လေဗျာ မသိဘူးလား ဇာကနာ အမှုတွဲ့ပေါ့ ” “ ဟုတ်လား နံမယ်ဘဲ ကြားဘူးတာ ခုမှ ဘဲသိတော့တယ် ဇာဂနာက ခုဘယ်မှာလည်း ” “ဇာဂနာကို ဒိမှာမထားဘူး အစက ၂ တိုက်မှာလို့တော့ ကြားတယ် ခု အထူးမှာလားမသိဘူး”
နောက်ပိုင်း အရိုင်းနဲ့ ခင်သွားလို့ စကားပြောဖြစ်တော့ “ ကိုအရိုင်း ညဖက်ပျင်းနေတယ် ဇာတ်လမ်းတွေ ဘာတွေပြောပြပါလားအော်ပြီး” သူကြောက်တဲ့အမူယာလေးလုပ်ပြပြီး “အမလေးးးးးးးးးးးးးးး မလုပ်ပါနဲ့  ငါ့ဘေးမှာနေတဲ့ သူ မင်းသိလား လယ်ဝေး သခင်ကြီး ကြည်ရှိန်ဆိုတာ သူ့ငါ့ကိုသတ်လိမ့် မယ် ဖဆပလ တခောတ်လုံး သူသတ်လာတဲ့ သူတွေနဲမှမနဲဘဲ ခုသူကအပြင်မှာက ကြည့်မြင်တိုင်မှာ နေတာ ငါနဲ့ နီးတယ် အပြင်ရောက်ရင် အသတ်ခံနေရပါ့မယ်ကွယ် မလုပ်ပါနဲ့  အခန်းထည်းမှာ ညဘက်ဆို အီးတောင် ကျယ်ကျယ်မပေါက်ရဲဘူးကွယ့်”------------။
နားလိုက်ပါဦးမည် မကြာခင်ပြန်ဆက်ပါမည် နောက်တခါတွက် ကြိုတင်ကြော်ငြာထား၇မည်ဆိုလျှင် (စာရေးဆရာကြီး မင်းသိင်္ခ စာရေးဆရာ လှကွန့် နှင့်အခြား အနုပညာရှင်များအကြောင်းရေးပါဦးမယ်)
Monday, November 2, 2009
ကျတော်ဆုံခဲ့ဘူးသော ဘ၀တက္ကသိုလ်မှ အနုပညာသည်များ
အပိုင်း တစ်
မင်းဆိုးမင်းညစ်တွေ လက်ထက်မှာ မစည်ကားအပ်သော နေရာ သုံးခုမှာ လူတွေစည်ကားသတဲ့ အဲဒီနေရာ သုံးခုအနက်က တခုသောနေရာလေးမှာပေါ့ သူတို့ နဲ့ ကျတော်ဆုံခဲ့ဖြစ်တာပါ ---------။
ဒီအခန်းထည်းကို ရောက်နေတာ ၃ ရက်လောက်ရှိပြီ တယောက်နဲ့တယောက် စကားမပြောဖြစ်ကြသေး တယောက်နဲ့  တယောက် ဘာမှန်းမသိသေးတာလည်းပါသည် တခြားအခန်းထွေထက် စာရင် ဒီအခန်းက လူအများဆုံးဖြစ်နေသည် ဘယ်သူ့ ကိုပြောရမှန်းလည်းမသိ ၁၂ ပေ ၈ ပေ အခန်းထည်းမှာ လူ ၉ ယောက်နေရတာ မကြပ်ဘဲပါ့မလား အခန်းအားလုံးနီးပါးက ပြည့်နေတာတော့သေချာသည်။
ထောက်လှမ်းရေး ၇ ကလည်း ထောင်ထည်းမှာ စစ်ကြောရေးစခန်းဖွင့်ပြီး ရိုက်တုန်းနှက်တုန်း စစ်တုန်း ရိုက်သံနှက်သံ အော်ဟစ်သံတွေ အတိုင်းသားကြားနေ၇သည် စင်ပြိုင်အစိုးရဖွဲ့ မှုနဲ့ ဖမ်းထားတဲ့အမတ်တွေ ကွန်မြူနစ်ယူဂျီ ဆိုသူတွေ ပတ္တနိကုသနကံဆောင်လို့ ဖမ်းထားတဲ့ ဘုန်းတော်ကြီးတွေ ကျောင်းသားတွေ အယ်နယ်ဒီ လူငယ်တွေ များမှများ မင်းဆိုးမင်းညစိတွေ လက်ထက်မှာ မစည်ကားအပ်သောနေရာ ၃ ခုမှာ လူတွေ စည်ကားသတဲ့ ခုတော့ အဲဒိမစည်ကားအပ်သောနေရာ သုံးခုမှာ တခုအပါအ၀င်ဖြစ်တဲ့ ဘ၀တက္ကသိုလ်ဆိုတဲ့ ထောင်ကြိးမှာ စည်ကားမြဲစည်ကားလျှက်---------------။
ထူးထူးခြားခြား ဖြစ်နေတာကတော့ ကျတော်ရောက်နေတဲ့ သီးသန့် ထောင် အဆောင် တစ် ရဲ့ အခန်းနံပါတ် ၇နဲ့ ဘေးခြင်းကပ် အခန်းနံပါတ် ၆ ဘဲဖြစ်ပါသည် ကျန်တဲ့အခန်းတွေ အားလုံးမှာ လူတွေပြည့်ကျပ်နေပေမယ့် အဲဒိအခန်းနံပါတ် ၆ မှာတော့ တယောက်ထည်းရှိနေပါသည်
ရေချိုးခွင့်မပေးသေးသော်လည်း မိလ္လာချ မျက်နှာသစ်ဘို့တော့ ၁၅ မိနစ်အချိန်ပေးသည် အခန်းအောက်ကို ဆင်းတာနဲ့မျက်နှာသစ်ပြီး ဘေးက အခန်းကို တချက်လှမ်းကြည့်လိုက်တော့ အဖြူရောင်စွတ်ကျယ်အကျီ အညိုရောင်ပုဆိုးဝတ်ထားပြီးအသားမဲမဲ နဲ့လူတယေက်ကို ကျတော့်အခန်းနှင့်ကပ်လျက်အခန်း နံပါတ် ၆ အခန်းဝမှာ စောင့်စောင့်လေးထိုင်နေတာ တွေ့လိုက်ရသည် စကားပြောလို့မရ ၀န်ထမ်း ၃ ယောက်က ထိုင်ကြည့်နေသည် အခန်းထည်းပြန်ရောက်တော့ လှိုင်သာယာမှာနေတဲ့ ကိုဝင်းကြိုင်ကိုမေးလိုက်မိသည် “ အကိုကြီး ဟိုဘက်ခန်းက လူကျတော့ တယောက်ထည်းထားတယ် မိုက်လှကြည့်လားကျတော်တို့ကျ ကြပ်ညပ်လို့လေ” သူက “ သူ့ကိုရောထားလို့ မရဘူးလေ သူက အမျိုးသားဒီမိုကရေစီအဖွဲချုပ်က မောင်ဝံသ ခေါ် ဦးစိုးသိမ်းပေါ့ ဗိုလ်တထောင်သတင်းစာမှာလည်း အယ်ဒီတာလုပ်တယ် ၆၂ ကျောင်းသားခေါင်းဆောင်လို့ လည်းပြောတယ် နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝေါ အမတ်လေ” သူကဆက်ပြီး “ သူအခု အရမ်းကြောက်နေတယ် ထောင်ကျမှာလေ ငါတို့ က ပြန်အားပေးနေရတယ်” ကျတော်မယုံပါ ဒါကြောင့် ညပိုင်းမှာ တိုးတိုးလေးမိတ်ဆက်ပြီး သူ့ကိုမေးခဲ့သည် “အန်ကယ် အပြင်ထွက်ရင် နိုင်ငံရေး လုပ်ဦးမှာလား” သူတခွန်းထည်းပြတ်ပြတ်ဖြေခဲ့သည် “ နိုင်ငံရေး လုံးဝမလုပ်တော့ပါဘူး” ကြောက်လန့်  တုန်လှုပ်နေတဲ့ အမတ်မင်း အီးစီ စာရေးဆရာကြီးကို ကျတော် စာအကြောင်းပေအကြောင်း တခွန်းမှ မပြောဖြစ်ခဲ့ပါ-----------။
တစုံတခုယောက်ကို သတိယမိခဲ့သည် ဟုတ်တယ် ဒိနေရာလေးမှာဘဲ ညီပုလေးနဲ့ တွေ့ ခဲ့ ဘူးသည် ဒိနေရာ ဒီအခန်းထည်းမှာဘဲ ရန်ကြီးအောင် ဦးစိန်ဝင်း ကျဆုံးခဲ့သည် တွေ့ ခါစ အခန်းထည်းမှာ တယောက်နဲ့ တယောက်ဘာမှန်းမသိကြရုံမက စစ်ကြောရေးကာလကလည်းမပြိးကြသေးတော့ အမှုအကြောင်းတယောက်နဲ့တယောက်လုံးဝ မပြောရဲကြ တယောက်နဲ့ တယောက် မယုံကြည်ကြတာလည်းပါမည် အပြစ်တော့ပြောလို့မရ ဒီလိုနဲ့  စာအကြောင်းပေအကြောင်းဘာသာရေး အကြောင်းပြောဖြစ်သည် တည ဘာသာရေးအကြောင်းပြောဖြစ် ရင်း “ကျတော်ဖတ်ဘူးတယ်ဗျ မနွလေးက သတင်းစာဆရာကြီး ဦးသိမ်းမောင်ဆိုတာရေးတာလေ သူကမေးတဲ့သဘောနဲ့ ဗုဒွဘာသာကို ညစ်ပြီးတော့ပေါ့ ” တခန်းထည်းအတူနေ ကိုစိုင်းလုံ ခေါ် ကိုအောင်မြင့်က “ဟုတ်လား ဘာတွေမေးထား ရေးထားလည်းပြောပါဦး” သူ့အမေးကြောင့် ကျွန်တော်တချက်စဉ်းစားလိုက်ပြီး “ အင်းသူက နတ်ပြည်မှာ နတ်တွေနေဘို့  ဗိမ္မာန်တွေ ဆောက်တော့ သစ်တွေ ၀ါးတွေ ဘယ်က၇သလည်းတို့  နတ်သား နတ်သမီးတွေ အိမ်သာတက်ချင်ရင် ဘယ်သွားလည်းလို့ ကပ်သတ်ပြီးမေးထားတာပါ ကျတော်လည်း သေချာမမှတ်မိဘူးကိုအောင်မြင့်ရဲ့” သူတချက်ပြုံးလိုက်ပြီး ဘေးက လူကို ညွန်ပြလျှက် “ သူ့ ကိုသိလား” သိတယ်လေ အဲဒါ ကိုငြိမ်းချမ်းလေ” “ အေးသေချာမှတ်ထား အဲဒီ ဦးသိမ်းမောင်ဆို တာ သူ အဖိုး ” “ဗျာ” ပြောမိလိုက်တာတွေ အားနာလိုက်တာ မှားပြီထင်တယ် “သူ့အဖေ အမေကောသိလား ” “ဟင့်အင်းမသိဘူး” “အေးမှတ်ထား မနွလေးက လူထု ဦးလှ လူထု ဒေါ်အမာသား မနွလေးတမြို့ လုံးသိတယ် စာရေးဆရာညီပုလေး ကောသိလား” “လူတော့မသိဘူး သူ့ဝတ္တုတိုတွေတော့ဖတ်ဘူးတယ်” သူချက်ခြင်းထလာပြီး ကျွန်တော့လက်ကို ဆုတ်ကိုင်လိုက်သည် “ကိုယ်အရမ်းပျော်တယ်ကွာ ကိုယ့်အဖိုးကိုလည်းသိသလို့ ကိုယ်ရေးတဲ့ စာတွေကိုလည်းဖတ်ဘူးတယ်ဆိုလို့ လေ ” သူမျက်နှာကိုမော့ကြည့်လိုက်တော့ မျက်ရည်တွေဝဲလို့ သူ့စာတွေဖတ်ဘူးတယ်ဆိုယုံမျှ နဲ့ မျက်လုံးထည်းမျက်ရည်တွေ ၀ဲလာလောက်အောင် ကြည်နူးပိတိဖြစ်နေခဲ့သူတယောက်ကို ကျွန်တော့်ဘ၀တလျှောက်မှာ ပထမဆုံးအကြိမ်တွေ့ခဲ့ဘူးခြင်းပါဘဲ---------။
Photobucket
သူနဲ့ အတူနေခဲ့တဲ့တလအတွင်း စကားတွေပြောဖြစ်ခဲ့သည် စာအကြောင်းပေအကြောင်းမှ အစ မိသားစုကိစ္စ အဆုံးပေါ့ သူ့  ကိုကျွန်တော်မေးခဲ့သည် “ကိုငြိမ်းချမ်းနဲ့ ကျွန်တော် ဆုံခဲ့ပြောခဲ့ဖြစ်တာလေးတွေ အပြင်ရောက်လို့ စာရေးဖြစ်ရင်ရေးလို့  ရမလား ”ဆိုတော့ “ရေး ရေး ရတယ် ဒါပေမယ့် ခုချိန်ထိကိုယ့်ကိုအင်တာမဗျူးဘူးသေးဘူး” “ဒါဆိုအိုကေတာပေါ့ ကိုငြိမ်းချမ်း တသက်လုံး သတိယနေအောင် ကျတော်အင်တာဗျူးမယ်ဗျာ ပထမဆုံး ကိုငြိမ်းချမ်းကို အင်တာဗျူးဘူး သူတယောက် အနေနံဲ့ပေါ့ ” သူ အိုကေ ဟုပြောပါသည် .။
“ ကိုငြိမ်းချမ်းရဲ့ အကိုအကြီးဆုံး ကိုစိုးဝင်းကို မှတ်မိလိုက်လား”
“ဟင့်အင်းမမှတ်မိလိုက်ဘူး အဲတုန်းက ကိုယ်က ငယ်ငယ်လေးဘဲ ရှိသေးတယ်လေ သူ့ဓါတ်ပုံတွေတော့ အိမ်မှာ ရှိတယ် ”
“ကိုစိုးဝင်းတယောက် ဗမာပြည်ကွန်မြူနစ်ပါတီ က သတ်လိုက်တော့ ဗမာပြည်ကွန်မြူနစ်ပါတိကို နာကျဉ်းတာတွေဘာတွေ ရှိခဲ့လား”
“ဟင့်အင်း သူ့လည်း သူ့ ပြသနာတွေနဲ့ သူရှိနိုင်တယ် ကိုယ်တို့လည်း ဘာမှသေချာမသိတော့ အတိကျပြောလို့မ၇ဘူးပေါ့နော်” “ဟုတ်ကဲ့ ကိုငြိမ်းချမ်းရေ ညီပုလေး ဆိုတဲ့ နံမယ် ယူဖြစ်ခဲ့တာလေး ပြောပြပေးပါလား”
“အင်း ကိုယ်တို့ က မောင်နှစ်မ ၅ ယောက်ရှီတယ် ကိုယ်က အငယ်ဆုံး အကို ၂ ယောက် အမ ၂ ယောက်ပေါ့ အကိုအကြီးဆုံးက ကိုစိုးဝင်းပေါ့ နောက်အကိုတယောက်က ကိုသံချောင်း အမက ဒေါက်တာ သန်းရင်မာ ဟင်္သာတ ဆေးရုံအုပ်ကြီးလေ (သူပြောပြ သော နောက်အမတယောက်နံမယ် ကျတော်မေ့နေပါပြီ) အဲတော”့  သူလက်ကလေး ၅ချောင်းကိုထောင်လျှက် “ဒါသိလား” “လက်လေ” သူသဘောကျစွာရီလျှက် “မဟုတ်ဘူး ဒေါက်တို ရန်လို သူ့ထက်ကဲံ ရွှေပြည်စိုး ညီပုလေး ဆိုတဲ့ အဓိပါယ်လေ အဲ ၅ ခုထည်းမှာ အငယ်ဆုံးမို့လို့ ညီပုလေး လို့ယူလိုက်တာပါ”
သူနဲ့ကျတော် စကားတွေအများကြီးမပြောဖြစ်ခဲ့ပါ စစ်ကြောရေးကာလဖြစ်တာတကြောင်း နေလို့ထိုင်လို့ အခက်ခဲ များ ၀န်ထမ်းထောင်မှုးတွေက စကားပြောသံကြားတာနဲ့ ပြသနာလာလာ ရှာတာတကြောင်းတို့ကြောင့်ဘဲ ဖြစ်ပါတယ်--------။
“အထည်းဝင်စကားမပြောရဘူး အသံကြားတာနဲ့ မင်းတို့ နာမယ်”
လိုက်ပို့တဲ့ တပ်ကြပ် မြင့်အောင်က ခေါင်းစွပ်ကိုချွှတ်ပေးပြီးဟောက်လိုက်တာဘဲ ဖြစ်ပါသည်။ ပထမတခေါက် ဒီနေရာက ပြန်ထွက်သွားခဲ့ပြီး ၄ လ အကြာမှာ ဒုတိယ အခေါက် ပြန်ရောက်လာခြင်းဘဲဖြစ်ပါသည်။
အိပ်ပျက်ခြင်း ငတ်ပြတ်ခြင်း နှိပ်စက်ခံထားရခြင်းစသော ဒဏ်တွေကြောင့် အခန်းထည်းရောက်ရောက်ခြင်း ဖျာကြမ်းလေးပေါ်မှာ စောင်မရှိ ခေါင်းအုံးမရှိ ကွေးကွေးလေး အိပ်ပျော်သွားခဲ့သည်
အခန်းထည်းဘယ်သူတွေ ရှိနေမှန်းမသိခဲ့ တစုံတယောက်က လှုပ်နိုးတော့မှ မျက်လုံးကိုဖွင့်ကြည့်မိသည် အမြင်အာရုံက မကြည်လင်သေး ရ ၇က်လောက် အိပ်ပျက်ခဲ့ မှုဒင်္ဏကြောင့် အိပ်ချင်နေသေးသည် မပီပြင်မှုန်ဝါးဝါး အကြည့်တွေအောက်မှာတော့ ကတုံးပြောင်ပြောင် ဗိုက်ပူပူ နဲ့  လူကြီးတယောက်ကို တွေ့ လိုက်ရသည် သူ့ကိုယ်သူမိတ်ဆက်သည်သူ့ နံမယ်(မန်းငြိမ်းမောင်ဟုထင်သည်) နောက်သူကဆက်ပြီး “ စာရေးဆရာမောင်စင်ကြယ်ဆိုတာ ကြားဘူးလား” “ဟင့်အင်းတခါမှ မကြားဘူးဘူး” ကျတော်အမှန်အတိုင်းပြောလိုက်ခြင်းဘဲဖြစ်ပါသည် ခေါင်းက မူးနေတုန်း မောင်စင်ကြယ်တော့ မသိဘူး ဆင်ကြယ်ဖိနပ်ဘဲ သိတယ်လို့ပြောလိုက်ရင် သူစိတ်ဆိုးသွားမှာလား တကယ်မဖတ်ဘူးတာလား ပြန်စဉ်းစားသည် တကယ်ကို မဖတ်ဘူးခဲ့တာ အဲစာရေးဆရာနံမယ် သူက ဆက်ပြီး “ အင်းပေါ့လေ မင်းတို့ ကလေးတွေ မသိတာအပြစ်မပြောပါဘူး အဘ စာတွေအများကြီးေ၇းဘူးတယ်လေ အရင်က ဒီနေရာလည်းရောက်ဘူးတယ် ခုအဘ ဒီနေရာ မရောက်ခဲ့တာ အနှစ် ၂၀ လောက်ရှိပြီ ထောင်က လွတ်မှဘဲ စာတပုဒ်ရေးဖြစ်အောင်ရေးလိုက်ဦးမယ်” ခေါင်းစဉ်လေးတောင် သူပြောသွားခဲ့သေးသည် “မသန်းနဲ့  ပြန်လည် တွေ့ ဆုံခြင်းတဲ့” သီးသန့်  ထောင်ထည်းမှာ လူတိုင်းဆုံ ဖြစ်ခဲ့တဲ့ သန်းကြီး မတွေကို ရည်ရွယ်ပြီး ပြောသွားခဲ့တာဘဲ ဖြစ်ပါသည်------။
နားလိုက်ပါဦးမယ် နောက်နေ့ မှ ဆက်မယ်နော်