Friday, October 23, 2009

သူငယ်ချင်းလေးတယောက်အကြောင်း

(ကိုပေါ်ဦးအကြောင်းရေးနေရင်း ဒီပို့စ်ကို ဖြတ်ပြီးတင်လိုက်ပါတယ် ပေါ်ဦးအကြောင်းရေးတာကသမိုင်းနဲ့ဆိုင်တယ် အမှားအယွင်းမခံဘူး အဲတော့သေချာစဉ်းစားရတယ် နံမယ်မှားတာက အစ ပြသနာရှိနိုင်တယ် တကယ့်အဖြစ်ပျက်ကိုရေးတာဖြစ်လို့ ဖတ်သူကိုသမိုင်းတခုခု ပြောချင်တဲ့သဘောမျိုးလည်းရှိတယ် သူတယောက်ထည်းအကြောင်းတင်မဟုတ်ဘူး ကျတော်နဲ့ပတ်သက်ဘူးတဲ့ ကျောင်းသားခေါင်းဆောင်ဆိုသူတွေ တော်တော်များများ အကြောင်းကိုရေးမှာဖြစ်လို့နဲနဲရှည်မှာပါ ဒါကြောင့်ပေါ့ပေါ့ ပါးပါးလေးတွေကို အလျှဥင်္းသင့်သလို့ကြားဖြတ်ရေးသွားမှာပါ )

Photobucket
ကျတော့်သူငယ်ချင်း အေးနီ

သူ့နံမယ်က ဖင်လန်လို့ Einipukinen လို့ခေါ်ပါတယ် ဗမာလို အေးနီ လို့ဘဲခေါ်တာပေါ့ကျတော့်ရဲ့ဖင်လန်နိုင်ငံမှာ တဦးထည်းသော ဖင်လန်သူငယ်ချင်းပါဘဲ ပြီးခဲ့တဲ့အပတ် ရေးခဲ့တဲ့ ဆောင်းပါးတပုဒ်ထည်းက ရုပ်ရှင်တူတူ သွားကြည့်တဲ့သူငယ်ချင်းပါ သူ့နဲ့တွေ့ခဲ့ပုံလေးက
“ထွန်းနင်စာတွေလည်းဘာမှမရဘူးအိမ်မှာလည်းမကျက်ဘူးလား နင်နဲ့တူတူတက်တဲ့သူတွေ အကုန်ရနေကြတယ်နင်ဘာလို့မရလည်းပြောပြနိုင်မလား” မော်ကွန်းထိန်းဆရာမအသံကြောင့်ကျတော်ဘာပြောရမှန်းကိုမသိဖြစ်နေသည် ဆင်ခြေတခုခုတော့ပေးနိုင်မှဖြစ်မည် “ဟုတ်ပါတယ် ဆရာမရယ် ကျွန်တော်အိမ်မှာ စာဖတ်ရင် ဘာမှမသိလို့ မေးချင်ရင်ဘယ်သူ့ကိုမေး၇မှန်းမသိဘူး ” ကျတော့်ဆင်ခြေကို ဆရာမ အတိုင်းတာတခုထိ လက်ခံလိုက်ပုံ၇သည် “ နင့်သူငယ်ချင်းထည်းမှာ ဗမာတွေမရှိဘူးလား” သူ့အမေးကိုချက်ချင်းဘဲ “ဟင့်အင်းဗမာတွေကမပေါင်းချင်ဘူး သူတို့ကရှင်းမပြချင်ကြဘူး သူတို့ထက်ပိုတတ်သွားမှာ စိုးရိမ်နေပုံရတယ်ဆရာမ” ကောက်ခါငင်ကာဘဲ “နင့်မှာဖင်လန်သူငယ်ချင်းမရှိဘူးလား ဆိုရှယ်က ရှာမပေးဘူးလား” “ဟင့်အင်းမရှာပေးဘူး ဆိုရှယ်မှာလည်းသွားမပြောတတ်ဘူး ဆိုရှယ်ကပြောတာတွေလည်းဘာမှနားမလည်ဘူးလေ ကျတော်ပြောတာလည်းသူတို့နားမလည်ဘူး သူတို့ပြောတာလည်း ကျတော်နားမလည်းဘူး အဲတော့်မသွားတော့ဘူး”ဆရာမတချက်စဉ်စားနေသည် ။
ဟုတ်တော့ဟုတ်သည် အမှန်က ဆိုရှယ်က ဖင်လန်နိုင်ငံရောက်လာတာနဲ့အကုန်စီစဉ်ပေးသည် နောက်ဆုံး ဈေးဝယ်တာအစ စကားပြောကျွှမ်းကျင်လာအောင်ဖင်လန်နိုင်ငံသားဖင်လန်လူမျိုးသူငယ်ချင်းရှာပေးဘို့အထိတာဝန်ယူပေးသည် ခက်တာက ကျတော် တကယ်တော့ ကျတော့်ကို ဖင်လန်နိုင်ငံမှာ တာဝန်ခံပြီးခေါ်ခဲ့တာက ဒိမြို့ကလေးမဟုတ် Kotka ဆိုတဲ့ပင်လည်ကမ်းခြေ မြို့ကလေးက ခေါ်ခဲ့တာဘဲဖြစ်ပါသည် ဒါပေမယ့် ရောက်ပြီး ၂လ အကြာမှာ ကိုယ့်သဘောနဲ့ကိုယ် လက်ရှိနေထိုင်ရာမြို့ကိုပြောင်းလာခဲ့တာပါ အဲဒိမြို့က ဆိုရှယ်ကလည်း စိတ်ဆိုးပြီး ဘာမှမစီစဉ်ပေး သူတို့သဘောမတူဘဲပြောင်းလို့ဆိုပြီး လမ်းစရိတ် ၂၅၀ ဘဲပေးလိုက်ပါသည် ဒီမြို့ရောက်တော့လည်း ဒိမြို့ဆိုရှယ် က သူတို့ခေါ်တဲ့သူမဟုတ်တာတကြောင်း တယောက်ထည်းဖြစ်နေတာတကြောင်းတို့ကြောင့်အသေးအဖွဲလောက်တော့ကူညီပါသည် ဥပမာ တခြားသူတို့တာဝန်ယူခေါ်လာသူများကိုတော့ မရောက်ဖူးတဲ့နေရာတွေလိုက်ပို့ခြင်း တခြားနိုင်ငံခြားသားများ ဖင်လန်နိုင်ငံသားများနဲ့တွေ့ဆုံပေးခြင်းမျိုးကိုစီစဉ်ပေးခဲ့သော်လည်းကျတော့်အတွက်ကတော့ ဘာမှ မစီစဉ်ပေးခဲ့ပါ
“သူငယ်ချင်းရှာပေးမယ် ယူမလား ” “ ဟုတ်ကဲ့ယူမယ်ဆရာမ” ဆရာမအမေးကိုကျတော်ချက်ချင်းပြန်ဖြေလိုက်သည် “ဘယ်လိုသူငယ်ချင်းမျိုးလိုချင်တာလည်း” “ကောင်မလေးသူငယ်ချင်းလိုချင်ပါတယ် အိမ်ထောင်ရှိမယ်ဆိုလည်း ခလေးရှိတဲ့အမျိုးသမီးပေါ့ ” “အသက်ဘယ်လောက်လောက်လည်း ၄၀ ကျော်လောက်ဆိုဖြစ်မလား” “မဖြစ်ဘူးဆရာမ”သူကျွန်တော့်ကိုတချက်ကြည့်လိုက်သည် ပြီးမှ “ဘာကြောင့်အသက်ငယ်ငယ် ကောင်မလေးသူငယ်ချင်းလိုချင်တာလည်းဆိုတာပြောပြနိုင်မလား” အလာာားးးးးးး မေးတဲ့မေးခွန်းက အဖြေမတတ်လို့က ဒုခရောက်မယ့် မေးခွန်း ဒါပေမယ့် ဗမာပြည်မှာ ဆရာကြီးဆိုသူတွေနဲ့ပေါင်းပြီး စစ်ကြောရေးခန်းထည်းမှာ အကြိမ်ပေါင်းများစွာဖြတ်သန်းလာခဲ့တဲ့ကောင်ဆိုတော့ ဒိမေးခွန်းလောက်ကတော့ “ဒီလိုပါဆရာမ ဒိနိုင်ငံကကောင်လေးတွေ ယောက်ကျားတွေရဲ့ အမူယာကတမျိုးကြီးလေ ကျတော်ကြောက်တယ် နောက် အဖိုးကြီးအဖွားကြီးတွေက စကားသိပ်မပြောကြဘူး ကောင်မလေးတွေဆိုတော့ ပွစိပွစိ နဲ့ စကားအများကြီးပြောတယ်လေ အဲတော့စကားမြန်မြန်တတ်အောင်လို့ပါဆရာမ” သူုနိုင်ငံသူ့လူမျိုးစရိုက်ကိုသိနေသော ဆရာမအတွက် ကျတော့ဆင်ခြေသည်ကွတ်တိပါဘဲ သူဘာမှထပ်မပြောတော့ပါ အင်တာနက်ပေါ်မှာ လိုက်ရှာနေပါသည် ဖုန်းလည်းတဂွီဂွီ ဆက်လို့ပေါ့ နောက်တော့သူက “ဟုတ်ပြီလေ အိုကေရင်ဆရာမပြောမယ်” ကျတော်သူ့အခန်းထည်းက ထထွက်လာခဲ့သည်
Photobucket
ဖင်လန်နိုင်ငံမှာ အစစ လိုလေးသေးမရှိကူညီခဲ့တဲ့ကျတော့်ဆရာမ Katja parkinen

၂ရက်လောက်ကြာတော့ ဆရာမ ကျွန်တော့ကိုခေါ်ပြန်ပါသည် “ သူငယ်ချင်းရပြီ သူနဲ့တွေ့ဘို့ ဘယ်နေ့အဆင်ပြေမလည်း” “ကျတော်နေ့တိုင်းအားပါတယ်ဆရာမ သူအဆင်ပြေမယ့်အချိန်ကိုပြောလိုက်ပါ ” သူချက်ချင်းဖုန်းဆက်လိုက်ပါသည် “ အိုကေလေ ဗုဒွဟုးနေ့ ညနေ ၅နာရီ မြို့ထည်းမှာတွေ့ကြမယ်တဲ့ ”
ကျတော်ရယ် ဆရာမရယ် ကျတော့်အတွက်စကားပြန်လုပ်ပေးမယ့် စကားပြန်ရယ် စားသောက်ဆိုင်ထည်း ၀င်လာတော့ သူကကြိုရောက်နေပါသည် ဆရာမက မိတ်ဆက်ပေးပြီး “ ဒီနေ့တော့ စကားပြန်နဲ့ပေါ့ နောက်နေ့ကစပြီးနင်တို့၂ယောက်ဘဲတွေ့ရတော့မှာ ခုသိချင်တာတွေမေးထားပေါ့ စကားပြန်ရှိတုန်း” ဘယ်မှာနေလည်းဆိုတော့ သူနေတဲ့ ၇ပ်ကွက်ကိုပြောပြပါသည် နောက်က သူက ဘာဘာသာစကားတွေတက်လည်းဆိုတော့ ဘာမှမတတ်ဘူးလို့ဖြေလိုက်သည် လုံးဝမတတ်တာလား ဆိုတော့ အင်္ဂလိပ်လိုနဲနဲတတ်တယ်နောက် လက်ဟန်ခြေဟန်နဲ့ပြတဲ့ ဘာသာစကားနဲနဲတတ်တယ်ဆိုတော့ ဒါဆိုအိုကေပါတယ်တဲ့ သူ့အသက် ၂၇ ရှိပြီ အိမ်ထောင်ရှိသည် သမီးလေးတယောက်နဲ့တဲ့ သူ့အကြောင်းပြောပြသည် ကော်ဖီတူတူသောက်ကြနဲ့ပထမဆုံးအကြိမ်တွေ့ဆုံပွဲကိုညနေ ၆နာရီမှာ ပြီးဆုံးပြီးအောင်မြင်စွာ လမ်းခွဲခဲ့ကြသည်
သူနဲ့ ၂ ပါတ်တခါလောက်တွေ့ဖြစ်သည် မြို့ထည်းမှာ စားသောက်ဆိုင်တွေမှာ နောက်တော်တော်လေးရင်းနှီးလာတော့ သူ့အိမ်ကိုသွားလည်ဖြစ်သည် သူက တအားသဘောကောင်းလွန်းသည် သူနဲ့သူငယ်ချင်းဖြစ်မှဘဲ အော်တော်တော်သဘောကောင်းတဲ့ ဖင်လန်သူတွေ ရှိပါသေးလားလို့ သိခဲ့၇သည် သာမာန်ဖင်လန်သူတွေဆို မျက်နှာတွေက ရှု့မဲ့လို့ နိုင်ငံခြားသားဆို သိပ်အထင်မကြီးသူတွေများသည် ကြောက်တာလည်းပါမည် ကျတော့်သူငယ်ချင်းအေးနီကတော့ ကျတော်နဲ့စကားပြောတဲ့အခါ ဖင်လန်လိုပြောသည် နားမလည်ဟု ယူဆလျှင် အင်္ဂလိပ်လိုပြောသည် ဒါမှနားမလည်သေးလျှင် သူကော ကျတော်နားလည်သည့် လက်ဟန်ခြေဟန်ဖြင့်ပြောသော ဘာသာစကားဖြင့်ပြောသည် (သူလည်းအဲကျောင်းကို ၃ နှစ်တက်ဘူးပြီးအောင်လတ်မှတ်ရထားတော့ အဆင်ပြေသည် ကျတော်ကလည်းအဲသင်တန်းကျောင်းတက်နေတာကိုး သူလောက်တော့မကျွမ်းကျင်) ဒါမှနားမလည်သေးလျှင်တော့ ကလေးလေးတယောက်လို့ ပုံလေးတွေ ဆွဲပြီးနားလည်အောင်ရှင်းပြပေးသေးသည် ဒါမှနားမလည်သေးရင်တော့ (တခြားသူတယောက်ယောက်ဆိုရင်တော့ သေလိုက်တော့လို့ပြောမယ်ထင်သည် သူကကတော့မပြောပါ) နားလည်အောင်ကိုရှင်းသည် တခါကလည်းမှတ်မှတ်ရရ သူအိမ်မှာရောက်နေတုန်း ည ၈နာရီလောက်ရှိနေပြီ သူနဲ့စကားပြောရင်း ဗမာပြည်က ပန်းကလေးတွေ အကြောင်းပြောဖြစ်သည် ဖင်လန်က ပန်းကလေးအကြောင်းသူပြောပြသည် ကျတော်ပြောသည့် ဗမာပြည်က ပိတောက်ပန်းကို သူမြင်ဘူးသော်လည်း သူပြောသည့် ဖင်လန်ပန်းကို ကျတော်လုံးဝနားမလည်ပါ သူရှင်းပြသည့် ဘာသာစကားအကုန် ကုန်သော်လည်းနားမလည်နိုင်သည့်အတွက် (သူကပုံလေးတောင်ဆွဲပြလိုက်သေးတယ်) သူစိတ်တိုလာဟန်ရှိသည် လာလိုက်ခဲ့လိုက်လို့ဆိုပြီးကျတော့်ကိုခေါ်သွားခဲ့သည် သူ့အိမ်နဲ့ ကီလိုမီတာ ၃၀လောက်ဘဲဝေးသော ပန်းဆိုင်လေးရှိရာသို့ ဆိုင်ပိတ်ခါနီးဆိုတော့ သူကားကိုကိုယ်တိုင်မြန်မြန်မောင်းပြီး လိုက်ပို့သည် ကြောက်လိုက်တာ မြန်သလားမမေးနဲ့ တခုခုနဲတိုက်မိမှာ စိုး၇ိမ်လို့ ဖြေးဖြေးမောင်းပါဟ လို့ပြောတော့သူရီနေသည် မကြောက်နဲ့တော့ပြောသည် ပန်းဆိုင်ရောက်တော့ ဒိပန်းဒီပန်းဆိုပြီး သူကျွန်တော့ကိုပြပါသည် ပန်းကလေး တစ်မျိုးပါ
Photobucket
အဲလောက်သဘောကောင်းစိတ်ရှည်သော သူငယ်ချင်းတယောက်ရလိုက်တာ ကျတော့်အတွက်တော့ အလွန်ကံကောင်းပါသည် ဘာဘဲပြောပြော ဗမာပြည်နဲ့အဝေးကြီးတနေရာ ရောက်နေတဲ့ကျွန်တော့အတွက်တော့ ကံကောင်းသည်လို့ဘဲပြောရမည်ထင်ပါသည် ခုတော့ သူနဲ့မတွေ့တာ ကြာပြီ မိုးလင်းမိုးလင်းမိုးချုပ် အင်တာနက်နဲ့ မာတီပလိုင်းမှာ စွဲလန်းနေတဲ့ကျွန်တော်
ခုတော့ မာတီပလိုင်းလည်း မ၀င်ဖြစ်တော့ဘူးဆိုတော့ အချိန်နဲနဲပိုလာပြီဖြစ်လို့ ဒိတခါ ပိုက်ဆံလေးရမှ သူ့ဆီကိုသွားဖြစ်ပါဦးမည်

3 comments:

  1. ကိုတိုးကြီး
    အေးနီလိုသူငယ်ချင်းမျိုးရလိုက်တာ ကံကောင်းပါသည်။
    ကံဆိုးတာကတော့..အေးနီက ယောက်ကျားရှိအိမ်ထောင်သည်မို့လို့ပါ.
    နို့မို့ ကိုတိုးကြီးကံပိုကောင်းနိုင်သည်။ ဒါမှမဟုတ်ကိုတိုးကြီးဆရာမကို
    အစထဲက အသက်ငယ်ငယ်အမျိုးသမီးသူငယ်ချင်း လိုချင်တာကိုပြောရင်း
    အိမ်ထောင်မရှိသူလို့ပါ ထည့်ပြောလိုက်ရင်လည်းပြီးတာပါပဲ.ဗျာ..ခင်ဗျား
    တို့ ထောင်ထွက်များ ခက်ပါတယ်..ရှက်စရာမရှိ ရှက်နေတာ..ကိုချစ်ဖေဆို
    ပြောမှာပဲ..ဘယ့်နယ့်ဗျာ.အဖေါ်မရှိဘာမရှိနဲ့. အဲ့လိုအတွေ့အကြုံလေးတွေရေးပါဦး..ဘယ်သူဖတ်ဖတ်မဖတ်ဖတ် ကိုချစ်ဖေ အမြဲဖတ်ပါမည်။

    ReplyDelete
  2. ကိုတိုးကလည်း မသွားနိုင်လည်း ဘာဖြစ်တုန်း ဖုန်းဆက်ပေါ့လို့.
    ဖုန်းဆက်ပီး သူ့ကို လာခိုင်းလိုက်ပေါ့.. နင့်ကိုငါသတိရလို့.. ငါနင့်ဆီ လာချင်တာ အဆင်မပြေလို့.. နင်လာခဲ့ ငါဘာကျွေးမယ်.. ဘာဖြစ်တယ် ညာဖြစ်တယ်ပြောပေါ့လို့..။ ကိုတိုးကလည်း တုံးပါ့.။

    ReplyDelete
  3. ဟုတ်ပါဘူး မမဇင်ရာ ခေါ်ရင်လာပါတယ် အရင်ကလည်းခဏခဏလာပါတယ် ခက်တာက သူလာရင် ပစ္စည်းတွေရှင်းရတာတနေကုန်ကော မသိမ်းလည်းပွစိပွစိလုပ်ကော ကျတော်ကတယောက်ထည်းနေတော့ ဘာမှ မသိမ်းဘူး ရှုပ်ပွပြီးဖြစ်သလိုနေတာလေ
    အဲလိုပွစိပွစိ စိတ်ညစ်လို့ဖုန်းမဆက်တာ သူ့အိမ်ဘဲသွားတယ် ကျတော်အိမ်မခေါ်တော့ဘူးလေ မိန်းမတွေ ကျန်တာမတူတူ ပွစိပွစိ ကတော့တူတယ်

    ReplyDelete