
သူငယ်ချင်း
မင်းသွားနှင့်ပြီလားကွယ်-------။
လေးဆယ်ကျော်အရွယ်
ငယ်ပါသေးတယ်ကွာ
နုတ်မဆက်ဘဲ
ရုတ်တရက်ခွဲ ခွာသွားခဲ့ပေမယ့်
ငါတို့ တူတူ ကန်ခဲ့ ဘူးတဲ့
ဂုန်ဆာလာ ဘောလုံးကွင်းကိုလွမ်းတယ်---
ငါတို့ တူတူသောက်ခဲ့ကြတဲ့
(ဗသက်အောင်တို့ အိမ်နားက)
ဂေါ်ရခါး အရက်ဆိုင်ကို လွမ်းတယ်----
ငါတို့ တူတူ ထိုင်ခဲ့ဘူးတဲ့
“ဇင်မာ” တီးရှော့ ကိုလွမ်းတယ်-----
မင်းသွားနှင့်တော့ကွယ်
ကိုကိုကြီး ပေါ်ဦး သက်ထွန်း ဘိုကြည်
လာမနုတ်ဆက်နိုင်ခဲ့တာ
နားလည်ပေးလိုက်ပါ----
တကယ်တော့ အဲဒီနေရာလေးမှာ
အာဏာရှင်တွေ မရှိဘူးကွဲ့ 
အဲဒီနေရာလေးမှာ
မတရားမှုတွေ မရှိဘူးကွဲ့ 
အဲဒီနေရာလေးမှာ
ဧည့်စာရင်းတိုင်ဘို့ မလိုဘူးကွဲ့ 
အဲဒီနေရာလေးမှာ
ရွှေဘုန်းလူ ရှိတယ်
ကိုထက်မိုး ရှိတယ်
ကိုမျိုးဇော် ရှိတယ်
ရန်ဖြစ်မနေနဲ့ နော် စိတ်ချပါရစေကွယ် ------။
နုတ်ဆက်လိုက်ပါတယ်
၈၈၈၈ ကို တူတူလုပ်ခဲ့ကြတဲ့
မီးမီး ဥမ္မာ လဲ့လဲ့ စနွာ
ဘိုကြည် မောင်မောင်လွင် ဆန်းမင်း ဇော်ထွန်း
မင်းကိုသတိယနေပါ့မယ်----
ငါတို့ တူတူ စာကျက်ရင်း
ဖားထွက်ရိုက်ခဲ့ဘူးတဲ့ ညတွေကို သတိယနေပါ့မယ်---
ဘက်ဂီယို ပလာတီနီ နဲ့ 
ပီလီကစ် တွေ အကြောင်း--
စတာလင် လီနင်နဲ့ 
ဗင်သိုဗင် ရဲ့ လက်ရာမြောက်တီးလုံးတွေ အကြောင်း
ဒီမိုကရေစီ ဗြူရိုကရေစီ နဲ့ 
ဟိုက်ပိုကရေ စီအကြောင်း
ငြင်းရင်းခုန်ရင်း ရန်ဖြစ်ရင်းနဲ့ 
ထိုးကြ ကြိတ်ကြ ရန်ဖြစ်ခဲ့ ကြတဲ့
(ဘယ်တော့မှ အစားပြန်မရနိုင်တော့တဲ့)
ငါတို့ ရဲ့ 
ညနေခင်းလေးတွေကို
တိုက်ဆိုင်မှုလေးတွေ ရှိတိုင်းသတိယနေပါ့မယ်-------။
၂၀ ၁၁ ၂၀၀၉ နေ့ တွင်ကွယ်လွန်လျှက် ယနေ့ ရက်လည်ဆွမ်းကြွေးသော ကိုစိုးဝင်း (ဗကသများအဖွဲ့ ချုပ် လုံခြုံရေးနှင့် စည်းကမ်းထိမ်းသိမ်းရေး တာဝန်ခံ) အား အမှတ်တယ
(ဘယ်တော့မှ အစားပြန်မရနိုင်တော့တဲ့)
ReplyDeleteငါတို့ ရဲ့ 
ညနေခင်းလေးတွေကို
တိုက်ဆိုင်မှုလေးတွေ ရှိတိုင်းသတိယနေပါ့မယ်-------။
တိုက်ဆိုင်မှုတွေရှိမှမဟုတ်ပါဘူးအစ်ကိုတိုး
အမြဲသတိယနေသင့်ပါတယ်
ခင်မင်လေးစားလျက်
တကယ်တော့ အဲဒီနေရာလေးမှာ
ReplyDeleteအာဏာရှင်တွေ မရှိဘူးကွဲ့ 
အဲဒီနေရာလေးမှာ
မတရားမှုတွေ မရှိဘူးကွဲ့ 
အဲဒီနေရာလေးမှာ
ဧည့်စာရင်းတိုင်ဘို့ မလိုဘူးကွဲ့ 
အဲဒီနေရာလေးမှာ
ရွှေဘုန်းလူ ရှိတယ်
ကိုထက်မိုး ရှိတယ်
ကိုမျိုးဇော် ရှိတယ်
ရန်ဖြစ်မနေနဲ့ နော် စိတ်ချပါရစေကွယ် ------။
ကဗျာလေးဖတ်ပြီးဝမ်းနည်းနေမိပါတယ်။
ကြေကွဲလွမ်းဆွတ်ဖွယ် ကဗျာလေးပါရှင်
ReplyDeleteတန်းလန်းတွေ ထပ်လာကြည့်သွားတယ်
ReplyDeleteအစ်ကိုတိုး
ReplyDeleteဓါတ်ပုံနှစ်ပုံ လာကြည့်ပါအုံး
အသစ်လာခြောင်းသွားတယ်
ReplyDelete