Friday, November 27, 2009
ကျနော်ချစ်သောခေါင်းဆောင်များ အပိုင်း ငါး
ကိုကိုကြီး (သို့ မဟုတ်) ဗကသ ရဲ့ Master Brain
Photobucket
ကျတော်နဲ့ ပတ်သက်သမျှ ဗကသ မကသ ရကတ ၂ဖွဲ့  ရခသ ဗကသ (အောက်ဗမာပြည်) ဗကသ (အထက်ဗမာပြည်) တပ်ဦးပေါင်းစုံ ကခေါင်းဆောင်တွေ လူ့ ဘောင်သစ်ပါတီ အရေးတော် ပုံ ပါတီ ဘွဲ့ ၇ကျောင်းသားများပါတီ အစရှိတဲ့ ကျောင်းသားပါတီတွေ အများကြီးထည်းက ကျောင်းသားခေါင်းဆောင်ဆိုသူ တွေ အများကြီးထည်း မှာ ကျတော်အထင်ကြီးဆုံး အလေးစားဆုံး အတော်ဆုံး ပြဿနာအများဆုံး အတိုက်ခိုက်ခံ၇ဆုံး ကိုယ်ကျိုးစွန့် အနစ်နာအခံဆုံး (အားလုံးကျတော့်တယောက်ထည်းအမြင်ပါ) ကျောင်းသားခေါင်းဆောင်တယောက်ကို ပြပါဆိုရင် ကျတော့်သူ့ ကိုလက်ညိုးထိုးပြမိမှာ ပါ သူ့ ကိုကျောင်းသားတွေ ကျောင်းသားပါတီတွေ တင်မကပါဘူး ကွန်မြူပါတီဝင်ဆိုသူတွေ အယ်နယ်လ်ဒီ ဗဟိုကော်မတီဆိုသူတွေ တိုက်ခိုက်တာက အစ ကျွန်နော်သိနေလို့ ပါဘဲ “မင်းဆရာမိုးသီး ရောက်တဲ့ နေရာကွဲတာဘဲလို့ အပြောခံခဲ့ရဘူးသလို မင်းဆရာကေကျု နိုင်ငံရေးမလုပ်ခိုင်းနဲ့ တော့လို့ ပြောခဲ့ ပြီး၈၈၈၈ ကို သူတို့ လုပ်ခဲ့တာပါလို့ ပြောခဲ့ ဘူးတဲ့ တဲ့ကွန်မြူနစ်ဆိုသူတွေ ကို ကျွန်တော်ကော်ဆဲခဲ့ဘူးပါတယ် (အဲအချိန်က အရမ်းတက်ကြွ ပြီး ငယ်လည်းငယ်သေးလို့ ပါ ခုချိန်ဆို ဆဲဖြစ်မယ်မထင်တော့ပါဘူး ခင်ဗှားတို့ အဆင့် ပျင်းတယ်ဗျာလို့ ပြောမိမှာပါ) အတွင်းစည်းထည်းကဖြစ်တဲ့ ဗကသ အခြင်းခြင်းမှာတောင် ဗကသ အတွင်းရေးမှုး လုပ်သွားခဲ့ဘူးတဲ့ ရန်မျိုးသိန်း (ယခု ဆရာဝန်ဖြစ်နေပါပြီ )ကတောင် “ အဲလူနားခိုင်းလိုက်တော့ဗျာ နိုင်ငံရေးမလုပ်ခိုင်းပါနဲ့ တော့” လို့ ကျွန်တော့ကိုပြောဘူးသလို ခုအမေရိကားမှာ Burma camp
မှာလုပ်နေတဲ့ ကိုအောင်ဒင် (ဗကသ ဒု ဥက္ကဌဟောင်း) ကလည်း သူနဲ့ တူတူ ကားတစီထည်းစီးသွားပြီး ကိုကိုကြီးအဖမ်းမခံရဘဲ သူ့ ကိုဖမ်းလိုက်လို့  ထောင်ထည်းကနေပြီးသတိထားဘို့ ပြောဘူးတယ်လို့ ကြားခဲ့ဘူးပါတယ် ကိုအောင်ဒင် တကယ်ပြောမပြောတော့ ကျွန်တော်လည်းမသိပါဘူး ကျောင်းသားခေါင်းဆောင်တွေအကုန်လုံးကို ဖမ်းခဲ့ပြီး ကိုကိုကြီးတယောက်ထည်းကို ပြန်လွတ်ပေးလိုက်တာဟာလည်း တကယ်တော့ ထောက်လှမ်းရေးရဲ့ ဇယားတွေပါဘဲ
(သူ့ အကြောင်းရေးတဲ့အခါ ပြဿနာတွေ ဆဲဆိုမှုတွေ ဝေဖန်မှုတွေ ရှိလာနိုင်ပေမယ့် ကျွန်တော့တယောက်ထည်းအမြင်နဲ့ ကျနော့် ရှူထောင့်က ကျွန်နော်ရေးပါတယ်)
သူဟာ အေဂျီတီအိုင်အောင်ထားခဲ့ပြီး မှ ၇န်ကုန်တက္ကသိုလ်မှာ (နိုင်ငံတာဆက်ဆံရေးနဲ့ အုပ်ချုပ်ရေး ဘာသာ၇ပ်) နဲ့ ကျောင်းပြန်တက်နေသူပါ ဒါ့အပြင်သူက အထက်တန်းရှေ့ နေစာမေးပွဲလည်း အောင်ထားပါတယ်
ကျွန်နော့်လက်က သေနှပ်ဒဏ်ရာမသက်သာသေးလို့ မလိုက်နိုင်ဘူးလို့ ပြောပြီး တွေ့ ပြိးရင်ဘာထူးလည်းဆိုတာ ပြောပြပါလို့ တော့မှာလိုက်ပါတယ် သူက စိတ်ချပါလို့ ပြောပြီး ပြန်သွားခဲ့ပါတယ် အဲဒီနောက်ပိုင်း အချိန်တော်တော်ကြာမတွေ့ ၇တော့ပြန်ပါဘူး-----
သူ့ ကိုဒုတိယအကြိမ်ပြန်တွေ့ တာကတော့ ၁၉၈၉ ဇူလှိုင် ၁၉ အာဇာနည်နေ့ ချီတက်ပွဲမှာပါ အဲဒီနေ့ ညထည်းက အာဇာနည်နေ့ မှာ လူထုနဲ့ အတူ ချီတက်ဘို့ အစီစဉ်တွေ အကုန်ဆွဲထားပါတယ် ပန်းခွေ တွေကအစ အကုန်လုပ်ထားပြီး သင်္ဃန်းကျွန်း ဒီမိုကရေစီ ပါတီ ရုံးခန်းထည်းမှာ အဆင်သင့်လုပ်ထားပါတယ်။
(လူ့ ဘောင်သစ်မှာဘာလို့ မထားလည်းဆိုတာပြောပြပါ့မယ် သင်္ဃန်းကျွန်း မှာလူ့ ဘောင်သစ် ၂ ဖွဲ့ တင်ထားပါတယ် အရှေ့ ခြမ်း အနောက်ခြမ်းဆိုပြီးတော့ပါ တခြမ်းက တင်သန်းဦးတို့ ပေါ့ တခြမ်းက သန်းအံ့ တို့ လုပ်ပါတယ်သူတို့ နဲ့ ပထမ ပိုင်းမှာ အဆင်မပြေပါ ဂျေအေစီ လို့ ခေါ်တဲ့ သုံးခြောင်းထောက် ဖွဲ့ ပြီးမှ နဲနဲ ပြန်အဆင်ပြေတာပါ နောက် သက်ထွန်း ပြန်လွတ်လာပြီးတော့မှ ရွေးကောက်ပွဲအတွက် သူ့ ကို မဲဆွယ်ပေးမှ ပြန်တွဲမိတာပါ တခါလည်း ဆူးလေဘုရားလမ်းမှာ ရှိတဲ့ လူ့ ဘောင်သစ်ဌာနချုပ်မှာ (မိုးသီးထွက်သွားပြိးတဲ့နောက်) လူ့ ဘောင်သစ် တိုင်းက လူတယောက်နဲ့ ချိန်းထားလို့ သွားပါတယ် ဟိုရောက်တော့ သူတို့ အစည်းအဝေးလုပ်နေတယ်လို့ ပြောပါတယ် ကျတော်တွေ့ ဘူးတဲ့ အစည်းအဝေးဆိုတာတွေက ကုလားထိုင်တွေ စားပွဲတွေ ပေါ်မှာ ခန့် ခန့် ညားညားထိုင်ပြီး ပြောနေ ဆိုနေတာမျိုး ကျတော်ကြည့်ဘူးတဲ့ ဓါတ်ပုံတွေ ရုပ်ရှင်တွေထည်းက အစည်းအဝေးဆိုတာလည်း ကုလသမဂအစည်းအဝေး အမေရိကန်ဆီးနိတ် ကွန်ဂရက် စတဲ့အစည်းအဝေး မှန်သမျှ ခန့် ခန့် ညားညားတွေကြည့်ပါဘဲ ခုတော့သူတို့ အစည်းအဝေးဆိုတာက ကြမ်းပေါ်မှာ လူ ၇ ယောက် ၈ ယောက်လောက် ၀ိုင်းထိုင်နေကြတာပါ ဘေးမှာလည်း (သက်ထွန်းတို့ တုန်းကလို့ ငါးသုံးလုံးစီးကရက် ဝေးရော) ဆေးပေါ့လိပ်တို ကို နို့ ဆီခွက်ထည်းထည့်ထားတာ ဆိုတော့ အစည်းအဝေးမှန်းလည်းမသိပါဘူး သူတို့ ကိုလည်း အောင်ဇေယျ ကလွဲလို့ တယောက်မှ ကျွန်တော်မသိပါဘူး အရင်သိဘူး မျက်မှန်းတန်းဘူးတဲ့ လူ့ ဘောင်သစ်ခေါင်းဆောင်တွေ လည်း တယောက်မှ မရှိတော့ပါဘူး ကျွန်တော့်ကိုလည်းသူတို့ တယောက်မှ မသိပါဘူးသူတို့ စကားဝိုင်းနားရောက်သွားတော့ ဥက္ကဌ ကြီးဆိုတဲ့ အောင်ဇေယျ ထလာပြီး “ အစည်းအဝေးလုပ်နေတာ နားမလည်ဘူးလား” တဲ့ ဘာကိစ္စလည်း တဲ့ ကျတော်ဗကသ ကပါ စာအုပ်ကိစ္စပါ ဆိုတော့ နောက်မှလာ ဒီမှာအစည်းအဝေးရှိတယ်------ ဘာညာကွိကွ နဲ့ ဘလိုင်းကြီးကောပါလေရော အဲဒါနဲ့ ကျတော်လည်းတင်းပြီး “ဟေ့ကောင်အောင်ဇေယျ မင်းငါ မလုပ်ချင်လို့ လူ့ ဘောင်သစ်ဥက္ကဌ ဖြစ်တာပါကွာ” လို့ ပြောလိုက်မိတာနဲ့ လူ ၈ ယောက်လောက် ၀ိုင်းသမ လိုက်တာ ခံခဲ့ ရ ဘူးပါတယ် )
ဒါပေမယ့် အဲဒီ ဇူလှိုင် ၁၉ ရက်မနက်ပိုင်းမှာတော့မနက်အစောကြီးလမ်းကြောင်းသွားကြည့်ခိုင်းလိုက်တဲ့ သူ ပြန်လာပြိးသတင်းပို့ ပါတယ် ချီတက်ပွဲ ဖျက်လိုက်တယ် ဘာလို့ လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဖျက်လိုက်လို့ တဲ့ အဲဒါနဲ့ ကျွန်တော့ အယ်နယ်လ်ဒီ ရုံးမှာ ဗကသ က ဘယ်သူရှိမလည်းသွားရှာတော့ ကိုကိုကြီး နဲ့ တွေ့ ပါတယ် သူကိုမေးတော့ ချီတက်ပွဲ ဖျက်လိုက်တယ် လို့ ထပ်ပြောပါတယ် ကျတော်စိတ်ဆိုးပြိး “နေပါဦးဗျ ဗကသ က ဘယ်တုန်းက အယ်နယ်လ်ဒီနောက်လိုက်ဖြစ်သွားတာလည်း အလ်နယ်လ်ဒီ မလုပ်တာနဲ့ မလုပ်ရတော့ဘူးလား” လို့ မေးလိုက်မိတော့ သူ ကျွန်နော့်ကို အပြင်ခေါ်ထုတ်လာပြိး ကျတော်လက်ခံတဲ့ထိ နာရီဝက်လောက် နိုင်ငံရေးအခြေနေ အယ်လ်နယ်ဒီ ဗကသ ဆက်ဆံရေးတွေကို ရှင်းပြပါတယ် ပြန်လာတဲ့ အခါ ဒီမိုကရေစီ ရုံးခန်းပေါ်ပြန်ရောက်တော့ ရန်ကုန်ခရိုင် ကျောင်းသား သမဂ က ထက်မိုး (အေဘီအက်ဖ်ဒီအက်စ် ဗဟိုကော်မတီဝင် ကွယ်လွန်) စော်ဘွားကြီးတို့  အုပ်စု ရောက်လာပြီး ဘာဆက်လုပ်မလည်း ဆိုပြီး မေးလို့  လုပ်ထား ပြီးသားပန်းခွေ ကို ဗကသ ဒီမိုကရေစီပါတီ ကကျောင်းသား တွေ ပေါင်းပြီး ကျိုက္ကဆံ ဘုရားပေါ်သွားချလိုက်ပါတယ်
နောက်တကြိမ်တွေ့ တာကတော့ ဒေါ်ချိုချိုကျော်ငြိမ်းခြံထည်းမှာပါ ( ရွှေဘုန်းလူ အကြောင်းထည်းတွင်ရေးထားပါသည်) အဲဒီနေ့ အစည်းအဝေးအပြီးမှာ သူနဲ့ အချိန်တော်တော်ကြာစကားပြောဖြစ်ပြီး ဗကသ ကနေပြီး လူ့ ဘောင်သစ် ပါတိ ခွဲထုတ်ခဲ့တာတွေ သူပြောပြပါတယ် အေဘီအက်ဖ်ဒီအက်စ်ကို ဗကသ က ၀င်းမိုးနဲ့ အောင်နိုင် ရောက်သွားခဲ့တဲ့အကြောင်းနဲ့  တရားဝင် စည်းတွေ ဘောင်တွေ ထည်းက တောင်းဘို့ တိုက်ဘို့ အတွက် လူ့ ဘောင်သစ်ကို ဖွဲ့ စည်းခဲ့တာဖြစ်ကြောင်း လူ့ ဘောင်သစ်နဲ့  အေဘီအက်ဖ် ဒီအက်စ် လုပ်လို့ မရတဲ့ အလုပ်တွေ ကို ဗကသ အနေနဲ့ ဆီမီးယူဂျီ သဘောမျိုးနဲ့ လုပ်မှာဖြစ်ကြောင်းတွေ ကို အချိန်အတော်ကြာ သူရှင်းပြသွားခဲ့ပါတယ် အဲဒီနောက်ပိုင်း သူနဲ့ တွေ့ လိုက်မတွေ့ လိုက်ပါဘဲ
မနွလေး ကျောင်းသားညီလာခံအပြိးမှာ ဗကသ ကနေပြီး ဗကသ (အောက်ဗမာပြည်) ဆိုပြိးကွဲထွက်သွားခဲ့ပါတယ် အဓိက ကတော့ ကိုကိုကြိး နဲ့ အဆင်မပြေမှုတွေပါ ( အသေးစိတ်မရေးတော့ပါ ပြဿနာတွေ ရှိနိုင်လို့ ပါ ) ထောက်လှမ်းရေး ရဲ့  ဇယားတွေကလည်းညက်ပါတယ် မနွလေးဘူတာမှာ ညီလာခံအပြန်ကျောင်းသားတွေကိုဖမ်းတော့ ဗကသ (အောက်ဗမာပြည် ) ကလူတွေတော်တော်များများအဖမ်းခံ၇ပါတယ် အဲဒါကို အောက်ဗ က ကေကျူ ထောက်လှမ်းရေးနဲ့ ပေါင်းပြီး သူတို့ ကိုဖမ်းပါတယ် လို့ သတင်းလွှင့်ခဲ့ပါသေးတယ်
နောက်မှ ဆက်ပါဦးမယ်
2 comments:
  1. ကျောင်းတဘက်အလုပ်တဘက်မို့အခုမှလာဖတ်နိုင်ပါတယ်အစ်ကိုတိုး
    ကိုကိုကြီးကိုလေးစားလျက်ပါ
    ကျန်းမာပါစေ
    ReplyDelete