Friday, November 6, 2009

Savonlinna မြို့ ကလေးရောက် တောလား

Photobucket

ဗျာ
ဟုတ်တယ်ဗျိုး မနေ့ ကတနေ့ လုံး အိမ်မှာမရှိဘူးဗျ ဘယ်သွားနေလည်းဆိုတော့
အင်း ပြောရရင်တော့ ခရီးသွားတယ်ပြောရမှာပေါ့ အဝေးကြီးတော့မဟုတ်ဘူး ကားနဲ့ သွားရင် ၂နာရီကျော်ကျော်လောက်ဘဲ မောင်းရတဲ့ Savonlinna ဆိုတဲ့ မြို့ ကလေးကိုသွားတာပါ ရုရှား ဆွီဒင် ဖင်လန် သုံးနိုင်ငံနယ်စပ်က မြို့ ကလေးပေါ့ အရင်တခါလည်းတခေါက်ရောက်ဘူးခဲ့တယ်ဗျ
ဒိတခေါက်သွားတာက ဒီလို ဒီလို
ကျတော့်အိပ်ကောင်းတုန်း မနက် ၈ နာရီဘဲ ရှိသေးတယ် (ပုံမှန်က ၁၁ နာရီမှထတာ) ဖုန်းလာတယ်ဗျာ ကိုငြိမ်းချမ်းတဲ့ သူ့နံမယ်က-----။
သူ နဲ့ အစကတော့ သိပ်မခင်ပါဘူး ပိုက်ဆံချမ်းသာတဲ့ သူတွေဆိုတော့လေ (သူကလည်း တိုက်နဲ့ ကားနဲ့  မိန်းမ နဲ့  သမီး ၂ ယောက်နဲ့ )
တနေ့  သူနဲ့ စကားစပ်မိရင်း သူ့ အဖေက သူ့ ကိုမှာထားသတဲ့ (ကိုတိုးဘဲထားပေါ့) ကိုတိုးဆိုတဲ့ ကောင် ထောင်ထည်းတုန်းကလည်း တယောက်ထည်း ခုလည်းတယောက်ထည်းနေတယ်ကြားတယ် တော်ကြာ ကိုယ့်ကိုယ်ကိုယ်သတ်သေနေတောင် ဘယ်သူမှ မသိဘဲနေမယ် ကြည့်လိုက်ပါဦးလို့  သူ့  အဖေက မှာသတဲ့
သူ့ အဖေလား သူ့ အဖေနဲ့ က ဘ၀တက္ကသိုလ်မှာသိခဲ့တာပေါ့ သိတယ် မလားသူ့ အဖေကို
ကဗျာဆရာ မောင်အောင်ပွင့် ပေါ့ သူသားမှန်းလည်းမသိပါဘူး သူတို့ မောင်နှမ နှစ်ယောက်နံမယ်က သူ့ အဖေ ခဏခဏပြောတာရယ် ထူးထူးခြားခြားဖြစ်နေတာရယ်ကြောင့် မှတ်မိနေတာပါ ဘယ်လို ထူးခြားလည်းဆိုတော့ ဒိလိုဗျ
သူ့ နံမယ် အပြည့်စုံက “မောင်ကြီး ငြိမ်းချမ်း” တဲ့ သူ့ ညီမက “ လုံမငြိမ်းချမ်း ” တဲ့
ဘယ်သူမှမမှည့်ဘူးတဲ့ နံမယ်ဆိုတော့ ခင်ဗျားတို့  အတွက် မထူးခြားပေးမယ့် ကျတော့်အတွက်ထူးခြားနေလို့  မှတ်မိနေတာဗျိုး
သူက ဖုန်းဆက်တယ်ပေါ့ အားရင်လိုက်ခဲ့တဲ့ သူသွားမလို့ တဲ့ အဲမြို့ ကို ကျွန်တော်ကလည်း အားသလားမမေးနဲ့ ဘာမှကိုမလုပ်တာ တံမျက်စည်းတောင်မလှည်းတဲ့ကောင်လေ ထားလိုက်တော့
အင်း လိုက်မယ်ပေါ့ဗျာ တိုတိုပြောကြပါစို့ ခုချက်ချင်းဆင်းလာတဲ့ ဘာပြောကောင်းမလည်း ဆင်းလိုက်တာပေါ့ အားးးးးးးးးးးးးးပါးး အေးလိုက်တာ အပြင်လောကကြီး ဘယ်လောက်ကင်းကွာနေသလည်းဆို အပြင်မှာတော်တော်အေးနေတာတောင်မသိဘူးလေ ဒါနဲ့ အပေါ်ပြန်တက် အနွေးထည်း၃ ထပ်လောက် ၀တ်လိုက်ရသေးတယ် ပြိးတော့ ထွက်ခဲ့တယ်ပေါ့ဗျာ-------။

ရာသီဥတုက နဲနဲအေးစပေါ့ အပူချိန်က အနုတ်တော့ မဆင်းသေးပါဘူး သုံည (၀) ဘဲရှိသေးတယ်ဗျ လမ်းပေါ်မှာလည်း နှင်းတွေ ဖွေးခါစပေါ့ သစ်ပင်တော်တော်များများကတော့ ၀ါထိန်လို့ လေ တချို့ အပင်တွေ အရွက်တွေ မရှိတော့ဘူး ကြွေကုန်ပြီပေါ့
လမ်းခရီးမှာသာယာတာတွေ လှပတာတွေ မဖွဲ့ တော့ဘူးဗျာ ကျွန်တော်က စာရေးဆရာ မဟုတ်တော့ သိပ်လည်းမဖွဲ့ နွဲ့ တတ်လို့ ပါဗျာ ရောက်သွားပြီလို့ ဘဲထားလိုက်ပါတော့-------။

Photobucket

အဲမြို့ ကလေးက တမြို့  လုံးမှာ လူဦးရေ ၂ သောင်းကျော်ဘဲ ရှိတယ်ဆိုဘဲ ဗျ အလုပ်အကိုင် ရှားပါးပြီး လူငယ်တွေနဲပါတယ် သက်ကြီးအိုရွယ်တွေ အများဆုံးနေပါတယ်
အဲမြို့ လေးကနေ ဆွီဒင်ကိုဘဲသွားသွား ရုရှားကိုဘဲ သွားသွား ၂ နာရီလောက်သေင်္ဘောစီး၇တယ်လို့ ဆိုပါတယ် အဲဒီမြို့ ကလေးရဲ့ ထင်ရှားတဲ့ အမှတ်အသားကတော့ ခံတပ်အဟောင်းကြီးဘဲဖြစ်ပါတယ် တဲ့ အဲဒီခံတပ်ကြီးကို အလွန်ကြီးမားတဲ့ ရေအိုင်ကြိးထည်းမှ တည်ဆောက်ထားတာပါ အဲရေအိုင်ကြီးကလည်း ဥရောပတခုလုံးရဲ့ အကြီးမားဆုံးရေအိုင်ကြီးတွေထည်းမှာ စတုတ္ထ လို့ သိရပါတယ်

Photobucket

အဲဒိခံတပ်ကို သွားဘို့ ရေအိုင်ကြီး နဲ့ ခံတပ်ကို တံတားကြီးတခုနဲ့ ဆက်သွယ်ထားပါတယ် တံတားကြီး ကတော့ အရှင်ပါ သေဘော်င်္ကြီးတွေ လာတဲ့ အခါ တံတားကြီးကို အပေါ်ထောင်ပြီး ဖွင့်ပေးတယ်လို့  ပြောပြ ပါတယ်

Photobucket

ခံတပ် ရှေ့ တည့်တည့်မှာတော့ ပြတိုက်ကလေးတခုလည်း ရှိပါသေးတယ် ခံတပ်ကြီးဆီကို သွားဘို့ အတွက် အခြားတံတားအသေးတခုလည်း ရှိပါသေးတယ် အဲတာံးလေးကတော့ ရေတိမ်ပိုင်းကနေပြီး ဆောက်ထားတာပါ
လူတွေဟာ အဲဒီတံတားလေးပေါ်ကဘဲ ဖြတ်လျှောက်ပြီး ခံတပ်လေးဆီကိုသွားကြတာပါ တံတာလေးပေါ်က ငုံ့  ကြည့်တဲ့အခါ ယူရိုပိုက်ဆံ အကြွေစေ့ တွေအများကြီးကို မြင်နေရပါတယ် ဘာလို့  လူတွေ အဲပိုက်ဆံတွေကို ပြစ်ချတာလည်းလို့ မေးကြည့်တဲ့ အခါ သူတို့ က အဲအထည်းကို အဲလိုပိုက်ဆံတွေပြစ်ချတာ လာတ်ရွှင်တယ် ပိုက်ဆံတွေများကြီး ၀င်တယ်လို့ ပြောပါတယ်ခင်ဗျ ခံတပ်ထည်းရောက်တဲ့ အခါမှာလည်း တိုးရစ် ဂိုက်တွေ ရှိပါတယ် သူတို့ က ခံတပ်ကြီးအကြောင်းကို ရှင်းပြပေးပါတယ်
ခံတပ်ကို ကျောက်တုံးများနဲ့ တည်ဆောက်ထားပြီး ၅ ထပ်ရှိပါတယ် ခံတပ်အပေါ်တက်တဲ့ အခါလည်း အသုံးပြုတဲ့ လှေခါးထစ်တွေအားလုံးကိုလည်း ကျောက်တုံးအကြီးကြီးတွေနဲ့ တည်ဆောက်ထားတာပါ

Photobucket

ခံတပ်ကို ၁၄၇၅ မှာတည်ဆောက်တယ်လို့ တိုးရစ် ဂိုက်က ရှင်းပြပါတယ် နိုင်ငံခြားသားတွေ နေ့ တိုင်းလာရောက်လေ့လာတယ်လို့ လည်းပြောပါတယ်
နောက်တခါ သူဆက်ရှင်းပြတာကတော့ ဒီခံတပ်ကြီးကို စတင်တည်ဆောက်ခဲ့သူဟာ နော်ဝေ လူမျိုး ဗမာအခေါ်ဆိုရင်တော့ နယ်စားကြီးတယောက်ပေါ့ ခံတပ်ကို နှစ်အကြာကြီးတည်ဆောက်ခဲ့ ရပါတယ် အောက်ခြေ အ၀ိုင်းကြီး တခုထည်းကိုဘဲ ၁၀ နှစ်ကြာတည်ဆောက်ခဲ့ ၇ပါတယ် ခံတပ်ကြီး ရဲ့ အပေါ်ဆုံးထပ်က ပတ်ပတ်လည် အပေါက်တွေ ထည်းမှာ အမြောက်ကြီးတွေတပ်ဆင်ထားပါတယ် ခုတော့အမြောက်တွေအားလုံးအပေါ်မှာမရှိတော့ပါဘူး အောက်မှာဘဲ ပြထားပါတယ် အမြောက်တွေ အပြင် ကျောက်တုံးတွေလည်းတင်ထားပါတယ် ခုထိရှိနေတုန်းပါဘဲ ခံတပ်ထည်းကို ကျွံဝင်လာတဲ့ ရန်သူကို အဲဒိအပေါက်တွေထည်းကနေပြီး ကျောက်တုံးတွေနဲ့ ပြစ်ချပါတယ် ဒါ့အပြင် ရေနွေးပူ တွေနဲ့ လည်းလောင်းချတယ်လို့  ရှင်းပြပါသေးတယ် အဲဒီနယ်စားကြီး နော်ဝေလူမျိုးပိုင်လက်ထည်းကနေ ရုရှားတွေ မတရားသိမ်းယုလိုက်တာ နှစ်ပေါင်း ၁၀၀ တိတိ ကြာခဲ့ပါတယ် ၃ နိုင်ငံ နယ်စပ်က အရေးပါတဲ့ ခံတပ်ကြီးဖြစ်လို့  ရုရှားတွေလက်ကနေ ဆွီဒင်တွေက တိုက်ခိုက်သိမ်းယူလိုက်ပါတယ် ဆွီဒင်တွေလက်ကနေ ရုရှားတွေပြန်သိမ်းပါတယ် ခုနှစ်တွေတော့သူပြောပြပေမယ့် ကျတော်မမှတ်မိတော့ပါဘူး ရုရှားလက်က တခါ ဆွီဒင်ပြန်သိမ်းပြန်တယ် အပြန်လှန်တိုက်ပြီးသိမ်းနေကြတယ်လို့ သိ၇ပါတယ် ၁၉၁၇ ရုရှား-ဖင်လန်စစ်ပွဲမှာ ရုရှားတွေစစ်ရှုံးတော့မှ ဖင်လန်နိုင်ငံကိုပြန်ပေးခဲ့ တာ ယနေ့ တိုင်အောင်ပါဘဲ
( ရုရှားတွေကို သူခိုး ဂျပိုး အလကားကောင်တွေလို့  ဒီနေ့ တော့မပြောသေးဘူးဗျိုး ဘာကြောင့်လည်းဆိုတော့ လိုက်ပို့ တဲ့ မောင်ကြီးငြိမ်းချမ်းမိန်းမ ကရုရှားမဗျ တော်ကြာ ကားပေါ်က ကန်ချနေမှာ စိုးလို့ )

ကြည့်လို့ ကောင်းနေတုန်းဘဲ ပြန်ကြမယ်ဆိုလို့ ပြန်လာခဲ့ ရပါတယ် နောက်တခါကြုံတဲ့အခါ ကျတော်သေချာလေ့လာခဲ့ပါဦးမယ် ဘာဘဲ ပြောပြော အပြင်တခါထွက်ရင် ရေးစရာတခု ၇လို့ လာခေါ်တဲ့ မောင်ကြိးငြိမ်းချမ်းကို ကျေးဇူးတင်ရမှာပါ

အင်္ဂလိပ်လို ဖတ်ချင်ရင်တော့

Savonlinla

5 comments:

  1. ကောင်း၏ အလုပ်မရှိဘုတ်မရှိ အပြင်မထွက် အင်တာနက်ပြတ်တောက်သွားသော် သေပွဲဝင်နိုင်တဲ့ ကိုတိုးကြီး ဟိုဟိုဒီဒီ
    သွားတာအားပေးပါတယ် စာရေးဖေါ်ရတာလည်း ကောင်းပဗျား..

    ReplyDelete
  2. ဓါတ်ပုံနဲ့တကွဖေါ်ပြတဲ့ခရီးသွားမှတ်တမ်းကိုမျှဝေပေးတာကျေးဇူးပါရှင်

    ReplyDelete
  3. အဲ့တာကြောင့်ဖြစ်မယ်. ခုထိပေါ်ကိုမလောသေးဘူး.. အိပ်နေတုန်းဘဲမလား.. ကိုတိုးကြီး.ထတော့..

    ReplyDelete
  4. ဥရောပမှာ နယ်ချဲ့တဲ့အထဲတော့ ရုရှားလည်းထိပ်တန်းပါပဲဗျာ။ ခုမှပဲ အထည်ကြီးပျက် ဖြစ်တော့မယ်။ ဒါတောင် စွတ်ရွတ် ကြည်ညိုနေတဲ့ ဗမာသောက်ရူးတွေက ရှိသေးတယ်။

    ReplyDelete
  5. လာဖတ်ပါတယ်ဗျာ
    ဗဟုသုတရပါတယ်

    ReplyDelete