Friday, November 20, 2009

တိုက်ပွဲပျော် အပိုင်းနှစ်

Photobucket


ဒီလိုဘဲပေါ့
တိုက်ပွဲဆိုတာ သာချင်သာမယ်
ဒီလိုဘဲပေါ့
တိုက်ပွဲဆိုတာ နာချင်နာမယ်
သာသာနာနာ ဘာမှ မဖြုံ---------------။

ကျတော့်ကို စစ်ကြောရေး ၃ ကြိမ်ထုတ်ခဲ့ပါသည် ပထမဆုံးအကြိမ်မှာမေးခဲ့တာက“ မစ္စတာ ယိုကိုတာ နဲ့ ပေးလိုက်တဲ့ လူ့ အခွင့်အရေးစာတမ်း ဘယ်သူရေးသလည်း ” “ကျွန်နော်မသိပါ ” ပြသနာမရှိသေး ဒုတိယအကြိမ် စစ်ကြောရေး ထုတ်တော့ “ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် အထိမ်းအမှတ် စိန်ရတု သဘင် မဂဇင်း ဘယ်သူတွေ ထုတ်သလည်း ” ကျတော်စဥင်္းစားသည် ဒီစာအုပ်ဘယ်လိုပေါ်သွားသလည်းပေါ့ “ဘာစာအုပ်လည်းကျွန်တော်မသိပါ ” ၀ိုက်လက်သီး ပတ်လတ်သီး တွေ ၀င်လာတယ် မင်းတို့ ခောတ် မင်းတို့ လုပ်ထားပေါ့ကွာ လို့ စိတ်ထည်းက တေးထားမိပြန်သည်
“မင်းကိုယဉ်ယဉ်ကျေးကျေးမေးတာ မရတော့လည်း ရအောင်မေး၇မှာပေါ့ကွာ ” “ မဟုတ်ဘူးလေ စာအုပ်မမြင်ဘူးဘဲ ကျွန်တော်ပြောလို့ မရဘူး စာအုပ်ပြ” အဲအချိန်ထိ စာအုပ်မိသွားတာ မသိသေး “ အိုကေ ရတယ်” သူက ခေါင်းစွပ် စွပ်ထားတာကို ချွတ်ပေးလိုက်ပြိး “ ဒီစာအုပ်တဲ့ ” ကျွန်နော် လုပ်သာလုပ်ခဲ့သည် မမြင်ဘူးခဲ့ ကြည့်လိုက်တော့ လှလိုက်တာ ခန့် ခန့် ငြားငြား
ကြီး အဖုံးမှာ ခွပ်ဒေါင်းပုံကို ပန်းချီဆွဲတာတောင်မဟုတ် ချဉ်နဲ့ ကို စိတ်ရှည်လက်ရှည်ထိုးတာတာ လိမ်လို့ မရတော့လို့ ချက်ချင်းသဘောပေါက်လိုက်သည် လူဘယ်နှစ်ယောက်စစ်ကြောရေးထုတ်ထားပြီး ဘယ်နှစ်ယောက် ဘာပြောထားလည်းမသိ ဆက်လိမ်လို့ က နာတော့မယ် သဘောပေါက်လိုက်သည် “ဟုတ်တယ် ကျွန်တော်တို့ လုပ်တာ” “ သူ
ကဆက်၍ “ ဘယ်သူတွေ ပါသေးလည်း” လုပ်တဲ့သူတွေနံမယ်ပြောလိုက်သည် ( အဲဒီလိုပြောလိုက်မိလို့  ကိုစိုးထက်ခိုင် မကသ က ကျွန်တော်ဖော်လို့ သူထောင်ကျရပါသည်ဆိုပြီး ရိုက်မယ်လို့ ကြိမ်းထားခဲ့သည် ထောင်ကလွတ်လို့ အပြင်မှာတွေ့တော့“ ခင်ဗျား ကျွန်နော်လုပ်လိုက်ရင်သေသွားမယ် သနားလို့ မလုပ်တော့ဘူး ” ဟုပြောပါသည်)
“မင်းဘာတာဝန် ရှိလည်း” “တာဝန်ခံအယ်ဒီတာပါ” “ဘာလည်းတာဝန်ခံအယ်ဒီတာဆိုတာ” “ စာအုပ်ထည်းပါတဲ့ အကြောင်းအရာအတွေ နဲ့ ပတ်သက်ပြီး တစုံတခု အငြင်းပွားဘွယ်ဖြစ်လာခဲ့ရင်ရှင်းဘို့ အတွက်ပါ” “အဲစာအုပ်ထည်းမှာ ဘယ်သူတွေရေးလည်း”“ အဲဒါတော့ကျနော်မသိဘူး” သူမယုံပါ ခေါင်းစွပ်ပြန်စွပ်သည် ရိုက်တော့မယ်ဆိုတာသိသည် “မင်းတာဝန်ခံအယ်ဒီတာ မင်းသိရမှာပေါ့” ပြဿနာဘဲ အကောင်းဆုံး ဆင်ခြေကို စဉ်းစားလိုက်သည် ပြီးမှ “မဟုတ်ဘူး ပို့ တဲ့ သူတွေက တိုက်ပေါင်းစုံက ပို့ တာဖြစ်ပြီး သူ့ တို့ နံမယ်အရင်းတတ်တားတာမဟုတ်ဘူး ကျွန်တော်တို့ က ဘယ်သူတွေရေးတယ်ဆိုပြီးမေးလို့ မရ မေးခွင့် မရှိပါ မကြိုက်ရင် မထည့်ယုံပါဘဲ” တော်သေးတယ် ကျွန်နော့်ဆင်ခြေကို သူလက်ခံလိုက်သည် အရိုက်မခံရတော့ သူခေါင်းစွပ်ပြန်ချွတ်ပေးပြီး “ မင်းရေးတဲ့ ဟာတွေ ငါ့ကိုပြ” ကျွန်တော်ရေးသော ကဗျာတပုဒ် ဆောင်းပါးတပုဒ် အင်တာဗျူးတခု သူ့ ကိုပြလိုက်သည် ကဗျာကို သူဖတ်ကြည့်ပြီး “ဒီကဗျာက ဘာရေးတာလည်း ”
ဘာမှ မဟုတ်ပါဘူး နိုင်ငံရေးမလုပ်တော့ဘူး စစ်တုရင်ဘဲ ထိုးမယ်လို့ ရေးထားတာပါ” “မင်းစစ်တုရင် ထိုးတတ်လို့ လား”“ နဲနဲပါးပါးထိုးပါတယ် ကျောင်းသားမြို့ နယ်ပွဲထိုးဘူးတယ် ခုတော့မထိုးတာကြာလှပြီ ” တော်သေးတယ် ငါနဲ့ ထိုးမလားဆို ဒုခ
( အဲဒိကဗျာလေးအကြောင်းနဲနဲ ဖြတ်ပြောချင်ပါသည် ၁၉၉၃ ထည်းမှာ တိုက်ဝင်း အတွင်းမှာ စာအုပ်တအုပ်ထုတ်ပါသည် ( အဲဒီစာအုပ်ကိစ္စသည် ထောက်လှမ်းရေးမှာမပေါ်ခဲ့ပါ ထုတ်ဝေသူများ ပြည်တွင်းမှာ ရှိနေပါသောကြောင့်လုံခြုံရေးအရ စာအုပ်နံမည် ထုတ်ဝေသူများအမည်ကို မဖေါ်ပြတော့ပါ) အဲဒီစာအုပ်ထည်းမှာ ကဗျာလေးတပုဒ်ပါပါသည် ရေးသားသူအမည်ကို မဖေါ်ပြတော့ပါ ) ခေါင်းစဥင်္က

ငြိမ်းချမ်းရေး

သူငယ်ချင်း------
မင်းနဲ့ ငါစစ်တုရင်ထိုးနေမယ့်အစား
ကဲလာ
မင်းနဲ့ ငါ
အေးအေးဆေးဆေး
စကားပြောရအောင် သူငယ်ချင်း ----။

အဲဒါလေးပါဘဲ ကဗျာရေးသူဆိုလိုချက်က တွေ့ ဆုံဆွေးနွေးဘို့ နအဖ ကိုဖိတ်ခေါ်လိုက်တာပါ ကျွန်နော် စာအုပ်တာဝန်ခံထံသို့  စာရေးပြီးဆွေးနွေးခဲ့ပါသည် ဟုတ်ပြီး တွေ့ ဆုံဆွေးနွေးရေး လက်ခံပါသည် သို့ သော် တွေ့ ဆုံဆွေးနွေးဘို့ ဆိုတာ ကိုယ့်မှာ အင်အားရှိဘို့ လိုပါသည် အင်အားမရှိဘူးဆို ရင် အော်နေလည်းအလကားဖြစ်ပါသည် တွေ့ ဆုံဆွေးနွေးရေးဆိုတာ ရှုံးတဲ့သူတွေ အော်တာဖြစ်သည် နအဖ ကို တွေ့ ဆုံဆွေးနွေးရေးစားပွဲဝိုင်းပေါ်ရောက်လာဘို့ အတွက် ဖိအားပေးနိုင်ရပါမည်
ဖိအားပေးနိုင်ဘို့ နည်းလမ်း သုံးခု ရှိပါသည် ပထမ နည်းလမ်းက လူထုအားနဲ့ စားပွဲ ၀ိုင်းဆီကို တွန်းပေးမလား (အဲဒီအချိန်မှာ
ဘာလှုပ်ရှားမှုမှ မလုပ်နိုင်ပါ ) နံပါတ် နှစ် နည်းလမ်းက စစ်ရေးနည်းလမ်းအရ နအဖ ကိုချိန်းခြောက်နိုင်လျှင် နအဖ သည် တွေ့ ဆုံဆွေးနွေးရေး စားပွဲဝိုင်းကိုတက်လာပါမည် နံပါတ် သုံးက နိုင်ငံတကာ ဖိအားနည်းဖြင့် နအဖ ကို စားပွဲ ၀ိုင်းဆီသို့ တွန်းပို့ ရေးဖြစ်သည် အဲဒိနည်းလမ်း သုံးသွယ် အနက် တခုခု မရှိပါဘဲနှင့် တွေ့ ဆုံဆွေးနွေးရေး စကား ပြောနေလျှင်မဖြစ်နိုင်ပါ အဲဒီနည်းလမ်း သုံးသွယ် တခုခု လုပ်နိုင်၇ပါမည် ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားပါသလည်း ”
ဟု ဆွေးနွေးခဲ့ရာ အဲဒီ စာအုပ်တာဝန်ခံအယ်ဒီတာမှ ဘာမှ အကြောင်းမပြန်ခဲ့ပါ အဲဒါနဲ့ ကျွန်နော်တင်းပြိးမှတ်ထားလိုက်ပါသည် ၄တိုက်အတိုမှ ကိုဘုန်းမော် နှစ်ပတ်လည်သွေးသစ်လှုင်းမဂဇင်းထုတ်သည့် အခါ အထက်ပါတုန့် ပြန်ကဗျာ ကို ပို့ လိုက်ပါသည် ၂ ရက်လောက်အကြာမှာ ရောက်မလာလို့ ထပ်ပို့ ပေးပါလို့ ပြောပါသည် ကျွန်တော်ထပ်မပို့ တော့ ကျွန်နော်တို့ ထုတ်မယ့် မဂဇင်းမှာ ဘဲထည့်လိုက်တော့မယ်လို့ ပြောလိုက်ပါသည် သို့ သော် သူတို့ မဂဇင်းမှာလည်း ပြန်တွေ့ လို့ ဆိုပြီးထည့် လိုက်တော့ ၂ ခါထည့်ဖြစ်သွားပြီး အမှုပိုကြီးသွားခဲ့ပါသည်။

ကျွန်တော်ရေးလိုက်တဲ့ တုန့် ပြန်ကဗျာလေးက

ရင်ဆိုင်ခြင်း

သူငယ်ချင်း----
စိတ်ကူးယဉ်လမ်းလျှောက်
လေထည်းမှာ တိုက်ဆောက်လို့ 
တောရောက်တောင်ရောက် စကားတွေ ပြောနေမယ့်အစား
ပုစ္စာတပုဒ်ကို
သရုပ်မှန်စွာ အဖြေထုတ်နိုင်ဘို့ 
ကဲလာ
မင်းနဲ့ ငါ
စစ်တုရင်ထိုးမယ်သူငယ်ချင်း------.။

တိုက်ဝင်းအတွင်းမှ လူပေါင်း ၁၀၀ ကျော်ကို စစ်ကြောရေးထုတ်မေးမြန်းခဲ့ပါသည် နယ်ထောင်တွေ ကိုရောက်နေသော ပါဝင်ပါတ်သက် သူများကိုလည်း ပြန်ခေါ်ခဲ့ပါသည် သာယာဝတီထောင်မှ ကိုဌေးကြွယ် ( ၈၈ မျိုးဆက်) တောင်ငူထောင်မှ ကိုဖြိုးမင်းသိန်း (ဗကသ အောက်ဗမာပြည်) သရက်ထောင်မှ ကိုဇော်မင်း (ဗကသ ယခုထောင်တွင်း) ကိုလွင်ဦး ( ဒေါ်အောင်ဆန်းစုကြည် နိုဗယ် ၉၀ ခေါင်းဆောင်) တို့ ကိုလည်း ပြန်လည်ခေါ်ယူ စစ်မေးခဲ့ပါသည် စစ်ကြောရေးအပြီးမှာတော့
လူပေါင်း ၂၄ ယောက်ကို ရွေးချယ်လျှက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ မှ ကြေငြာချက်အမှတ် ၂ / ၁၉၉၆ ဖြင့် ရန်ကုန်တိုင်းမြောက်ပိုင်း ခရိုင် အထူးတရားသူကြီး ကျော်ထွန်းမှ ဘွဲ့ တံဆိပ်များ ချီးမြင့်ခဲ့ပါသည်
(အခြားသူများနှင့်ပတ်သက်သော ကိစ္စများကို ကျွန်နော်မရေးတော့ပါ ကာယကံရှင်များ သီးခြားရေးချင်လည်းရေးပါလိမ့်မည်မရေးချင်လည်း သူုတို့ သဘောအတိုင်းဖြစ်ပါသည် ကျွန်တော်ရေးလျှင်ပြဿနာ ရှိနိုင်သောကြောင့်ဖြစ်ပါသည်)
နောက်တိုး ၁၂ နှစ်ချီးမြောက်ခြင်း ခံ၇သူ ( ၄ ) ဦး
၁။ ကိုစိုးမြင့် (ဗမာပြည်ကွန်မြူနစ်ပါတီ) ယခု သာယာဝတီထောင်
၂။ ကိုဘမျိုးသိန်း(ဒညတ) ယခု သရက်ထောင် ဟုထင်
၃။ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု (လူ့ ဘောင်သစ် - ၈၈ မျိုးဆက်) ယခု ထောင်တွင်း
၎။ ဒေါက်တာ ဇော်မြင့်မောင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အမရပူရ ပြည့်သူ့ လွတ်တော်ကိုယ်စားလှယ်)
နောက်တိုး ၇နှစ် (၁၈) ဦး
၁။ ကိုမျိုးမြင်ညိမ်း (အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်)
၂။ ကျွန်နော်
၃။ ကိုညွန့် ဇော် (အေဘီအက်ဖ်ဒီအက်စ်) သာယာဝတီထောင်ကျဆုံး
၎။ ကိုစိုးထက်ခိုင် (မကသ) ယခု ထိုင်း
၅။ ကိုအောင်ကျော်ဦး(ဗကသ) ယခု အေအေပီပီ ထိုင်း
၆။ ကိုဇော်မင်း (ဗကသ- ၈၈ မျိုးဆက်) ယခု သရက်ထောင်
၇။ ကိုဖြိုးမင်းသိန်း (ဗကသ အောက်ဗမာပြည်)
၈။ ကိုဝင်းသိန်း( သုံးရောင်ချယ်) ယခု နော်ဝေ
၉။ ကိုကြည်ဖေကျော်( အေဘီအက်ဖ်ဒီအက်စ်) ယခု ထိုင်း
၁၀။ ကိုထွန်းဝင်း (ရခိုင်ကွန်မြူနစ်ပါတီ)
၁၁။ ကိုယဉ်ထွေး (ဒု-ဥက္ကဌ လူ့ ဘောင်သစ်ဒိမိုကရက်တစ်ပါတီ) ယခု နော်ဝေ
၁၂။ ဦးဝင်းတင် (ဗဟိုကော်မတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်)
၁၃။ ကိုအောင်မျိုးတင့် (ဒု ဥက္ကဌ မကသ) ယခု ထိုင်း
၁၄။ ကိုပြုံးချို (ဒု ဥက္ကဌ ရကတ- ၈၈ မျိုးဆက်) ယခု ထောင်တွင်း
၁၅။ ကိုမြတ်ထွန်း (အေဘီအက်ဖ် ဒီအက်စ် ၂၀၉)
၁၆။ ကိုလှသန်း (အေဘီအက်ဖ် ဒီအက်စ်)
၁၇။ ကိုစိန်လှိုင် (သုံးရောင်ချယ် ) ယခု အဖမ်းခံထားရ
၁၈။ ကိုဘိုဘိုဦး (အေဘီအက်ဖ်ဒီအက်စ်) တို့ ဖြစ်ကြပြိး

နောက်တိုး ( ၅ ) နှစ် ၂ဦးမှာ

၁။ ဒေါက်တာမြင့်နိုင် ( ကန့် ဘလူမြို့ နယ် ပြည့်သူ့ လွတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်)
၂။ ကိုသက်မင်းအောင် ( အေဘီအက်ဖ် ဒိအက်စ် ) ယခု ထိုင်း


တခြားသူများအမှုတွေ ကိုလေ့လာချင်တယ်ဆို၇င်တော့ ဒီနေရာလေးမှာ သွားကြည့်ပါ

http://www.aappb.org/notguilty3.html
http://www.aappb.org/notguilty6.html
http://asiapacific.amnesty.org/library/Index/ENGASA160112005?open&of=ENG-2AS
http://drzawmyintmaung.blogspot.com/


လိုအပ်သည်များနှင့် စာလုံးပေါင်းသပ်ပုံအမှား များကို နောက်နေ့ မှ ထပ်မံဖြည့်စွတ် ပြင်ဆင်ပါမည်

11 comments:

  1. ကိုတိုးကြီး မဆိုး စစ်ကြောရေးမှာ ရူးချင်ယောင်ဆောင်တတ်တယ်
    ဆက်ရေးပါဦး ဖတ်ရတာ ဆပ်တငံ့ငံ့ အဲ့ဒီအကြောင်းတွေ ကြားပဲကြားဖူး
    တယ်.

    ReplyDelete
  2. ကိုတိုးကြည့်ရတာတော်တော်လေး ချိုးချိုးခြံခြံ ရေးသွားရပုံရတယ်နော်။ ဆက်ရေးပါဦးဗျာ။

    ReplyDelete
  3. ကိုဖုန်းရေ
    ခြိုးခြိုးခြံ ခြံ ရေးတာတော့မဟုတ်ပါဘူး တချို့ ဟာတွေကအထည်းကလူတွေကို ရှောင်ရေးရတာရယ် နောက်တခုက ကိုယ့်အထည်းကဘဲ ပူညံပူညံ ပြဿ နာ ရှာမှာ ရယ်ကြောင့်ပါ အဲဒါကြောင့် ကိုယ်ပတ်သက်တာလေးနဲ့ ကိုယ်ပါဝင်ခဲ့တာလေးဘဲ ရေးလိုက်တာပါ ချဲ့ ရေးရင်တော့ ၇ပါတယ် အခြားသော ပုဂိုလ်များရဲ့ အမှုဖြစ်စဥင်္တွေ ထပ်လေ့လာချင်ရင်တော့
    အဲဒိပို့ စ်အောက်မှာ လင့်စ် လေးတွေ ထပ်ပြီးဖော်ပြပေးလိုက်ပါ့မယ် သွားဖတ်ကြည့်လိုက်ပါနော်

    ReplyDelete
  4. http://www.aappb.org/notguilty3.html
    http://www.aappb.org/notguilty6.html
    http://asiapacific.amnesty.org/library/Index/ENGASA160112005?open&of=ENG-2AS
    http://drzawmyintmaung.blogspot.com/

    ReplyDelete
  5. လာဖတ်ပါတယ်ရှင်
    အလွန်စိတ်ဝင်စားပါတယ်

    ReplyDelete
  6. ကိုတိုးရေ လာဖတ်သွားပါတယ်နော်..
    တော်တော်လေးတော့ခံလိုက်ရမှာဘဲ..သူတို့ကရိုက်ရင် ဘာလို့ ခေါင်းကိုစွပ်တာလဲ.. သူတို့မျက်နှာမြင်မှာစိုးလို့လား..

    ReplyDelete
  7. စစ်ကြောရေးမှာစစ်ဆေးတာ
    စာ အုပ်အကြောင်း
    စိတ်ဝင်တစား လေ့လာ ဖတ်မှတ်သွားပါတယ် ကိုတိုး
    link တွေ အတွက် လဲ ကျေးဇူး ရှင့်

    ReplyDelete
  8. လာဖတ်ပါတယ်အစ်ကိုတိုး

    ReplyDelete
  9. အသစ်မရေးသေးဘူးလားရှင်

    ReplyDelete
  10. ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် အထိမ်းအမှတ် စိန်ရတု သဘင် မဂဇင်း၊ အဲဒီစာအုပ် ကို ကြည့်ပြီး ထောက်လှမ်းရေး ကတောင် အံဩ ချီးကျူးသွားရတယ် ဆိုပဲ၊ ထောင်ထဲမှာ မရှိစုမဲ့ တွေနဲ့ရအောင်လုပ်နိုင် လို့ တဲ့၊ သူတို့ သိမ်းများထားသလားမသိဘူး

    ReplyDelete
  11. ဟုတ်မယ်ထင်တယ် ကျော်ထွန်းက တရားရုံးမှာပြောခဲ့တာကတော့ ၂၅ နှစ်တိတိ တရားရုံးမှာသက်သေခံပစ္စည်းအနေနဲ့ ရှိနေမှာတဲ့ ၂၅ နှစ်ကျော်မှ ဖျက်စီးမယ်လို့ ပြောထားတာ မှီရင်တော့ ကောင်းမယ်

    ReplyDelete