Monday, November 2, 2009

ကျတော်ဆုံခဲ့ဘူးသော ဘ၀တက္ကသိုလ်မှ အနုပညာသည်များ

အပိုင်း တစ်
မင်းဆိုးမင်းညစ်တွေ လက်ထက်မှာ မစည်ကားအပ်သော နေရာ သုံးခုမှာ လူတွေစည်ကားသတဲ့ အဲဒီနေရာ သုံးခုအနက်က တခုသောနေရာလေးမှာပေါ့ သူတို့ နဲ့ ကျတော်ဆုံခဲ့ဖြစ်တာပါ ---------။

ဒီအခန်းထည်းကို ရောက်နေတာ ၃ ရက်လောက်ရှိပြီ တယောက်နဲ့တယောက် စကားမပြောဖြစ်ကြသေး တယောက်နဲ့  တယောက် ဘာမှန်းမသိသေးတာလည်းပါသည် တခြားအခန်းထွေထက် စာရင် ဒီအခန်းက လူအများဆုံးဖြစ်နေသည် ဘယ်သူ့ ကိုပြောရမှန်းလည်းမသိ ၁၂ ပေ ၈ ပေ အခန်းထည်းမှာ လူ ၉ ယောက်နေရတာ မကြပ်ဘဲပါ့မလား အခန်းအားလုံးနီးပါးက ပြည့်နေတာတော့သေချာသည်။
ထောက်လှမ်းရေး ၇ ကလည်း ထောင်ထည်းမှာ စစ်ကြောရေးစခန်းဖွင့်ပြီး ရိုက်တုန်းနှက်တုန်း စစ်တုန်း ရိုက်သံနှက်သံ အော်ဟစ်သံတွေ အတိုင်းသားကြားနေ၇သည် စင်ပြိုင်အစိုးရဖွဲ့ မှုနဲ့ ဖမ်းထားတဲ့အမတ်တွေ ကွန်မြူနစ်ယူဂျီ ဆိုသူတွေ ပတ္တနိကုသနကံဆောင်လို့ ဖမ်းထားတဲ့ ဘုန်းတော်ကြီးတွေ ကျောင်းသားတွေ အယ်နယ်ဒီ လူငယ်တွေ များမှများ မင်းဆိုးမင်းညစိတွေ လက်ထက်မှာ မစည်ကားအပ်သောနေရာ ၃ ခုမှာ လူတွေ စည်ကားသတဲ့ ခုတော့ အဲဒိမစည်ကားအပ်သောနေရာ သုံးခုမှာ တခုအပါအ၀င်ဖြစ်တဲ့ ဘ၀တက္ကသိုလ်ဆိုတဲ့ ထောင်ကြိးမှာ စည်ကားမြဲစည်ကားလျှက်---------------။

ထူးထူးခြားခြား ဖြစ်နေတာကတော့ ကျတော်ရောက်နေတဲ့ သီးသန့် ထောင် အဆောင် တစ် ရဲ့ အခန်းနံပါတ် ၇နဲ့ ဘေးခြင်းကပ် အခန်းနံပါတ် ၆ ဘဲဖြစ်ပါသည် ကျန်တဲ့အခန်းတွေ အားလုံးမှာ လူတွေပြည့်ကျပ်နေပေမယ့် အဲဒိအခန်းနံပါတ် ၆ မှာတော့ တယောက်ထည်းရှိနေပါသည်
ရေချိုးခွင့်မပေးသေးသော်လည်း မိလ္လာချ မျက်နှာသစ်ဘို့တော့ ၁၅ မိနစ်အချိန်ပေးသည် အခန်းအောက်ကို ဆင်းတာနဲ့မျက်နှာသစ်ပြီး ဘေးက အခန်းကို တချက်လှမ်းကြည့်လိုက်တော့ အဖြူရောင်စွတ်ကျယ်အကျီ အညိုရောင်ပုဆိုးဝတ်ထားပြီးအသားမဲမဲ နဲ့လူတယေက်ကို ကျတော့်အခန်းနှင့်ကပ်လျက်အခန်း နံပါတ် ၆ အခန်းဝမှာ စောင့်စောင့်လေးထိုင်နေတာ တွေ့လိုက်ရသည် စကားပြောလို့မရ ၀န်ထမ်း ၃ ယောက်က ထိုင်ကြည့်နေသည် အခန်းထည်းပြန်ရောက်တော့ လှိုင်သာယာမှာနေတဲ့ ကိုဝင်းကြိုင်ကိုမေးလိုက်မိသည် “ အကိုကြီး ဟိုဘက်ခန်းက လူကျတော့ တယောက်ထည်းထားတယ် မိုက်လှကြည့်လားကျတော်တို့ကျ ကြပ်ညပ်လို့လေ” သူက “ သူ့ကိုရောထားလို့ မရဘူးလေ သူက အမျိုးသားဒီမိုကရေစီအဖွဲချုပ်က မောင်ဝံသ ခေါ် ဦးစိုးသိမ်းပေါ့ ဗိုလ်တထောင်သတင်းစာမှာလည်း အယ်ဒီတာလုပ်တယ် ၆၂ ကျောင်းသားခေါင်းဆောင်လို့ လည်းပြောတယ် နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝေါ အမတ်လေ” သူကဆက်ပြီး “ သူအခု အရမ်းကြောက်နေတယ် ထောင်ကျမှာလေ ငါတို့ က ပြန်အားပေးနေရတယ်” ကျတော်မယုံပါ ဒါကြောင့် ညပိုင်းမှာ တိုးတိုးလေးမိတ်ဆက်ပြီး သူ့ကိုမေးခဲ့သည် “အန်ကယ် အပြင်ထွက်ရင် နိုင်ငံရေး လုပ်ဦးမှာလား” သူတခွန်းထည်းပြတ်ပြတ်ဖြေခဲ့သည် “ နိုင်ငံရေး လုံးဝမလုပ်တော့ပါဘူး” ကြောက်လန့်  တုန်လှုပ်နေတဲ့ အမတ်မင်း အီးစီ စာရေးဆရာကြီးကို ကျတော် စာအကြောင်းပေအကြောင်း တခွန်းမှ မပြောဖြစ်ခဲ့ပါ-----------။

တစုံတခုယောက်ကို သတိယမိခဲ့သည် ဟုတ်တယ် ဒိနေရာလေးမှာဘဲ ညီပုလေးနဲ့ တွေ့ ခဲ့ ဘူးသည် ဒိနေရာ ဒီအခန်းထည်းမှာဘဲ ရန်ကြီးအောင် ဦးစိန်ဝင်း ကျဆုံးခဲ့သည် တွေ့ ခါစ အခန်းထည်းမှာ တယောက်နဲ့ တယောက်ဘာမှန်းမသိကြရုံမက စစ်ကြောရေးကာလကလည်းမပြိးကြသေးတော့ အမှုအကြောင်းတယောက်နဲ့တယောက်လုံးဝ မပြောရဲကြ တယောက်နဲ့ တယောက် မယုံကြည်ကြတာလည်းပါမည် အပြစ်တော့ပြောလို့မရ ဒီလိုနဲ့  စာအကြောင်းပေအကြောင်းဘာသာရေး အကြောင်းပြောဖြစ်သည် တည ဘာသာရေးအကြောင်းပြောဖြစ် ရင်း “ကျတော်ဖတ်ဘူးတယ်ဗျ မနွလေးက သတင်းစာဆရာကြီး ဦးသိမ်းမောင်ဆိုတာရေးတာလေ သူကမေးတဲ့သဘောနဲ့ ဗုဒွဘာသာကို ညစ်ပြီးတော့ပေါ့ ” တခန်းထည်းအတူနေ ကိုစိုင်းလုံ ခေါ် ကိုအောင်မြင့်က “ဟုတ်လား ဘာတွေမေးထား ရေးထားလည်းပြောပါဦး” သူ့အမေးကြောင့် ကျွန်တော်တချက်စဉ်းစားလိုက်ပြီး “ အင်းသူက နတ်ပြည်မှာ နတ်တွေနေဘို့  ဗိမ္မာန်တွေ ဆောက်တော့ သစ်တွေ ၀ါးတွေ ဘယ်က၇သလည်းတို့  နတ်သား နတ်သမီးတွေ အိမ်သာတက်ချင်ရင် ဘယ်သွားလည်းလို့ ကပ်သတ်ပြီးမေးထားတာပါ ကျတော်လည်း သေချာမမှတ်မိဘူးကိုအောင်မြင့်ရဲ့” သူတချက်ပြုံးလိုက်ပြီး ဘေးက လူကို ညွန်ပြလျှက် “ သူ့ ကိုသိလား” သိတယ်လေ အဲဒါ ကိုငြိမ်းချမ်းလေ” “ အေးသေချာမှတ်ထား အဲဒီ ဦးသိမ်းမောင်ဆို တာ သူ အဖိုး ” “ဗျာ” ပြောမိလိုက်တာတွေ အားနာလိုက်တာ မှားပြီထင်တယ် “သူ့အဖေ အမေကောသိလား ” “ဟင့်အင်းမသိဘူး” “အေးမှတ်ထား မနွလေးက လူထု ဦးလှ လူထု ဒေါ်အမာသား မနွလေးတမြို့ လုံးသိတယ် စာရေးဆရာညီပုလေး ကောသိလား” “လူတော့မသိဘူး သူ့ဝတ္တုတိုတွေတော့ဖတ်ဘူးတယ်” သူချက်ခြင်းထလာပြီး ကျွန်တော့လက်ကို ဆုတ်ကိုင်လိုက်သည် “ကိုယ်အရမ်းပျော်တယ်ကွာ ကိုယ့်အဖိုးကိုလည်းသိသလို့ ကိုယ်ရေးတဲ့ စာတွေကိုလည်းဖတ်ဘူးတယ်ဆိုလို့ လေ ” သူမျက်နှာကိုမော့ကြည့်လိုက်တော့ မျက်ရည်တွေဝဲလို့ သူ့စာတွေဖတ်ဘူးတယ်ဆိုယုံမျှ နဲ့ မျက်လုံးထည်းမျက်ရည်တွေ ၀ဲလာလောက်အောင် ကြည်နူးပိတိဖြစ်နေခဲ့သူတယောက်ကို ကျွန်တော့်ဘ၀တလျှောက်မှာ ပထမဆုံးအကြိမ်တွေ့ခဲ့ဘူးခြင်းပါဘဲ---------။
Photobucket

သူနဲ့ အတူနေခဲ့တဲ့တလအတွင်း စကားတွေပြောဖြစ်ခဲ့သည် စာအကြောင်းပေအကြောင်းမှ အစ မိသားစုကိစ္စ အဆုံးပေါ့ သူ့  ကိုကျွန်တော်မေးခဲ့သည် “ကိုငြိမ်းချမ်းနဲ့ ကျွန်တော် ဆုံခဲ့ပြောခဲ့ဖြစ်တာလေးတွေ အပြင်ရောက်လို့ စာရေးဖြစ်ရင်ရေးလို့  ရမလား ”ဆိုတော့ “ရေး ရေး ရတယ် ဒါပေမယ့် ခုချိန်ထိကိုယ့်ကိုအင်တာမဗျူးဘူးသေးဘူး” “ဒါဆိုအိုကေတာပေါ့ ကိုငြိမ်းချမ်း တသက်လုံး သတိယနေအောင် ကျတော်အင်တာဗျူးမယ်ဗျာ ပထမဆုံး ကိုငြိမ်းချမ်းကို အင်တာဗျူးဘူး သူတယောက် အနေနံဲ့ပေါ့ ” သူ အိုကေ ဟုပြောပါသည် .။
“ ကိုငြိမ်းချမ်းရဲ့ အကိုအကြီးဆုံး ကိုစိုးဝင်းကို မှတ်မိလိုက်လား”
“ဟင့်အင်းမမှတ်မိလိုက်ဘူး အဲတုန်းက ကိုယ်က ငယ်ငယ်လေးဘဲ ရှိသေးတယ်လေ သူ့ဓါတ်ပုံတွေတော့ အိမ်မှာ ရှိတယ် ”
“ကိုစိုးဝင်းတယောက် ဗမာပြည်ကွန်မြူနစ်ပါတီ က သတ်လိုက်တော့ ဗမာပြည်ကွန်မြူနစ်ပါတိကို နာကျဉ်းတာတွေဘာတွေ ရှိခဲ့လား”
“ဟင့်အင်း သူ့လည်း သူ့ ပြသနာတွေနဲ့ သူရှိနိုင်တယ် ကိုယ်တို့လည်း ဘာမှသေချာမသိတော့ အတိကျပြောလို့မ၇ဘူးပေါ့နော်” “ဟုတ်ကဲ့ ကိုငြိမ်းချမ်းရေ ညီပုလေး ဆိုတဲ့ နံမယ် ယူဖြစ်ခဲ့တာလေး ပြောပြပေးပါလား”
“အင်း ကိုယ်တို့ က မောင်နှစ်မ ၅ ယောက်ရှီတယ် ကိုယ်က အငယ်ဆုံး အကို ၂ ယောက် အမ ၂ ယောက်ပေါ့ အကိုအကြီးဆုံးက ကိုစိုးဝင်းပေါ့ နောက်အကိုတယောက်က ကိုသံချောင်း အမက ဒေါက်တာ သန်းရင်မာ ဟင်္သာတ ဆေးရုံအုပ်ကြီးလေ (သူပြောပြ သော နောက်အမတယောက်နံမယ် ကျတော်မေ့နေပါပြီ) အဲတော”့  သူလက်ကလေး ၅ချောင်းကိုထောင်လျှက် “ဒါသိလား” “လက်လေ” သူသဘောကျစွာရီလျှက် “မဟုတ်ဘူး ဒေါက်တို ရန်လို သူ့ထက်ကဲံ ရွှေပြည်စိုး ညီပုလေး ဆိုတဲ့ အဓိပါယ်လေ အဲ ၅ ခုထည်းမှာ အငယ်ဆုံးမို့လို့ ညီပုလေး လို့ယူလိုက်တာပါ”
သူနဲ့ကျတော် စကားတွေအများကြီးမပြောဖြစ်ခဲ့ပါ စစ်ကြောရေးကာလဖြစ်တာတကြောင်း နေလို့ထိုင်လို့ အခက်ခဲ များ ၀န်ထမ်းထောင်မှုးတွေက စကားပြောသံကြားတာနဲ့ ပြသနာလာလာ ရှာတာတကြောင်းတို့ကြောင့်ဘဲ ဖြစ်ပါတယ်--------။

“အထည်းဝင်စကားမပြောရဘူး အသံကြားတာနဲ့ မင်းတို့ နာမယ်”
လိုက်ပို့တဲ့ တပ်ကြပ် မြင့်အောင်က ခေါင်းစွပ်ကိုချွှတ်ပေးပြီးဟောက်လိုက်တာဘဲ ဖြစ်ပါသည်။ ပထမတခေါက် ဒီနေရာက ပြန်ထွက်သွားခဲ့ပြီး ၄ လ အကြာမှာ ဒုတိယ အခေါက် ပြန်ရောက်လာခြင်းဘဲဖြစ်ပါသည်။
အိပ်ပျက်ခြင်း ငတ်ပြတ်ခြင်း နှိပ်စက်ခံထားရခြင်းစသော ဒဏ်တွေကြောင့် အခန်းထည်းရောက်ရောက်ခြင်း ဖျာကြမ်းလေးပေါ်မှာ စောင်မရှိ ခေါင်းအုံးမရှိ ကွေးကွေးလေး အိပ်ပျော်သွားခဲ့သည်
အခန်းထည်းဘယ်သူတွေ ရှိနေမှန်းမသိခဲ့ တစုံတယောက်က လှုပ်နိုးတော့မှ မျက်လုံးကိုဖွင့်ကြည့်မိသည် အမြင်အာရုံက မကြည်လင်သေး ရ ၇က်လောက် အိပ်ပျက်ခဲ့ မှုဒင်္ဏကြောင့် အိပ်ချင်နေသေးသည် မပီပြင်မှုန်ဝါးဝါး အကြည့်တွေအောက်မှာတော့ ကတုံးပြောင်ပြောင် ဗိုက်ပူပူ နဲ့  လူကြီးတယောက်ကို တွေ့ လိုက်ရသည် သူ့ကိုယ်သူမိတ်ဆက်သည်သူ့ နံမယ်(မန်းငြိမ်းမောင်ဟုထင်သည်) နောက်သူကဆက်ပြီး “ စာရေးဆရာမောင်စင်ကြယ်ဆိုတာ ကြားဘူးလား” “ဟင့်အင်းတခါမှ မကြားဘူးဘူး” ကျတော်အမှန်အတိုင်းပြောလိုက်ခြင်းဘဲဖြစ်ပါသည် ခေါင်းက မူးနေတုန်း မောင်စင်ကြယ်တော့ မသိဘူး ဆင်ကြယ်ဖိနပ်ဘဲ သိတယ်လို့ပြောလိုက်ရင် သူစိတ်ဆိုးသွားမှာလား တကယ်မဖတ်ဘူးတာလား ပြန်စဉ်းစားသည် တကယ်ကို မဖတ်ဘူးခဲ့တာ အဲစာရေးဆရာနံမယ် သူက ဆက်ပြီး “ အင်းပေါ့လေ မင်းတို့ ကလေးတွေ မသိတာအပြစ်မပြောပါဘူး အဘ စာတွေအများကြီးေ၇းဘူးတယ်လေ အရင်က ဒီနေရာလည်းရောက်ဘူးတယ် ခုအဘ ဒီနေရာ မရောက်ခဲ့တာ အနှစ် ၂၀ လောက်ရှိပြီ ထောင်က လွတ်မှဘဲ စာတပုဒ်ရေးဖြစ်အောင်ရေးလိုက်ဦးမယ်” ခေါင်းစဉ်လေးတောင် သူပြောသွားခဲ့သေးသည် “မသန်းနဲ့  ပြန်လည် တွေ့ ဆုံခြင်းတဲ့” သီးသန့်  ထောင်ထည်းမှာ လူတိုင်းဆုံ ဖြစ်ခဲ့တဲ့ သန်းကြီး မတွေကို ရည်ရွယ်ပြီး ပြောသွားခဲ့တာဘဲ ဖြစ်ပါသည်------။


နားလိုက်ပါဦးမယ် နောက်နေ့ မှ ဆက်မယ်နော်

5 comments:

  1. မြန်မြန်ဆက်ဗျာ.ခင်ဗျားမနေ့ကလည်းမလိမ့်တပတ်နဲ့ လွမ်းရင်လွမ်းတယ်မဟုတ်ဘူး.ဘာဖြစ်မှာစိုးတယ်လေးညာဖြစ်မှာစိုးတယ်လေးနဲ့..ရေးဗျာ(၁)(၂)(၃)ထိုးပြီ
    သွားဗျာ.ဖတ်မည်။

    ReplyDelete
  2. ဆန့်တငံ့ငံ့ရှင်

    ReplyDelete
  3. ဟီးးးးးးးးးဟီးးးးးးးးး
    ကျမကို မမ ခေါ်သွားလို့သဘောကျနေတာ
    ပထမဆုံး မမ လို့အခေါ်ခံရတာ ပွတာပဲ
    ကျမက ၂၅ နှစ်မပြည့်သေးဘူး
    ဘိုးဘိုးရေ

    ReplyDelete
  4. အဲဒီ ဦးဝံသဆိုတဲ့ဆရာကြီးကတော့ ခုလည်း အပြင်မှာ လက်နက်ချရေး တရားတွေ လျှောက်ပြော လျှောက်ရေးလုပ်နေတယ် ဆိုပဲဗျ။ အင်း ၆၂ ကျောင်းသားခေါင်းဆောင်ဆိုတော့.... ဘိုနေ၀င်းအကြိုက်ပဲလို့ ပြောရမယ်ထင်တယ်။

    ReplyDelete
  5. မင်းဆိုးမင်းညစ်တွေ လက်ထက်မှာ မစည်ကားအပ်သော နေရာ သုံးခုမှာ လူတွေစည်ကားသတဲ့

    ''မင်း'' လို့မသုံးသင့်ဘူး
    မတရားအုပ်စိုးသူ လို့သုံးရမယ်
    အဲဒါ အယဉ်ကျေးဆုံးလေ
    ကဲ အစ်ကိုတိုးကြီး မတရားအုပ်စိုးသူတွေလက်ထက်မှာ
    ကိုယ့်တိုင်းပြည်မှာမအေးချမ်းတော့ သူတပါးတိုင်းပြည်မှာ
    ဆက်လက်ကျွန်ခံလိုက်အုံးမယ်

    ReplyDelete