Wednesday, November 18, 2009

ဒီလိုပါဗျာ ဒီလိုဒီလို

Photobucket

Taw Lu Thit said...
ဘိုးဘိုးကြီး အဟောင်းတွေပဲဖတ်နေရတယ်ဗျ
ဘယ်သူ့ကို ပြဿရှာရေးရင်ကောင်းမယ် စဉ်းစားနေတာမှလား..
ပူညံပူညံဖြစ်အောင်လေ..ကိုတိုးကြီးတို့.နော်ဝေက.ကျောင်းသားခေါင်းဆောင်တွေအကြောင်းရေးပါဦး..လေအေးသာအကြောင်းပြောတာနဲ့ မင်းသမီးပုံလေးကိုတင်လိုက်တော့ ကာယကံရှင်လေးခမျာ ဘယ်လိုနေမလဲ..ဟင်း..ခက်ပါ၏..

ကို Taw Lu Thit ရေ
ခင်ဗျားကော်မန့် လေးဖတ်မိပြီး ကျတော့် ဆရာတွေ ထည်းက ဆရာတဆူဖြစ်တဲ့  ရကတ ဒုဥက္ကဌ ကိုပြုံးချိုကိုသတိယသွားတယ်ဗျိုး နဲနဲဖြတ်ပြောလိုက်ဦးမယ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ ကလည်း အရင်က ၂ ခုရှိတယ်ဗျ
တင့်ဆန်း ပြုံးချို ရဲထွန်း တို့  (ရကတ) နဲ့  သန်းဝင်း ဘကျော် တင်တင်ညို တို့ (ရကတ) ပေါ့ ပထမ ရကတ က ဒုဥက္ကဌ နဲ့ ခု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ထောင် ၆၅ နှစ်ကျနေတဲ့ ကိုပြုံးချိုပေါ့ သူက ကျတော့်ကိုခေါ်တာက “ပြဿနာကောင်” တဲ့ ကျတော်ရှိတဲ့ နေရာ ပြဿနာ ရှိသတဲံ့ ကျတော်ကလည်း သူ့ ကိုပြောပါတယ် “ ပြဿနာကို ကျွန်နော် ရှာတာမဟုတ်ဘူး ပြဿနာက ကျွန်နော့်ကို လိုက်ရှာနေတာပါ ” လို့ -----

ကျွန်နော် မရေးဖြစ်တာတော့မဟုတ်ပါဘူး ရေးထားတဲ့ ပို့ စ် နှစ်ခု မတင်ပါနဲ့ လို့  ကျွန်နော့် ဆရာများက ပြောလို့ ပါ ခင်ဗျားပြောသလို ပြဿနာ ရှာတယ်လို့ ဘဲ သူတို့ ကမြင်နေကြတယ်လေ ပထမ တခုက ဒီနေ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ က “ ကိုမြအေး” အကြောင်းပါ သူရဲ့ ထောင်ထည်း၇ပ်တည်ချက် ထောင်မကျခင်အခြေနေတွေ ရေးထားမိပါတယ် ဒါပေမယ့် ကျတော့်ဆရာတယောက်က ပြောပါတယ် “ ဒီလို အချိန်မှာ ဒီလိုရေးလိုက်တာဟာ လက်ရှိလုပ်နေတဲ့ ကိုမြအေး ကို ရိုက်ချလိုက်တဲ့ သဘောမျိုး နအဖ အကြိုက်ဖြစ်သွားလိမ့်မယ် မတင်ပါနဲ့ ” လို့ ပြောပါတယ်
ကျတော်ပြန်စဉ်းစားတဲ့အခါ မှန်ပါတယ် ကိုမြအေး ကောင်းတာ ရှိမယ် မကောင်းတာ ရှိမယ် သို့ သော် မကောင်းတာတွေ ပါသွားလို့  နအဖ အလိုကျ ဆောင်းပါးမျိုးလေး ဖြစ်သွားမှာတော့ ကျွန်နော် ဘယ်လိုမှ မလိုလားတာအမှန်ပါဘဲ ကျွန်နော် ဒီဘလော့ခ် လေး စလုပ်ထည်းက ကျောင်းသားခေါင်းဆောင် ဆိုသူတွေ ရဲ့ အကြောင်းကို မှတ်တမ်းမျိုးလေး လုပ်ထားချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ လုပ်ခဲ့တာပါ ကျတော် ဘလော့ခ်နဲ့ ပတ်သက်ဘာမှမတတ်ပါဘူး ဒီဘလော့ခ်လေးကိုလည်း လုပ်လည်းမလုပ်တတ်လို့  ကျတော့်မမ “ဌက်ပြာလေး” (သူလည်းမလုပ်တတ် လုပ်တတ်နဲ့ ) လုပ်ပေးထားတာပါ လိုအပ်တာအကုန်လုံးကိုလည်း ဘာမှထည့်တတ်လို့  ကျွန်နော့်မမ “ စတော်ဗယ်ရီလေး” က ကွန်နက်ရှင် မကောင်းတဲ့ အခက်ခဲ တွေ ကြားက အသေးစိတ်အကုန်လုပ်ပေးထားတာပါ ကျွန်နော် ဘလော့ခ်ဂါ လည်းမဟုတ်ပါဘူး---

နောက်တယောက်အကြောင်းကတော့ ခင်ဗျားပြောတဲ့ နော်ဝေ နိုင်ငံရောက် ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ၂၈ ဗကသ မှာ သတင်းပြန်ကြား တာဝန်ခံနဲ့  အေဘီအက်ဖ်ဒီအက်စ် မှာ တာဝန်ယူဘူးခဲ့  တဲ့ “ကိုသူ၇ိန်” အကြောင်းရေးတာပါ ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ပြောတာနဲ့ မတင်ဖြစ်ပြန်ဘူး ကြောက်လို့ လည်းမဟုတ်သလို မရေးရဲလို့ မပြောရဲလို့ တော့ မဟုတ်ပါဘူး မလိုလားအပ်တဲ့ ပြဿနာကို ဒီလို အချိန်မျိုးမှာ မဖြစ်ချင်သေးဘူး ကောင်းတဲ့ သူမှာဖြစ်စေ မကောင်းတဲ့ သူမှာ ဖြစ်စေ ထောက်ခံတဲ့ သူရှိနေတတ်ပါတယ် ဒီနေ့  “ဒေါ်အောင်ဆန်းစုကြည်” ဘယ်လောက်ကောင်းတာလုပ်လုပ် အနစ်နာခံခံ ဆန့် ကျင်တဲ့ သူတွေ ရှိနေသလို “သန်းရွှေ” လိုကောင်လည်း ဘယ်လောက်မကောင်းကောင်း ထောက်ခံတဲ့ သူတော့ ရှိနေတယ်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး အမှန်တကယ်ပြောမယ်ဆိုလည်း လူတယောက်အကြောင်းကိုရေးတဲ့အခါ သူ့ ဘ၀ မပြီးဆုံးသေးဘဲ တနည်းအားဖြင့် မသေသေးဘဲနဲ့ ရေးရင်မပြည့်စုံနိုင်ပါဘူး ( ဗန်းမော်တင်အောင်လည်းပြောဘူးတယ် လူတယောက်ကို ဝေဖန်တော့မယ်ဆိုရင် သူ့ ရဲ့ ခေါင်းတလား နောက်ဆုံးသံချက်ကိုရိုက်ပြီးမှ ဝေဖန်ပါတဲ့ ) သူပြောတာလည်း ရူထောင့်တခုအနေနဲ့ တော့ မှန်နိုင်ပါတယ် ဘာလို့ လည်းဆိုတော့ လူဆိုတာ အချိန်မရွှေး ပြောင်းလဲတတ်တဲ့ သတ္တ၀ါ ဖြစ်နေလို့ ပါ အရင်က ကောင်းခဲ့ လုပ်ခဲ့ပေမယ့် နောက်ပိုင်း ဖောက်ပြန်ခဲ့တဲ့ လူမျိုး ဥပမာ အေးလွင်တို့ လိုကောင်မျိုးတွေပါ
တခုစဥင်္းစားမိတာကလည်း သေပြီးမှ ရေးတဲ့ သူတွေအကြောင်းကလည်း ၉၅ ရာခိုင်နုန်းလောက်က ကောင်းတာကြည့်ဘဲ ရေးတတ်ကြတယ် ဆရာမိုးစဲနေ စကားနဲ့ ပြောရရင်တော့ ဘုန်းတော်ဘွဲ့ တွေပေါ့ သေပြီးမှ မကောင်းဘူးဆိုပြီး ရေးထားတာတွေ့ ဘုူးဖတ်ဘုးတာ နဲနဲလေးဘဲ ရှိပါတယ် ( ဟစ်တလာ မူဆိုလိုနီ ဂဠုန် ဥိးစော ) အစရှိသဖြင့်ပေါ့ ( ကျွန်နော် လေ့လာမှုအားနည်းတာလည်းဖြစ်နိုင်ပါတယ်)

ပြောစရာတခုရှိတာကလည်း ရေးစရာရှိတာရေး ဘယ်သူမှမတိုင်ပင်နဲ့  အကြံ ဥာဏ်မတောင်းနဲ့  ဆိုတာမျိုးပေါ့
တချို့ သူတွေက ပြဿနာမရှိနိုင်ပါဘူး တချို့ သူတွေက ပြဿနာရှိပါတယ် သာမာန်လူတယောက် အကြောင်းရေးတာမျိုးပြဿနာမရှိပေမယ့် မိုးသီး အကြောင်း နိုင်အောင်အကြောင်းရေးပြီ ဆိုရင်တော့ ပြဿနာ ရှိလာနိုင်ပါတယ် ကော်မန့် တခုထည်းမှာ “ကိုဖုန်း” ရေးဘူးသလိုပေါ့ ထိုင်းပြန်ဆင်း အမေရိကားသွား နောက်ခံ ဘက်ဂရောင်းမရှိဘူးဆို အသတ်ခံ ရနိုင်ပါတယ် သူတို့ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူတို့  ထောက်ခံတဲ့ သူတွေ ကမ္ဘာ အနှံ့ မှာ ရှိနေတာ ငြင်းလို့ မရနိုင်ပါဘူး ဒီလောက် နဲ့ ထားလိုက်ပါတော့ ဆိုလိုချင်တာက ကျွန်နော့်အတွက်လည်း တချို့ ချို့ သော ပြဿနာများ ကိုရင်ဆိုင်ဘို့ အတွက် ဘက်ဂရောင်းလိုအပ်တယ် ယူဆလို့ ဆရာတချို့ ကို ကိုဇော်မင်း အကြောင်း ပို့ စ် ဖျက်လိုက်ရပြီးနောက်ပိုင်းမှာ အကြံတောင်းပါတယ်
အိုကေပါဗျာ ထားလိုက်ပါတော့်နော့
ရေးတော့်ေ၇းပါ့မယ် အရင်လိုတော့ တနေ့ တပုဒ်လောက်တော့ တင်ဖြစ်မယ်မထင်တော့ဘူး ရေးမယ် ကျဲမယ် ပေါ့ဗျာ
လာဖတ်တဲ့ သူ အားလုံးကိုကျေးဇူးတင်ပါတယ်နော်

6 comments:

  1. ကျနော်နဲ့ တောလူနဲ့သိပါဘူးဗျာ.
    ခင်ဗျားကိုပြောတာ မလိုအပ်ပဲ ရှင်းနေရမှာစိုးတာဖြစ်မယ်ထင်တယ်.ခင်ဗျားမှာရေးစရာရှားလို့လား...နှင်းမှုန်ဝေ ကိုသတိယတယ်တို့ဘာတို့
    ဒါမှမဟုတ်..တခုတော့ရှိတယ်.အပြင်က လူတွေအကြောင်းက တော့သိပ်မထူးတော့လို့ ရေးရင်လည်းရေးပေါ့..အထဲကတော့ မရေးပါနဲ့ဦး
    ငယ်ငယ်တုန်းက ဒီကောင်ပေါ့ လက်ဖက်ရည်ဆိုင်မှာ အတူသောက်တာ လက်ဖက်ရည်ဖိုးရှင်းမသွားဘူး ဘာဘူးတွေ တော့ထားလိုက်ပေါ့ဗျာ.ကိုကိုကြီးကွာ ဘယ်လို မင်းကိုနိုင်ကွာ ဌေးလွင်ကွာ မြအေးကွာ..ငါ့နဲ့ထောင်ထဲမှာ သူတို့ငပိကျော် ပေးမစားဘူး အဲ့လိုတော့မပြောနဲ့လေဗျာ.ပြောရင်လည်း ခင်ဗျားကို ပြန်ပြောကြမှာပဲ.ခင်ဗျားရေးတာ က ဘယ်လောက် အကျိုးဖြစ်ဖို့ သူများတွေကို မက်ဆေခ်ျပေးလည်း ဒါလည်းရှိသေးတယ်လေ.အပြင်ကလူတွေအကြောင်းဆို ခင်ဗျားရေးရင် လည်းရေး ဟစ်တလာ မူဆိုလိုနီ မီလိုဆိုဗစ် ပီနိုချေး နေ၀င်း ဂဠုန်ဦးစော အဲ့ဒီသူတွေ မကောင်းတာလုပ်သလို သူတို့ကိုကြီးကျယ်တယ်ထင်လည်း ရေးလို့ရတယ်.ငယ်ငယ်တုန်းက ငါ့ဘောလုံး ပြန်မပေးတာတော့မလုပ်နဲ့
    အထဲက လူတွေကိုတော့မလုပ်ပါနဲ့ သေမှပဲရေးပါ.ဒါမှမဟုတ် ခင်ဗျားကသေတော့မယ်ဆိုလည်းရေးပေးတော့ ကျနော်တို့ကတော့ ပိုသိရသပေါ့..ဒါပါပဲ.ကျနော့်ကော်မန့်ကို မဖြတ်ပါနဲ့ အပြီးဖျက်ရင်သာဖျက်ပေတော့..

    ReplyDelete
  2. အစ်ကိုတိုးရေ
    လာဖတ်ပါတယ်
    စာရေးကြဲမယ်ဆိုတော့စိတ်မကောင်းဘူး
    ခေါင်းဆောင်တွေဆီက မြတ်နိုးစရာလေးစားစရာတွေကို အတုယူ
    သင့်သလို။အမှားတွေကိုလည်း နောင်မျိုးဆက်သစ်တွေကရှောင်
    နိုင်တာပေါ့။
    ဘာဖြစ်လို့များ တားကြပါလိမ့်။
    မှားခဲ့ရင်မှားခဲ့ပါတယ်လို့ဝန်ခံနိုင်မှ ခေါင်းဆောင်ကောင်းပီသတော့မပေါ့။
    လေးစားလျက်

    ReplyDelete
  3. ကိုယ်ရေးကိုယ်တာတွေမဟုတ်ဘဲ (အနည်းအကျဉ်းတော့ ပါမယ်ပေါ့ဗျာ) တိုင်းပြည်အတွက် အလုပ်လုပ်ကြတဲ့နေရာမှာ အမှားအမှန် ဆင်ခြင်နိုင်အောင် အကျိုးပြုသဘောတွေနဲ့ ရေးပေးဖို့ ဘိုးတော်ကို တောင်းဆိုချင်ပါတယ်။ ခုချိန်ထိတော့ ကိုယ်ရေးကိုယ်တာ သိပ်ရေးတာ မမြင်မိသေးပါဘူး လေးစားပါတယ်ဗျ။ ရေးစရာရှိတာ ဆက်ရေးပါ။ အားပေးတဲ့သူရှိသလို အဖျက်သဘောတွေကလည်း ပါလာမှာတော့ စိတ်ချဗျို့

    ReplyDelete
  4. ဟုတ်ကဲ့ ဆရာမိုးစဲနေရေ
    ကွန်မန့် ကိုဖြစ်စေ စီဘောက်ထည်းက စာကိုဖြစ်စေ မဖျက်ပါ မဖြတ်ပါ စိတ်ချစေချင်ပါသည် ဆဲတာက အစ ရေးလို့ ၇ပါသည် သူ့ အဆင့် အတန်းသူမရှက်လို့ ဆဲတာပါကျတော့်အတွက်ပြဿနာ မရှိနိုင်ပါ မြတ်စွာဘုရားတရားတပုဒ်ကိုလည်း ကြုံကြိုက်လို့ ပြောပါဦးမည်
    တရံသောအခါက မြတ်စွာဘုရား (ဆွမ်းခံကြွ တာလာ်း ဒေသစာရီ ကြွသလားတော့မမှတ်မိပါ သာမာန်လူနားလည်းတည့်စကားအရဆို အပြင်ထွက်တယ်ပေါ့ဗျာ) အဲဒီအချိန်မှာ ပုဏား တရောက်က နောက်ကလိုက်ဆဲံသတဲ့ မြတ်စွာဘုရားက အေးဆေးပေါ့ အပြုံးမပျက်ပါဘူး ပုဏားကြီးကမောလာတဲ့အခါ မြတ်စွာဘုရားကိုမေးသတဲ့ “အသင်ဂေါတမ ငါဆဲတာ နင်မနာဘူးလား”( သာမာန်လူနားလည်နိုင်သောစာဖြင့်သာရေးပါသည် မူရင်းအ တိကျမဟုတ်ပါ) အဲဒီအခါ မြတ်စွာဘုရားက “ အသင်ပုဏား လူတယောက် သင့်ကိုပစ္စည်းတခုလက်ဆောင်ပေးဘူးသလား” “ ပေးဘူးပါတယ်ဘုရား” “ သင်ပေးတဲ့ ပစ္စည်းကို အဲဒီလူက လက်မခံတဲ့ အခါသင်ဘာလုပ်သလည်း” “ပြန်ယူသွားပါတယ်ဘုရား”“အသင်ပုဏား နင်ဆဲတာတွေ နင်ပေးတာတွေ ငါလက်မခံဘူး ပြန်ယူသွားတဲ့ ”
    ဆိုလိုချင်တာက ဆဲတာသည်သူဆဲတာဖြစ်သည် ပြသနာမရှိပါ ကျနော်လက်မခံသည့်အခါ သူ့ ဟာသူ ပြန်ယူသွားပါလိမ့်မည် ဆရာမိုးစဲနေရဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်မှုတွေကို သဘောကျပါသည် လူတိုင်းကိုယ့်အမြင်ကိုယ်ပြောခွင့်ရှိပါသည် ငါနဲ့ မတူ ငါ့ရန်သူ ဆိုသောအမြင် ကျွန်နော့် မှာမရှိပါ အမှားများကိုဆက်လက်ပွင့်လင်းစွာ ရေးသားပေးစေချင်ပါသည် ကျေးဇူးတင်ပါသည်ခင်ဗျား

    ReplyDelete
  5. ဟုတ်ကဲ့ မကဗျာဦးခင်ဗျား
    မှားခဲ့ရင်မှားခဲ့ပါတယ်လို့ဝန်ခံနိုင်မှ ခေါင်းဆောင်ကောင်းပီသတော့မှာပေါ့ဆိုတာ မှန်ပါတယ် ဒါပေမယ့် အားလုံးဟာ မှန်တယ်လို့ ထင်နေကြပါတယ် ကျနော်တွေ့ ဘူး ဖတ်ဘူးသလောက်တော့ မှားတယ်လို့ ပြောခဲ့ဘူးတာ ရေးခဲ့တာ တယောက်ထည်းတွေ့ ဘူးပါတယ် အဲသူက သခင်စိုးပါ “ အောင်ဆန်းမှန်တယ် ကျွန်နော်မှားတယ် ကျွန်နော်ဘာလို့ မှားလည်း စတာလင်မှားလို့ ကျွန်နော်မှားပါတယ် ” တဲ့
    တခါ စိတ္တရ လေခါကလည်း “အမှန်အမှားဆိုတာမရှိ ဘ၀တွေဘဲ ရှိသတဲ့”
    နောင်မျိုးဆက်သစ်တွေ ရှောင်ဘို့ ကတော့ ဘယ်လောက်သင်ခန်းစာ ယူမလည်း ဘယ်ရှုထောင့်က ကြည့်မလည်းဆိုတာနဲ့ ဘဲ တိုင်းကြတာပေါ့ ကိုမိုးစဲနေပြောသလို ထောင်ထည်းမှာ ငါ့ကိုငပိကျော် တဇွန်းမပေးခဲ့ဘူး ငါ့ဘောလုံးလုသွားတယ် ဆိုတာမျိုးတော့ စိတ်ချပါ မရေးပါဘူး အချက်အလက်ခိုင်လုံမှုနဲ့ ကျွန်နော့် ရှုထောင့်လေးကဘဲရေးနေပါတယ်
    အမြဲ လာဖတ်တဲ့ အတွက်တော့ ကျေးဇူးတင်ပါတယ်

    ReplyDelete
  6. ဟုတ်ကဲ့ ကိုဖုန်းရေ
    ကျတော်လည်း ကိုယ်ရေးကိုယ်တာ အတက်နိုင်ဆုံးလျှော့ပြီး အဖြစ်ပျက်မှန်ကိုဘဲ အဓိက ထားပြီးရေးပါတယ် မှားသွားတာလေးတွေလည်း ထောက်ပြ ဝေဖန်စေချင်ပါတယ်

    ReplyDelete