Thursday, November 19, 2009

တိုက်ပွဲပျော်

Photobucket


ပုခက်ထည်းက
အူဝဲဟစ်ခါ စစ်ကြေညှာပြီး
လောကကြီး၏ ခါးသီးတွေ့ ကြုံ
အလုံးစုံကို မဖြုံအံခဲ
ရင်ဆိုင်နွဲရင်း လူလည်းအတော်ကြီးခဲ့ပေါ့-----------

ဟုတ်တာပေါ့ မွေးကထည်းက အော်ဟစ် ငိုယိုပြီး တောင်းခဲ့  တိုက်ခဲ့တာ နဲမှ မနဲခဲ့တာဘဲ ငယ်ဘ၀တွေ ပြန်တွေးတိုင်းလည်း မိဘတွေ ရှိမှန်း မရှိမှန်းမသိဘဲ လိုချင်တာတခုထည်းအတွက် တိုက်ပွဲဝင်ခဲ့တာ စိတ်မကောင်းတော့ဖြစ်မိပါတယ် မိဘတွေကလည်း သာမာန်ပူစာတာထက်စာရင် ငိုယိုတောင်းဆိုတော့မှ ၀ယ်ပေးခဲ့တာ များပါတယ်----။

ရဲလည်းရဲလို့  နွှဲလည်းနွှဲခဲ့
အောင်ပွဲတွေလည်း အင်္သချေ-----။
မိုက်လည်းမိုက်လို့ တိုက်လည်းတိုက်ခဲ့
ရှုံးခဲ့တာလည်း အနှနွ--------။

အသက်နဲနဲလေးကြီးလို့ လူငယ်ပိုင်းရောက်လာတဲ့အချိန် ပျော်လို့ မှ မဆုံးခင် ရန်ကုန်တက္ကသိုလ်ထည်းမှာ မုန်တိုင်းတွေ စလာခဲ့ပြီး ရန်ကုန်တက္ကသိုလ်က ဘွဲ့ တခုပေးဘို့ ငြင်းဆန်ခဲ့တာကြောင့် ဘ၀တက္ကသိုလ်မှာ ဘွဲ့ ယူဘို့ ပြောင်းတက်ခဲ့မိတယ် တောင်းပွဲတိုက်ပွဲတွေကြားကဘဲ ဘ၀တက္ကသိုလ်ကြီးက မာစတာဘွဲ့ ကိုထပ်ပေးခဲ့တာပေါ့ တချို့ ကတော့ ပီအီတ်ဒီ အတွက်ဆက်တက်နေကြတုန်း ဆက်တိုက်နေကြတုန်း ဘ၀တက္ကသိုလ်မှာတိုက်ခဲ့တဲ့တိုက်ပွဲတွေကြားမှာ အောင်ပွဲတွေ အများကြီး ရှိခဲ့ဘူးသလို ရှုံးခဲ့ ခံခဲ့ရတာတွေ လည်းမနဲခဲ့ပါဘူး ရှုံးခဲ့တဲ့ တိုက်ပွဲတွေက ရိုးရိုးလေး ရှံးခဲ့တာတော့မဟုတ်ပါဘူးပေးဆပ်ရင်းနှီးမှုတွေ အများကြီးနဲ့ ရှုံးခဲ့ကြတာပါ ဟုတ်တယ် အဲဒီ ရှုံးခဲ့ဘူးတဲ့ တိုက်ပွဲတွေ ကြားက တိုက်ပွဲလေးတပွဲပေါ့ စိတ်ဝင်စားမယ်ထင်ရင်တော့ ဖတ်ကြည့်ပေါ့ဗျာ အချက်အလက်အားလုံးမှန်ကန်ကြောင်းကိုတော့တာဝန်ယူပါတယ်--------------။

ဟုတ်တယ် အဲဒီနေ့ပေါ့ ၁၉၉၅ နိုဝင်ဘာ ၁၁ ရက် စနေနေ့ ထင်ပါတယ် ညနေပိုင်း ထောင်ပိတ်ခါနီးအချိန်မှာဘဲ ကိုတင့်ဆန်း (ရကတ ဥက္ကဌ) က အုတ်တံတိုင်းနားက ကပ်ပြီးသတင်းလေးတခုပေးပါတယ် ( သူတို့ က ၄ တိုက်အတို ကျတော်တို့ က ၄ တိုက်အရှည်ပါ ၄တိုက်အရှည်မှာ အခန်းနံပါတ်တစ်ကနေပြီး ၁၈ အထိရှိပြီး အုတ်တံတိုင်းတခုကိုကန့် ထားပြီး အခန်းနံပါတ်၁၉ ကနေ ၃၀ ထိကို ၄တိုက်အတိုလို့ ခေါ်ပါတယ်)
“ ညနေက ခေါင်းဖြူကြီးထောင်ဝင်စာထွက်ပြီး ဘာတွေ ပြောလည်းမသိဘူး ပြန်လာပြိးသိပ်မကြာဘူး ထောက်လှမ်းရေးကလာခေါ်သွားတယ် ” တဲ့
(ခေါင်းဖြူကြီးဆို တာ သုံးခွကပါ ၁၉၈၈ မှာ လက်နှက်မှုနဲ့အဖမ်းခံထားရပြီးထောင်နှစ်ပေါင်း ရာကျော်ချထားတာပါ)
အဲဒီညတွင်းချင်းဘဲ ည၈ နာရီလောက် ၄တိုက်အတိုက တင်မောင်လွင် (လေအေးသာ) ကြီးအခန်းကို ၀င်ရှာပါတယ် ပထမဆုံး ရေဒိယိုတလုံးမိသွားပါတယ် ဆက်တိုက်ပါဘဲ တင်မောင်လွင်ရဲ့ ဖော်ကောင်လုပ်မှုကြောင့်ဘဲ ၄တိုက်အရှည်က ကျတော့်အခန်းနဲ့ ကပ်လျှက် အခန်းနံပါတ် ၁၈ ကို ၀င်ရှာပြီးအခန်းထည်းရှိတဲ့ လူတွေကို ထုတ်သွားခဲ့ပါတယ် အဲအချိန်မှာ အခန်းနံပါတ် ၁၈ မှာ ကိုမျိုးမြင့်ညိမ်း (ကျားဘငြိမ်းသား ပေဖူးလွှာ မဂဇင်း ထုတ်ဝေတဲ့ ကိုဝင်းငြိမ်း ညီ) နဲ့  ကိုကြည်ဖေကျော်( အေဘီအက်ဖ်ဒီအက်စ် ယခုထိုင်း) ၂ယောက်နေပါတယ် အစပိုင်းမှာလူတွေပြည့်နေပင်မယ့် ထောင်ပြောင်းထားတာမကြာသေးတော့ လူနဲနဲဘဲ တိုက်ထည်းမှာ ရှိနေပါတယ် သူတို့ ကိုထုတ်သွားပြီးတဲ့နောက် ကျတော်နဲ့ အတူနေတဲ့ ကိုညွန့်ဇော် (အေဘီအက်ဖ်ဒီအက်စ် သာယာဝတီထောင်ကျဆုံး) တိုင်ပင်ပြီး သတင်းစာရွက်စာတန်းတွေကို ဖျက်စီးပါတယ် ( အဲဒီအချိန်က ကျတော်တို့ အခန်းကနေပြီး တိုက်ဝန်းအတွင်း ဘိဘီစီ ဗွီအိုအေ အာအက်ဖ်အေ သတင်းတွေကို ထုတ်ပြန်ပေးနေတာပါ သတင်းတွေကိုတော့ ကိုဂျင်မီ ( လူ့ ဘောင်သစ် ၈၈ မျိုးဆက် ကနားထောင် ကိုမြတ်ထွန်း (အေဘီအက်ဖ် ဒီအက်စ် ၂၀၉ ) က လက်ရေးတိုနဲ့ လိုက်ေ၇းပြီးတော့ လမ်းကြောင်းနဲ့  ကိုမျိုးမြင့်ညိမ်းဆီပို့ ပေးပြီး ကိုမျိုးမြင့်ညိမ်းဆီကတဆင့် ကျတော်တို့ ဆီပို့ ပေးပြီး ကိုညွန့် ဇော်က လက်ရေးနဲ့ စာရွက်ပေါ်မှာ အချောပြန်ရေးပြီး တိုက်ဝန်းထည်းကို ဖြန့် ပါတယ် )
ညတွင်းချင်း ကျတော်တို့ ဖျက်စီးနိုင်ခဲ့ပါတယ် ဒါပေမယ့် နောက်တနေ့ မနက်မှာတော့ တိုက်ဝန်းကြီးတခုလုံးကို ၀င်မွှေတော့တာပါဘဲ ဘယ်သူ့ တွက်ချက်တွေနဲ့  ၀င်မွှေတယ်ဆိုတာတော့ခုချိန်ထိ ရှင်းလို့ မ၇သေးပါဘူး (ပထမဆုံး စစ်ကြောရေးထုတ်တာက ကိုတင်ဝင်း ဒုတိယက တင်မောင်လွင်နဲ့ ကိုထွန်းဝင်း (ရခိုင်ကွန်မြူနစ်ပါတီ) တတိယကတော့ ကိုမျိုးမြင့်ညိန်းနဲ့ ကိုကြည်ဖေကျော်ပါ------။
နောက်နေ့ ရှာဖွေရေးကလည်း ကြမ်းသလားမမေးပါနဲ့  အင်းစိန်ထောင်က တာဝန်ကျ ၀န်ထမ်းတွေကိုတောင်မှာ တိုက်ဝန်းထည်း ပေးမ၀င်တော့ဘဲ ညတွင်းချင်း နယ်ထောင်တွေက ခေါ်လိုက်တဲ့ ၀န်ထမ်းအင်အား ၁၀၀ ကျော်နဲ့ ရှာပါတော့တယ် ရိုးရိုးတောင်မရှာပါဘူး အောက်ခံသံမံတလင်းတွေကို ပေါက်ချွန်းတွေနဲ့ ပေါက် (သတင်းအတိအကျရတဲ့အခန်းတွေ ဆို ပိုဆိုးပါတယ် ) ပြိးမြေလှန်ရှာတာပါ တိုက်ဝင်းရှေ့ က စားဘို့ စိုက်ထားတဲ့ သစ်ပင်တွေ အကုန်နုတ် မြေတွေပေါက် နဲ့ တကယ့်မြေလှန်စနစ်ဆိုတာ အဲအချိန်မှာဘဲ မျက်ဝါးထင်ထင် မြင်ခဲ့ရတာပါ
အဲဒီညဘဲ ကျတော့်ကိုလာခေါ်ထုတ်ပါတော့တယ် (၃ရက်လောက်ဆက်တိုက်စစ်လိုက်တာ မချိမဆန့် ဗျိုး) ကျတော့်အခန်းကမိတဲ့ အထည်းမှာတော့ ရေနွေးတည်တဲ့ ဂေါက်အပါအ၀င် အခန်းထောင့်က UNDER GROUND ပွင့်သွားခဲ့ပြီး စာရွက်စာတန်းတော်တော်များများပါပေမယ့် အရေးကြီးတဲ့ သတင်းတွေတော့ မပါသွားခဲ့ပါဘူး ကိုကြည်ဖေကျော်တို့ အခန်းက မိသွားတဲ့အထည်းမှာတော့ စာရွတ်စာတန်းတွေ ဦးဝင်တင်(ဗဟိုကော်မတီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်) ယိုကိုတာလာတုန်းက ပေးလိုက်တဲ့ စာကြမ်း လက်ရေးမှုတွေ ကျတော်တို့ စုထုတ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် စိန်ရတု သဘင် မဂဇင်း တွေ ပါသွားခဲ့ပါတယ် ( ကိုကြည်ဖေကျော် ကိုကျတော်နောက်ပိုင်းမေးကြည့်တော့ “ ဘာလို့ အဲစာအုပ်ကို မဖျက်စီးတာလည်း” ဆိုတော့ သူက သူထောင်ကလွတ်တဲ့အခါ ယူသွားမလို့ ပါတဲ့ သူကော ကိုမျိုးမြင့်ညိမ်းကော လွတ်ဘို့ ရက်ပိုင်းလေးဘဲ ကျန်တော့တာပါ ) ကိုမျိုးမြင့်ညိမ်းကိုလည်းကျတော်မေးတယ် ဦးဝင်းတင်စာတွေက အပြင်ထုတ်ပြီးသား ဘာလို့ မူကြမ်းတွေ သိမ်းထားတာလည်းဆိုတော့လက်ခံထားတာပါတဲ့ တော်တော်အံ့သြဘို့ ကောင်းတဲ့သူ ထောင်ကိုများ ရုံးခန်းထင်လားမသိဘူး လက်ခံပစ္စည်းထားသတဲ့)
အဲဒီစာအကြောင်း နဲနဲလောက်ဖြတ်ပြောပါ့မယ် အဲဒိစာကြမ်းက ၁၉၉၄ ထည်းမှာ ကုလသမဂ လူ့ အခွင့်ရေးကော်မတီက မစ္စတာ ယိုကိုတာ လာမယ်ဆိုတဲ့ သတင်းကြားတဲ့အခါ ကိုဇော်မင်း (ဗကသ ယခု ထောင်တွင်း ၈၈ မျိုးဆက်သစ်) ကစတင်အကြံပြုခဲ့ပြီး ကျောင်းသားအုပ်စုတွေဖြစ်တဲ့ ကိုအောင်ကျော်ဦး ( ဗကသ ယခု အေအေပီပီ ထိုင်း) ကိုစိုးထက်ခိုင် (မကသ ယခုထိုင်း) ကိုဖြိုးမင်းသိန်း ( ဗကသ- အောက်ဗမာပြည်) ကိုညွန့်ဇော် တို့ စီစဉ်ပြီး အင်းစိန်ထောင်တွင်းမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆီက အင်းစိန်ထောင်အ၀င်အပါ ဗမာတပြည်လုံးရှိ ရဲဘက်စခန်းတွေ ထောင်တွေမှာ လူ့ အခွင့်ရေးချိုးဖောက်မှုတွေ မတရားနှိပ်စက်မှုတွေကို စုစည်းပြီးေ၇းသားထားတာဖြစ်ပါတယ် အဲဒီစုစည်းမှုအားလုံးကို ကိုညွန့်ဇော်က လက်ရေးမူနဲ့ စုစည်းရေးပြီး ကိုမျိုးမြင့်ညိန်း အကြံပေးချက်အရ ဦးဝင်းတင်ဟာ သတင်းစာဆရာကြီးဖြစ်တယ် ဒါကြောင့် သူ့ ကို အစီအစဥင်္ မကျဖြစ်နေတာတွေ ကို အစီစဉ်တကျရေးခိုင်းမယ်ဆိုပြီး ဦးဝင်းတင်ဆီ ပို့ ပါတယ် ဦးဝင်တင်က ပြင်ဆင်တည်းဖြတ်ပြီးနောက် ကိုမျိုးမြင့်ညိမ်းဆီပြန်ပို့ ထားတာပါ အဲဒိစာကို လက်ရေးမှုနဲ့ ကိုညွန့် ဇော်က ကူးရေးပြီး ထောင်တွင်းက ထုတ်တဲ့ အိတ်တွေရဲ့ ကိုင်းတွေထည်းမှာ ထည့်ပတ်ပါတယ် အဲဒီစာထည်းမှာပါတဲ့အချက်လက်တွေကို သဘောတူကြောင်း လူပေါင်း ၁၀၀ ကျော် လက်မှတ်ထိုးတာပါတယ် (ပတ်တဲ့တာဝန်ကိုတော့ ကိုလှသန်း (အေဘီအက်ဖ်ဒီအက်စ်) နဲ့ အခြားတစ်ယောက် တာဝန်ယူပါတယ် (အခြားတယောက်နံမယ်ကိုမဖော်ပြတော့ပါ အမှုတွဲထည်းမပါဘဲ မဖော်ဘဲ ကျန်ခဲ့သူပါ ပြည်တွင်းမှာ ရှိနေဆဲဖြစ်လို့ မရေးတော့ပါ) အဲဒီစာထည့်ပတ်ထားတဲ့ အိတ်ကို ကိုမျိုးမြင့်ညိမ်းက အပြင်ကိုထုတ်ပါတယ် အပြင်မှာရှိတဲ့အိပ်ကို သုံးရောင်ချယ်ကိုဘုန်းမြင့်ထွန်း (အာရှလက်ဝှေ့ ချန်ပီယံ ဦးတင်ထွန်းသား ယခု ဂျပန်) က တာဝန်ယူပြီး ဒေါ်အောင်ဆန်းစုကြည်ဆီကို ပို့ ပေးခဲ့ပါတယ် ဒေါ်အောင်ဆန်းစုကြည်က ဖတ်ပြီးတဲ့နောက် ဗိုလ်ကြီးဝင်းထိန်ကို ဘာသာပြန်ခိုင်းပြီး မစ္စတာ ယိုကိုတာကတဆင့် ကုလသမဂ ကိုပို့ ခဲ့တာပါ အဲဒီမတိုင်ခင်ကလည်း ၁၉၉၃ မှာ ပုံစံအကျီင်္ပေါ်မှာ လက်မှတ်ထိုးပြိး ဂျနီဗာမှာကျင်းပနေတဲ့ လူ့ အခွင့်ရေးညီလာခံကို ပို့ ခဲ့ဘူးပါတယ် ထောက်လှမ်းရေးက မမိပေမယ့် အဲအချိန်ထည်းက ခင်ညွန့် က တင်းနေတာပါ

နောက်နေ့ မှဆက်ပါဦးမယ်
ကဗျာလေးကတော့
အီကြာကွေး ရဲ့ တိုက်ပွဲပျော်ဆိုတဲ့ ကဗျာလေးကို ခံစားပြီးရေးပါတယ်

5 comments:

  1. ဟေ့လူ တချို့အထဲမှာနော်.သတိ.တိုက်ပွဲပျော်ရင်း..သူများတွေ မပျော်ဖြစ်ကုန်ဦးမယ်.ခင်ဗျားက ဆရာကြီးပါ.နပ်ပါတယ် ဒီလောက်တော့.
    ဆရာကြီးဆက်ရေးမှာကို စောင့်နေပါတယ်..

    ReplyDelete
  2. အထဲမှာ ကျန်သေးတဲ့သူကို ညှာတာထောက်ထား စာနာသနားသောအားဖြင့် ဂုဏ်မြောက်အောင် ရေးသားနေမယ်လို့ ယုံကြည်မိပါတယ် ကိုတိုးရေ

    ReplyDelete
  3. ဗဟုသုတတွေလာဖတ်ပါတယ်ရှင်
    စိတ်ဝင်စားစရာကောင်းလှပါတယ်

    ReplyDelete
  4. အစ်ကိုတိုး
    အီကြာကွေးရဲ့ တိုက်ပွဲပျော်ကဗျာလေးဟာအများကြီးစဉ်းစားစရာတွေပါ။
    ထောင်ကထွက်လာတဲ့အစ်ကိုတိုး တို့လိုသူတွေရော
    ထောင်ထဲမှာကျန်နေကြတဲ့တိုက်ပွဲဝင်နေသူတွေကိုပါ
    ကဗျာဆရာပူရှကင်ရဲ့
    ဆိုက်ဗေးရီးယားသို့
    ဆိုတဲ့ကဗျာလေးဟာ အင်အားတခုပါပဲ။

    လေးလေးလံလံ
    သံခြေကျင်းများပြုတ်ကျရမယ်
    ထောင်တွေပြိုလဲကျရမယ်
    လွတ်လပ်ခြင်းဟာ
    သင်တို့ကို
    တံခါးဝက
    ဝမ်းပန်းတသာကြိုနေမယ်
    ညီနောင်များက
    သင်တို့ကို
    ဓါးတွေ ပြန်နှင်းကြမယ်။

    ခင်မင်လေးစားလျက်

    ReplyDelete
  5. ကောင်းပါတယ်၊ ထောင်ထဲက အကြောင်းတွေ အမှတ်ရသလောက်ဆက်ရေးပါ၊ အဲ့ဒါ ဖြစ်ရပ်မှန် သမိုင်းတွေပေါ့။

    ReplyDelete