Tuesday, November 10, 2009

ကျတော်ဆုံခဲ့ဘူးသော ဘ၀တက္ကသိုလ်မှ အနုပညာသည်များ

အပိုင်း သုံး

Photobucket


ခုလို နှင်းမှုန်တွေ ဝေနေတဲ့ နံက်ခင်းတခုမှာပေါ့ သူနဲ့ စသိခဲ့တယ် တိုက်ဆိုင်မှုလို့ ပြော၇မလားတော့မသိဘူး ဘ၀တက္ကသိုလ်မှာ အနုပညာ ရှင်တော်တော်များများနဲ့ ဆုံခဲ့ ဖူးတာ နှင်းတွေ ဝေနေတဲ့ ဒီဇင်ဘာ ညနေခင်းတွေနဲ့  ဇနွဝါ ရီ နံက်ခင်းတွေမှာပါ
ဒါကြောင့် လည်းနှင်းမှုန်ဝေ နေတာလေးတွေ ကိုချစ်တယ်
( ကျွန်တော်နဲ့ ခင်မင်ပါသော စင်္ကာပူ ထိုင်း အမေရိကား နော်ဝေ နိုင်ငံတို့ မှ “နှင်း” ပါသော“ဝေ” ပါသော “မှုန်” ပါသောကောင်မလေးများကို မရည်ရွယ်ပါ ပြသနာလာရှာမှာ စိုးလို့ ပါ )
သူ အခန်းရှေ့ မှာလာလာပြီးစကားပြောနေခဲ့ သည့်တိုင်သူ့ ကိုဘယ်သူမှန်းမသိသေး သူ နဲ့ ရင်းရင်းနှီးနှီးသိသူက ကိုဇင်လင်း သူတို့ က ၁၉၈၂ တုန်းက ဒီတိုက်ဝန်းတွေ အတွင်းမှာ ဆုံခဲ့ ဘူးကြသည် ရင်းနှီးခဲ့ ဘူးကြသည် တိုက်ပွဲ တွေ တိုက်ခဲ့ ဘူးကြသည်
သူတို့ စကားပြောတိုင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေခဲ့ ကြသည် သူ စာရေးဆရာတယောက်ဆိုတာတော့သိသည် ကလောင်နံ မည် မသိသေး တနေ့ သူ စာအုပ်တအုပ်အကြောင်းပြောနေတာကြားလိုက်သည် ဒီစာအုပ်ဖတ်ဘူးပါတယ် ဘာစာအုပ်ပါလိမ့် စဉ်းစားလို့ မရ ကိုဇင်လင်းကိုလည်း မမေးရဲ မေးလိုက်ရင် “ မင်း မောင်စိန်ဝင်းတို့ ငြိမ်းကျော်တို့ လောက်ဘဲ သိတာပါကွာ ” လို့ ပြောမှာသေချာသည် စကားများရမည် ဒီတော့ သူ့ ကိုမမေး ဒီတော့ ဥာဏ်ကူရသည် နောက်နေ့ စကားလာပြောတော့ စကားပြောနေရင်းက “ အန်ကယ် ဦးလေးမြင့် ကလောင် ဘယ်နှစ်မျိုး နဲ့ စာရေးလည်း” လို့ မေးလိုက်တော့ “ရေးတာတော့ ၃ မျိုးလောက်ရှိတယ် ဒါပေမယ့် အဓိက ရေးတာကတော့ “လှကွန့် ” ဆိုတဲ့ နံမယ်နဲ့ လေ ”
ခေါင်းထည်းမှာ ချက်ချင်းဖြတ်ခနဲပေါ်လာသည် ကျတော်ဖတ်ဘူးခဲ့ သော လှကွန့် ရဲ့  တအုပ်ထည်းသောစာအုပ် “ မောင်ဇော်ထွန်းဖတ်ဘူးလား” ကျတော်ဝမ်းသာအားရနဲ့ ဘဲ “ ကျတော်တအုပ်တော့ ဖတ်ဘူးတယ် အန်ကယ်ဦးလေးမြင့်ရ “ကြံတောက ပြောသောသမိုင်း ” ဆိုတဲ့ စာအုပ်ပါ ” သူပျော်သွားသည် “ဟုတ်တယ် အဲ ဒီ စာအုပ်ထုတ်တုန်းက ရောက်လိုက်တဲ့ ဒုခ မျက်နှာဖုံး ကြည့် ဘဲ စာပေစီစစ်ရေးကို ၃ ခါတင်ရတယ် ကြံတော သဂျိုင်း ကုန်းထည်းမှာ မျက်နှာဖုံးပုံရဘို့  ဓါတ်ပုံဆရာကိုခေါ်သွားရတာ ခဏခဏ ဓါတ်ပုံဆရာကလည်း သဂျိုင်းကုန်း ထည်းဆိုတော့ မလိုက်ချင် အတင်းကိုခေါ်ပြီး ရိုက် စီစစ်ရေးက မချပေး မျက် နှာဖုံးပုံကျဘို့ ကိုဘဲ ၆ လလောက်ကြာခဲ့တယ် ” အဲဒီစာအုပ်ထုတ်တုန်းက ကြုံဘူးခဲ့သော အခက်ခဲများနှင့် အတူ တခြားသူရေးဘူးသော စာအုပ်တွေ အကြောင်း သူပြောပြသော်လည်း ကျတော် တအုပ်မှ မဖတ်ဘူး ခဲ့သလို တခုမှ မမှတ်မိခဲ့ ။ သူ နောက်တခု တော်တာ ရှိသေးသည် အဲတာကတော့ ပန်းပု ကို ကျွမ်းကျင်စွာ ထုလုပ်တတ်ခြင်းဖြစ်သည် သူလက်ရာတွေ ကြည့်ရတာ သက်မွေး ပညာတခုအနေ နဲ့ လုပ်စားနိုင်လောက်အောင်ကို ကျွမ်းကျင်သည် အိမ်ကို ဆပ်ပြာတုန်းလေးတွေ မှာပြီး ဘုရားပုံ ရှင်သီဝရိ သူရဿတီ ဒေါင်းပုံ ဆင်ပုံ အစရှိသဖြင့် တော်တော်များများ သူထွင်းပေးခဲ့ သည် သူထွင်းပေးထားခဲ့သော ဘုရားပုံလေး ကျတော့်အိမ်မှာ ခုနေထိ ရှိနေနိုင်ပါသေးသည်---------------။

Photobucket


သူ့ ကို အပြင်မှာထည်းက တွေ့ ဘူးသည် ၈၈ တရားပွဲ တ၇ားလာဟောတုန်းကပေါ့ ထောင်ထည်းရောက်တော့ သူက ၃ တိုက် ကျတော်က ၄ တိုက် အတိုမှာ တွေ့ ဘို့ မလွယ်သေး ဒီတော့  ဆက်သွယ်ဘို့ ဘာယာကို အားကိုး၇သည် “ ကိုသိန်းလွင် ကျွန်တော့်ကို နောက်တိုက်က ဗေဒင်ဆရာဆီ သွားမေးပေးစမ်းပါ ကျတော့်မွေးနေ့ ရေးပေးလိုက်မယ် ” ဘာယာကိုသိန်းလွင်ကို ကျတော်ပြောတော့ “ ကာတွန့်  ဘယ်ဗေဒင်ဆရာလည်း ” ( အင်းစိန်ထောင်မှာ ကျတော့် ကို ဗိုလ်ကာတွန်း လို့ ခေါ်တာ ၄ ယောက်ရှိသည် မကသ ကိုဇော်မင်း လူ့ ဘောင်သစ် ဂျင်မီ ရကတမှ ကိုတင့်ဆန်း ဘာယာ သိန်းလွင် တို့ ဖြစ်သည်)
“ ဒီတိုက်ထည်းမှာ ဗေဒင် ဆရာ ဘယ်နှစ်ယောက်ရှိလို့ လည်းဗျ ” ကျတော်စိတ်တိုပြီး မေးလိုက်သည် “ဟ ဗိုလ်ကာတွန်းရ ၂ယောက်ရှိတယ်လေ ၁ တိုက်မှာ ဆရာ စံဇာဏီဘို ရယ် ၃ တိုက်မှာ ဆရာခ ၇ယ်လေ ” အဲတော့မှ ဟုတ်သားဘဲ ဆရာစံဇာဏီဘို လည်း ရှိပါသေးလားလို့  တွေးလိုက်မိသည် ။ “ ဆရာခဆီ မှာမေးချင်တယ် သွားမေးပေးဗျာ” သူထွက်သွားသည် အဲနေ့ က သူပြန်မလာတော့ နောက်နေ့ ရေချိုးဆင်းလို့ ဘာယာသိန်းလွင်နဲ့ တွေ့ တော့ “ ကိုသိန်းလွင် ဘာပြောတုန်း” “ဆေးလိပ် ၅၀ ပေးရမယ်တောင်းနေတယ် ဗိုလ်ကာတွန်း ” စိတ်ထည်းမှာ ထောင်းခနဲ ဖြစ်သွားသည် “ မပေးဘူး ဗျာ မမေးဘူးဗျာ” စိတ်ထည်းမှာတော့ တေးထားလိုက်သည်--------။
(နောက်မှ သိ၇တာ သူတောင်းတာမဟုတ် ဘာယာတွေ ကလိမ်ကကျစ်ကျတာပါ )

တနေ့  သူတို့ တိုက်မှာရေမလာလို့ ကျွန်တော်တို့ တိုက်ရှေ့  က ၅ တိုက်မှာ ရေလာချိုးကြသည် ကျတော်တို့  အခန်း ရေချိုးချချိန်နဲ့ တိုက်နေလို့  တံခါးပေါက်က ချောင်းကြည့်လိုက်တော့ နှတ်ခမ်းမွှေး ကားကားကြီးနဲ့ သူ့ ကိုတွေ့ လိုက်သည် မြတ်ထွန်း (အေဘီအက်ဖ် ဒီ အက်စ် ၂၀၉) နဲ့ တွဲ ပြီးလမ်းလျှောက်လာတာတွေ့ ၇သည် စကားအများကြီးပြောဘို့ အချိန်မရ ကျတော်တို့ အခန်းက တက်ရတော့မှာ ဆိုတော့ တွေ့ တဲ့ အချိန်လေးမှာဘဲ သျှာရှည်ပြီး မေးလိုက်မိသည် “ဆရာခ ကျွန်တော်စာရေးချင်လို့ ဘာတွေ ဘယ်လို စရေးရမယ်နဲ့ ဘာတွေလိုအပ်တယ် နဲနဲလောက်ပြောသွားပေးပါ” သူက “ဟ မောင်ဇော်ထွန်းက စာရေးတာ ဘာခက်လို့ တုန်း စာရွက်နဲ့ ဘောပင်ရှိ ရေးလို့ ရတာဘဲ မင်းအခုဆို စာရွက်နဲ့ ဘောပင်တောင်မလိုဘူး အဲမှာ အုတ်ခဲအပိုင်းစလေးတခုကောက် သံမံတလင်းပေါ် ရေးချင်တာရေးစမ်းကွာ” တောက် စိတ်ထည်းမှာ ဒုတိယ အကြိမ်တေးထားလိုက်မိသည်--------။

တတိယ အကြိမ်ဆုံတော့ သူနဲ့ ရင်းနှီးနေပြီ ထောင်ကလည်းနဲနဲ အခြေနေကောင်းနေသည် ကောင်းဆို သူတို့ ၃ တိုက်က ဘောက်ချာ တိုက်ဆိုပြီး နံမယ်ကြီးသည် တနေ့  ဘိုဘို ဦး (အေဘီအက်ဒီအက်စ် တပ်ရင်းမသိ ) နဲ့ ထောင်ဝင်စာအပြန်ခဏ ၀င်လိုက်သွားခဲ့သည် ဘိုဘိုဦးက လမ်းမှာထည်းက ပြောထားသည် ကျတော်သူ့ အခန်းရှေ့ မှာ ရပ်လိုက်ပြီး သတင်းလေးဘာလေးပြော စကားစပ်မိစပ်ရာပြောရင်း ဘိုဘိုဦးကလက်အတို့ သူသင်ပေးသည့်အတိုင်း “ ဆရာခ ခင်ဗျားက လူတွေလိမ်စားနေတာဘဲဗျ ဟုတ်တာ နဲနဲကို မဟုတ်တာများများရေးပြီး မနုစာရီ တို့ ဆားပုလင်းနှင်းမောင်တို့ နဲ့ လုပ်စားနေတယ်ပေါ့ ” ကိုယ်ကလည်း ဂွင်ဝင်တုန်း တေးထားတာတွေ နဲ့ ရောပြီးကစ်လိုက်သည် သူအပြုံးမပျက် “ဟေ့ကောင် မင်းတို့ လို စဉ်းစားတတ်တဲ့ ကောင်တွေ ဖတ်ဘို့ ရေးထားတာမဟုတ်ဘူး မင်းတို့ မဖတ်နဲ့  ငါ့စာအုပ်တွေကို အသက် ၁၄ နှစ်ကနေ အသက် ၂၁ နှစ်အတွင်း ကလေးတွေ ဖတ်ဘို့ ရေးထားတာ မင်းတို့ မဖတ်လည်း ငါ့စာအုပ်တွေ ထုတ်တိုင်းကုန်တယ် ” ကျတော်ဘာပြောရမှန်းမသိခဲ့ (နောက်မှ ကိုမြတ်ထွန်းပြန်ပြောသည်မှာ သူတို့ အရင်မေးထားခဲ့ပြိးပြီတဲ့ အဲအတိုင်းဘဲ ဖြေခဲ့တယ်တဲ့ -----------။

နောက်ပိုင်း သူကျွန်တော့ကိုဗေဒင်နဲနဲပါးပါးသင်ပေးသည့် သဘော ဗေဒင်နဲ့ ပတ်သက်တာတွေ မေးရင်ပြောပြသည် မရှင်းတာတွေမေးရင် သူရှင်းပြသည် သူ့ ကို ကျွန်တော်မေးဘူးသည် “ဆရာခ အရင်က ဆရာခက အနီဆို (အလံနီကိုဆိုလိုသည်) ထောင်လည်းကျဘူးတယ်ပြောတယ်ဟုတ်လား” “အေးအစက တော့နီတယ်ကွာ ခုတော့မနီတော့ဘူး ထောင်ကျတာက တော့ ၂ခါ ၃ခါ လောက်ပေါ့ ” ကျတော်က ဆက်ပြီး “ ၇၀ ကျော်နှစ်တွေတုန်းက ဆရာခ ကို ဘိုးတော်လိမ်မှုနဲ့ ဖမ်းပြီးထောင်ချဘူးတယ်ဆို ဘိုးတော် အောင်ထွန်း ဆိုတာ ဆရာခမို့ လား” သူမျက်နှာကို ရှုံ့ မဲ့လျှက်“ အေး ဘိုးတော်အောင်ထွန်းဆိုတာတော့ဟုတ်တယ် ဒါပေမယ့် လိမ်တာမဟုတ်ဘူး ဟေ့ကောင်ရေ ခိုးတာခိုးတာ မင်း ဘိုးတော်တင်ဦးဆိုတာ ကြားဘူးလား အင်းစိန်ထောင်မှာနံမယ်ကြီး ” “ဟုတ်ကဲံ့ ပြောပါဦး ဆရာခ” “ သူ့ ကိုဆို အဲအချိန်က ထောင်ပိုင်ကိုယ်တိုင် ထိုင်မကတော့ ယုံတမယ်လေ ထောင်ပိုင်ဘာဖြစ်ချင်လည်း အကုန်အဆင်ပြေအောင်လုပ်ပေးတာ ဘာစားချင်လည်းပြော ပူပူနွေးနွေးရမယ် ၀န်ထမ်းတွေဆို သူခိုးပေးတ်ာအမြဲတန်းစားရတယ် ကြောင်နှစ်ကောင်ခေါက်ဆွဲ စားချင်လား ရတယ် စားချင်တာပြောလိုက်ကွာ နာရီဝက်အတွင်းရောက်လာစေရမယ် ” “ ဘယ်လို ခိုးသတုန်းပြောပါဦး ဆရာခရဲ့ ” “အေးအဲလိုခိုးဘို့ အတွက်က ရုက္ခစိုး မှော်ဆိုတာ အောင်ရတယ်ကွ မင်းနားလည်အောင် တိုတိုပြောရရင်ကွာ သရဲမွေးပြီး သရဲ ကို ခိုးခိုင်းတာပေါ့ ဘာကတိ ညာကတိတွေ ထားရသေးတယ် ” သရဲမွေးတာ ဆိုတော့ ကျတော်တောင်နဲ နဲ လန့် သွားတယ် ( အဲဒိအချိန်က စပြီး ကျွန်တော်သရဲ ကြောက်တတ်သွားတာပါ အစက မယုံ မကြောက် )----------။

နောက်တခါဆုံတော့ ကျွန်တော်မသိချင်ယောင်ဆောင်ပြီး “ ဆရာခ ဆရာက ကပြောတယ် ဆရာခ ကိုလျှာဖြတ်စရာ အကြွေး ရှိတယ်ဆိုတာ ဟုတ်လား ” သူ တချက်တွေဝေ သွားတာတွေ့ လိုက်သည် ပြီးမှ “ ဟုတ်တယ်ကွ ငါသေချာတွက်တာ ဘာမှားလည်းမသိဘူး နက္ခက် ကော ဗေဒင်ကော ဗမာပြည် ဇာတာ ကော အချိန်ချပြီးတွက်တာဘဲ သေချာပေါက်ကို မှန်ရမှာ ဒါပေမယ့် ခက်တာက ကွာ ဗေဒင်မှာ လည်း ယတြာတို့  ဓါတ်ဆင် ဓါတ်ရိုက်တို့  ကတ်ကင်း ရိုက်တာတို့ ရှိတယ်ကွ ငါထင်တယ် န၀တ ( အဲအချိန်က န၀တ ဘဲ ရှီသေးသည်) ဓါတ်ဆင် ဓါတ်ရိုက်တို့ ကတ်ကင်းရိုက်တာတို့ လုပ်မယ်ထင်တယ်ကွ ” “ကတ်ကင်းရိုက်တယ်ဆိုတာ ဘယ်လိုလည်း ဆရာခ ” “ဒီလိုကွာ ဓါတ်ပြန် ရိုက်တယ် ခေါ်မှာပေါ့ ဥပမာ ခု စောမောင်အုပ်ချုပ်တယ်ထားပါတော့ သူ နဲ့ စကားပြောလို့  အထက်စီးရချင်ရင် အနိုင်ရချင်ရင် သူ့ နံမယ် အင်္ဂါ ကြာသာပတေးကို ကတ်ကင်း ကြာသာပတေး အင်္ဂါ နဲ့ ပြန်ရိုက်ရတယ် အနဲဆုံးကကွာ သူနဲ့ စကားပြောတော့မယ်ဆို ကြာသာပတေး နဲ့ စပြီး အင်္ဂါ နဲ့ ဆုံးတဲ့ ပစ္စည်းတခုခု ဆောင်သွားကွာ ပြီးတော့ မြစိမ်းရောင်ဝတ် မြင်းစိးသွားပေါ့ ကွာ ဟဟဟဟဟ ” သူသဘောကျနေသေးသည် -----။

သူ ထောင်က လွတ်မယ့် နေ့ မတိုင်ခင်တရက်က စပြီး ဘယ်သူ နဲ့ မှ စကားမပြောတော့ တနေ့ လုံးတညလုံး “ဥုံ” တလုံးထည်း ရွတ်နေခဲ့သည် မိလ္လာချ ရေချိုး “ဥုံ” နေခဲ့ သည် ဒီတခါတော့ တိုက်ဆိုင်မှုကြောင့်လားမသိ နောက်တနေ့ မနက်မှာ ဘဲသူ လွတ်သွားခဲ့ သည်--------။

ထောင်ကလွတ်တော့ ကျတော်သူ့ ကိုတွေ့ ဘို့ ကြိုးစားခဲ့ သည် တွေ့ ခွင့်မကြုံ ရှင်းစရာ ကိစ္စလေးတွေ ရှိလို့ ပါ ပထမ ကိစ္စက ရွှေ ဘုန်း လူ့ (မနော်ဟရီ ပါမပါ မသေချာ) ကို နာရေး ပွဲတပွဲလား သာရေး ပွဲတပွဲလားတော့မသိ မင်းသိင်္ခ တပြည့် ဆိုသူတွေက ၀ိုင်းထိုးလွတ်လိုက်သည်ဟုကြားသည် အဲဒီကိစ္စ ဆရာခ နဲ့ ရှင်းချင်သည် နောက်တခု ဗေဒင် တွက်ကြည့်ချင်သည် နောက်တခု က သျှာဖြတ်ဘို့ ကိစ္စ ရိချင် ခနဲ့ ချင် သည်သူ့ ကို သို့ သော် ကျွန်တော့်အမေက ပေးမတွေ့  ပြသနာတက်မှာကို သူ စိုးရိမ်သည် ရွှေဘုန်းလူအတွက် တခုခု ပြန်လုပ်မှာ ကို သူအရမ်းစိုး၇ိမ်သည် ဒီတော့ “မသွားပါနဲ့ သားရယ် အဝေးကြီးး မှော်ဘီမှာနေတာ နောက်သူ့ ကိုတွေ့ ဘို့  တုန်ကင် တရက် ကြိုယူရတယ် နောက်ပိုင်းလည်း ဗေဒင်က သူမဟောတော့ဘူးသူ့ တပြည့် တွေဘဲ ဟောနေတာ နောက်ထောက်လှမ်းရေးတွေ ကလည်းပြည့်နေတယ် ” ကျွန်တော် ဘာမှမပြော နောက်တခါ ထပ်ပြောတော့ “ အင်းသားသွားချင်ရင် ဒိလိုလုပ် သူ့ ဆီအရင်မသွားနဲ့  မှော်ဘီရောက်ပြိးမှ မတွေ့  ရရင် အလကားဘဲ သူ့ ညီ ကျောက်မြောင်းမှာ ရှိတယ် အဲဒီကို အရင်သွားလိုက် မေမေ လိုက်ပို့ မယ်” ဟုပြောလျှက် သားအမိ ၂ ယောက် ကျောက်မြောင်းကို သွားခဲ့ကြသည် ။ ကိုဝင်းဇော် (သစ်တော) ဆီရောက်တော့ ကျတော်ပြောသည် ကျတော် ထောင်ကလွတ်လာတယ် မင်းသိင်္ခ နဲ့ တွေ့ ချင်ပါတယ် ဆိုတော့ သူက သူ့ အကို တရားစခန်း ၀င်နေကြောင်း ဘယ်သူနဲ့ မှ မတွေ့ ကြောင်း ဗေဒင်လည်း မဟောတော့ကြောင်းပြောပြီး သူဟောမယ်ပြောလျှက် ကျတော့်ကို ဗေဒင်ဟောလိုက်သည်
“မင်းကံဇာတာ နိမ့်တုန်းဘဲ အဖမ်းခံ ၇ဦးမယ် အရိုက်ခံ၇ဦးမယ် လွတ်အောင်ပြေးတော့ ” တဲ့ ( ရိုက်မယ့်သူကတော့ အမြဲရှိနေမှန်းသိပါသည်) သူ ယတြာ ချေပေးပါ့မယ်ပြောလျှက် အဆောင်တွေပေးလိုက်သည် ဘာတွေမှန်းတော့မသိခဲ့ပါ သူ့ ဟောချက် မှန်ခဲ့ပါသည် ၇က်ပိုင်းလောက်ဘဲ ကြာတယ် ထောက်လှမ်းရေးလိုက်ဖမ်းလို့ ပြေးလိုက်ရတာ ထိုင်းကိုဘယ်လို ဘယ်လို ရောက်သွားမှန်းကို မသိလိုက်ခဲ့------။

Photobucket


သူ အခန်းရှေ့ မှာလာ၇ပ်ပြိး “ဖက်တီးက မမိုက်ပါဘူးဗျာ ၀ါးတီးတွေ အကုန် သူ့ ခေါင်းရင်းမှာ ချိတ်ထားတာ စားချင်တာတောင်မစား၇ဘူး” အဲအချိန်ထိ သူ့ ကို မိုးမြတ်သူ (အယ်လ်နယ်ဒီလူငယ် ယခုထိုင်း) ရဲ့ အမှုတွဲလို့ ဘဲသိထားခဲ့သည်
နောက်တခုသိတာက သူပန်းချီကောင်းကောင်းဆွဲတတ်သည် လို့ သိသည် သူ နဲ့ တခန်းထည်းနေတဲ့ ဖက်တီးအကြောင်းပြောရင်းက သူ ပန်းချိ ကေမျိုး ဆိုတာ သိလာခဲ့သည် သူ့သီချင်းလည်းရေးသည် အရပ်မြင့်မြင့် ဗလတောင့်တောင့် ဆိုတော့ ကျတော်ပြောသည် “ကိုမျိုး ခင်ဗျားတို့ က ၂ ယောက်လေ ဖက်တီးကို မိုးမြတ်သူ နောက်က ချုပ်ခိုင်းထားပြီး ခင်ဗျားကလိမထိုးရဲဘူးလား သူယားတတ်တယ်လို့ ပြောဘူးတယ်”

(ဖက်တီးခေါ် လေးမောင်သက်ခေါ် တင်မောင်လွင်အကြောင်း နဲနဲဖြတ်ပြောချင်ပါသည် ) ထောင်က ထွက်ရင် ကျွန်တော့် ကိုသတ်မယ်ကြိမ်းတဲ့ ထည်းသူလည်းပါသည် သူ့ ကိုကျတော်က ဖက်တီး ၀က်ကြီး လူယုတ်မာကြီး လို့ အမြဲခေါ်လို့  ၇န်ခဏခဏ ဖြစ်၇သည် သူ ယုတ်တာတွေ နဲနဲပြောပြမည် အင်းစိန်ထောင် တိုက်ဝန်း အတွင်းမှာ ဖော်ကောင်လုပ်သည့် ကိစ္စ နှင့်ပတ်သက်ပြီး နံမယ်ကြိး ၃ယောက် ရှိသည် ပထမ တယောက်က ဗမာပြည် ကွန်မြူနစ်ပါတီက ကိုသက်ခိုင် ။ သူ့ အား အလွန်အရေးကြီးသည့် ကိစ္စများ ဖြစ်သည့် ပန်ဆန်းဌာနချုပ်မှ သတင်းများကို ပြန်ဖော်ပေးသည့် အလုပ် ကို ပြုလုပ်ပေးခဲ့ပြီး အလုပ်ကိစ္စများကို ကိုသက်ခိုင်နဲ့  ၂ ယောက်ထည်းသာ သိခဲ့တဲ့ ဦးသန်းစော (ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်) ကဲံ့ သို့ သော အရေးကြီးပုဂိုလ်များအပါအ၀င် လဘက်ရည် ၀ယ်ပေးတဲ့ ကုလားအဆုံး လူပေါင်း ၁၀၀ ကျော်ဖော်ချခဲ့သည် နောက်တယောက်က ဟသာင်္တ ဦးအုန်းသန်း ( သူက ကျတော်တို့ လို ဘဲ ဘောကြီးခေါ်တင်စိုး အင်ဖော်မာလုပ်လို့ ထောင်ကျ) သူလည်း ရှိသမျှ အကုန်ဖော်ချခဲ့သည်လို့ နံမယ်ကြီးသည် ။
နောက်ဆုံးတယောက်ကတော့ လူယုတ်မာကြီးတင်မောင်လွင် သူ့ အဖေက နံမယ်ကြီး ဗမာပြည်မှာ အသက်အငယ်ဆုံးနဲ့ ပါမောက္ခဖြစ်ခဲ့ သူ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်ပါ သူ့ အမေတော့မသိပါ သူ့ အကိုကလည်း ဗမာပြည်မှာအတော်ဆုံးဆေးကျောင်းသား ၁၀ တန်းအောင်ပြီး ကျောင်းပိတ်ရက်ထည်းက စာကြည့်တာ ကျောင်းဖွင့်တော့ ဒုတိယ နှစ် ဆေးကျောင်းကို့ စ် ကို အလွတ်ရပြီးသား ဒုတိယနှစ်ရောက်တော့ ဗမာပြည်ဆေးကျောင်းပညာရေးစံနစ် နိမ့်သည်ဆိုလျှက် ကျောင်း ဆက်မတက်ဘဲ နိုင်ငံခြား မှာ ဆေးကျောင်းတက်ဘို့  ဗမာပြည်က တိုက်ရိုက်ဖြေတာ ချက်ချင်းအအောင်ပေးခံခဲ့ ၇သူတဲ့ သူ့ ကျတော့လူယုတ်မာသက်သက် ရန်ကုန်မြို့လည်ကောင်မှာ လေအေးသာ တည်းခိုခန်းဖွင့်လျှက် အမျိုးသမီးပေါင်းများစွာကို ဖျက်စီးခဲ့သူ သူထောင်ထည်းရောက်တော့ နောက်ဆုံးဖျက်စီးခဲ့တဲ့ အမျိုးသမီး ၂ ယောက်အကြောင်းကို မြိန်ရေသျှက်ရေပြောတုန်း အမျိုးသမိး ၂ ယောက်က ဟသ်ာတက ကုန်လာပို့ ရင်း အလိမ်ခံလိုက်၇သည် သူ့ တည်းခိုခန်းမှ တည်းခိုနေကျ ဖောက်သည် ငွေမပါဘဲ ပြန်ဘို့ အခက်ခဲဖြစ်နေတဲ့ အမျိုးသမီး ၂ ယောက်ကို လူမိုက်တွေ အားကိုးလျက် ဖျက်စိးခဲ့သည် သူ့တည်းခို ခန်းမှာ အမျိုးသမိးတွေကို တိုင်းရဲက ဆင်းဖမ်းလျှင် မမိအောင် ရုပ်ရှင်ထည်းကလို အံဝှက်တွေ ထားပြီး ဖွက်ထားခဲ့သူ နောက်ဆုံး ထောက်လှမ်းေ၇းက အမျိုးသမီးများနဲ့ ပျော်ပါးဘို့ လာဟန်ဆောင်လျှက် ဖမ်းမှ လက်ပူးလက်ကြပ်မိတော့သည် မိတော့လည်း လူတွေကို ဒုခပေးတုန်း သူ နဲ့ မတည့်သည့် ရဲတွေ မြို့နယ်မှုးတွေ အပါအ၀င် အင်းစိန် စီအိုင်ဒီက အခွေကြီးတွေ ဆွဲထည့် လိုက်သည် တကယ် လာတ်စားခဲ့တဲ့ ရဲတွေကို တယောက်မှ မဖော် အဲလို ဒုခပေးခဲ့တဲ့ကောင်ကြီး )

ကိုကေမျိုး နဲ့ခင်လာတော့ သူ့ အကြောင်းတွေမပြောဖြစ်သော်လည်း သူ သီချင်းတွေ ဆိုပြခဲ့သည် သူရေးသည့် သီချင်းတွေ ပြခဲ့သည် သူပန်းချီလေး လက်ကိုင်ပုဝါမှ ဆွဲပေးခဲ့သည် အမှတ်တယဆိုပြိး သို့ သော် သူဆွဲပေးခဲ့ သော ပန်းချီကားလေးပါသည့် လက်ကိုင်ပုဝါလေး ထောင်တွင်း ရှာဖွေရေးလာတော့ အသိမ်းခံလိုက်၇သည် ထောင်က လွတ်တော့လည်း သူနဲ့ မတွေ့ ဖြစ်တော့ မိုးမြတ်သူတယောက်တော့ ထိုင်းရောက်နေတာ တွေ့ ခဲ့သည် ကိုကေမျိုးတယောက် ခုတော့ ဟိုးးးးးးးးးးးးးးးးးးး အဝေးကြီးကိုေ၇ာက်သွားခဲ့ပြီ ကိုကေမျိုးရေ ခင်ဗျားဆိုပြခဲ့တဲ့ သီချင်းသံလေးကြားတုန်းဘဲဗျိုးးး ။ ။


နောက်မှ ဆက်ပါဥိးမယ်

14 comments:

  1. စိတ်ဝင်တစား ဖတ်သွားပါတယ်ရှင်

    ReplyDelete
  2. ဆရာ က အကြောင်း ကောင်းသလို ခ အကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှတယ်ဗျာ။ ဘိုးဘိုးကို ဘာလို့ ဗိုလ်ကာတွန်းလို့ ခေါ်တာလဲဗျာ။ အဲတာလည်း စိတ်ဝင်စားတယ်။ ကျတော် ငယ်ငယ်က ကြည့်ဖူးတဲ့ ဗိုလ်ကာတွန်း ရုပ်ရှင်ထဲက မင်းသား ဖိုးပါကြီးနဲ့ တူလို့ထင်တယ်။ သိပြီ။ ဗိုလ်ကာတွန်း ဇာတ်ကားထဲမှာ ဗိုလ်ကာတွန်းက မင်းသမီး ဒက်ဖနီကို ကြိုက်တာကိုး။ ဗိုလ်ကာတွန်းလုပ်တဲ့ ဖိုးပါကြီးက အသက်ကြီးနေပြီး မင်းသမီး ဒက်ဖနီက တော်တော်ငယ်သကိုး။ ခုလည်း ကျတော်ထင်တာတော့ ဘိုးဘိုးက ကောင်မလေး ငယ်ငယ်တွေကို မျက်စိကျတတ်လို့ ထင်တယ် ဟဲ ဟဲ

    ဆရာခ မရမ်းတလင်းတော ပြောင်းပြီးတော့ ကျန်းမာရေးလည်း သိပ်မကောင်းလှပါဘူး။ အစစ အရာရာကို သူ့တပည့်တွေက စိတ်ထင်သလို လျှောက်လုပ်နေကြတာပါပဲ။ မူးလားပြီး စကားမှားတဲ့ ကိုရွှေဖုန်းကို ၀ိုင်းရိုက်တယ်ဆိုတာလည်း အဲတာပဲ။ ဒီအပြင် ကိုရွှေဖုန်းက ဘိုးတော်ခကို စာအုပ်တစ်အုပ်ထဲမှာ နည်းနည်း သရော်တော်တော် ရေးထားတာရှိတယ်။ သူ့သားလေးနေနေအတွက် ရည်ရွယ်ရေးတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။ အဲဒီကိစ္စကို ဘိုးတော်ခ တပဲ့တွေက အစာမကျေတာလည်း ပါတယ်။ နောက်တော့ ရုံးရောက် ဂတ်ရောက်တွေ ဖြစ်ကြသေးတာ ကြားတာပါပဲ။ ဒီနောက်ပိုင်း တပ်ကဆိုပြီး ဆရာခခြံထဲ ၀င်ရမ်းတာတွေလည်း ရှိပါတယ်။ ဘိုးတော်ခသေပြီးတော့လည်း အတူနေ သူ့တပည့်တွေက တထီးတနန်းတွေ လျှောက်လုပ်နေကြလို့ အရင်လူတွေ တပည့်ဟောင်းကြီးတွေလည်း ရှောင်ကုန်ကြပါပြီ။ ဇင်ယော်နီတို့၊ ၀ိဇ္ဇာပြောင်တို့ သိုးထိန်းတို့ တတွေပေါ့ ထားပါတော့။

    အော် ဘိုးဘိုးက တဲရော့ ကိုဝင်းဇော် ဟောလို့ ထွက်ပြေးရတော့တာကိုး။ ဘိုးတော်ခက ကတော့ စကားအမြဲလွန်တယ်။ သူမှားရင် သူ့လျှာကို ဖြတ်ရုံနဲ့မပြီး ဆဟာရ ကန္တာရထဲ လွင့်ပစ်ရမတဲ့ ပြောလိုက်ရင်တော့ အလွန်အကြူးပဲ။

    လေအေးသာ တင်မောင်လွင်အကြောင်း သိရတာ ကျေးဇူးတင်တယ်ဗျာ။ ဒီကောင့်က အမျိုးအဆွေ ကောင်းတယ်ဆိုမှ ခုမှသိရတယ်။ ကျတော်တို့ ငယ်ငယ်က သူငယ်ချင်းထဲမှာ နည်းနည်းယုတ်မာတဲ့ကောင်ဆိုရင် ဟေ့ကောင် -ာဂေါင်း တင်မောင်လွင်။ -ာဂေါင်းလေးမောင်ဆို ကောက်တပ်ပြီး အားရပါးရ ဆဲပလိုက်တာပဲ။ အဲတာ ထုံးစံလို့တောင် ဖြစ်ခဲ့ဖူးတယ်။ မှတ်မှတ်ရရ ၉၁ ခုနှစ်လောက်က ဖြစ်မယ်ဗျ။ ဒီကောင်က အင်းယားလမ်းထဲမှာလည်း မျက်နှာကြီးတွေအတွက် သက်သက်ဖွင့်ထားတဲ့ ရုံတော်မင်္ဂလာတောင်ရှိတယ် ကြားဖူးတယ်။

    ခုလို သက်ကြီးစကား သက်ငယ်ကြားရတာအတွက် ကျေးဇူး

    အစာလည်းစား.. လေးသံလည်း နားထောင်ဦး ဘိုးဘိုးရေ ကျနော်တို့က အဝေးက ဆိုတော့လေနဲ့ပဲ ကူညီနိုင်တယ်။ အဝေးရောက် ဗမာအစိုးရလိုပေါ့နော် ဟဲ ဟဲ

    ReplyDelete
  3. ကိုတိုး....
    ဒါမျိုးတွေက ကိုယ်တိုင်ကြုံတွေ့ ခဲ့ ရလို့ သာရေးနိုင်တာနော်...
    အခုတော့ လည်းသံသရာရထားပေါ်မှာဆုံခဲ့ တဲ့ သူတွေ...
    ကိုယ်စီကိုယ်စီ...ဆိုင်ရာဆိုင်ရာ ရထားတစ်စင်းစီနဲ့ ခရီးနှင် နေဆဲ....
    ဆက်ရေးပါဦးဗျာ....
    ဘ၀တစ်ကွေ့ သမိုင်းမှတ်တမ်းများပေါ့ ....

    ReplyDelete
  4. လုပ်ပြန်ပြီ နှင်းမှုန်ဝေ အပြောခံရဦးမယ်
    ဗိုလ်ကာတွန်း လို့ခေါ်လား ခင်ဗျားကို ကိုကျော်ထူးညီလေးမှန်းမသိလို့ပါ
    ခေါ်ပါစေ.ဆရာခ က ခင်ဗျားကို ဘာတွေဟောခဲ့သေးသလဲ ဟောတော့ဟောမှာ ခင်ဗျားကလဲမေးမှာ ဘာတွေမှန်ပြီးဘာတွေမှားတယ်
    ဆိုတာလည်းမရေးဘူး.

    ReplyDelete
  5. ကိုတိုးရေ..
    အလုပ်တွေ ဘေးဖယ်ထားပီး ၀င်ဖတ်သွားတယ်နော်..

    ReplyDelete
  6. အစ်ကိုတိုး
    လာဖတ်ပါတယ်
    ဒီလိုအတွေ့အကြုံတွေဟာ မှတ်တမ်းတင်သင့်ပါတယ်

    ReplyDelete
  7. အဟောင်းပဲပြန်ဖတ်သွားပါတယ်ရှင်

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ဘိုးဘိုးကြီး အဟောင်းတွေပဲဖတ်နေရတယ်ဗျ
    ဘယ်သူ့ကို ပြဿရှာရေးရင်ကောင်းမယ် စဉ်းစားနေတာမှလား..
    ပူညံပူညံဖြစ်အောင်လေ..ကိုတိုးကြီးတို့.နော်ဝေက.ကျောင်းသားခေါင်းဆောင်တွေအကြောင်းရေးပါဦး..လေအေးသာအကြောင်းပြောတာနဲ့ မင်းသမီးပုံလေးကိုတင်လိုက်တော့ ကာယကံရှင်လေးခမျာ ဘယ်လိုနေမလဲ..ဟင်း..ခက်ပါ၏..

    ReplyDelete
  10. ကိုမိုးမြတ်သူနဲ့ကိုကေမျိုးအကြောင်းတွေပါလို့
    ကျမအရမ်းသိချင်ခဲ့ပါတယ်..။ဘယ်သူလဲဆိုတာကိုပါရှင်..။
    ကျမကမိုးမြတ်သူရဲ့အမျိုးသမီးပါရှင်..။
    ထောင်ထဲကအကြောင်းတွေကိုရေးလို့
    လေးစားမိပါတယ်ရှင်..။

    ReplyDelete
  11. ဟုတ်ကဲ့ မမြတ်လေးငုံ ဒါဆို မမြတ်လေးငုံက မဥမ္မာထင်တယ်နော် ထိုင်းမှာတုန်းက ဆုံခဲ့ ဘူးပါသေးတယ် မမှတ်မိလို့ ဖြစ်မှာပါ ကျတော်အေအေပီပီက ပါ ဇော်ထွန်းလို့ ခေါ်ပြီး ဖင်လန်မှာနေပါတယ် သူ နဲ့ ထောင်ထည်းမှာ ဆုံခဲ့ ဘူး
    ပါတယ် သူနဲ့ လည်းထိုင်းမှာတွေ့ ခဲ့ပါသေးတယ် သူမှတ်မိမှာပါ ကျတာ့် ဆိုဒ်မှာလည်း ကျတော့်ပုံတွေ တင်ထားသလို တချို့ ဆောင်းပါးလေးတွေမှာ နံမယ်အရင်းကိုသုံးပါတယ် ဗကသ ကပါ

    ReplyDelete
  12. မဥမ္မာ မဟုတ်ရင်တော့ ခွင့်လွတ်ပါနော် သူ့ အမျိုးသမီးဆို မဥမ္မာလို့ ဘဲသိထားလို့ ပါ နောက်တယောက်ဆိုရင်တော့ ကျတော်လည်းမသိဘူး သူ့ ကိုဘဲ ဗိုက်ခေါက်ဆွဲ ပြီး သေချာမေးပေတော့ ဥမ္မာဆိုတာ ဘယ်သူလည်းဆိုပြီး သူကရုပ်လည်းချော အပြောလည်းကောင်းတော့ များတယ် ၀ိုင်းနေလို့ ပါ

    ReplyDelete
  13. ကိုဇော်ထွန်းရေ..ကျွန်တော် မိုးမြတ်သူပါ..ခင်ဗျားရေးထားတာလေး အခုမှဘဲ ဖတ်ဖြစ်တယ်..မနှစ်က ကျွန်တော့ အမျိုးသမီးက ဒီဆောင်းပါးဖတ်ဖြစ်တယ်ဆိုပြီး ပြောတယ်..ဒါနဲ့ ဖတ်မယ်နဲ့ မေ့မေ့နေတာ..တကယ်ဆို တနှစ်တောင် ရှိသွားပြီ..အော်.ကျွန်တော့အမျိုးသမီးဆိုတာ မဥမ္မာ(မြတ်လေးငုံ)ပါဘဲဗျာ..တယောက်ဘဲရှိပါသေးတယ်..(နောင် မသေချာသယောင်..မထင်ပါနဲ့ဗျာ..)ရှားရှားပါးပါး ရှာထားရတာ နောင်လဲ ဒီတယောက်ပါဘဲဗျာ..။ ကျွန်တော်က ရုပ်လဲချောတယ်ဆိုတဲ့ အမှန်စကားပြောတာကိုတော့ ကြိုဆိုပါတယ်..ဟီးးးးးးးး။ အဲ..ဗိုလ်ခအကြောင်းဖတ်ရလို့ ၀မ်းသာပါတယ်..လင်းမောင်သက်ယုတ်တာက တမျိုးပေါ့။ သူယုတ်တာကလဲ တမျိုးပေါ့..။ လူတွေက သိကြမှာမဟုတ်ဘူး..ကျွန်တော်လဲ “ရွှေဘုန်း”နီးပါး ခံလိုက်ရတဲ့ အတွေ့အကြုံရှိခဲ့ပါတယ်..တချိန်ကျရင် မျှဝေပါ့မယ်..။ မိုးကြီး

    ReplyDelete