Tuesday, November 3, 2009

ကျတော်ဆုံခဲ့ဘူးသော ဘ၀တက္ကသိုလ်မှ အနုပညာသည်များ

Photobucket



အပိုင်းနှစ်
၁၉၉၀ စက်တင်ဘာ ထောင်တွင်းပြသနာများ ပြီး ချိန်ကစပြီး ထောင်တွင်း နေထိုင်ရေး ကြပ်သွားခဲ့ သည် ရရှိပြီး ထောင်တွင်းအခွင့်အရေးများပိတ်ပင်ခံ၇သည့်အပြင် သူများတွေ ရေချိုးချချိန်မှာတောင် အခန်းဝကို ဖျာဖြင့်ပိတ်လျှက် တံခါးကို ကျောပေးထိုင်နေရတဲ့အချိန်မှာပါ သူနဲ့ နာရီပိုင်းလောက်လေးဘဲ တွေ့ဖြစ်ခဲ့သည် အဲဒီ တိုတောင်းတဲ့အချိန်လေးမှာဘဲ စကားလေးတိုးတိုးဖြင့်ပြောခဲ့ရသည် “ အခန်းနံရံကိုခေါက်ပြီး မက်ဆေ့ခ် သဘောမျိုးအချက်ပေးလို့ တံခါးဝနားသွားထိုင်ပြီး တိုးတိုးလေး စကားပြောခဲ့သည် ကျတော်ဘယ်သူပါ
လို့ မိတ်ဆက်လိုက်ပြီးခဏအကြာ “ ငါ့ကိုသိလား” သူ့ အမေးကိုကျွန်တော်“ ဆရာက (သူ့ကို့ ခင်သူများက ဗိုလ်မူးသော်က ကို ဆရာက လို့ ခေါ်ပြီး မင်းသီင်္ခကိုတော့ ဆရာခ လို့ ခေါ်ပါတယ် ) ကိုကျွန်တော်သိပါတယ် ဆရာက ရေးတဲ့ တိုက်ရေယဉ် (၁၀၃) လည်းကျွန်တော်ဖတ်ဘူးပါတယ်” “အေးကွယ် မင်းနဲ့ စကားပြောဘို့မလွယ်တော့ဘူး အခြေနေက ကြပ်နေတာ ဘယ်လောက်ကြာဦးမလည်းမသိဘူး မင်းကိုပြောချင်တာက တိုက်ပွဲတိုက်ပြီဆိုရင် နိုင်အောင်သာတိုက်---” သူ့ဆုံးမ သြ၀ါဒတွေပေးနေခဲ့သည် ကျွန်တော်က “အခြေနေကောင်းမယ်ထင်တယ် ဗေဒင်ဆရာ---” ကျွန်တော် စကားဆုံးအောင်သူပြောခွင့်မပြုခဲ့ပါ “တော်စမ်းပါကွာ ဗေဒင်ဆရာဆိုတဲ့ကောင်တွေ လူလိမ်တွေကွ ဟိုဘက်တိုက်မှာ ရှိနေတဲ့ မင်းသီင်္ခ ဆိုတာ သိလား” “ဟုတ်ကဲ့ကျွန်တော် ဆရာခ ကိုသိပါတယ်ခင်ဗျ” “အေးဟုတ်ပြီ မင်းထောင်က လွတ် တဲ့နေ့  သူ့ဆီကိုသွားဖြစ်အောင်သွား ပြီး မင်းငါ့ကိုစား သူ့ သျှာ ကိုဖြတ်လာခဲ့ သူ့ ဆီက ငါ သျှာ တချောင်း ရစရာရှိတယ်” “ဗျာ” “မင်းမသိဘူးလား အဲကောင်ငါ့ကို ထောင်ကလွတ်မယ်လို့အတိကျ ဟောထားတယ် မမှန်ရင်လျှာ ဖြတ် မှန်ရင် သူခိုင်းတာလုပ်ပေး၇မယ်ဆိုပြီး အလောင်းစားလုပ်ထားတယ် နေ့ ၇က်အတိအကျပြောထားတယ် ခုမလွတ်ဘူး ထောင်ထည်းမှာဖြတ်မရလို့ အပြင်ရောက်ရင် ငါ့ကိုယ်စား အကြွေးရအောင်တောင်းပေးနော်” ကျတော်ဘာဆက်ပြောရမှန်းကိုမသိပါ ဟုတ်ကဲ့လို့တော့ပြောလိုက်ပြီး တိုက်ရေယဉ် ၁၀၃ အကြောင်းနဲနဲမေးဖြစ်သည် “ဆရာက အဲတိုက်ရေယဉ်ပျက်တုံးက မသေလို့ အရေးယူခံလိုက်ရတယ် သေရင်ကော ဘာဖြစ်မလည်းမသိဘူးနော် ဘာတံဆိပ် ညာတံဆိပ်တွေများပေးမလားမသိဘူး” သူစိတ်ဆိုးသွားသည် “ အဲအကြောင်းတွေ ငါ့ကို ဘယ်တော့မှမပြောနဲ့ စစ်တပ် ကိုစိတ်နာလွန်းလို့” ဖြစ်နိုင်ပါသည် သူ့ဇနီး ဆုံးလို့ အသုဘ ထွက်ပို့ပြီးအပြန် သူ့အိမ်ခဏ၀င်ပြီး စစ်ဗိုလ်အ၀တ်အစားဖြင့် ရိုက်ထားသော ဓါတ်ပုံကို ကိုင်ပေါက်ခွဲခဲ့သည်ဟု တော့ ကြားခဲ့ဘူးပါသည်---------။

ဒီလူကြီး ငါမြင်ဘူးပါတယ် ဘယ်မှာမြင်ဘူးပါလိမ့်လို့ စဥင်္းစားခဲ့သည် ကိုယ့်အမှုတွဲတော့ အမှုတွဲဘဲ ထောက်လှမ်းရေးက တွဲလိုက်တာဘဲဖြစ်တယ် တရပ်ကွက်ထည်းနေပေမယ့် သူ့  လည်း ကိုယ် မသိ ကိုယ့် လည်းသူမသိ ထောက်လှမ်းရေး ၆ ရောက်မှ သူ့ကိုမြင်ဘူးခဲ့သည် ထောင်ထည်းရောက်ချိန်ထိ စဉ်းစားမရခဲ့ သူကလည်း ကိုယ့်ကို သိပ်ကြည်ပုံမရ ကျွန်တော်ညံ့လို့  သူအဖမ်းခံရတာလို့  ထင်ထားပုံရသည် ကျွန်တော်ညံ့တာတော့ မှန်ပါသည် ကျွန်တော်ကိုယ်တိုင်လည်း သတင်းပေးတယောက်ကြောင့်ခံလိုက်ရတာကိုး သူ့ အကြောင်းကို ဘာမှမသိ မြင်ဘူးတယ် ဘယ်မှမြင်ဘူးလည်း ဒါဘဲ စဉ်းစားနေမိသည် အင်းစိန်ထောင် ၄ တိုက်အတို ကိုရောက်တော့မှာ ပြည့်သူ့တိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင်ကျွန်းပြန်တယောက်က သူ့ကိုလာနုတ်ဆက်သံ ကြားလိုက်၇သည် “ အိုင်ဗွီ လီနင် နောက်တခေါက်ရောက်လာပြန်ပြီလား” အဲအသံကြားလိုက်တော့မှ သူဘယ်သူလည်းဆိုတာ ခေါင်းထည်းမှာ ချက်ချင်းပေါ်လာပါတော့သည် လီနင် လီနင် ဟုတ်ပ တကယ်တော့ သူ့  ကိုမြင်ဘူးတာမဟုတ်ပါ ရုရှားကွန်မြူနစ်ခေါင်းဆောင် လီနင်ကို ဓါတ်ပုံထည်း မှာ မြင်ဘူးထားတာဘဲဖြစ်ပါသည် ခေါင်းပြောင်ပြောင် မျက်လုံးစူးစူး အဲဒီမျက်လုံးများက ခွက်နေသောမျက်တွင်းထည်းမှာရောက်နေသည် လီနင်နဲ့ တော်တော်တူတယ် လို့ခုမှဘဲ စဉ်းစားမိတော့သည် သူနဲ့ကျွန်တော်မတည့်ပါ ခဏခဏ စကားများပါသည် သူစာတွေအများကြီးရေးဘူးသလို သူ့အမျိုးသမီးကလည်းစာရေးဆရာမတယောက်ပါ ကျတော်အဖမ်းခံ လိုက်ရတော့ ယုတ်မာသော အစိုးရက မဆီမဆိုင် ကျွန်တော့် အစ်ကိုကို အလုပ်ဖြုတ်လိုက်သလို သူ့ကိုဖမ်းတော့လည်း သူ့ မိန်းမကို အလုပ်က ဖြုတ်လိုက်ပါသည် သူနဲ့ စကားပြောရတာ တော်တော်လက်ပေါက်ကပ်သည် စာအုပ်တွေအကြောင်းတော့ ပြောဖြစ်သည် ခက်တာက ကိုယ် ဖတ်သမျှ တခု မှ သူအကောင်းမမြင် ဘယ်စာရေးဆရာ အကြိုက်ဆုံးလည်းမေးတော့ အချစ်မှာတော့ ငြိမ်းကျော်လို့ ဖြေမိတော့ “အေးမင်းတို့လိုကောင်တွေ ကြိုက်မယ်ဆို ကြိုက်လောက်တယ် သူစာရေးကောင်းလားတော့မမေးနဲ့ သူအချစ်အရေးကောင်းလို့ သူ့ သမီး ၁၆ နှစ်တောင်မပြည့်သေးဘူး လင်ယူသွားတယ် ” “ မင်းသိင်္ခ ကြိုက်တယ်ပြောမိတော့လည်း “ အဲကောင်လူလိမ်ကွ တချိန်ကဘိုးတော်စစ်ဆင်ရေးတုန်းက အဖမ်းခံရဘူးတယ် ” မောင်သာရ ကြိုက်တယ်ပြောမိတော့လည်း “ ဒီလူကြီးလည်း မောင်သိန်းလွင်ဆိုပြီး ကျောင်း သားခေါင်း ဆောင် လုပ်ခဲ့တယ် နောက်တော့ ဒူးထောက်ပြိးထွက်သွားခဲ့တာ ” အဲလို အကောင်းတွေတခုမှ မပြောတော့ သူနဲ့  စာအကြောင်းပြောဘို့ 
တော်တော်လေးဝန်လေးပြီး ဘာမှဆက်မပြောဖြစ်တော့ ခုအချိန်ထိလည်း သူ့ ဆောင်းပါးတချို့ ကို အွန်လိုင်းပေါ်မှာ ဇင်လင်း အမည်ဖြင့် မကြာခဏတွေ့ နေရပါသည်--------။

၎ တိုက်အတိုကို မရောက်ခင် သီးသန့်မှာထည်းက ၀မ်းကိုက်နေတာ မျော့မျော့လေး ကျန်တော့တယ် သွေးတောင်ပါနေပြီ ထောင်ကလည်းဆေးကုမပေး အိမ်နဲ့ လည်းမတွေ့ ရတော့ ဆေးမှာလို့  မရ လုပ်စရာ တစ်ခုဘဲ ကျန်တော့သည် အိပ်ယာပေါ်ပက်လက်ကလေးလှန် တရားလေးမှတ်ပြီး သေဘို့ စောင့်ယုံပါဘဲ အဲအချိန်မှာဘဲ အခန်းဝမှာ စကား အပြန်အလှန်ပြောသံကြားနေရသည် ခဏကြာတော့ကျွန်တော့်ကိုလှမ်းခေါ်သံကြားလို့  အခန်းဝကိုထသွားတော့ ၀မ်းကိုက်ပျောက်ဆေး မက်ထရို ၇ယ် ထက်ထရာ ဆိုက်ကလင်း တွေရယ်လာပေးတာတွေ့ ရသည် သူ့ ကိုကျွန်တော်မသိပါ လက်ပြင်ကုန်းကုန်း အရပ် ပျက်ပျက်နဲ့  လူတယောက် ပုဆိုးလေးကိုမလို့  “ ငါ့လည်း ရှိတာလေးလာပေးတာဟေ့ တူတူဘဲ ငါတို့ လည်း အိမ်နဲ့ မတွေ့  ရသေးဘူး မင်းတို့ နဲ့  တရက်ထည်း တူတူ ကျတာကွ မင်းတို့ ရှေ့ က အသုတ်လေ ” သူစကား တွေပြောပြနေသည် သူပြန်သွားတော့ ကိုဇင်လင်းကို ကျွန်တော်မေးဖြစ်သည် “ ဦးဌေးအောင် သူက ဘယ်သူလည်း ” ထုံးစံအတိုင်း အရင်စဟောက်ပါသည် “ မင်းကလည်း နိုင်ငံရေးလုပ်နေပြီး အာပြဲတို့  ကိုကိုကြီးတို့ ကလွဲ ရင် ဘယ်သူ့ မှ မသိဘူး သေချာမှတ်ထား အဲဒါ ဦးထိန်လင်းတဲ့ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ် စာလည်းရေးတယ် နောက် ပြည့်သူ့ ရဲဘော်ကော ကြားဘူးလား ” “ ဟုတ်ကြားဘူးပါတယ် ” “ အေး ပြည့်သူ့  ရဲဘော် ဗိုလ်ထိန်လင်း ဆိုတာ နံမယ်ကြီးဘဲ မှတ်ထား”
ကျွန်တော် ဟုတ်ကဲ့ လို့ ပြောယုံမှ တပါး ဘာမှ ပြောလို့ မရတော့ပါ-----။

ရေကန်ပေါ်က အသံကြား နေရသည် တယောက်ထည်းစကားပြောနေတာ “ ကိုသိန်းတန် ကိုသိန်းတန် စိုး သင့် ဘောပေါ်တက်ခဲ့မယ်လေ ” “ အဲလု ဘာတွေ အော်နေတာလည်း ဗျ ” လို့ တဖက်ခန်းမှာနေတဲ့ သူကိုမေးကြည့်တော့ “တွံတေးသိန်းတန် ပြဇာတ်ပြောနေတာလေ သူရေချိုးချတိုင်းအဲလိုပြောနေကျဗျ ရီရတယ် နားထောင်ကြည့်” ကျွန်တော်အခန်းဝ ထွက်လာပြီး နားထောင်ရင်ရေကန်ပေါ်လှမ်းကြည့်တော့ မျက်မှန်ကိုလက်တဖက်ကမ ထမင်းစားပန်ကန်တွေ ကျန်လက်တဖက်နဲ့  မပြီး ရေစစ်နေတဲ့ သူ့ကိုတွေ့ လိုက်ရသည် သူအဲချိန်က ခုလို မ၀သေး ပိန်ပိန်သွယ်သွယ်လေး သူပြန်သွားပြီးတော ကျွန်တော်က “ကိုပြုံးချို သူက ဘယ်သူလည်းဗျ ” လို့မေးတော့ “ အဲဒါ လူရွှင်တော်အရိုင်း လေဗျာ မသိဘူးလား ဇာကနာ အမှုတွဲ့ပေါ့ ” “ ဟုတ်လား နံမယ်ဘဲ ကြားဘူးတာ ခုမှ ဘဲသိတော့တယ် ဇာဂနာက ခုဘယ်မှာလည်း ” “ဇာဂနာကို ဒိမှာမထားဘူး အစက ၂ တိုက်မှာလို့တော့ ကြားတယ် ခု အထူးမှာလားမသိဘူး”
နောက်ပိုင်း အရိုင်းနဲ့ ခင်သွားလို့ စကားပြောဖြစ်တော့ “ ကိုအရိုင်း ညဖက်ပျင်းနေတယ် ဇာတ်လမ်းတွေ ဘာတွေပြောပြပါလားအော်ပြီး” သူကြောက်တဲ့အမူယာလေးလုပ်ပြပြီး “အမလေးးးးးးးးးးးးးးး မလုပ်ပါနဲ့  ငါ့ဘေးမှာနေတဲ့ သူ မင်းသိလား လယ်ဝေး သခင်ကြီး ကြည်ရှိန်ဆိုတာ သူ့ငါ့ကိုသတ်လိမ့် မယ် ဖဆပလ တခောတ်လုံး သူသတ်လာတဲ့ သူတွေနဲမှမနဲဘဲ ခုသူကအပြင်မှာက ကြည့်မြင်တိုင်မှာ နေတာ ငါနဲ့ နီးတယ် အပြင်ရောက်ရင် အသတ်ခံနေရပါ့မယ်ကွယ် မလုပ်ပါနဲ့  အခန်းထည်းမှာ ညဘက်ဆို အီးတောင် ကျယ်ကျယ်မပေါက်ရဲဘူးကွယ့်”------------။

နားလိုက်ပါဦးမည် မကြာခင်ပြန်ဆက်ပါမည် နောက်တခါတွက် ကြိုတင်ကြော်ငြာထား၇မည်ဆိုလျှင် (စာရေးဆရာကြီး မင်းသိင်္ခ စာရေးဆရာ လှကွန့် နှင့်အခြား အနုပညာရှင်များအကြောင်းရေးပါဦးမယ်)

12 comments:

  1. အစ်ကိုတိုးကြီးရေ
    လာဖတ်တယ်
    အတွေ့အကြုံတွေက ရင်နာစရာတွေချည်းပါပဲ
    ခင်မင်လေးစားလျက်

    ReplyDelete
  2. ကြေကွဲစရာတွေပါရှင်

    ReplyDelete
  3. ဟုတ်ပါတယ် မကဗျာဦးရယ်
    ရင်နာယုံတင်မဟုတ်ပါဘူးမသေယုံတမယ်လေးဘဲ ပြန်ထွက်လာခဲ့တာပါ ပေးဆပ်ခဲ့ရတာတွေ မတန်ဘူးဗျာ

    ReplyDelete
  4. အံမယ်.ဘာမသေယုံတမယ်လေးလဲ..လုပ်တုန်းကလုပ်ပြီး တားမရဆီးမရ
    လုပ်လာပြီး ခုမှမသေယုံတမယ် နှစ်မယ်မလုပ်နဲ့..ဗျာ.ခင်ဗျားကို ရှစ်လေးလုံးထဲ ဘယ်သူက မပါရင်ရိုက်မယ်ဆိုပြီးခေါ်လို့လဲ.

    ReplyDelete
  5. ဘိုးဘိုးကြီး နော် နောက်တစ်ခေါက် ဒါမျိုးတွေလုပ်ရင် ၆၅ နှစ်တဲ့ဗျ
    ရှောင်တော့ ရှားတော့နော်

    ReplyDelete
  6. ဟုတ်တယ် ကိုဖုန်းရေ
    ထွက်ပြေးလာခဲ့တာ လွတ်ရုံလေးဘဲ

    ReplyDelete
  7. အစ်ကိုတိုးကြီးရေ
    အစ်ကိုတို့လုပ်ခဲ့တာတွေဟာ တိုင်းပြည်အတွက် စေတနာတွေပါ။
    အခုဆက်ပြီးအဖမ်းခံနေရတဲ့ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ
    အမြန်ဆုံးလွှတ်မြောက်ဖို့လိုသေးတယ်
    ဆန်ကုန်မြေလေး တွေ သေသွားရင်ငရဲပဲရှိမယ်
    အစ်ကို တို့ လုပ်ခဲ့တာ မျိုးဆက်သစ်တွေ မှတ်သားစရာပါ။
    သမိုင်းကျန်ပါလိမ့်မယ်။ အလှည့်ဆိုတာ ရှိပါတယ်။
    ခင်မင်လေးစားလျက်

    ReplyDelete
  8. လွတ်တယ်ဆိုရုံလေးလည်း တော်ပါသေးတယ်။ အပြင်ရောက်တော့ နည်းနည်း ပါးပါး လှုပ်ရုံလေးဖြစ်ဖြစ် လုပ်နိုင်သေးတယ်။ အထဲမှာက ခေါင်းထောင်တာနဲ့ အထုခံရတယ်လေဗျာ။ ဟုတ်တယ်မို့လား ဘိုးရဲ့။

    ReplyDelete
  9. သိပ်လည်းမထင်ပါနဲ့ ကိုဖုန်းရေ
    အပြင်မှာလည်း တကယ်လုပ်နိုင်တဲ့ သူ တကယ်လုပ်နေတဲ့သူက နဲနဲလေးပါ အရေမရ အဖတ်မရ အစည်းဝေးတွေလုပ် တော်ကီဝိုင်းတွေလုပ် အားတိုင်းယားတိုင်း ကြေငြာချက်တွေ ထုတ် ပြီး ပိုက်ဆံ ဖြုန်းတီးနေတဲ့ ကောင်တွေက ၁၀၀ မှာ ၉၉

    ReplyDelete
  10. ဒါကတော့ ဘိုးဘိုးရေ ခုခေတ် ဒီမိုဆရာကြီးများရဲ့ လက်သစ်ပေါ်လစီလို ဖြစ်နေပြီလဗျာ။ တခါတလေ ဘိုးတို့လို အတွင်းသိတွေက သူုတို့ အပုပ်တွေ သမိုင်းမကောင်းတာတွေ ဖွင့်ချလိုက်ရင် ဆတ်ဆတ်ခါ နာကျသေးတာ---- ပိုစ့်ဖျက်ခိုင်းရတာနဲ့ ဘာနဲ့ဗျာ ဟုတ်တယ်မို့လားဗျ။ ရန်သူ နအဖထက်ဆိုးတဲ့ မွန်းစတား (Monster) တွေ ဖြစ်လာပြီပေါ့ဗျာ။

    ReplyDelete
  11. ဟုတ်ပ ကိုဖုန်းခင်ဗျား
    ဒါတောင် ကိုဇော်မင်းဘဲ ရှိသေးတယ် နောက်လာမယ့် ကိုမိုးသီး တို့  ကိုနိုင်အောင် တို့ အကြောင်းရေးရင် အသတ်ခံ ၇မယ်ထင်တယ် မရေးနဲ့ လို့ တားနေတဲ့ သူတွေက အများကြီးဗျာ

    ReplyDelete
  12. အဲဒီ ဒီမိုဘိုးအေကြီးများ မကောင်းကြောင်းရေးမယ်ဆိုရင်တော့ လူဌားပြီး သတ်ခိုင်းမလားမသိဘူး။ ကိုမိုးသီးတော့ မသိဘူး။ ဗိုလ်နိုင်အောင် အကြောင်း မကောင်းပြောပြီးရင်တော့ ထိုင်းကိုမလာနဲ့နော်။ သိတယ်မှတ်လား ဟား ဟား

    ReplyDelete