ကျွန်တော် လွမ်းနေဆဲ ပါ ဗျာ
လွမ်းတယ်ပြောမိလို့ များ
အလာ အရှင်မြတ်ဆီက
ခွင့်ပန်ပြန်လာခဲ့ပြီး
ငါ့ ကို လာကျူနေသလားလို့ 
(မမေးပါနဲ့ )
တကယ်လွမ်းမိတာပါ-------။
တွေ့ ခဲ့ မိတဲ့ အချိန်လေး
ခဏလေး
ခဏလေး
တကယ့် ကိုခဏလေးပါဗျာ ။
ဗမာပြည် လွတ်လပ်ရေးမ၇သေးဘူးလို့ 
(ကျွန်တော်ပြောမိတော့)
ဆရာက ဒေါသထွက်
မျက်နှာပျက်နေမှာတော့သေချာတယ် ။
လွတ်လပ်ရေးကို တိုက်ခဲ့တဲ့
မင်းတို့ အဖိုး ငါတို့ အဖေတွေ
မစော်ကားရဘူးကွ
တကယ်တော့ ဗမာပြည်
လွတ်လပ်ရေးမရတာမဟုတ်
ဒီမို ကရေစီ မရှိတာ
လူ့ အခွင့်အရေး တွေ ဆုံးရှုံးနေတာလို့ 
ဆရာက အပြောမှာ နစ်မြော
ကျတော်
ငေးမောလို့  တွေးတောနေခဲ့ မိသူပါဗျာ--------။
ဆရာက အပြင်မှာတုန်းက ရေးခဲ့ဘူးတဲ့
ကဗျာမဟုတ်တဲ့  ကဗျက်
အလွတ်ကျက်ခဲ့မိတာ ရွတ်ပြမိတော့
မင်းမှတ်မိသားဘဲကွ လို့ 
ပီတီ အလုံးတွေနဲ့  ပြုံးပြုံးကြိးလုပ်နေခဲ့တာ
ကျွန်တော်
မြင်ယောင်နေသေးတယ်ဗျာ------။
ဆရာက ရေ
ဘာလိုလို နဲ့ အနှစ်နှစ်ဆယ်ကျော်ခဲ့ပေမယ့်လည်း
မမေ့နိုင်သူ ကျွန်တော့အတွက်တော့
ခောတ်တွေ မပြောင်းနိုင်သေးပေမယ့်
စံနစ်တွေ ဟောင်းနေသေးပေမယ့်
နှလုံးသားထည်းမှာတော့
ဘယ်တော့မှ မပြောင်းနိုင်တဲ့
ဆရာကရဲ့ အပြုံး နဲ့ 
ဆရာကရဲ့ မျက်လုံးလေးတွေကို
တစိမ့်စိမ့် ကြည့်လို့ လွမ်းနေပါ့ မယ် ---------။

ဗိုလ်မူးသော်က ရေးခဲ့ပြီး သူ့ ကို ပြန်ရွတ်ပြခဲ့တဲ့ ကဗျာလေးကတော့
မော်စီတုံး
ယန်စီမြစ်ကို ဖြတ်ကူးတော့
ကျမ်းမာရေး လိုက်စားတယ်တဲ့------။
ချူအင်လိုင်း
ကလေးတွေ နဲ့  ဆော့ကစားတော့
မဟာဂရုဏာ ရှင်ကြီးတဲ့ -----။
ဗိုလ်ချုပ်အောင်ဆန်း
ဖာ စကားပြောတော့
ပြတ်သားတယ်တဲ့-----။
ဘာမှ မဟုတ်တဲ့ ငါ
ဘုရားပေါ်တက် ပုတီးစိတ်တော့
“ငပေါက်” တဲ့
(မောင်သော်က)
ကိုတိုးကြီးက အသက်ကြီးပေမဲ့ မပျက်စီးချင်ယောင်ဆောင်နေသေးတယ်
ReplyDeleteပေါ့..လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဆရာဦးသော်ကရွတ်ပြတာကို မှတ်မိနေသေးတယ်.
သတိုးမင်းစောလို ငတက်ပြားကို ဖမ်းပြဦးမလို့လား..ဖမ်းမဲ့ဖမ်း ကိုရွှေကိုသာ နေပြည်တော်မှာတက်ဖမ်းဗျာ.
ဆရာခကို လွမ်းသံလေးများလည်း ကြားချင်နေပါတယ် ဘိုးဘိုးရေ
ReplyDeleteဘုရားပေါ်တက် ပုတီးစိပ်တော့ ငပေါက်တဲ့လား
ဘိုးဘိုးကြီး မာတီကနေထွက် ဘလော့ထဲဝင်လိုက်တော့ တောင်းပန်ရမယ်တဲ့ ၀ိုင်းအော်ကြတယ်-----------
ဟား ဟား ဟား
ကျတော်ဘာလည်း မသိသေးလို့ ပြောနေတာပါ ကျတော်ကလည်း ခုဘဲ ရောက် ခုဘဲ ပြသနာတက် မဖြစ်ချင်တာကြောင့် ရှောင်ပေးလိုက်တာပါ ကျတော့်ကို ကျောင်းသားခေါင်းဆောင်ကြီးဖြစ်တဲ့ ကိုပြုံးချို ရကတ ပေးထားတဲ့ နံမယ်ကိုက ပြဿနာကောင်တဲ့ ဟဟဟဟ ကျတော်က မကျေနပ်သေးလို့ ဆရာတင်မောင်သန်း ဆီ မှာ ပြဿနာဘယ်လို ရှာမလည်းဆိုတာ နဲ့  ဘယ်လိုရှင်းမလည်းဆိုတဲ့ သင်တန်းတက်လိုက်သေးတယ်ဗျိုး ခပ်ညံ့ ညံ့ လူတွေ နဲ့ ဆက်ဆံရတာ ပျင်းတယ်ဗျာ
ReplyDeleteသူတို့ ညံ့တာက ကိုယ့်လာ ထိခိုက်တာ ဆိုးတယ်ဗျာ။ ပြဿနာကတော့ မဖြစ်တာ ကောင်းပါတယ်။ ဖြစ်လာတော့လည်း တည့်တည့် တိုးလိုက်ကြတာပေါ့လေ။
ReplyDeleteကိုတိုး.. ကဗျာက ထိမိမိလေး
ReplyDeleteဆရာမောင်သော်က ရေးတဲ့ကဗျာ ခုမှ ပဲ ဖတ်ဖူးတာ
ကျေးဇူး ရှင့်
ကိုတိုးကြီးရေ...
ReplyDeleteက ကြီးပြီးယင် ခ ခွေး လာရမယ်လေဗျာ...
အခု တော့  က ကြီးပြီး ကကြီး ပဲပြန်လာနေပါလားဗျာ...
လုပ်ပါဦး ဆရာ ခ အကြောင်းလေး...
ဘန်ကောက်မှာ တွေ့ ခဲ့ တဲ့  အစ်ကိုတစ်ယောက်
ကလည်းပြောခဲ့ ဘူးတယ် ....သူ့ ကိုလျှာဖြတ်ရ
မယ်တဲ့ ဗျာ...
ကဲ ခ လိုက်ပြီဗျိုးးးးးးးးး
ReplyDeleteကဗျာလေးလာဖတ်ပါတယ်။
ReplyDeleteပျော်ရွှင်ပါစေရှင်
ကဒျာကို ချစ်လို့
ReplyDeleteချစ်တဲ့ကဒျာနောက်လိုက်ပြီးဖတ်ကြည့်တာပါခင်ဗျား။
ကဗျာနှင့်အတူလန်းဆမ်းပျော်ရွင်နိုင်ပါစေ။