Thursday, November 5, 2009

ကျတော်ချစ်သော ခေါင်းဆောင်များ အပိုင်း လေး

အဖြူကို အနီဆိုးခဲ့သူ တဦး (သို့ ) ဇော်မင်း

Photobucket
က


ကာယကံ ရှင်တောင်း ဆိုမှုအရ ဖျက်လိုက် ရပါသည်

တညထည်းနဲ့  ပိုစ် ၃ ခုဖျက်လိုက်ရတယ် စိတ်ညစ်ပါ၏

12 comments:

  1. အစ်ကိုတိုးကြီး
    ခေါင်းစဉ်ငယ်က ''အဖြူကို အနီဆိုးခဲ့သူ တဦး (သို့ ) ဇော်မင်း''
    လို့ရေးထားပြီး
    ကိုမိုးသီးဇွန်အကြောင်းလိုလို သိပ်မရှင်းဘူးဖြစ်နေတယ်
    လေးစားလျက်

    ReplyDelete
  2. အလွန်စိတ်ဝင်စားစရာပါရှင်
    ကျမတို့လေ့လာစုဆောင်းနေပါတယ်
    အထက်က ကဗျာဦးက နားမလည်ဘူးနဲ့တူပါတယ်
    ခေါင်းစဉ်က ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာရှင်းနေတာပဲမို့လား
    လေးစားပါတယ်ရှင်

    ReplyDelete
  3. ဒီလိုပါ မကဗျာဦး ခင်ဗျား
    အဖြူကို အနီဆိုးခဲ့သူဆိုတာက ၁၉၈၈ မတ်လ ၁၆ မတိုင်က တံတားဖြူကို မဆလ လုံထိန်း တွေကြောင့် သွေးစွန်းစေခဲ့လို့ တံတားနီလို့ နောက်ပိုင်းမှာ ခေါ်တွင်ခဲ့ပါတယ် အဲဒီတံတားနီ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုဇော်မင်း (တတိယနှစ် ပထ၀ီ ရန်ကုန်တက္ကသိုလ်) အကြောင်းကို ရေးထားတာပါ မိုးသီးဇွန်အကြောင်းမဟုတ်ပါဘူး သူ့ ကိုကျတော် ပထမဆုံး သတိထားခဲ့မိတာ အဲဒိမိုးသီးဇွန် ပြည်ပ ထွက်ခါနီး နုတ်ဆက်ရေးသွားခဲ့တဲ့ကဗျာလေးကို ဝေဖန် ခဲ့တဲ့ ကျောင်းသားတယောက် အနေနဲ့  စပြိး သိခဲ့တာလို့  ရေးလိုခြင်းဖြစ်ပါတယ် ခုလို မေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ကျတော်နားလည်အောင်မရေးတတ်တာပါ ကျတော်ခုမှ စာစရေးနေတဲ့ သူတယောက်ဖြစ်လို့ ပါ ကျတော်ရေးသားတာ ညံ့ဖြင်းမှုအတွက်နားလည်ပေးပါခင်ဗျ

    ReplyDelete
  4. ဖတ်ဖြစ်ခဲ့တယ် ကိုတိုးရေ..

    ReplyDelete
  5. ဟုတ်ကဲ့ရှင်းပြပေးတာကျေးဇူးပါ အစ်ကိုတိုးကြီး
    အလွန်စိတ်ဝင်စားပါတယ်
    သမိုင်းကျန်ခဲ့တယ်ဆိုတာမှန်တယ်နော်
    နောက်မျိုးဆက်သစ်တွေ အတုယူရမယ်
    ကဗျာဦး အစ်ကိုကြီးက ကချင်ဘက်တောခိုတာလေ
    မြောက်ပိုင်းအေဘီပေါ့
    ကဗျာက တအားငယ်သေးတယ်
    မေမေက ကိုကြီးကိုသွားတွေ့တော့ ကဗျာလည်းပါတယ်
    မိုးကောင်းနဲ့ဖါးကန့်လမ်းတနေရာ မှာ ကေအိုင်အေ တပ်နဲ့ကိုကြီးတို့ပေါင်းနေကြတာ
    မိုးကောင်းကနေ ကားနဲ့တလှည့် ကားဗွက်နစ်ရင် ခြေလျှင်တလှည့်
    လျှောက်ရတယ်။
    မှတ်မိသေးတယ် ယူနီဖေါင်းခပ်နွမ်းနွမ်းနဲ့ တောင်ထိပ်စခန်းကနေဆင်းလာတဲ့ကိုကြီးကိုကြည့်ပြီးမေမေရင်ကွဲမတတ်
    ငိုတာ။ သားရယ် သားရယ် ပြောပြီးလေ။ ကိုကြီးက ကဗျာကိုပွေ့ပြီး နဖူးလေးနမ်းတယ်။
    ကိုကြီးနဖူးမှာ ရှားခြစ်တာ ( မက်ကလောင် ) လို့ပြောတာပဲ
    ညိုမဲနေတာ။ ပုလင်းရာတွေ အဲဒီကတည်းက ကိုကြီးမျက်နှာဟာ
    မရွှင်လန်းပါဘူး။ ကဗျာကခလေးဆိုပေမယ့်ရိပ်မိတယ်။
    ပြန်လာပြီး သိပ်မကြာပါဘူး။ ကိုကြီးတိုက်ပွဲကျတယ်။
    မေမေလည်းကိုကြီးစိတ်နဲ့ပဲ တရှောင်ရှောင်ဖြစ်လာတာ ၆လ လောက်မှာဆုံးသွားတယ်။
    ကဗျာလေ့လာနေတယ်။ အေဘီနှစ်ခြမ်းကွဲတဲ့ကိစ္စ။
    ကိုကြီးတို့သူငယ်ချင်းတွေ ကေအိုင်အေ ထဲမှာ အသတ်ခံရတဲ့ကိစ္စ။
    အေဘီခေါင်းဆောင်တွေ က မြောက်ပိုင်းကျောင်းသားတွေကို
    လစ်လျှူရှုထားတဲ့ကိစ္စ။
    အရာရာကိုလေ့လာနေတယ်။
    ကျန်ခဲ့တဲ့ မျိုးဆက်သစ် ကဗျာတို့မှာ တာဝန်တွေရှိနေတယ်။
    သမိုင်းအမှန်တွေသိချင်တယ်။
    နောက်တခုက ကဗျာရဲ့အစ်မဝမ်းကွဲလည်း ၈၈၈၈ လေးလုံးအပြီးမှာ
    မြစ်ကြီးနားထောင်မှာ ၇ နှစ်ကျတယ်။လင်မယားနှစ်ယောက်လုံးလေ။ထောင်ထဲမှာ ခလေးမွေးတယ်။
    အေအေပီပီ ထုတ်တဲ့စာစောင်တွေထဲမှာ ကဗျာအစ်မတို့လင်မယားအမည်မတွေ့ပါဘူး။
    အေအေပီပီကမသိဘူးနဲ့တူတယ်။
    ၈၈၈၈ လေးလုံး ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့
    အစ်ကိုတိုးကြီးကိုလေးစားပါတယ်ရှင်။
    ကဗျာဦး

    ReplyDelete
  6. ဟုတ်ကဲ့ မကဗျာဦးရေ
    ကချင်အေဘီမှာဖြစ်တော့ ကျတော်ထောင်ထည်းမှာဘဲ ရှိသေးတယ်ခင်ဗျ အဲတုန်းက ပါသွားတဲ့ ထွန်းအောင်ကျော်ဆိုလည်း (အထက်ဗကသ) ကလေ ကျတော်နဲ့ လည်းရင်းနှီးပါတယ် နောက်ဒေါ်ချိုချိုကျော်ငြိမ်း မွေးစားသားလည်း အသတ်ခံလိုက်ရပါတယ် အဲဒီကချင်ဘက်က ကျွန်တော်အဆက်သွယ်သိပ်မရှိတာရယ် အဲဘက်က လူတွေနဲ့ မတွေ့သေးတာရယ်ကြောင့် သေချာမသိသေးဘူးအဲကိစ္စတွေလေ သိတဲ့ တနေ့ ပြောပြပါ့မယ် အမှန်တကယ်သိသလောက်တော့ အုပ်စု ပြသနာတွေကနေ ဖြစ်သွားခဲ့တာပါ အေဘီ ၂ ခြမ်းကွဲတဲ့ ကိစ္စကတော့ ၂ ဘက်စလုံးက သူတို့ အမှန်ကြည့်ဘဲ ပြောခဲ့ ကြတယ် ခုချိန်ထိလည်းပြောနေကြတုန်းပါ အေဘီခေါင်းဆောင်အများစုက မြောက်ပိုင်းကျောင်းသားမှ မဟုတ်ပါဘူး တော်တော်များများကိုလစ်လျူ ရှုခဲ့တာပါ သူတို့ နဲ့ တွေ့ တဲ့အခါလည်း သူတို့ အခက်ခဲတွေ ပြောပြ ကြရှာပါတယ် ထားဝယ်ဘက်က တပ်ရင်းတွေကလည်း သူုတို့ ကို ဗဟိုက ပြစ်ထားတဲ့ ကိစ္စပြောဖြစ်ကြပါတယ် ကရင်ပြည်နယ်ထည်းမှာကို အောက်ခြေ ရဲဘော်တွေကို အကာကွယ်မပေးနိုင်ခဲ့တာအများကြိးပါ ကရင်အသတ်ခံခဲ့ ရတဲ့ ကျောင်းသားတွေ ရှိခဲ့ပါတယ် ရေးလို့ မကောင်းသေးလို့  မရေးတာပါ ။
    နောက်တခုက မကဗျာဦးရဲ့ အမက ကျတော်မေးပေးပါ့မယ် နံမယ်လေး နဲ့ ထောင်ကျတဲ့ ခုနှစ် လေးကို ဒီမှာမဟုတ်တောင် မေလ်းထည်းကိုပို့ ပေးမယ်ဆို ပိုပြီးအဆင်ပြေပါတယ် ချက်ချင်းမေးလို့ ရပါတယ် ကျတော်လည်းအေအေပီပီ ကပါဘဲ နောက်တခုက (ကျတော်ထင်တာပေါ့ ) အေအေပီပီ ဖွဲ့ ပြီးတဲ့ နောက်ပိုင်း ထောင်ထည်းကလူတွေကို မှတ်တမ်း တင်နိုင်တာပါ မဖွဲ့ ခင်က လူတွေဆိုရင်တော့ သူတို့ လည်းအခက်ခဲ များရှိနေလားမသိဘူးခင်ဗျ စာရင်းမရတာလည်းဖြစ်နိုင်ပါတယ် ကျတော်မေးကြည့်ပေးပါ့မယ် နံမယ်လေးနဲ့  ထောင်ကျခဲ့တဲ့ နှစ်လေးဘဲ ပို့ ပေးပါခင်ဗျာ
    ကျေးဇူးတင်ပါတယ်နော် လာဖတ်လို့ 

    ReplyDelete
  7. မေးပါရစေ ဘိုးဘိုးရေ
    အဲဒီ ဇော်မင်းဆိုတဲ့ ဆရာကြီးကပေါ့လဗျာ။ အခုတလော ဗိုလ်မိုးသီး ဘလောခ့်မှာ ဇော်မင်း (လူ့ဘောင်သစ်) ဆိုပြီး သကာလ စကော်လာဆန်ဆန် ဆောင်းပါးတွေ ရေးနေတဲ့ ဆြာနဲ့ တူတူပဲလားလို့ပါ။

    ReplyDelete
  8. မတူဘူး ကိုဖုန်း ခင်ဗျား
    မိုးသီးဘလော့ခ်က ဇော်မင်းဆို တာ ထိုင်းက ပါ ခုလောလောဆယ် လူ့ ဘောင်သစ်ပါတီက ဇော်မင်းပါ
    ကျတော်ရေးတဲ့ ဇော်မင်းက အမေရိကားမှာပါ (မကဒ)(မကသ) က ကိုဇော်မင်းပါခင်ဗျာ လူ့ဘောင်သစ် ကိုဇော်မင်း ကျွန်တော်မသိဘူးခင်ဗျ လူတော့တွေ့ ဘူးပါတယ်

    ReplyDelete
  9. ခုလို ရှင်းပြပေးတာ ကျေးဇူးပါ။ အမှတ်မှားမှာ စိုးလို့ မေးရပါတယ် ဘိုးဘိုးရေ

    ReplyDelete
  10. ဟုတ်ကဲ့ ကိုဖုန်းရေ
    ခုတော့ ဆရာများက ဖုန်းဆက်ပြီး သြ၀ါဒတွေနဲ့  မရေးပါနဲ့ ဆိုလို့  ဖျက်ပေးထားလိုက်ပါတယ် ကျတော် ဘလောခ့်ပေါ်တက်လာတာလည်း ကျောင်းသားခေါင်းဆောင်ဆိုသူကြီးများ ရဲ့  ကောင်းတာ ဆိုးတာ သမိုင်း တွေကို မှတ်တမ်းတင်ထားချင်တာပါ ပြတိုက်လေးသဘောမျိုးလေးပေါ့ နောက် တခြားသူတွေ ရဲ့  အမြင်လေးတွေလည်း သိချင်လို့ ပါ တချို့ ခေါင်းဆောင်ဆိုသူတွေက ကိုယ့် အပေါ် သို့ မဟုတ် ကိုယ်နဲ့ ဆက်ဆံတဲ့ အ ချိန်မှာ ကောင်းနေပေမယ့် တခြားသူတွေ နဲ့ ဆက်ဆံတဲ့ အခါ ကောင်းချင်မှ ကောင်းမှာလေ ပဲ့တင်သံလေးတွေလည်း ကြားချင်လို့ ပါ

    ReplyDelete
  11. အဲသဟာတွေက ကျနော်တို့ ဗမာလူမျိုးတွေရဲ့ အားနည်ချက်လို့ ပြောရလေမလား ပျော့ကွက်လို့ပဲ ထောက်ရပေမလား မသိတော့ဘူးဗျာ။ ကိုယ်ကိုတိုင်ကျတော့ ဒီမိုကရေစီကို ချစ်လှပါချေရဲ့လို့ ဆိုပီး ခေါင်းဆောင်ကြီးတွေလုပ်နေပြီးတော့ အခြားတပါးက မိမိအပေါ် ပွင့်လင်းစွာ ဝေဖန်တာကို (သက်သက်မဲ့အပုပ်ချတာ၊ ဆဲဆိုတာမျိုးမဟုတ်ခဲ့ရင်) လက်ခံရမဲ့အစား အခုလိုမျိုး တုန့်ပြန့်နေမယ်ဆိုလို့ကတော့ဗျာ။ ရွှေပြည်တော် မျှော်တိုင်းဝေး ပါတဲ့။ အဲဒလို ခေါင်းဆောင်မျိုးတော့ မောင်ဖုန်းတို့ ဝေရမဏိလိုက်ပါတယ်။

    ReplyDelete
  12. ကိုတိုးရဲ့.. ဘာဖြစ်သလဲ.. ကိုယ်မှန်တာကိုယ်ရေးတာဘဲ.. အဲ့လိုမျိုး ဟိုလူဝေဖန်လို့.. ဒီလူဖျက်ပေးဖို့တောင်းဆိုလို့သာ ပိုစ့်တွေ ဖျက်ရမယ် ဆိုရင် ကိုတိုး ဘလော့မှာ ကုန်ပီ. သူတို့ပြောခဲ့ရင်ပြောလိုက်ပေါ့. ကျွန်တော်က အမှတ်တရအနေနဲ့ရေးတာ .. မှန်တာတွေဘဲရေးပါတယ်လို့.. ဘယ်သူ့ကို ဂရုစိုက်စရာလိုသလဲ.. မဟုတ်သေးပါဘူး ကိုတိုးရယ်.. အွန်လိုင်းမှာစောင့်နေမယ်။

    ReplyDelete