Saturday, January 30, 2010

ဆရာတင်မိုး အမှတ်တယ ကဗျာ သုံး

Photobucket

ခွပ်ဒေါင်းသို့ ပန်ကြားချက်

Photobucket

(၁)
မင်းသားကြီး မလုပ်ရရင်
ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့
ညစ်ကျယ်ကျယ် လူစားတွေ
တို့ ပြည်မှာ အများသားကလား
ဟိုနားမှာတွေ့  သည်နားမှာတွေ့ 
ဟိုကွေ့ မှာ ကြုံ သည်ကွေ့ မှာ ကြုံ
တပုံတပင်ကြိးပါကလား
ခေါင်းဆောင်က တရာ နှစ်ရာ
ငယ်သားက တယောက်နှစ်ယောက်
မျက်စိနောက်စရာပါလားနော် ------။

(၂)
ကိုယ်ကသာ ဘာမှမဟုတ်
လူတွင်ကျယ်လုပ်ချင်တယ်
ပုတ်လိုက်တဲ့ စိတ်ဓါတ်
စုတ်ပြတ်လိုက်ပါဘိ ။
ပါးစပ်နဲ့ အလုပ်လုပ်
ခွတုတ်တဲ့ လူမျိုး
လက်ညိုးတချောင်းနဲ့ လူရာဝင်
သူသာလျှင် အရေးပါသတဲ့
ပညာကလည်း မရှိ
အသိအမြင်ကလည်း ကျဉ်းမြောင်း
စိတ်ကောင်းကလည်းမမွေး
ကလေးစိတ် မိန်းမစိတ်
အတိတ်လည်း မဝေဖန်
ပစ္စုပန်လည်း မသုံးသပ်
အနာဂတ်လည်း မတွေးရှု
အရေးတခုရယ်လို့ သဘောမထား
တောသားအချင်းချင်း
ကျောပြားကို နင်းချင်တယ်
ရိုင်းပင်းမယ်လို့ တော့စိတ်မကူး
လက်ဦးအောင်ဖျာခင်း
အာဏာပြင်းလှချည့်
ရာဇာမင်းဂုဏ်နဲ့ မတန်
နုံနဲ့ ဟန်ပေါက်လိုက်ပုံက
သဘောက်မသား
လူရမ်းကားတွေ ပါလားဟေ့ ။

(၃)
သမိုင်းစာမျက်နှာကို
အိမ်သာသုံးစက္ကူသဖွယ်
အသုံးပြုခဲ့ကြတယ်
လိုရာကိုဆွဲသုံး
အမဲတုံးကို ခွေးဆွဲသလိုပေါ့လေ
ရေလဲနဲ့ သုံးခဲ့တယ် ၊
ဗလောင်းပလဲ စကား
အပြောင်းအလဲက များသနဲ့ 
ချောင်းထည်းကငါး အကူးမြန်သလို
မမှန်မကန်တွေကို
မြန်မြန်ဆန်ဆန်ပြောကြတယ်
ကြားသူတိုင်း ရှုပ်ထွေးပြီး
အလိုလေး တ ရအောင်
ပါးစပ်က ကျည်ဆံထွက်
ထွီထွမ်ခွက် ပက်လက်မျောရော
စကားနာ စကားလိမ်
စကားသိမ် စကားဖျင်း
စကားတင်း စကားယုတ်
စကားပုတ် စကားလှည့်
စကားရွဲ့ စကားစောင်း
အကြောင်းအမျိုးမျိုးပြပြီး
မတိမကျ ပြောခဲ့ကြတယ်
ပြောသူမရှက်
ကြားသူ ရှက်ရပါတကား ။

(၄)
ဒီမိုး ဒီမြေ ဒီလူတွေနဲ့ 
ဒီအခြေစခန်းသွားရင်
လမ်းမှားတွေရောက်
ဂျောက်ပေါက်တွေ တိုးမှာသေချာတယ် ။
တန်ရာ တန်ရာ မလုပ်ရင်
ရွာနာတယ်ဆိုတဲ့ ဆောင်ပုဒ် အရှိသား
အဟုတ်ကိုဘဲ ရွာနာခဲ့ပြီ ။
မြန်မာပြည် သည်ပုံမျိုးနဲ့ ဆိုရင်
အမျိုးပျောက်ရလိမ့်မယ်
သူခိုးက လူသူဟစ်
မချစ်သူက မေတ္တာ စကားဆိုတော့
ဘယ်လိုမှ မကောင်းနိုင်
ခွပ်ဒေါင်းရေ----- ကယ်ပါဦးလို့ 
ပြည်လုံးကျွတ် အော်ချင်လှပြီ
မကောင်းအညစ်တွေကို
ပြောင်းပြစ်မှ နေရာကျပြီး
ပြည်ရွာ လှလိမ့်မယ် ။

(၅)
အို ----- ခွပ်ဒေါင်း
လွတ်ကြောင်းအတွက်
ခွပ်လက်ပြင် ခွပ်လက်သွေးကာ
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့-------။

တင်မိုး

16 comments:

  1. ကိုတိုးကြီးရေးတဲ့ကဗျာလားလို့ဗျာ..ပြောဦးမလို့ ဆရာကြီးဦးတင်မိုးကဗျာမို့ လေးစားပါတယ်
    ဆရာကြီးဦးတင်မိုးရဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နဲ့ပြောထိုက်ပါတယ် တချို့ကြတော့လဲ
    ပြောလို့သာနားထောင်ရတာ အင်း……ဘယ်လိုပြောရမလဲ
    ပြောရင်လဲစိတ်ဆိုးသွားဦးမယ် မပြောတော့ပါဘူး...ဟဲဟဲ..စတာ..

    ReplyDelete
  2. အဲဒါဘဲ ခင်ဗျားတို့ က မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုတဲ့စကားအတိုင်းဘဲ နံမယ်ကြီးတဲ့ သူကျ လုပ်ချင်တာလုပ်ကောင်းတယ် မပြောရဲတာရယ် မပြောရက်တာရယ် မပြောသင့်တာရယ် ကြောက်တာရယ် ချစ်တာရယ် အကြောင်းအမျိုးမျိုးပြတယ်
    တိုင်းပြည်ကြီး မတိုးတက်တာရယ် နအဖ အာဏာမြဲနေတာရယ်တွေက အဲတာတွေပေါ့ဗျာ ဟဟဟဟ ခင်ဗျားတို့ ကျတော့်ဆို တကယ် နိုင်တဲ့သူနဲ့ နှိမ်ခြင်တဲ့ကောင်နဲ့ အချဥင်္ထင်နေတဲ့ကောင်နဲ့ ဟဟဟဟဟဟ အကုန်ပျင်းတယ်ဗျာ အဲလိုလူတွေကို
    ဦးတင်မိုးဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ် မဟုတ်ရင် မမှန်ရင် မကောင်းရင် ပြောရဲတဲ့သတ္တိ မွေးစမ်းပါဗျာ ခင်ဗျားတို့ အနာဂါတ် ခေါင်းဆောင်ကြီးတွေ အားကိုးပါတယ်

    ReplyDelete
  3. အော..ဂလိုကိုး...ဆရာကြီးက ဆရာကြီးပါပဲ..
    တကယ် ခေါင်းဆောင်ကြီးလုပ်ခဲ့ပြီး ဘာခုမှ..လျှောက်ရမ်းနေတာလဲ
    ကိုယ်လွတ်ရုန်းမယ်မကြံနဲ့ သမိုင်းက သမိုင်းပဲ.
    အဲ့ဒီနေ့က ကျနော်မသိလိုက်ပါဘူး..မလုပ်နဲ့ အမှုတွဲမဲ့သူတွေ စောင့်နေတယ်....ကိုတိုးကြီး....

    ReplyDelete
  4. ဟဟဟဟဟ
    ကြောက်တတ်ရင် ခြင်ထောင်ထည်းမှာ ထမိန်ခြုံပြီး အိပ်နေလိုက်မှာပေါ့ ဦးချစ်ဖေ ရယ် မော်စိတုန်းပြောတယ်လေ တော်လှန်ရေးလုပ်တာ လူသတ်နေတာတဲ့ မင်းမသတ်ရင် ငါသတ် ငါမသတ်ရင် မင်းသတ်မှာပေါ့ ဟုတ်ဘူးလား သေတယ်ဆို ခဏလေး အိပ်ပျော်တာလို့  ဆရာခ ကပြောသွားဘူးတယ်ဗျ ဟဟဟဟဟဟဟ မှန်တာပြောလို့ သေတာ သေစမ်းပါစေ ဗျာ ဆော့ခရတ္တိက အမှန်တရားနဲ့ အဆိပ်ခွက် လဲခဲ့သေးတာဘဲ ကျတော့်လောက်ကတော့ ဟဟဟဟဟဟဟ ပျင်းတယ်ဗျာ

    ReplyDelete
  5. မင်းသားကြီး မလုပ်ရရင်
    ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့
    ညစ်ကျယ်ကျယ် လူစားတွေ
    တို့ ပြည်မှာ အများသားကလား
    ဟိုနားမှာတွေ့  သည်နားမှာတွေ့ 
    ဟိုကွေ့ မှာ ကြုံ သည်ကွေ့ မှာ ကြုံ
    တပုံတပင်ကြိးပါကလား
    ခေါင်းဆောင်က တရာ နှစ်ရာ
    ငယ်သားက တယောက်နှစ်ယောက်
    မျက်စိနောက်စရာပါလားနော် ------။

    ကောင်းလိုက်တဲ့အမှန်စကား ဆရာကြီးမရှိတော့တာ နှမြောပါဘိ

    ReplyDelete
  6. ဆရာကြီးတင်မိုးရဲ့အမှတ်တရကဗျာ လာဖတ်သွားပါတယ်ရှင်

    ReplyDelete
  7. ကိုတိုးကြီး. ဆရာ ဦးတင်မိုး ကဗျာအား တင်ပေးတာ ကျေးဇူးပါပဲ။

    ReplyDelete
  8. ကိုတိုးကြီး...လာ ဖတ် သွားပါတယ်

    ReplyDelete
  9. မအားတာနဲ့ အခုမှစာကြွေးကဗျာကြွေးတွေလာဖတ်သွားပါတယ်။

    ReplyDelete
  10. ပျောက်နေတယ် ခရီးထွက်နေလား
    အဟောင်းပဲပြန်ဖတ်သွားပါတယ်

    ReplyDelete
  11. ဂျစ်တူးပြန်ရောက်နေပြီ-
    ကဗျာတွေလာဖတ်ရင်းအရမ်းသတိရသွားမိတယ်ဗျာ-

    ReplyDelete
  12. ကိုတိုးဋ္ဌကီး-
    သူများဘလောက်မှာဘာတွေသွားရေးထားတာလဲဗျ-
    (စုချစ်သူဘလောက်)
    ပြောရင်းပြောရင်ဂျစ်တူးဘလောက်မှာပြောပါလား-ဒါမှမဟုတ်မေးထဲမှာပြော
    ပေါ့-လူတိုင်းကိုတတ်နိုင်သလောက်ကူညီနေတာပါ-ခေါ်ပေမဲ့ပြန်မထူးဘူးဆို
    တာကကိုတိုးဋ္ဌကီးကဂျစ်တူးကိုစိတ်ဆိုးအောင်လုပ်ထားတာကိုးဗျ-
    ဆွဲထိုးမိတော့မှာနော်-နောက်မှမအော်နဲ့ -ဒါဘဲ
    (ဘာလုပ်ပေးရမလဲပြော-ဘာကူညီရမှာလဲ)

    ReplyDelete
  13.်ဦးတိုးကြီး
    ရေးစရာ မရှိလို့  ငြိမ်နေတာလား။ မိန်းမ နဲ့  စိတ်ကောက်နေလို့  မရေးဖြစ်သေး တာလား။ ယုယ ကတော့ အမြဲ လာ ဖတ်နေတယ်နော်။
    ယုယ

    ReplyDelete
  14. ထောင်ကျသွားပြီလား( အိမ်ထောင် )

    ReplyDelete
  15. ငြိမ်နေတယ်နော်
    အကျဉ်းထောင်အတွေ့အကြုံတွေမရေးတော့ဘူးလား

    ReplyDelete