Saturday, January 9, 2010

အင်တာဗျူး

အသစ်ရေးဘို့ အချိန်မရသေးတဲ့အတွက်အဟောင်းလေးတခုကို ပြန်တင်ပေးထားလိုက်ပါတယ် အဟောင်းဆိုပေမယ့် ၁၉၉၅ ခုနှစ်
အင်းစိန်တောရ မှာ ရောက်နေတုန်း ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် စိန်ရတု သဘင်မဂဇင်း စုထုတ်ကြတုန်းက ရေးခဲ့တာလေးပါ
ရေးရတဲ့အကြောင်းရင်းကတော့ အဲဒီအချိန်က အင်းစိန်တောရမှာ အာဏာ ပိုင်တွေ နဲ့ မကြာခဏ ထိပ်တိုင်ရင်ဆိုင်မှုတွေဖြစ်ခဲ့ပါတယ်
မကြာခဏ ပြဿနာတက်လို့ တိုက်ပွဲခဏခဏ တိုက်နေရတဲ့အချိန်ပေါ့ အာဏာပိုင်တွေကလည်း လျှော့လိုက်တင်းလိုက်နဲ့  သွေးတိုးစမ်းနေ တဲ့အချိန်ပါ ပြဿနာတခုခုဖြစ်လို့ အာဏာပိုင်တွေ နဲ့ ရင်ဆိုင်ဘို့  ကိုယ့်နိုင်ငံရေးသမားအခြင်းခြင်း လိုက်ညှိတိုင်းမှာ
နိုင်ငံရေးပါတီအသီးသီး ကိုယ်စားပြုထားပါတယ်ဆိုတဲ့သူတွေဆီက မပြတ်မသားနဲ့ အဖြေတွေ ဘဲ ကြားကြားနေရပါတယ် နားအခါးဆုံး
မကျေနပ်ဆုံးကြားရတဲ့စကားတခွန်းကတော့ “ငါတို့ က ပါတီကိုယ်စားပြုတာဆိုတော့ စကားကိုလွယ်လွယ်ပြောလို့ မရဘူး အဖွဲ့ အစည်း
ပြန်တိုင်ပင်ရဦးမယ်” ဆိုတဲ့ စကားပါဘဲ မိန်းဂျေးလ် ခေါ်ရိုက်ဘို့ စစ်ခွေးတိုက်ပို့ ဘို့ လာခေါ်နေပြီ သူတို့ ဆီက အဖြေမရသေး ဆွေးနွေးတုံး တိုင်ပင်တုန်း နဲ့ ခံခဲ့ရတာလည်းမကြာခဏပါဘဲ ဒါကြောင့်လည်းဒီစာလေးကိုရေးခဲ့ပါတယ် ခုချိန်ထိလည်း နိုင်ငံရေးသမားဆို
သူတွေ ပြတ်ပြတ်သားသား ရှိတာမတွေ့ ရသေးပါဘူး ၂၀၁၀ ကရောက်နေပါပြီ ပြတ်သားကြပါလို့ လည်းတိုက်တွန်းချင်ပါတယ် ဘ၀တက္ကသိုလ်မှာ ထုတ်တုန်းကတော့ ပုံလေးတွေက ခဲနဲ့ ဆွဲပါတယ် ခုတော့ ဂိုလ်ဂယ်ကနေရှာပါတယ် ကိုဗဟိန်း ပုံကိုတော့ ရှာမတွေ့ လို့ မတင်နိုင်ခဲ့ပါဘူး လာဖတ်သူတွေကိုတော့ ကျေးဇူးအထူးတင်ပါတယ်

အင်တာဗျူးခြင်း

Photobucket

“ရဲဘော်မော်စီတုန်း ခင်ဗျားပြည်သူတွေကို ဘာပြောစရာများရှိပါသလည်းခင်ဗျာ”

“တော်လှန်ရေးလုပ်တယ်ဆိုတာ ပျော်ပွဲစားထွက်နေတာမဟုတ်ဘူး ဇာပန်းထိုးနေတာမဟုတ်ဘူး ----- လူသတ်နေတာ”

Photobucket

“ရဲဘော်ချေဂွေဗားရားခင်ဗျား ကျူးဘားပြည်သူတွေကို ဘာများတဆင့်စကား မှာကြားချင်ပါသလည်း”

“တော်လှန်ရေးလုပ်ချင်ရင် ကိုယ့်သေနှပ်ကိုယ်ရှာပြီး ဆီးဗားရား တောင်တန်းပေါ်လာခဲ့”

Photobucket

“ကိုဗဟိန်း ကျောင်းသားတွေကိုဘာပြောပေးရမလည်းခင်ဗျ”

“မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်”

Photobucket

“ဗိုလ်ချုပ်ခင်ဗျား ရဲဘော်များအတွက် စကားတခွန်းလောက်လက်ဆောင်ပါးပေးပါခင်ဗျာ”

“ခုစစ်မြေပြင်ကို ထွက်မယ် ဆင်းရဲမယ်ငတ်မယ်----- အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ ဒါဘဲ”
Photobucket

Photobucket

“ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ပြည်သူအတွက် စကားတခွန်းလောက်ပြောပေးပါလားခင်ဗျ”

“အများပြည်သူ သဘောမတူတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ”

Photobucket

“---- ပါတီက အန်တီနဲ့ ------ ပါတီက အန်ကယ်တို့ ကော ဘာများပြောဦးမလည်းခင်ဗျ”
“အန်တီတို့ ကတော့လေ ခုလောလောဆယ် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ စောင့်ကြည့်နေပါတယ် ပြည်သူတို့ လုပ်တာ ကြည့်နေပြီး အခြေနေကောင်းရင် နေရာဝင်ယူပေးပါ့မယ်”
အန်ကယ်ကတော့ စကားပြောလို့ မရသေးပါဘူး တော်ကြာစကားလွန်သွားရင် အန်ကယ် ပါတီက အထုတ်ခံ၇မှာ စိုးလို့ ပါ ပါတီဗဟိုကော်မတီ အစည်းဝေးခေါ်ပြီးမှ ဆုံးဖြတ်ချက်ချပြီး အဖြေပေးမယ်နော် မောင်ဇော်ထွန်း”

11 comments:

  1. ဟားးးးးးးဟားးးးးးးးးဟားးးးးးးးးဟားးးးးးးဟားးးးးးးးးးးးး
    ဟားးးးးးးဟားးးးးးးးးဟားးးးးးးးးဟားးးးးးးဟားးးးးးးးးးးးး
    ဟားးးးးးးဟားးးးးးးးးဟားးးးးးးးးဟားးးးးးးဟားးးးးးးးးးးးး
    ဟားးးးးးးဟားးးးးးးးးဟားးးးးးးးးဟားးးးးးးဟားးးးးးးးးးးးး
    ဟားးးးးးးဟားးးးးးးးးဟားးးးးးးးးဟားးးးးးးဟားးးးးးးးးးးးး
    ဟားးးးးးးဟားးးးးးးးးဟားးးးးးးးးဟားးးးးးးဟားးးးးးးးးးးးး

    အစ်ကိုတိုးရေ
    ပြောင်မြောက်လိုက်တာနော်

    ReplyDelete
  2. ခေါင်းဆောင်တွေပြောသွားတဲ့ စကားတွေက မှတ်သားဖွယ်ရာတွေပါ။
    လိုင် မှတ်တမ်းတင် စုဆောင်းနေပါတယ်ရှင်
    ကျေးဇူးပါ။

    ReplyDelete
  3. ကိုတိုးကြီးကကော.ကျနော်တို့လို အောက်ခြေ အရန်ရဲဘော်တွေ အတွက်ဘာများပြောချင်ပါသလဲခင်ဗျား..

    ReplyDelete
  4. မဖတ်ရသေးတာတွေထပ်လာဖတ်သွားပါတယ်

    ReplyDelete
  5. အင်တာဗျူး ဖတ်သွားတယ်

    ReplyDelete
  6. ပြောင်းလဲမှု ဆိုသည်ကို နဖူးတွေ့ဒူးတွေ့တော့မှ ရင်ဆိုင်ဖြေရှင်းသည်ထက် ပြောင်းလဲ လာနိုင်သည်များကို ချဉ်းကပ်ပြင်ဆင်ရင်း
    ရင်ဆိုင်ဖြေရှင်းခြင်းက ရလာဒ် ကောင်းများအတွက် ပိုမိုမျှော်လင့်နိုင်ပါသည်။
    အဟောင်းတိုင်းလည်း မကောင်းတာမဟုတ်သလို အသစ်တိုင်းလည်း ဖြစ်တာမဟုတ်သည်ကို ခွဲခြားသိမြင် နိုင်ရမည်။
    အဟောင်းထဲက အကောင်းကိုရှာပြီး အသစ်ထဲက ဖြစ်တာကိုရွေးရပေမည်။
    ''ယနေ့ လူငယ်သည် နက်ဖန်ခါရဲ့ ခေါင်းဆောင်ဖြစ်သည်။''

    ReplyDelete
  7. အင်တာဗျူုးကအတော်ကောင်းတယ်

    ReplyDelete
  8. ဘာမှ မလုပ်သေးပဲနဲ့ မဖြစ်သေးတာတွေကို ဖြစ်နိုင်တယ်ဆို တွေးကြောက်နေရင် နောက်ထပ်စောင့်လိုက်ကြပါဦး ဆယ်သက် ဆက်သက် ဗျို့ ဟား ဟား ဟား

    ReplyDelete
  9. အင်တာဗျူးဖတ်သွားတယ်ဗျာ
    အင်းးးးးးးးးးးဗျာ
    ပေးဆပ်ခဲ့ရတဲ့ ကျောင်းသားလူငယ်တွေရဲ့
    သွေးတွေ ဟာ ပေတစ်ရာလမ်းမပေါ်မှာ ?
    မခြောက်သေးပါဘူးဗျာ

    ReplyDelete
  10. အင်တာဗျူး လာဖတ်သွားတယ်
    ပုံ
    အန်တီမေ

    ReplyDelete