Monday, January 18, 2010

ဆရာတင်မိုး ၃ နှစ်ပြည့် အမှတ်တယ (ကဗျာတစ်)

ကျတော်စနေနေ့ က ပို့ စ် တခုတင်မလို့ ပါဘဲ မြန်မာလက်ကွက် ပျောက်နေတာခုထိ ဒါကြောင့် မတင်နိုင်သေးဘူး
ညကပျင်းလို့ သတင်းတွေ ဖတ်ရင်း ဆရာတင်မိုး ၃ နှစ်ပြည့် မိသားစုတွေ ဆွမ်းကျွေးပွဲတွေ လုပ်ကြမယ်ဆိုတော့ ရေးဘို့ စိတ်ကူးထားတာလေး ခဏထားထားပြီး စာအုပ်အဟောင်းပုံထည်းက ဆရာတင်မိုး ကဗျာလေးတင်လိုက်ပါတယ် သူ့ အတွက် ရည်စူးပြီးလုပ်ကြမယ့် ၄ ရက်အတွက် ( ၁၈ ) (၂၂) (၂၄) (၃၁) နေ့ တွေ မှာ တရက်တပုဒ် နဲ့ ကဗျာ ၄ ပုဒ် တင်ဘို့ စိတ်ကူးမိလို့ ပါ
ခံစားကြည့်ကြပါ

Photobucket

သမိုင်းမှာ မင်းတရားခံဖြစ်မယ်


မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ် ။
ငါမမှန်ရင်
ငါတရားခံဖြစ်မယ် ။
တရားဆိုတာ
ညှာလည်းမညှာ
ညာလည်းမညာ
သာစေ နာစေ မရှိ
ပကတိ
သူ့ သဘော သူဆောင်ခြင်း ပဲ။
ဒီနေ့  မင်းလုပ်ရပ်ဟာ
နောင်နေ့ မင်းရဲအထ္ထုပါတ်
ဒီနေ့ မင်းလုပ်ရပ်ဟာ
နောင်နေ့မင်းရဲ့ အနာဂါတ် ။

မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ
မင်းဘ၀ကို မင်းကသာ ပြဌာန်းတယ်။

မင်ဘာလည်း
မင် ဘယ်သူလည်း
မင်းဟာ မင်းဘဲ -။

တင်မိုး

11 comments:

  1. မင်းမမှန်ရင်
    မင်းတရားခံဖြစ်မယ် ။
    ငါမမှန်ရင်
    ငါတရားခံဖြစ်မယ် ။
    တရားဆိုတာ
    ညှာလည်းမညှာ
    ညာလည်းမညာ
    သာစေ နာစေ မရှိ
    ပကတိ
    သူ့ သဘော သူဆောင်ခြင်း ပဲ။

    အစ်ကိုတိုး
    ပြန်လည်ဖေါ်ပြတာကျေးဇူးပါ။ ဆရာ (ဦး)တင်မိုးကို လွမ်းဆွတ်သတိရ
    သွားပါတယ်။
    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  2. အစ်ကိုတိုး
    မမနန်းရဲ့ကဗျာပိုစ့်မှာ
    အစ်ကိုချစ်ဖေက ဘယ်လိုသဘောနဲ့မန့်တာလဲ?
    နောက် နေတာလား?
    အသက်သွေးချွေးတွေပေးခဲ့ကြတဲ့
    သူရဲကောင်းပြည်သူတွေကို လေးစားသောအားဖြင့်၎င်း
    လက်ရှိ ထောင်သွင်းအကျဉ်းချခံ
    ထားရတဲ့ ကိုမင်းကိုနိုင်နဲ့ကိုကိုကြီး ကျောင်းသားခေါင်းဆောင်တွေ
    နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုယ်ကျိုးစွန့်အနစ်နာခံနေကြပြီး မတရားအကျဉ်းချခံနေရကြသူတွေပါ။

    တခုတော့ရှိတယ်
    စုန်းပြူးဆိုတာတော့ ဘယ်မှာမဆို ရှိနေမှာပါ။
    င ဘို့သမားတွေကိုတော့ စာရင်းထဲမထည့်သင့်ဘူး။
    အားလုံးကိုသိမ်းကြုံးမပြောသင့်ဘူးလို့မြင်မိပါတယ်။
    မတရားအုပ်ချုပ်ဖိနှပ်နေသူတွေကိုသာ ပြောကြစေချင်ပါတယ်။

    လေးစားစွာဖြင့်။

    ReplyDelete
  3. ဟုတ် ကျတော်သွားဖတ်လိုက်ပါ့ မယ် ကျတော် မြန်မာဖောင့်ပျောက်နေလို့ မ၀င်ဖြစ်လို့ ဘယ်မှမရောက်လို့ ပါ

    ReplyDelete
  4. ဟုတ်မကဗျာဦး
    ကျတော်သွားဖတ်လိုက်ပါတယ် သူလည်း ၈၈ တယောက်ပါဘဲ
    တိုင်းပြည်ကောင်းအောင်လုပ်မယ်ဆိုတဲ့သူတွေ ကိုယ့်အကျိုးစီးပွားအတွက်လုပ်နေတာကို သူရည်ရွယ်ပြီးပြောတာပါ
    သူပြောတာလည်း ၇၅ ရာခိုင်နုန်းလောက်မှန်နိုင်ပါတယ် ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ က ဓါတ်သိခြင်းဖြစ်နေလို့ ပါ အများအတွက်လို့ အော်ပြီး ကိုယ့်အတွက်လုပ်နေတဲံ့သူက ၉၀ ရာခိုင်နုန်းလောက်ဖြစ်နေပါတယ် ကိုယ့်အိပ်ထည်းကိုယ်ထည့်နေကြတယ် နေရာယူနေကြတယ် ရွှေးကောက်ပွဲပြီးရင် ပြန်ဝင်ပြီးနေရာယူမယ့်သူတွေ လည်းအများကြီးပါ
    ပြည်ပရောက် နိုင်ငံရေးသမားဆိုတဲ့သူတွေ ညံ့ဖျင်းတာပြောရရင် အများကြိးပေါ့လေ မပြောတော့ဘူးနော် စတိတ်မန့် ထုတ်ဘို့  ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးအော်ဘို့ လောက်နဲ့ နိုင်ငံရေးထင်နေကြပါတယ် ဦးဝင်းတင်ပြောတဲ့ ဖောက်ထွက်ဘို့ ဆိုတာမျိုးသူတို့ မစဥင်္းစားတတ်ပါဘူး နအဖ လုပ်တာကိုဘဲ ထောက်ခံပါသည် ကန့် ကွက်ပါသည် ရှုံ့ ချပါသည် ဆိုတာလောက်ဘဲလုပ်တတ်တဲ့သူတွေများနေလို့ ပါ အကုန်လုံးကို စော်ကားတဲ့သဘောမျိုးမဟုတ်ပါဘူး ကျွန်တော့် ဆရာတယောက်ပါဘဲသူလည်း

    ReplyDelete
  5. ကိုတိုးကြီး နဲ့ ညီမလေးကဗျာဦး

    ညီမလေးကဗျာဦးရေ.
    အကို မနန်းကဗျာမှာ မန့်သွားတာက ဆန်ချင်းနာနာဖွတ်သဘောမျိုးပါ မဟုတ်တာလုပ်နေသူ
    များကိုသာပြောတာပါ ပြည်တွင်းမှာရော နယ်စပ်မှာရော ပြည်သူတွေအတွက် လူမျိုးနဲ့ တိုင်း
    ပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်နေသူတွေ လုပ်နေဆဲသူတွေအားလုံးကို အကို
    လေးစားပါတယ် ကြည်ညိုပါတယ်တောင်ပြောလို့ရပါတယ် နည်းနည်းစိတ်ထဲ အချဉ်ပေါက်နေ
    သလိုခံစားရလို့ ရေးမိတာပါ ကိုတိုးကြီးကိုတော့ စ သွားတာ သူနဲ့အကိုက ပြောမနာ ဆိုမနာ
    ဆဲမနာ စိတ်မနာ သူတွေပါ ဘာပဲဖြစ်ဖြစ် ပြောလို့သာပြောနေတာပါ အားလုံး ငတ်ဖေါ်ငတ်
    ဖက်တွေ သေဖေါ်သေဖက်တွေ တိုက်ဖေါ်တိုက်ဖက်တွေဖြစ်ခဲ့ကြလို့ မပြတ်စဲ နိုင်တဲ့ သူတွေ
    ကြီးပါပဲ ညီမလေးရေ..ညီမလေးမှာ ခုလို တိုင်းပြည်အတွက် စေတနာရှိတာကိုသိရလို့ လေးစား
    ချစ်ခင်သွားပါတယ်ဗျား..

    ကိုတိုးကြီးရေ
    ညီမလေးကဗျာဦးကို သေချာရှင်းပြပေးပါဦး..ဗျို့..

    ReplyDelete
  6. ကျနော်မြင်သလောက် တွေ့နေရသလောက် ပြောခွင့်ပြုပါ။
    အထူးသဖြင့် ကျနော် ကျင်လည်နေရတဲ့ နယ်စပ်မျဉ်းတလျှောက်က တော်လှန်ရေးသမား နိုင်ငံရေးသမား ဒီမိုသမား အုပ်စုတွေအကြောင်းပါ။

    အဲဒီထဲမှာ တကယ့်တကယ့် စေတနာနဲ့ ကိုယ်ကျိုးစွန့်လုပ်နေကြတဲ့သူ အတော်များများက စိတ်ပျက်လို့ မညီညွတ်ကြလို့ ဘေးထွက်ထိုင်ပြီး ပရိသတ်လို ရပ်ကြည့်နေတဲ့အဆင့်ရောက်သွားကြတာ တော်တော်ကြာနေပါပြီ။

    တချို့လည်း နိုင်ငံရေးလုပ်ရတာ တော်တော် အဆင်မပြေ ကျပ်တည်းလာတော့ လူမှုရေး၊ အလုပ်သမားရေးတွေ ပြောင်းလုပ်လာကြတယ်။ ဒါလည်းတနည်းအားဖြင့် သူတပါး နိုင်ငံရောက် ကိုယ့်နိုင်ငံသားကို ကူညီရင်း စည်းရုံးရေးဆင်းတဲ့သဘောဆိုတော့ လေးစားပါတယ် တော်ပါသေးတယ်။

    ဆိုးတာက ပရိုပိုဆယ် နိုင်ငံရေးဆိုပြီး ခေတ်စားနေတဲ့ကာလပျက်ကြီးမှာ လုပ်စားနေကြတဲ့ ပေါ်တော်မူတွေ နောက်မှ ပေါက်တဲ့ရွှေကြာပင်တွေ အရင်က လုပ်ခဲ့သော်လည်း ယခုသစ္စာဖောက်သွားကြတဲ့ သွေဖည်သွားကြတဲ့ စကော်လာ ဆရာ့ဆရာကြီး ပညာရှင်တွေပဲ ဖြစ်ပါတယ်။

    မနေ့ညနေက အဲဒီလောကထဲက ဆရာကြီးတစ်ဆူနဲ့ စကားပြောမိလို့ နိုင်ငံရေးအကြောင်း ဘာညာပြောပြီးတာနဲ့ ဟေ့ကောင် မောင်ဖုန်း မင်းလည်း အခုလို အူကြောင်ကြောင်လုပ်မနေနဲ့ ပိုက်ဆံလေး ဘာလေး အထုပ်အထည်ရှိအောင် စုထား ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ အခြေအနေကောင်းရင် အောက်ပန်ပြီး အလုပ်ကြကြတာပေါ့တဲ့ ကောင်းရော--- အဲဒီလူကြီးကို ကိုတိုးလည်း သိပါတယ်ဗျာ ထားပါတော့။ သူကလည်း ကိုယ့်ကို စေတနာအရင်းခံနဲ့ စိတ်ထဲမှာ ရှိတဲ့အတိုင်း တိတ်တိတ်ပြောတာပါ။ ကိုယ်ကလည်း ခုမှ သူ့ဗိုက်ထဲ အူဘယ်နှစ်ခွေရှိတယ်ဆိုတာ သိရတော့တယ်။ နိုင်ငံ့အရေးထက် သားတူညီများကောင်းစားရေးက တဖြည်းဖြည်းနဲ့ ရှေ့ရောက်လာပြီ.။ ကြာရင် ပြည်တွင်းက နအဖနဲ့ ပြည်ပရောက် နအဖဆို တူရာ တူရာတွေများ ဖြစ်လာလေမလားမသိဘူး။

    ReplyDelete
  7. ဟုတ်တယ် ကိုဖုန်းရေ
    သိတာပေါ့ဗျာ နံမယ်တပ်ပြောရရင် အောင်သူငြိမ်းတို့  အောင်နိုင်ဦး အောင်မိုးဇော် ဗကသနိုင်ငံခြားရေးမှာလုပ်နေတဲ့ကောင်တွေ ပြောရင်အများကြီး အတ္က၀ါဒိ ငါ့ဘို့ သမားတွေလေ ဟဟဟဟ နံမယ်တပ်ပြောလို့ ကျတော့်ကိုလာဆဲ လာရိုက်ဥိးမယ်ထင်ပ

    ဟုတ်တယ် ကိုဖုန်းရေ
    သိတာပေါ့ဗျာ နံမယ်တပ်ပြောရရင် အောင်သူငြိမ်းတို့  အောင်နိုင်ဦး အောင်မိုးဇော် ဗကသနိုင်ငံခြားရေးမှာလုပ်နေတဲ့ကောင်တွေ ပြောရင်အများကြီး အတ္က၀ါဒိ ငါ့ဘို့ သမားတွေလေ ဟဟဟဟ နံမယ်တပ်ပြောလို့ ကျတော့်ကိုလာဆဲ လာရိုက်ဥိးမယ်ထင်ပ

    ReplyDelete
  8. နာမည်တွေ မပြောချင်ပါဘူးဆို ပြောချသွားပြန်ပြီ။
    ဒါကြောင့် ဘိုးဘိုးလည်း လူမုန်းများတာ---
    ညဖက် အပြင်မထွက်နဲ့
    နေ့လည် အပြင်သွားရင်တောင် အဖော်ခေါ်သွား အဲဒီလို အပေါက်မျိုးနဲ့ ထိုင်းကို လာရင်တော့ အသက်ပျောက်ကိန်းရှိတယ် ကိုတိုးရေ။

    အနှီဆရာတို့တတွေလည်း အစတုန်းကတော့ အရိုးကျေကျေ အရေခမ်းခမ်း မလျှော့တမ်းသမားတွေ လေးစားစရာ သမိုင်းတွေရှိခဲ့ပါတယ်။ ခုတော့ ပညာတတ်လူတန်းစားများ (ဆိုလိုချင်တာက ပညာတွေ သိပ်သိ သိပ်တတ်ပြီး လက်တွေ့သဘောတွေ ပျက်ကွက်နေရင်) ဟာ တယ်ပြီး ဖောက်ပြန်တတ်တယ်။ ကျောရိုးမဲ့လူတန်းစားတွေပါကွာလို့ ကွန်မြူနစ်တွေ စွပ်စွဲချက်ဟာ မှန်များ မှန်နေမလားလို့ တခါတလေ စဉ်းစားမိတယ်။ အဲလိုပြောလို့ လူနီကြီးဆိုပြီး အတွင်း နအဖရော အပြင်ဒီမိုတွေကပါ ညှပ်ရိုက်လို့ ပြေးပေါက်မှားနေပါဦးမယ် ဟ ဟ ဟ ဟ

    သူတို့လည်း ပရလုပ်ရင်းနဲ့ အတ္တဖြစ်ဖြစ်သွားတာ--- တခါတလေ အဲဒီခေါင်းဆောင်တွေကို နှမြောတယ်ဗျာ။ ရန်သူနဲ့ ပင်းတဲ့သူနဲ့၊ ဟိုယိမ်း ဒီယိမ်း ပဲ့ပြားပင်သမားတွေနဲ့ ပုတ်သင်ညိုလို အရောင်ပြောင်းလိုက်ကြနဲ့ ဘယ်လို ခံယူချက်တွေနဲ့ ရပ်တည်နေကြတယ်ဆိုတာ နားမလည်နိုင်တော့ပါဘူးဗျာ။

    ဘိုးဘိုးတိုးရဲ့ ရန်သူမှန်သမျှသည် ပြည်တွင်းမှာ နအဖ၊ ပြည်ပမှာ ဒီမိုဂုရု လုပ်စားများ ဟူ၍မှတ်လေလော့။

    ReplyDelete
  9. ကွန်မန်းတွေဖတ်ပြီးဗဟုသုတရသွားပါတယ်ရှင်
    မြန်မာနိုင်ငံသားပြည်သူတယောက်အနေနဲ့ အရာရာကို လေ့လာ
    မှတ်တမ်းတင်နေမိပါတယ်။

    ReplyDelete
  10. အင်း ကိုဖုန်းရေ
    ဘေးထွက်ထိုင်နေခဲ့တာကြာပြီ ဒီမိုး ဒီရေ ဒီလူတွေကို စိတ်ပျက်လို့ ပေါ့ ကျတော်နံမယ်တပ်တဲ့သူတွေတခါက ခင်ဗျားပြောသလို တကယ်လုပ်ခဲ့တဲ့သူတွေပါ ဒါပေမယ့် ခုတော့----
    ထားလိုက်တော့နော် ရန်သူကများသလားမမေးနဲ့ ထိုင်းအမေရိကား မသွားရဲဘူး
    ဖင်လန်မှာဆို အိမ်ပေါ်ကတောင်အိမ်အောက် မဆင်းရဲဘူး ဟဟဟဟ
    ရန်သူက ဒီမို ဂုရုတင်မကဘူး ဂုရု တပြည့်တပန်းတွေ လည်းပါသေး ကျတော့် ပရုဖိုင်မှာရေးထားတယ်လေ “လူတွေနဲ့ မတည့်တဲ့လူ တယောက်” ဆိုတာ အဲတာပြောတာလေ ဗမာလူမျိုးဆိုသူတွေမှာ တခုခက်တာရှိသေး အဲဒါက ပုဂိုလ်ရေး ကိုးကွယ်ကြတယ် ပုဂိုလ်စွဲ ကြီးကြတယ် သန်းရွှေဘာဘဲလုပ်လုပ် မှန်တယ်ထင်တဲ့သူတွေက ရှိသေး ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လုပ် အကုန်မှန်တယ်ထင်နေတယ် ကျတော်တခါပြောဘူးတယ် ၈၈ အာဏာသိမ်းခါနီးက ကြီး ၅ ကြီး တွေ့ ပေးတုန်းက ကြားဖြတ်အစိုး၇ မဖွဲ့ ဖြစ်ခဲ့ဘူး အဲဒီကိစ္စ ဒေါ်အောင်ဆန်းစုကြည်မှာလည်း တာဝန်ရှိတယ်ပြောမိလို့  အယ်နယ်ဒီ လူငယ်ဆိုသူတွေ ၀ိုင်းရိုက်မလို့ လုပ်သေးတယ် အာပြဲ ဇော်မင်း ကယ်လို့ ပေါ့ဗှာ ဟဟဟဟဟ လူတွေဟာ ဝေဖန်တာ ဘာလို့ မခံနိုင်ကြတာလည်းမသိဘူးဗျာ
    အေးဆေးပါ ကျွန်တော်ကလည်း ရန်သူဘဲ လိုချင်တယ် မိတ်ဆွေမလိုချင်တဲ့ ကောင်ဆိုတော့ ဟဟဟဟဟဟဟ ပျင်းတယ်ဗျာ

    ReplyDelete
  11. ထားပါတော့ ဘိုးဘိုးရယ်။ ရန်သူနဲ့ စစ်တိုက်ကောင်းတုန်း ကိုယ့်တပ် ကိုယ်ပြန်နင်းတယ်လို့ လည်း အပြောမခံနိုင်ပါဘူး။ သို့ပေမယ့် ကိုယ့်တာတော့ ကိုယ်လုံကြပစေပေါ့။ ကျိုးတဲ့ တာက တပ်မှူးကိုတော့ ပေါ့လျော့မှုနဲ့ အနည်းဆုံး ဝေဖန်သမှုတော့ ပြုခွင့်ပေးသင့်တယ် ထင်ပါတယ်။

    ဗမာလူမျိုးတွေ ပုဂ္ဂိုလ်ရေး ကိုးကွယ်တဲ့နေရာမှာ ရူးသွပ်တာကတော့ဗျာ။ ရှေးအတီတေ ကတည်းကပေါ့. ကိုယ်တိုင်လည်း မမြင်ဖူး မကြားဖူးပဲနဲ့ ငါ့စကောကြောင့် ပြည်ပျက်ဆိုတာလို ဟုတ်နိုးနိုး မှန်နိုးနိုးနဲ့ ဇွတ်အတင်းတိုးပြီး ကြည်ညိုကြတာကတော့ဖြင့် ဘာသာရေး နိုင်ငံရေး စီးပွားရေး နေရာတိုင်းမှာပါပဲ။ တခြားတိုင်းပြည်က လူတွေလည်းတချိန်က အယူသီးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီခေတ် ဒီအခါမတော့ ဒီလို အယူမှားတွေကို ပစ်ပယ်ကုန်ကြပါပြီ။ ကျနော့်တို့ နိုင်ငံသားတွေသာ ဓားမနောက်ပိတ်ခွေး ကျန်ရစ်ဖြစ်ခဲ့ကြတာပါ။

    အဲသလို ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲတွေ စွတ်ရွတ်ပြီး စွဲလမ်းကိုးကွယ်ကြတာက အတွင်းရော အပြင်ရော အထက် ဘ၀ဂ် အောက်အ၀ီစီကို ဖြစ်နေကုန်ပြီ. စစ်တပ်ထဲမှာလို အထက်အရာရှိကို အဘခေါ်ပြီး အဖေလုပ်ကိုးကွယ်နေကြတာပဲ. ရာထူးတည်မြဲသရွေ့ပေါ့။ နိုင်ငံရေးဖက်မှာလည်း အလားတူပါပဲ။ ဒါကြောင့်လည်း ဖွတ်ထွက်မှ တောင်ပို့မှန်း သိကြတော့တာပေါ့။ ဥပမာဗျာ- ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် အသုဘတုန်းက မန်းလေးလမ်းက ခပ်ကျယ်ကျယ် အနောက်မင်းက ခပ်ငယ်ငယ်ဆိုပြီး တဘောင်လိုလို ဘာလိုလို ပေါ်လို့ အောင်ဆန်းဦးကို ၀ိုင်းမြှောက်ဖို့ ကြံကြတာ... ဟိုက ချီးခြောက်ကောက်စားတော့မှ အကိုကြီးကိုချစ်ရက်နဲ့ သားဦးအရူးမို့ စစ်ကြေငြာရတဲ့ ဘ၀ရောက်တော့တယ်။ ဗိုလ်ချုပ်သားဆိုလို့ ဟို တူလုပ်သူလည်း မထူးပါဘူး။ တူတူပါဘဲ နော့ ဟုတ်တယ်မို့လား ပြောရင်းဆိုရင်းနဲ့ ကျနော့် အထုခံရအုန်းမယ်။ ဟဟ ဟ ဟ

    လူဆိုတာ အမှားနဲ့ ကင်းတဲ့အမျိုးမှ မဟုတ်တာဗျာ။ မှန်တာကို ထောက်ခံ၊ မှားတာကို ထောက်ပြမှ အမှန်ရောက်ကြမှာပေါ့။ ဘာလုပ်လုပ် မှန်တယ်လို့ စွတ်ရွတ်မျက်စိမှိတ်နေရင်တော့ မျက်ကန်းမျိုးချစ်ဘ၀က ဒီတစ်သက် မတက်တော့ပါဘူး။ လူမှန်ရင် မှားဖူးမှ အမှန်သိတာမျိုးပါ။ မှားရက်နဲ့ ရှေ့ဆက်လျှောက်ပြီး မထူးဇတ်ခင်းနေရင်လည်း မဟုတ်သေးပြန်ဘူးပေါ့ဗျာ။ ဒါမျိုးကြောင့် ၅ သိန်းသော တစ်သွေး တစ်သံ တစ်မိန့် တပ်ကြီးလည်း ပြည်သူ့ချဉ်ဖတ် ဖြစ်ရတာပေါ့. မှားမှန်းမသိဘူးလား သိပေသားကပဲ မပြင်ချုင်လို့ကို မပြင်တာပါဆိုနေတော့ ပြောစရာ ကုန်ပါပြီ။

    နောက်တစ်ချက်က ကိုတိုးပြောသလိုပဲ လူလူချင်း မကြောက်ရဘူး လူ က မွေးထားတဲ့ ခွေးကို ကြားထဲက ပိုကြောက်နေရတယ်။ ခေါင်းဆောင်ဆိုသူတွေက အဲလောက်မဟုတ်ဘူး. အောက်က ထမီနားခို ပုဆိုးစ ဆွဲ စားကြတဲ့ မင်းလို လိုက် မင်းကြိုက် ဆောင် အတိုက်အခံ ခေါင်းဆောင်တွေရဲ့ အကပ်အမြှောင်တွေကို ပိုလန့်နေရတယ်။ သူတို့က အကြောင်း ၃ ပါးရွေးတာ မဟုတ်ဘူးနော်။ အဘသန်းရဲ့ လက်မရွံတွေ ထက်တော့ သူတို့လည်း မလျှော့ဘူးဟ ဟ ဟ ဟ

    ဒါကြောင့် ရန်များတဲ့ ဘိုးဘိုးလည်း စားသတိ သွားသတိ လာသတိ အပြင် ဖြစ်နိုင်ရင် အိပ်သတိ ပါ ထားလိုက်ပါဦးဗျာ

    လေးစားခင်မင်လျက်
    မောင်ဖုန်း

    ReplyDelete