Sunday, February 28, 2010
မိုက်လည်းမိုက်လို့  တိုက်လည်း တိုက်ခဲ့ အောင်ပွဲတွေလည်း အင်္သချေ
Photobucket
ဟင်း ငယ်ငယ်က ကြည့်ခဲ့ဘူးတဲ့ ရုပ်ရှင်ထည်းက ဒေါ်မြလေး အသံနဲ့ ပြောရရင်တော့ “ ဟင်း ပြောကို မပြောချင်တော့ဘူး ” ကြည့်လေ ဒီကွန်မြူနစ်တွေ မိုးမှ မလင်းသေးဘူး ချက်ပြုတ်နေကြတာ အိုးကြီးအိုးငယ်နဲ့ ထောင်ကျပါတယ်ဆိုမှ ပျော်ပွဲစားထွက်နေတဲ့အတိုင်းဘဲ ပြောရင်မနာလိုလို့ သူတို့ လို မစားနိုင်လို့ ပြောတယ်ဖြစ်ဦးမယ် မထူးပါဘူး အယ်လ်နယ်ဒီ က အမတ်မင်းများလည်း တူတူပါဘဲ ထောင်ကျတာ အပန်းဖြေစခန်းရောက်နေတယ်ထင်ပ------။
ပြောလို့ မှ မဆုံးသေးဘူး ပြဿနာက စလာပြီ သူတို့ ကွန်မြူနစ်အချင်းချင်း ပို့ လိုက်တဲ့ အုန်းနို့ ခေါက်ဆွဲဆိုလားမသိပါဘူး ဂိတ်ကနေပြီး တပ်ကြပ် မြင့်အောင်ဆိုတဲ့ နွားက အိမ်မှာမချက်နိုင်လို့ ထင်ပါရဲ့  ဖြတ်သိမ်းလိုက်သတဲ့ ဟုတ်တယ်လေ ကျတော်တို့ ၎ တိုက်အရှည်ကနေပြီး ၅ တိုက်ကိုအပို့ဂိတ်တခုကိုဖြတ်သွားရတယ်လေ ဘာယာကို ပို့ ခိုင်းလိုက်တဲ့အချိန် အဲဒီဂိတ်ကနေ ဖြတ်သိမ်းလိုက်တာပေါ့ သိမ်းသိမ်းခြင်းတော့မသိပါဘူး တံခါးဖွင့်တော့မှ ပွစိပွစိ အသံကြားလို့ စုံစမ်းကြည့်မှသိတာလေ အခန်းတံခါးတွေလား အင်းအဲအချိန်က ခောတ်နဲနဲ ကောင်းလာတဲ့အချိန်လို့ ပြောရမှာပေါ့ ထောင်ဖွင့်ချိန်က စပြီး ၁၁ နာရီထိ တံခါးတွေ အကုန်ဖွင့်ပေးထားတယ်လေ အမလေး သဘောကောင်းလို့ မထင်နဲ့ ဗျိုး တိုက်ယူထားရတာလေ ကျတော်တို့ ရောက်ခါစကဆို ရေချိုးမိလ္လာ ၁၅ မိနစ်ဘဲရတာပေါ့ ၉၀ စက်တင်ဘာလှုပ်ရှားမှုကလည်း ပြီးခါစ အရှိန်မသေသေးခင်ဆိုတော့ ကျပ်သလားမမေးနဲ့ ပေါ့ တခန်းခြင်းဖွင့်တာလေ တခန်းဖွင့်ပြီး ရေချိုးမိလ္လာချနေချိန်မှာ ကျန်တဲ့အခန်းတွေက တခုထည်းသောအခန်းဝ သံတိုင်တံခါးကို အိပ်ဘို့ ပေးထားတဲ့ ဖျာကြမ်းအစုတ်ကလေးနဲ့ ပိတ်ကာထားပေးရတဲ့အပြင် အခန်းထည်းကလူတွေအကုန် တံခါးဝကို ကျောပေးပြီးထိုင်နေရတယ်ဗျိုး အဲသလိုထိုင်ပေးထားရတာ အခန်းတွေ အကုန် ရေချိုးမိလ္လာပြီးမှဘဲ ဖျာလေးကို ဖွင့်ခွင့်ရှိတာလေ နောက်ပိုင်းကျ နဲနဲသက်သာလာတယ် စေတနာရှိလို့ တော့မဟုတ်ပါဘူး သိတယ်မလား မသိလည်းပြောရတာပေါ့ဗျာ ရေအခက်ခဲလေ ရေက လာတယ်ဆိုယုံလေး ကလေးလေး ရူရှူပေါက်သလိုမျိုးလာနေတာဆိုတော့ ပြဿနာရှိလာတယ် ၁၁ နာရီ တံခါးသော့တွေ တိုက်ရုံးအပ်ဘို့ က မဖြစ်နိုင်ဘူး အဲတော့ ၃ ခန်း နာရီဝက်ဖြစ်လာပြန်ကောလေ နောက်ပိုင်းထောင်ပိုင်အပြောင်းအလဲအကြားမှာ တပွဲလောက်တိုက်လိုက်တော့မှ အခန်းအကုန်ဖွင့် ၁၁ နာရီထိ ဖြစ်လာတာပေါ့ ဗျာ-----။
ကွန်မြူနစ်တွေ တိုးတိုးဘဲပြောတတ်တယ် ကိုယ့်ပစ္စည်းပြန်တောင်းဘို့ မစဉ်းစားဘူး ငယ်ငယ်က ဖတ်ခဲ့ဘူးတဲ့ ရဲရဲတောက်ကွန်မြူနစ်တွေ ဘာဖြစ်ကုန်လည်းမသိပါဘူး မနေနိုင်သူက ကျွန်တော်တို့ အုပ်စုပေါ့ ကိုဇော်မင်း (ယခုထောင်တွင်း) ကစပြီး “ ဒါရအောင်ပြန်တောင်းရမယ် နို့မို့ ဆို ထုံးစံတခုဖြစ်သွားလိမ့်မယ်” ကျတော်တို့ အုပ်စု လူစုလိုက်တယ် ကျွန်တော်တို့ အခန်းနံပါတ် ၁၇ မှာပေါ့ မကသ က ကိုစိုးထက်ခိုင် (ယခုအမေရိကား) ကိုအောင်မျိုးသိမ်း (ယခုထိုင်း) အေဘီက (ကိုညွန့်ဇော်- ကျဆုံး သာယာဝတီတောရ) ကိုဇော်မင်း ကိုအောင်ကျော်ဦး (ယခု အေအေပီပီ ထိုင်း) လူ့ ဘောင်က တိုးတိုး ( ဟင်္သတ) ကိုအောင်မိုးကျော် ဖြိုးမင်းသိမ်း ( ယခု နအဖ အလိုတော်ရိ) ကိုကြည်ဖေကျော် (အေဘီအက်စ်ဒီအက်ဖ်)တို့ စုပြီးဆွေးနွေးကြတာပေါ့ ဆွေးနွေးရင်းက သိတယ်မလား အရှိန်တက်လာတော့ ရန်တွေ ထဖြစ်ကုန်တာပေါ့ နောက်ဆုံးတော့ ဖောက်ခွဲခဲ့သူက ကိုညွန့် ဇော်“ အုန်းနို့ ခေါက်ဆွဲပြန်ရဘို့ လောက်နဲ့ တော့မရင်းနိုင်ဘူး မတိုက်နိုင်ဘူး ကွန်မြူနစ်တွေတောင် ငြိမ်ခံနေတာ ငါတို့ ဘာလို့ တိုက်ရမလည်း တိုက်ချင်ရင် Right တိုက်မယ် ” ကျတော်သဘောတူလိုက်တယ် “ အိုကေ ကြိုက်ပြီတိုက်မယ် ဘယ်သူပါမလည်း ” ဆိုတော့ အကုန်ပါမယ် ဒါပေမယ့် ငါတို့ ကြည့်ဘဲမလုပ်သေးဘူး ကျန်တဲ့ တိုက်ဝန်းအတွင်းကလူတွေ လိုက်ညှိကြည့်မယ် ပါချင်တဲ့သူ ပါပါစေ မပါချင်လည်း ငါတို့ ကြည့်ဘဲတိုက်မယ် တဲ့
တာဝန်တွေခွဲလိုက်တယ် ကိုဇော်မင်းက တခြားတိုက်တွေနဲ့ ဆက်သွယ်ဘို့ နဲ့ အပြင်ကို လိုအပ်ရင် သတင်းထုတ်ဘို့ ဖြိုးမင်းသိမ်းက တသီးပုဂလတွေ ဆွေးနွေးဘို့  ကိုစိုးထက်ခိုင်ကိုအောင်မျိုးသိမ်း က အယ်နယ်ဒီ နဲ့ ဆွေးနွေးဘို့  ကိုအောင်ကျော်ဦးက ကေအန်ယူ နဲ့ ဆွေးနွေးဘို့ ကျတော်က အေစီပီခေါ် ရခိုင်ကွန်မြူနစ်တွေ နဲ့ ဆွေးနွေးဘို့  ကိုကြည်ဖေကျော်က ကိုမျိုးမြင့်ငြိမ်းတို့ လို အယ်နယ်ဒီ အမတ်မင်းတွေနဲ့ မတည့်တဲ့သူတွေကို ဆွေးနွေးဘို့  အဲဒီဆွေးနွေးချက်တွေ အပေါ်မူတည်ပြီး နောက်ဆုံးမှာ အကုန်စုပြီး ကွန်မြူနစ်တွေ နဲ့ ဆွေးနွေးဘို့ ဆုံးဖြတ်ချက်ချလိုက်ကြပါတယ် ဖြိုးမင်းသိမ်းဆွေးနွေးတဲ့အခါ ကွန်မြူနစ်ပါတီနဲ့ ကိုသက်ခိုင်ကို စိတ်နာနေတဲ့ ဦးသန်းစော ကိုသွားဆွေးနွေးဘို့ အခန်းထည်း ၀င်ယုံဘဲ ရှိသေး ဦးသန်းစောက “ ရော့ ကော်ဖီသောက် မုန့် စား ဘာမှမပြောနဲ့ ပြီးရင်ပြန် မင်းတို့ ဘာလုပ်မယ်ဆိုတာ အကုန်သိပြီးသားတဲ့ ” ဖြိုးမင်းသိမ်း ပြန်ထွက်လာရတယ်
ဒေါက်တာ ဇော်မြင့် ( အယ်လ်နယ်ဒီ ဟင်္သာတအမတ်မင်း) ကတော့ ငါမပါဘူး မတိုက်ချင်ဘူးဒီအချိန်မှာတဲ့( သူက စက်တင်ဘာအတွေ့ ကြုံအရ ထုတ်အရိုက်ခံရမှာ စစ်ခွေးရောက်မှာ ကြောက်နေတယ်) ပြောပြီးတာနဲ့ အခန်းထည်း ၀င်ပြီးတံခါးပိတ်သွားတယ် ဦးစောနိုင်းနိုင်း (အယ်လ်နယ်ဒီ ပုဇွန်တောင်အမတ် ယခု ထောင်တွင်း )ကတော့ “မင်းတို့ ကွန်မြူနစ်တွေ နဲ့  ဆွေးနွေးလိုက် သူတို့ မတိုက်ဘူးဆို ငါတိုက်မယ် ငါပါမယ် သူတို့ ပါရင် ငါမပါဘူး သူတို့ ကို ငါမယုံဘူး” တဲ့ ကြည့်မြင်တိုင်အမတ် ဦးလှထွန်းကတော့ တိုက်မယ် ပါမယ်လို့ ပြောပါတယ် ကေအန်ယူက ကိုသန်းမြင့်ဆွေ အုပ်စု ( ၁၉၈၄ အသံလွင့်ရုံဗုံးအဖွဲ့ ) ကတော့ အများပါရင် ငါတို့ ပါမယ် လို့ သဘောထားပေးပါတယ် အေစီပီ ဗဟိုကော်မတီ ဦးခိုင်စိုး အဖွဲ့ ကတော့ “ မင်းတို့ ကျောင်းသားတွေ ရှေ့ ကတကယ်တိုက် ရင် ငါတို့ ပါမယ် မိန်ူဂျေးခေါ်ပြီးအရိုက်ခံရမှ ကြောက်ပါပြီအော်ရင် ငါတို့ မခံနိုင်ဘူး ငါတို့ ကတကယ်တိုက်မှ ပါမှာ ”တဲ့ မျိုးမြင့်ညိမ်းကတော့ တိုက်မယ်ပါမယ်တဲ့ အယ်လ်နယ်ဒိလူငယ်တွေ (ဖားကူး အယ်နယ်ဒီ သံလျှင် ဗုံးအဖွဲ့ ) ကတော့မတိုက်ဘူးမပါဘူးတဲ့ ဦးအုန်းသန်း (ဟင်္သာတ) ကတော့ ”ကိုဇော်ထွန်း ခင်ဗှားကို ကျတော်ယုံတယ် ပါမယ်တဲ့”
အဲဒိလိုနဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ ကွန်မြူနစ်တွေ အပေါ်မူတည်သွားတယ် အကုန်စုပြီးဆွေးနွေးလိုက်တာ သိတယ်မလားကွန်မြူနစ်ဆရာကြီးဆိုတဲ့သူတွေ (တာဝန်ယူထားသူက ဦးအောင်ခင် နဲ့ ဦးကျော်မြ နဲ့ ကိုနော်ခမ်း) သဘောတရားတွေ ရွတ်ပြနေတာနဲ့ ၁၁ ထိုးနေပြီ ဆွေးနွေးပွဲက လိုင်းမကျသေးဘူး
အဲဒီနေ့ က မှတ်မှတ်ယယ ၁၉၉၃ ခု မတ်လ ၂၈ ရက်နေ့  အုန်းနို့ ခေါက်ဆွဲ ပို့ တာကလည်း သူတို့ ပါတီရဲ့ တော်လှန်ရေးစတင်ခဲ့တဲ့နေ့ (၄၈၂၈) နေ့ အထိမ်းအမှတ်ဆိုပြီး သူတို့ လူအချင်းချင်း အုန်းနို့ ခေါက်ဆွဲချက်ပြီးပို့ တာပါ
ကျတော်ဆွေးနွေးပွဲအခန်းထည်းကထွက်လာခဲ့တယ် လုပ်လို့ ရနိုင်တာ စဉ်းစားပြီး ကွန်မြူနစ်တွေ ကို ခွဲထုတ်ဖို့ စဥင်္းစားမိတယ် ( ဒါကြောင့် အဲဒီတိုက်ပွဲပြီးတော့ ဇော်ထွန်းတို့ ဇော်မင်း အောင်ကျော်ဦး ညွန့် ဇော်တို့ စိုးထက်တို့ အုပ်စု ကွန်မြူနစ် အယ်လ်နယ်ဒီ တွေ ကို ညီညွတ်ရေးဖြိုခွဲတယ် ကွန်မြူနစ်အချင်းချင်း အန်လ်နယ် ဒီ အချင်းချင်း ရန်တိုက်ပေးတယ် သွေးခွဲခဲ့တယ်လို့ တံဆိပ်တပ် ခံခဲ့ရပါတယ်)ကျတော်နဲ့ ရင်းနှိးပြီးအယူအဆ နီးစပ်တဲ့ ကိုကိုးကျွန်းပြန် ဦးကြည်ညွန့်  ကိုသူ့ အခန်းထည်းမှာ သွားဆွေးနွေးပါတယ် “ ဦးကြည်ညွန့် ခင်ဗျားကျတော့်ကို ပြောတာမှတ်မိလား” “ဘာတုန်းကွ ဇော်ထွန်းလေးရ ငါတို့ ပါတီ တာဝန်ရှိသူတွေ ဆွေးနွေးတုန်း လိုင်းမှမကျသေးတာ မင်းကို ဘာမှပြောလို့ မရသေးဘူးလေ” “အဲဒါပြောမလို့ လေ ခင်ဗှားကျတော့်ကိုပြောဘူးတယ် ပေါ်လစီဆို မတိုက်ဘူး အခွင့်ရေးတိုက်ပွဲဆို အချိန်မရွေးလာခေါ် တရေးနိုးလာခေါ်လည်းအဆင်သင့်ဘဲလို့ ပြောဘူးတယ်လေ ” သူ ပြောဘူးတဲ့စကားနဲ့ သူ့ ကို ပြန်ချည် ထားလိုက်တယ် “ သူ့ မျက်နှာမဲသွားတယ် ပြီးတော့မှ တလုံးခြင်းပြောတယ်“ ဇော်ထွန်း မင်းတကယ်တိုက်မှာလား တကယ်တိုက်မယ်ဆိုမှပြောနော် စကားမကျွံစေနဲ့  ” တဲ့  “ကျတော့်နံမယ်ဇော်ထွန်း ယုံလား ယုံရင်တိုက်မယ် ကျတော်ရေတခွပ်ခပ်လိုက်တယ် “ ရော့ ခင်ဗှားတ၀က်သောက် ကျုပ်တ၀က်သောက်မယ် ” သူတခွန်းထည်းထပ်ပြောတယ် “ ကြိုက်သွားပြီ အဲဒါမျိုးဆို ” တဲ့ ပြီးတော့ ကျတော်တို့ ၂ ယောက်အခန်းပြင်ထွက်လာပြီး ရေကန်နားက ကုက္ကိုပင်ကြီးအောက် သွားထိုင်နေလိုက်တယ် ကွန်မြူနစ်ပါတီက ပန်ဆန်းပြန် ကိုလှသိန်း ( ဒလ) ရောက်လာပြီး “ငါလည်းပါတယ် မင်းတို့ နဲ့ တူတူ တိုက်မယ် သူ တို့ ဟာသူတို့ တိုက် တိုက်မတိုက်တိုက် ဘာဆုံးဖြတ်ချက်ကျကျ ငါတိုက်ဘို့ ဆုံးဖြတ်လိုက်ပြီ အခန်းထည်းပြန်မတက်တော့ဘူး” တဲ့ ---
ဆွေးနွေးပွဲတွေ စကထည်းက ၀န်ထမ်းက သတင်းပို့ လိုက်လို့ ၁၀ နာရီလောက်ထည်းက အဆောင်တွေ အကုန်ပြန်တက်ခိုင်းပြီး ထောင်ကိုအရေးပေါ်အခြေနေ တပ်လှန့်ထားပါတယ် မိန်းေ၈ျးလ် မှာ ၀န်ထမ်းတွေ အကုန်စုထားတဲ့အပြင် တိုက်ဝန်း ရုံးခန်းမှာလည်း ၀င်ရောက်နှိမ်နှင်းဘို့  ဒိုင်းတွေ နံပါတ်ဒုတ်တွေ နဲ့ ဝန်ထမ်းတွေ အကုန်အဆင်သင့်ဖြစ်နေပါပြီ ကွန်မြူနစ်တွေက သဘောတရားတွေ ခင်းပြနေတုန်း
၁၁ နာရီထိုးခါနီးတော့ ထောင်မှုး ကိုကို နိုင် ရောက်လာပါတယ် သူက “ ဒီနေ့ တော့တက်လိုက်ပါဦး ခုလောလောဆယ် ထောင်ပိုင်မရှိသေးပါ အစည်းအဝေးသွားတက်နေပါတယ် ထောင်ပိုင်ပြန်လာရင် သူတင်ပြပေးပါ့မယ်” လို့  ပြောပါတယ်
ဦးလှထွန်းက ငြင်းလွတ်လိုက်ပါတယ် ကျတော်တို့ တိုက်ပွဲစပါပြီ ကျတော်တို့ တောင်းဆိုချက်မရဘဲ မတက်ပါဘူးလို့ ပြောလို့ ကိုကိုနိုင် ပြန်ထွက်သွားပါတယ် သူ ထောင်ပိုင်လေးနဲ့ ဆွေးနွေးကြည့်ပါဦးမယ်တဲ့ ( အမှန်က ဘာမှ မဆုံးဖြတ်ရသေးဘူး ဆွေးနွေးတုန်း) ၄ တိုက်အတိုက ကိုတင့်ဆန်း ( ရကတ ဥက္ကဌ) ကတော့“ခု၁၁ နာရီထိုးပြီ သူတို့ တိုက်မှာတင်နေပြီ တက်လိုက်တော့မယ် ခင်ဗျားတို့ ဘက်က ဘာမှ မဆုံးဖြတ်ရသေးတော့ ဒီက ဘာမှလုပ်မရဘူး ခင်ဗျားတို့ ဘက်က စတိုက်လို့ ဒီက ပါရတာ အကြောင်းမဟုတ်ဘူး ဒီက တိုက်ပြီး အဲဒိက တိုက်ဘို့ မူမကျရင် ဒီဘက်လူတွေ ဒုခရောက်မယ်တဲ့ မနက်ဖြန်မှ ခင်ဗျားတို့ ဆုံးဖြတ်ချက်ကို ဒီဘက်က ၀န်းရံပြီးလိုက်ပေးမယ်တဲ့ ၃ တိုက်အုပ်စုကတော့မြန်တယ် အပြင်ကိုသတင်းထုတ်လိုက်ပြီ လောလောဆယ် သူတို့ တိုက်က နေ့ ခင်းတနာရီထိ ဖွင့်ပေးထားလို့ တိုက်ပွဲထည်း ပါလို့ မဖြစ်သေးဘူး လိုအပ်ရင် မနက်ဖြန် ပါဘို့ ထပ်ပြောမယ်တဲ့
၁၁ နာရီခွဲတော့ ကိုစိုးထက်ခိုင်နဲ့ ကိုညွန့် ဇော် ပွဲကြမ်းပစ်လိုက်ပါတယ် ကွန်မြူနစ်တွေ ကို “ ခင်ဗှားတို့ တိုက်မှာလားမတိုက်ဘုူးလား ဒါဘဲပြော ခင်ဗျားတို့ မတိုက်လည်း ကျတော်တို့ တိုက်တယ်ဗျာ” လို့ ပြောပြီး အခန်းနံပါတ် ၁၆ ထည်းက ထွက်လာခဲ့ပါတယ် အဲတော့မှ ကွန်မြူနစ်တွေ တိုက်ပါမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပြိး ဖြိုးမင်းသိမ်း ကိုဇော်မင်း ကိုအောင်ကျော်ဦးတို့ နဲ့ ဘာတွေတောင်းဆိုမလည်းဆိုတာ နောက်တဆင့်ထပ်ဆွေးနွေးပါတယ် အဲအချိန်မှာဘဲ မနက်က သိမ်းသွားတဲ့ အုန်းနို့ ခေါက်ဆွဲတွေ ကို ၀န်ထမ်းတယောက် ပြန်လာပို့ ပါတယ် အမှန်က သတင်းလည်း ယူရင်းဘာတွေ ဆွေးနွေးနေတယ် ဘယ်သူတွေ ပါတယ်ဆိုတာလာလည်းမှတ်၇င်းပေါ့ အဲအချိန်ထိ သူတို့ ဘက်က လိုက်လျှောမယ့်ပုံမရှိသေးပါဘူး ၀င်ရိုက်ဘို့ ဘဲ တာဆူနေပါတယ်
၁၂ နာရီထိုးတော့ တောင်းဆိုချက်မူကြမ်းထွက်လာပါတယ်
နံပါတ်တစ် အခန်းတံခါးတွေကို နေ့ လည် တစ်နာရီထိဖွင့်ပေးရေး
နံပါတ်နှစ် ဖျာ အပေါ့အလေးသွားသည့် ဂန်ဖလား လုံလောက်စွာပေးရေး
နံပါတ်သုံး ထောင်ကပေးတဲ့ ပဲဟင်းမှာ ပဲဖတ်များများပါအောင်ထည့်ပေးရေး
နံပါတ်လေး ထမင်းကိုနဲနဲကောင်းအောင်ချက်ပေးရေးနဲ့ စပါးလုံး နဲအောင်လုပ်ပေးရေး
နံပါတ် ငါး ထောင်ဆရာဝန်နဲ့ ပြသခွင့်ရရေး
နံပါတ်ခြောက် ထောင်ကတပါတ်တခါပေးတဲ့ အသားပုံစံ ကီလို အပြည့်ပေးရေး
နံပါတ်ခုနှစ် ထောင်ပုံစံအကျီင်္ ပုံစံပုဆိုး ၆ လတခါ လဲပေးရေး
နံပါတ်ရှစ် ထောင်ဝင်စာ အိမ်ကလာပို့ သည့်ပစ္စည်းများကို မသိမ်းဆည်းရေး
အပါအ၀င် အခြားမမှတ်မိသည့်တောင်းဆိုချက်များတောင်းဆိုခဲ့ပါသည်
တိုက်ပွဲကို ကျတော်တို့ တိုက်အတွင်းမှာ ရှိသည့် အခန်း ၁၈ခန်းမှ လူပေါင်း ၆၉ ယောက်အနက် ၃၅ ယောက်တိတိ ပါဝင်တိုက်ခဲ့ပါတယ် ထောင်ပိုင်နှင့်ဆွေးနွေးရန်အတွက် ဦးလှထွန်း (အယ်နယ်ဒီ ကြည့်မြင်တိုင်အမတ်) ဖြိုးမင်းသိမ်း (အောက်ဗ) ဦးမိုးဝင်း တို့ ကိုရွေးချယ်ခဲ့ကြပါတယ် အားလုံးစုပြိး အပြင်မှာထွက်ထိုင်နေကြပါတယ် တစ်နာရီထိုးတော့ ထောင်မူး ကိုကိုနိုင်ရောက်လာပြီး ခုထောင်ပိုင်က ဆွေးနွေးဘို့ ခေါ်ပါတယ်လိုက်ခဲ့ပါလို့ ပြောပါတယ် ကျန်တဲ့သူတွေအနေနဲ့ အခန်းထည်းပြန်တက်ပေးကြဘို့ ပြောပါတယ် ကျတော်တို့ က ဆွေးနွေးဘို့ လိုက်တာ ဟုတ်ပါပြီ ဆွေးနွေးတဲ့သူတွေကို ပြန်မပို့ ရင် ဘယ်လိုလုပ်မလည်းလို့ မေးတော့ သူတာဝန်ယူပါတယ် လို့ ထောင်မူးကိုကိုနိုင်က ပြောပါတယ် ကျတော်တို့ ဆွေးနွေးပြီး ငါတို့ တောင်းတာ အဓိက တစ်နာရီအထိဘဲဖြစ်တယ် ခုတစ်နာရီထိုးနေပြီ ပြန်တက်မယ် နောက်နေ့ ဆက်တိုက်မယ်လို့ ဆုံးဖြတ် ပြီး အခန်းထည်းကို ၀င်ခဲ့ပါတယ် တံခါးပိတ်ပြီးတော့ ထောင်မူးကိုကိုနိုင် တတိယအကြိမ်ရောက်လာပြီး ဆွေးနွေးမယ့်သူတွေကိုခေါ်ပါတယ် ဆွေးနွေးမယ့် ဦးလှထွန်း ကိုမိုးဝင်း ဖြိုးမင်းသိမ်းတို့ လိုက်သွားကြပါတယ် တစ်နာရီလောက်ကြာတော့ ပြန်ရောက်လာပြီး ထောင်ပိုင်လေးနဲ့  တွေ့ ခဲ့ကြောင်း ထောင်ပိုင်လေးက သူ့ လုပ်ပိုင်ခွင့်တွေ ထည်းက နေပြီး လုပ်လို့ ရတာတွေ လုပ်ပေးမယ်လို့ ပြောပြီး နေ့ လည်တစ်နာရီထိဖွင့်ပေးဘို့ က ၀န်ထမ်းထမင်းစားချိန်အတွက်အခက်ခဲရှိကြောင်း မနက်ပိုင်း ၁၁နာရီထိဖွင့်ပေးပြီး နေ့ လည်ကို ၂ နာရီကနေပြီး ၃ နာရီခွဲထိ ပြန်ဖွင့်ပေးမယ့်အကြောင်း ထောင်ပုံစံ ဂန်ဇလား နဲ့ ပုံစံအကျီကိစ္စ စီစဉ်ပေးမယ့်အကြောင်း ထမင်းမကောင်းတဲ့ကိစ္စက နိုင်ငံရေးအကျဉ်းသားတွေအတွက် သီးသန့် ချက်ပေးမယ့်အကြောင်း စပါးလုံးများတာကို နည်းအောင်လို့ အကျဉ်းကျနေတဲ့ မိန်းမဆောင်က အမျိုးသမိးတွေ ကို စပါးလုံးရွေးခိုင်းဘို့  စီစဉ်ပေးမယ့်အကြောင်းတွေကို ထောင်မူးကိုကိုနိုင်ကိုယ်တိုင်လိုက်ပါလျှက် တခန်းခြင်း လိုက်ရှင်းပြခဲ့ပါတယ်------
ဘာဘဲပြောပြောပေါ့လေ တခါတလေမှာစဉ်းစားမနေဘဲ မိုက်ရူးရဲဆန်ဆန် တိုက်လို့ လို့ နိုင်ခဲ့ဘူးသလို ကွဲခဲ့ ပြဲခဲ့တာလည်း အများကြီးပါ တကယ်လို့ သာ အဲအချိန်က နိုင်ငံရေးသမားကြီးတွေလို စဉ်းစားတွေးခေါ်နေမယ်ဆိုရင်---- အုန်းနို့ ခေါက်ဆွဲသိမ်းတာ ငါတို့ မှားတာ အာဏာပိုင်ကို သွားတိုက်လို့ မရဘူးဆိုတဲ့ ကွန်မြူနစ်တွေ လို တွေးခေါ်ခဲ့မယ်ဆိုရင်-----ကွန်မြူနစ်တွေ အုန်းနို့ ခေါက်ဆွဲသိမ်းခံရတာ ငါတို့ နဲ့ မဆိုင်ဘူးလို့ တချို့ တချို့ သော သူတွေလို တွေးခေါ်ပြီး မတိုက်ခဲ့ဘူးဆိုရင် --- အကုန်လုံးလူညီမှ တိုက်မယ်လို့ စဥ်းစားတွေးခေါ်တဲ့သူတွေလို မတိုက်ဘဲနေခဲ့မယ်ဆိုရင် --- ဒီအခွင့်အရေးတွေ ရလာမှာမဟုတ်ပါဘူး
တကယ်တော့ အောင်ပွဲဆိုတာ တိုက်ရဲသူအတွက်ဘဲဖြစ်ပါတယ်လို့ ဆနွပြုလျှက် လောလောဆယ်ဖြစ်နေတဲ့ လှိုင်သာယာ စက်မှုဇုံ တိုက်ပွဲများက တိုက်ပွဲဝင် သူရဲကောင်းများကို အလေးပြုလျှက်
11 comments:
  1. ကွန်ပြူတာ နှစ်လုံးမှာ တလုံးကိုသူများပေးလိုက်မိတာရယ် လက်ရှိတလုံးက မြန်မာဖောင့် ပျောက်လိုက်ပေါ်လိုက်နဲ့ (ဗိုင်း၇ပ်ဝင်နေလားမသိ ဘာမှမလုပ်တတ်မကိုင်တတ်မို့ ) စာရေးလို့ အဆင်မပြေလို့ မ၀င်ဖြစ်တာပါ ကျတော်မရှိခင်လာရောက်သွားသူ ကွန်မန့် ရေးသူအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်
    ReplyDelete
  2. ထောင်တွင်းအတွေ့အကြုံတွေကို ထူးဆန်းစွာဖတ်သွားပါတယ်
    ReplyDelete
  3. တကယ်တော့ အောင်ပွဲဆိုတာ တိုက်ရဲသူအတွက်ဘဲဖြစ်ပါတယ်လို့ ဆနွပြုလျှက် လောလောဆယ်ဖြစ်နေတဲ့ လှိုင်သာယာ စက်မှုဇုံ တိုက်ပွဲများက တိုက်ပွဲဝင် သူရဲကောင်းများကို အလေးပြုလျှက်
    လာဖတ်ပါတယ်အစ်ကိုတိုးကြီး
    ကဗျာလည်းပျောက်နေတာကြာပြီ။ မှန်ပါတယ်
    အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ပါ။
    တွေဝေသူတွေအတွက် တသက်လုံးမင်းဆိုးမင်းညစ်ထံမှာ
    ခွေးသေဝက်သေ ဖြစ်ရမယ့်အတူ တိုက်ရင်းသေတာမြတ်ပါတယ်။
    လေးစားလျက်
    ReplyDelete
  4. ဟုတ်တယ်ဗျို့............ အခွင့်အရေးကို လေသံပျော့ပျော့လေးနဲ့တောင်းယူလို့မရဘူး။ တိုက်ယူမှရမယ်။
    ReplyDelete
  5. အခုနေ ဖြိုးမင်းသိမ်းတို့ကို သွားမေးရင်တော့ သူတို့က တောင်းယူလို့လည်း မနိုင် တိုက်ယူလို့ လည်း မဖြစ် ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲပြီးမှ ချဲ့ယူကြတာပေါ့လို့ ပြောလိုက်မှာ သေချာပါတယ်။
    နေမကောင်းဘူးထင်လို့ စိုး၇ိမ်နေတာ ခုမှ စိတ်အေးရပါပြီ။
    လူရော ကွန်ပျူုတာရော ကျန်းမာရေးကောင်းပါစေဗျာ။
    ReplyDelete
  6. ထောင်တွင်းအတွေ့အကြုံတွေဖတ်သွားပါတယ်ဗျာ
    အောင်ပွဲဆိုတာတိုက်ရဲသူတွေအတွက်ဖြစ်တယ်
    အမှန်ဆုံးပါပဲ
    ReplyDelete
  7. သြ..လက်စသပ်လိုက်တော့..ဒို့ကိုတိုးကြီးလည်း ကွန်မြူနစ်ဆန့်ကျင်ရေးသမားကြီးပဲကိုး..သတ္တိ ဗျတ္တိရှိပါ့..ဦးအုန်းသန်း(ဟင်္သတ)ကတော့ ကိုတိုးကြီးနဲ့ အလွမ်းသင့်ပုံရတယ်နော်....
    ReplyDelete
  8. ခက်တယ်ဗျာ
    ခင်ဗျားလို လူတယောက်ကတောင် ကျတော့်ကိုနားမလည်ဘူးဆိုတော့ ကျန်တဲ့သူတွေနဲ့ မတဲ့တာ သိပ်မထူးဆန်းတော့ဘူးပေါ့
    ကျတော်ကွန်မြူနစ်ကိုလည်းမဆန့် ကျင်ပါဘူး အယ်လ်နယ်ဒီလည်း မဆန့် ကျင်ပါဘူး နအဖ လည်း မဆန့် ကျင်ပါဘူး ကျတော်ဆန့် ကျင်တာက မဟုတ်မမှန်ပြောတာ မတရားအနိုင်ကျင့်တယ် ပြည်သူ့ အကျိုးစီးပွားလို့ ပြောပြီး ကိုယ့်ပါတီ ကိုယ့်အဖွဲ့ စည်းနဲ့ ကိုယ့်အကျိုးစီးပွားအတွက် လုပ်နေတဲ့သူတွေ (ရိုးရိုးသားသားဆိုလက်ခံသေးတယ်) လိမ်ညာနေတဲ့သူတွေကို ဆန့် ကျင်တာပါ ဦးချစ်ဖေ
    ကွန်မြူနစ်တွေထည်းမှာ ကျတော်အထင်ကြီးတဲ့သူတွေ အများကြီးပါ ဦးချစ်ဖေကိုတခါပြောဘူးပါတယ်
    အိုကေ နဲနဲဆက်ပြောကြည့်မယ် စံနစ်တခု ၀ါဒ တခုအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီ ရဲ့ ဆန့် ကျင်ဘက်ဟာ အာဏာရှင် စံနစ်ပါဘဲ
    ကွန်မြူနစ် ဆိုတာဘာလည်းမေးရင် ပစ္စည်းမဲ့ အာဏာရှင်စံနစ်ဘဲ
    အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့ တိုးတက်ရေးပါတီက ဗဟိုကော်မတီဝင်တွေ နဲ့ စကားများဘူး ပြဿနာတက်ဘူးတယ်
    စာတစောင်ထုတ်တော့ စာထည်းမှာ “ အာဏာရှင်စံနစ်မှန်သမျှ ဆန့် ကျင်သည်”လို့ ရေးလိုက်လို့  သူတို့ ပါတီက သဘောမတုလက်မှတ်မထိုးပါဘူး သူတို့ အကြောင်းပြတာက “ ဒမဖ မူထည်းမှာ စစ်အစိုးရနှင့်စစ်အာဏာရှင်စံနစ်ကိုဘဲ ဆန့် ကျင်ပါသည်” ရေးထားသဘောတူထားခဲ့တယ်တဲ့ အဲဒိမှာ မင်းတို့ ဥက္ကဌ မိုးသီးကိုယ်တိုင်လက်မှတ်ထိုးထားတာတဲ့ ” ဒမဖ ဆိုတာ ခင်ဗှားသိမှာပါ ၁၄ ပါတီ မဟာမိတ် အဖွဲ့ လေ
    ဒီမိုကရေစီရဲ့ ဆန့် ကျင်ဘက်က ဗြူရိုကရေစီပေါ့နော်
    ကွန်မြူနစ်ကို လက်ခံပါတယ်ဆိုရင် ဒီမိုကရေစီကို ဆန့် ကျင်တာလားလို့ ကျတော်ခင်ဗျားကို ပြန်မေးရလိမ့်မယ်
    ဒီမိုကရေစီ နဲ့  ဗြူရိုကရေစီလို့ ခေါ်တဲ့ အာဏာရှင်စံနစ် ဘယ်လို မှ ပေါင်းစည်းလို့ မရဘူးဆိုတာ ခင်ဗျားသိပြီးသားဖြစ်ပါလိမ့်မယ်
    ကွန်မြူနစ်တွေ ဟာ ၁၀ ယောက်မှာ ၇ ယောက်လောက်က လူလိမ်တွေ မရိုးမသားလူတွေဖြစ်နေတတ်တယ် ရိုးသားတဲ့ကွန်မြူနစ်ဆိုတဲ့ပါတယ် ဥပမာ
    ကိုကိုကျွန်းပြန်ဦးကြည်ညွန့် အန်ကယ်ကြီးဦးတင်အောင် ဒေါက်တာဇော်မင်း ဦးမိုးဝင်း အစရှိသဖြင့်ပြောရင်အများကြီးပါ လူလိမ်ကွန်မြူနစ်ဆိုရင်တော့မတည့်ဘူး သေချာတယ် အနီထည်းမှာလည်း ကိုကိုးကျွန်းပြန် ဦးအောင်ဆန်းမြင့်တို့  ဆရာခ တို့ ဆိုတည့်ပါတယ်ဗျာ
    ဦးအုန်းသန်းဆိုတာကလည်း မတည့်လိုက် တည့်လိုက်ပါဘဲ သူကလည်း တခါလေ ရစ်တယ် သူနဲ့ မတူတာပြောမိ ဆွေးနွေးမိရင် မင်းတို့ ဥက္ကဌ မိုးသီးဇွန် နဲ့ တိုင်မယ်ဘဲ အဲတော့ပြောပေးထား၇တယ် မိုးသီးဇွန်ဆိုတာကျူပ်တပြည့်ထည်းမှာ အညံ့ဆုံးကောင်လို့ 
    တခါတလေကျ မပြောချင်ဘဲ ပြောရတယ် မလုပ်ချင်လည်းလုပ်ရတယ် နိုင်ငံရေးနဲ့ ပတ်သက်ရင်ပေါ့ လူကြီးဆိုပေမယ့် လူကြီးလို မနေရင် မပြောရင် မတွေးရင် ပြောရပါတယ် အဲလိုပြောလို့ ကွန်မြူနစ် ဆန့် ကျင်ရေးသမား အယ်နယ်ဒီဆန့် ကျင်ရေးသမားလို့ပြောမယ်ဆိုရင်တော့ ဘာမှ မတတ်နိုင်ဘူးပေါ့ဗျာ
    ReplyDelete
  9. အခုနေ ဖြိုးမင်းသိမ်းတို့ကို သွားမေးရင်တော့ သူတို့က တောင်းယူလို့လည်း မနိုင် တိုက်ယူလို့ လည်း မဖြစ် ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲပြီးမှ ချဲ့ယူကြတာပေါ့လို့ ပြောလိုက်မှာ သေချာပါတယ်။
    ဟုတ်ကဲ့ခင်ဗျာ
    ချဲ့ ယူကြတာပေါ့လို့ ပြောရင်မေးခွန်းတွေအများကြီးတက်လာပါလိမ့်မယ်ကျတော့ဘက်ကပေါ့ ဘယ်လိုချဲ့ ယူမှာလည်း ဖွဲ့ စည်းပုံကို သေချာလေ့လာပြီးပြီလားလို့ 
    ဖွဲ့ စည်းပုံအခြေခံဥပဒေကို သေချာလေ့လာပြီးပြီလား
    ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဘို့ ဘယ်လောက်ရာခိုင်နုန်ူးနဲ့ မှ ပြင်လို့ ၇မယ်လို့ ရေးထားလည်း
    စစ်တပ်က အချိန်မရွေး နိုင်ငံတော်လုံခြုံရေးအကြောင်းပြပြီးအာဏာသိမ်းလို့ ရတယ်လို့ ရေးထားတာဖတ်မိလား
    သမတ ကစစ်တပ်က ကောင်ဆိုတာသိလား
    အစရှိသဖြင့်မေးခွန်းတွေ အများကြီး မေးလို့ ရနိုင်ပါလိမ့်မယ်
    ကျေးဇူးဗျာ လာဖတ်တဲ့အတွက်ကော ဆုတောင်ေးပးတဲ့အတွက်ကော ပေါ့
    ReplyDelete
  10. ဒါမှန်တယ်...ဒို့ကိုတိုးကြီးမှန်တယ်..အာဏာရှင်ဆန့်ကျင်ရေးသမားလို့..ပြောရမှာ ကချစ်ဖေညံ့တာ..ကျနော့်ဥက္ကဌက ကိုတိုးကြီးရဲ့ ခပ်ညံ့ညံ့တပည့်ဖြစ်နေတာကိုး...တပည့်မကောင်း ဆရာဂေါင်းပေါ့..ဒါဆို...ဟိုကောင်လေး..မင်းကိုနိုင် တို့ ဌေးကြွယ်တို့ ကိုကိုကြီးတို့ ကိုကော.လက်တိုလက်တောင်းခိုင်းခဲ့ပုံရတယ်..လမ်းထိပ်မှာဆေးလိတ်ပြေး
    ReplyDelete
  11. ဒေါက်တာဇော်မင်း ဘယ်ရောက်နေလည်း
    သူ့ညီ ကိုဇော်ထွန်းရော ဘယ်ရောက်နေလည်း
    ကိုတိုးကြီးကလည်း ဇော်ထွန်း ဘဲ ဆိုတော့နာမည်တူနေတယ်
    ReplyDelete