Friday, January 1, 2010

ကျွန်နော့် ရဲ့ အညတ သူရဲကောင်းများ (အပိုင်းတစ်)

Photobucket


အဖတ်လိုက် အဖတ်လိုက်ကျနေတဲ့ နှင်းလေးတွေကိုငေး ကြည့်နေမိသည် ညသန်းကောင်ဆိုပေမယ့် ပတ်ဝန်းကျင်တခုလုံး လင်းထိန်လျှက် ဗျောက်အိုးဖောက်သူတွေ မီးရူးမီးပန်းဖောက်နေတဲ့ ကလေးတွေ လူမျိုးပေါင်းစုံ ရာနဲ့ ချီလို့ ----့

မိတ်ဆွေတယောက်က အရက်တခွက်လာတိုက်သည် “အေးနေရင် ဒါလေးသောက်လိုက်တဲ့” မသောက်ချင်ဘူးလို့ ငြင်းလိုက်တော့ သူ အံ့သြသွားသည် ဘာမှတော့ဆက်မပြော အပူချိန်က ရေခဲမှတ်အောက် အနုတ် ၁၈ ဘာလို့ များကို သူ့ ကိုသတိယနေမိပါလိမ့်----။


နားထည်းကို သူ့ အသံလေး ၀င်လာသလိုလို “ ရွှေကျောင်းထက်က ခေါင်းလောင်းသံလေး ------- အဝေးရောက်နေတဲ့ ဒို့ ရဲ့ သူငယ်ချင်းတွေ -----” ကျွန်နော်တို့  အဝေးကြီးကို ရောက်နေသလို ခင်ဗျားလည်း ဘယ်တော့မှ မဆုံနိုင်တော့တဲ့ အဝေးဆုံးကို ထွက်သွားခဲ့ပြီနော်----။


ကျတော့်ကို ဇောက်ထိုး လို့ သူနံမယ်ပေးခဲ့သည် ဘာတွေးတွေး သူများနဲ့ ဆန့် ကျင်ဘက်က တွေးတက်လို့  “ နအဖ လို အဆိုးမြင်ဝါဒီလို့ တော့ခင်ဗျားကိုမခေါ်ရက်ဘူး ဘာလုပ်လုပ် ဘာပြောပြော သူများနဲ့ မတူတဲ့သူဆိုတော့ ဇော်ထွန်းလို့ မခေါ်တော့ဘူး ဇောက်ထိုးလို့ ဘဲခေါ်မယ်” တဲ့ သူ့ ကိုပထမဆုံးစတွေ့ ခဲ့တော့ အင်းစိန်ထောင်သီးသန့် မှာ သူနဲ့အတူနေသူက စာရေးဆရာ မောင်စင်ကြယ် စကားပြောရင်း က သူ့ ကိုထောင်ထည်းထည့်လိုက်သူနဲ့ ကျွန်တော်တို့ အုပ်စုကို ထောင်ထည်းထည့်လိုက်သူ ကတယောက်ထည်းဖြစ်နေခဲ့သည် “ အဲကောင်က ခင်ဗျားတို့ လိုလူမပြောနဲ့  ကျွန်တော်တို့ ၈၈၈၈ အစထည်းက တွဲခဲ့တဲ့သူတွေကိုတောင်မှ ထောင်ထည်းထည့်လိုက်တယ်ဗျာ တမြို့ ထည်းသားခြင်း ၈၈၈၈ မဖြစ်ခင်ထည်းက ပေါင်းလာတဲ့သူတွေလေ သူရယ် ကျွန်တော်တို့ တောကြက် ( အေဘီအက်ဖ်ဒီအက်စ် ယခုထိုင်း) တို့ က အစထည်းက ပေါင်းလာတဲ့သူတွေဗျ ” အဲကောင်ကို ခင်ဗျားတို့ က တင်စိုး ဘဲသိတာ နောက်တမျိုးခေါ်သေးတယ် ဘောကြီးတဲ့ အင်ဖော်မာ လုပ်စားတာ သိပ်တော့ကြာဦးမယ်မထင်ဘူး ” တဲ့ “ကျတော်ယူဂျီတာဝန်နဲ့ ပြန်ဝင်လာပြီး သိပ်မကြာဘူး မြို့ ထည်းမှာ သူနဲ့ တွေ့ တာဘဲ ကျွန်နော် ထွက်သွားတာ သူသိတယ် ပြန်ဝင်လာတဲ့ အကြောင်းပြောရင်းနဲ့ ကျတော်ကလည်း သူငယ်ချင်းလည်းသူငယ်ချင်း နိုင်ငံရေးလည်းတူတူလုပ်ခဲ့တာဆိုတော့ အကုန်ပြောလိုက်မိတယ်ဗျာ ပြောလိုက်ပြီး ၂ ရက်ဘဲကြာတယ် လာဖမ်းတော့တာပါဘဲတဲ့ ” သူ စပြီးအဖမ်းခံခဲ့ရပုံကိုပြောပြခဲ့သည်---။

သူစပြီးတောခိုခဲ့ပုံကိုလည်း
ခင်ဗျား ပါပီမ ဇာတ်ကားကြည့်ဘူးလား အဲဒီကား အစမှာလေ သင်္ဘောကြီးပေါ်မှာ ကျွန်တော်တို့ အုပ်စုပေါ့ သန်းဝင်း (အေဘီအက်ဖ်ဒီအက်စ် မှာအတွင်းရေးမှုးဟောင်း ) လည်းပါတယ်လေ တူတူတောခိုခဲ့တာပေါ့ တဲ့ နောက်တော့မွန်ပြည်သစ်နယ်မြေရောက်သွားခဲ့တာ ရောက်လိုက်တဲ့ ဒုခဗျာ ဒါပေမယ့် ကောင်မလေးတွေလည်းအများကြီးပါတယ်ဆိုတော့ အားတော့မငယ်ပါဘူး” သူအမြဲ အားကျပြီး ပြောနေကျ ကောင်မလေးကတော့ “ အတာ ” တဲ့ ခုဘယ်ရောက်နေပြိလည်းမသိဘူးဗျ အရမ်းအထင်ကြီးဘို့ ကောင်းတာ သူက ငယ်ငယ်ဘဲရှိဦးမယ် အဲဒီတုန်းကလေ ၁၆ ၁၇ လောက်ဘဲ ရှိမယ် ယောက်ကျားတွေ သူထက်ကြီးတဲ့သူတွေနဲ့ ရင်ဘောင်တန်းလုပ်တယ် ပြတ်တယ် ဘာဖြစ်ဖြစ် ဦးဆောင်နိုင်တယ်”
ဘယ်လောက်ထိ အထင်ကြိးသလည်းဆို ထောင်ထည်းမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး တယောက်ယောက်ကို မကျေနပ်တိုင်း “ ဒီကောင်တွေ “အတာ” ထမိန် ဌားပြီး ၀တ်ခိုင်းရမယ်သိလား “အတာ”လောက်သတ္တိ မရှိဘူး” တဲ့--------။

ထောင်ထည်းမှာ တခုခု လုပ်ဘို့ ဆွေးနွေးကြတိုင်း “ ငါ နင်တို့ လောက်နားမလည်ဘူး နင်တို့ လို သဘောတရားတွေကြားမှာမျောမနေချင်ဘူး ဘာဆုံးဖြတ်ချကြလည်း ဘာလုပ်ချင်လည်း င့ါကိုပြော အကုန်ဖြစ်အောင်လုပ်ပေးမယ်” သူရိုးသားစွာ ပြောခဲ့ဘူးသည်-----။

ထောင်ထည်းမှာ သူအလုပ် တွေ အများကြီး လုပ်ပေးခဲ့သည် ဘီဘီစီ ဗွီအိုအေ အောအင်ဒီယား အသံလွင့်ဌာနတွေက သတင်းတွေကို အခြားသော နိုင်ငံရေး အကျဉ်းသားတွေ ဖတ်နိုင်ဘို့ သူအဓိက ကူးယူဖြန့် ချီပေးခဲ့သည် မစ္စတာ ယိုကိုတာ မှတဆင့် ကုလသမဂ ကို စာထုတ်ဘို့ ကိစ္စ သူ အစအဆုံး အဓိက လုပ်ဆောင်ခဲ့သူလည်းဖြစ်သည် အာဏာပိုင်တွေ ကို တိုက်ခဲ့သမျှတိုက်ပွဲတိုင်း သူမပါခဲ့တာမရှိ ကျွန်တော်နဲ့ ပြဿနာတက်တဲ့ ပွဲတိုင်း သူကျွန်တော့်ဘက်ကအမြဲပါခဲ့သည် တခါကလည်း ဒေါက်တာ စိုးလင်း (အယ်နယ်ဒီအမတ် မနွလေး ယခု ၀ံသာနု အယ်နယ်ဒီ ) ကို ရိုက်မလို့ ဆို ပြီး အတင်းထွက်လို့  မနဲတားထားလိုက်ရသည် ၊ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် စိန်ရတုသဘင် မဂဇင်းကို သူအဓိက အစဆုံးလုပ်ခဲ့သည် ပထမ တော့ ကျောင်းသားခေါင်းဆောင်တယောက်က လိုအပ်တဲ့ သရုပ်ဖော် ပုံလေးတွေ ဆွဲပေးမယ်လို့ အာမခံခဲ့ပေမယ့် နောက်ပိုင်း ကျွန်တော်တို့ နဲ့ အဆင်မပြေတော့ ကူညိမှုကိုတန်းလန်းကြီး နဲ့ ဖြတ်ချလိုက်သည် အဲဒိတော့သူ ၁ တိုက်မှာရှိတဲ့  ကိုစိုးထိုက် (မကသ မကဒ မကြာခင်က ထိုင်းနိုင်ငံရောက်လာသူ) ထံ ရောက်အောင်ပို့ ပြီးအကူညီတောင်းခဲ့ပြန်သည် နောက်ပိုင်း တန်းလန်းကြီးနဲ့ ဘဲ ကိုစိုးထိုက်ဆီက ပြန်ရောက်လာတော့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီး သူကိုယ်တိုင် ပန်းချီဆွဲခဲ့သည် အဲဒီတော့မှ သူပန်းချီဆွဲတတ်တာသိသည် “ခင်ဗျားဗျာ ကိုယ်တိုင်ဆွဲတတ်ရဲ့သားနဲ့ သူများအပင်ပန်းခံ အောက်ကျခံပြီး ဆွဲခိုင်းနေသေးတယ်” လို့ ပြောတော့ “ သူတို့ ဆွဲတာ ပိုကောင်းမယ်ထင်လို့ လေ သူတို့ က ပညာရှင်တွေ ငါက အပျော်ဆွဲတာ” တဲ့ ၊

သူ့ အဖေက ဗေဒင်ဟောတာ တော်တော်ကြွမ်းကျင်ပုံ၇သည် နံမယ်က ဦးလေးမြင့် တဲ့ ဟင်္သာတ မှာ နေသည် သူ့ ကိုသူ့ အမေ ထောင်ဝင်စာလာတွေ့ တော့ သူ့ အတွက်ဇာတာကြီးယူလာရင်း သူ့ အဖေ ဟောလိုက်တာကို ပြန်ပြောပြသည် “ ငါ့အဖေက ငါ့ကို အိမ်ပြန်မရောက်တော့ဘူးလို့ ဟောလိုက်တယ် အိမ်ပြန်မရောက်ဘူး ဆိုတော့ ထောင်ထည်းမှာ သေမယ်ဆိုတဲ့သဘောဖြစ်နေတယ် နင်ကြည့်ပေးစမ်း” သူ့ ဇာတာကြီးကိုကြည့်တော့ အုတ် ၂ချပ် ကသစ် ၃ ပွင့် နဲ့ “ဟာကောင်းလိုက်တာ သောကြာ က အုတ် ရထားတာဆိုတော့ ရီးစားတော့ အများကြီးရမယ် ” “ဒါတော့နင်ပြောမှလား ငါ့မှာ ခုလောလောဆယ် ၃ ယောက်တောင် ရှိတယ် နင့်ကိုတယောက်ပေးမယ် မှန်အောင်ဟောနိုင်ရင်” “စနေနဲ့ အင်္ဂါလည်း ကသစ်ဆိုတော့ စစ်ဘက်နဲ့ အကျိုးပေးမယ်နိုင်ငံရေးလည်း လုပ်လို့ ရတယ်” “နင်ကသာလုပ်စားလို့ ရတယ်ပြောတာ သူပုန်လည်းလုပ်ပြိးပြီ ထောင်ထည်းလည်းရောက်နေပြီ ဘာအကျိုးပေးလို့ လည်း” ကျွန်တော်ဘာဆက်ပြောရမှန်းမသိတော့ ၊

သူကော ကျွန်နော်ပါ လွတ်ဘို့ တနှစ်လောက်အလို နောက်အမှုတွေ ထပ်တိုးပြီး သာယာဝတီတောရ ရောက်ခဲ့ကြသည် ရောက်ပြီး ၃ နှစ်လောက်အကြာမှာတော့ သူကျမ်းမာရေးချို့ ယွင်းလာသည် သူ့ ကိုသတ်လိုက်တာ ထောင်ဆရာဝန် အောင်သန်းလို့ ပြောမယ်ဆို ပြောလို့ ရသည် သူ ဗိုက်အောင့်လာသည် အသက်ရှုမ၀ ဖြစ်လာသည် ဗိုက်ကလေး ပူလာသည် ဆေးအကြောင်းနားလည်သည့် ဦးစောနေဒွန်းက(ပေါက်ခေါင်း အယ်နယ်ဒီ ဥက္ကဌ) က အသဲနဲ့ ဆိုင်မယ်ထင်တယ်လို့ ပြောနေသည့် ကြားက ဆရာဝန်က ဘာမှ မဆိုင်ဌက်ဖျားဆေးတွေ တိုက်သည် ဘာဆိုင်လို့ လည်းမေးတော့ အဲဒိဆေးဘဲ ရှိလို့ တဲ့ နောက်မသက်သာလို့ ထောင်ပိုင်တင်ပြတော့ အောင်သန်းက စိတ်ဆိုးပြီး “မင်းတို့ သေလို့ ငါတို့ ဘာမှ မဖြစ်ဘူး လက်မှတ်ကလေးတချက်ထိုးပေးလိုက်ယုံဘဲ ”လို့ ပြောပြီး တီဘီ ဆေးတွေ တိုက်ပြန်သည် အဲဒိမှာ ပိုဆိုးသွားသည် ထောင်ဝင်စာ မလာလို့ အဟာရ နည်းနေတဲ့ကြားက တီဘီ ဆေးအပြင်းတွေ တိုက်တော့ ပိန်ချုံးပြီး ယဲ့ယဲ့လေးကျန်တော့သည် ဆေးရုံပေါ်ထိရောက်သွားခဲ့သည် အပြင်ဆေးရုံထုတ်ဘို့ တင်ပြတော့ ထောက်လှမ်းရေးက ခွင့်မပြုဆိုပြီး အပြင်ဆေးရုံမထုတ်ဘဲ ထောင်ဆေးရုံပေါ်မှာဘဲထားခဲ့သည် ၃ ရက်လောက်အကြာမှာတော့ (၁ ၁ ၂၀၀၀ ) မှာ သူ ကျဆုံးသွားခဲ့သည် သူသေပြီးနောက် ဆရာဝန်မှတ်ချက်က အသဲကင်ဆာတဲ့----၊ ထောင်စုနှစ်ရဲ့ ပထမဆုံး ရက် မနက် ၆နာရီမှာပေါ့------။


နှင်းတွေ ဝေနေပြီ ကိုညွန့် ဇော် ခင်ဗျားရဲ့ ပေးဆပ်ခဲ့မှုတွေ အတွက် ဘယ်သူတွေကမှ အသိမှတ်မပြု မေ့လျှော့နေပေမယ့် ကျွန်တော်မမေ့ဘူးဆို တာ ယုံပါ တိုက်ဆိုင်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန် တော်သတိယနေပါ့မယ်

10 comments:

  1. ကြေကွဲစရာပါပဲအစ်ကိုတိုး
    ကိုညွန့်ဇော်တို့လို အညတရ သူရဲကောင်းတွေ
    အများကြီးကို ဖေါ်ထုတ်သင့်ပါတယ်
    အညတရ သူရဲကောင်းတွေကို
    ဦးညွှတ်ဂုဏ်ပြုလျက်

    ReplyDelete
  2. ဟုတ်အများကြီးပါ သူတို့ ကျဆုံးတဲ့နေ့ တွေတိုင်းတင်ပါ့မယ် ကျတော် ရှိနေဦးမယ်ဆိုရင်ပေါ့

    ReplyDelete
  3. ဖတ်ပါတယ်ရှင်
    ဝမ်းနည်းဖွယ်ရာတွေပါပဲ

    ReplyDelete
  4. ခင်ဗျားဗျာ.ရေးတတ်ရဲ့သားနဲ့.အလကားတချို့ဟာတွေရေးချင်သေးတယ်
    ခင်ဗျားရှိနေသေးရင်ဆိုတာ ဘာလဲ ခင်ဗျားကလွမ်းအောင်လုပ်နေတာလား
    ဟင်း..“.....” တော့မလို့လား..ရေးဗျာ ဒါမျိုးလေးတွေ..

    ReplyDelete
  5. နှစ်သစ်မှာပျော်ရွှင်ပါစေ

    ReplyDelete
  6. အတာက ခုအမေရိကားမှာ လေ။ မေရီလန်းမှာ ကျမတို့နဲ့ အဆက်အသွယ် ရှိတယ်။

    ReplyDelete
  7. သတိတရရှိနေသေးတယ်ဆိုတာမမေ့သေးလို့ဘဲ-မမေ့တာကိုကချစ်စရာ
    ကောင်းတာပါ။နှစ်သစ်မှာလူသစ်စိတ်သစ်နဲ့မနေနိုင်သေးသရွေ့ တရားမရသေးဘူး-ကျန်းမာရွှင်လန်းပြီးပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေဗျာ

    ReplyDelete
  8. ကိုညွန့် ဇော် မသေခင်က စာတစစောင် အမှတ်တရ ရေးထားတာရှိပါတယ်။ အီးမေးကနေ ပို့ ပေးလိုက်မယ် ။ ဒီမှာ အမှတ်တရ တင်ထားလိုက်ပါ။

    ReplyDelete
  9. သို့ 
    ကုလား
    ဖြစ်ကောင်းဖြစ်ခဲ့ရင်ပေါ့ ငါသေသွားရင် မှာချင်တာတွေ မမှာလိုက်ရမှာစိုးလို့ ပါ ဘာကိုမှ မစိုးရိမ်ပါဘူး အားလုံးဒီလမ်းကိုသွားနေကြတာချည်းပါ ငါနေခဲ့ရတဲ့ ဒင်္ဂတ ခဏတာမှာ ယုံကြည်ချက်အတွက် တာဝန် အနဲငယ်ယူလိုက်ရတာ ကျေနပ်ပါတယ် ငါ့ရဲဘော်တွေ အပေါ် ကိုယ် နှုတ် နှလုံး သုံးပါး ပြစ်မှားခဲ့သည်ရှိသော် တောင်းပန်ပေးပါ အခုချိန်ထိ တာဝန်ကျေခဲ့ပြီး ပြန်လည်တာဝန် မကျေနိုင်ခဲ့တဲ့ ငါ့မိသားစုကို ခွင့်လွှတ်ဘို့ တောင်းပန်ပေးပါ
    ညွန့် ဇော် (၁၆ ၁၂ ၁၉၉၉)
    ၁ ၁ ၂၀၀၀ တွင် သာယာဝတီ တောရအတွင်း ကျဆုံးသွားခဲ့သော ကိုညွန့် ဇော်မှ မသေခင် နောက်ဆုံးရေးသွားခဲ့သော စာ ဖြစ်ပါသည်

    ReplyDelete
  10. NYUNT ZAW (He wrote it before he died in Tharawaddy Prison.)



    This is the last will of U Nyunt Zaw, written in prison and wished to be read if he dies. Nyunt Zaw was arrested in August 1991, who afterwards never found freedom again. He died on 1 January 2000 in Tharawaddy prison. At that time of his death he was 35 years old. For his memory we give this, his last will to anyone, as tribute to him and that his beliefs and struggle are not in vain.



    Nyunt Zaw was born in 1965 to U Lay Nyunt and Daw Tin Kyi, in Ruby quarter, Henzada Township in Irrawady Division. He was student of mathematics in Bassein College and received his degree in 1987. He was also in charge of the organizing committee of the All Burma Federation of Student Unions, ABFSU, in Henzada District.



    After August 1988 demonstration followed by the Military crackdown, Nyunt Zaw fled to the Thai-Burma border and joined there the All Burma Student Democratic Front, ABSDF. In 1990, he slipped back into Burma to carry out some of his work. He worked in the underground movement, but was finally arrested by the Military Intelligence (MI), in August 1991. He was sentenced to seven years imprisonment for his contact with anti-regime groups.



    While he was in Insein prison, he attempted, with 22 other political prisoners, to publish a testimony about the inhumane prison conditions, which were then forwarded to the United Nations. The prisoners also published a journal commemorating the Diamond Jubilee of the University of Rangoon. For their efforts, the prisoners were sentenced to an additional seven years imprisonment under section 5(e) of the Emergency Provisions Act.



    On 15 November 1997, he was transferred from Insein to Tharawaddy prison.



    Nyunt Zaw suffered from dysentery in July 1999 which progressively worsened. However, the doctor mistakenly diagnosed his illness as tuberculosis and he was thus given TB medecine, not the medecine that he needed. In September 1999, he was suffering from a stomach ache and his belly became swollen. The doctor, again mistakenly, determined that he was suffering from cancer and so treated Nyunt Zaw for such. Two months later, on 1 January 2000, Nyunt Zaw died.



    The prison authorities at the time were Chief Warden Win Myint, Jailer Tin Tun and Prison Doctor Aung Than. An autopsy later revealed that he had in fact died from liver cirrhosis

    ReplyDelete