Friday, January 22, 2010
ကျွန်နော့်ရဲ့ အညတ သူရဲကောင်းများ အပိုင်း (နှစ်)
Photobucket
စကားဦး
ကျတော်ရေးသော လူပုဂိုလ်တို့ အကြောင်းတို့ သည် ကျတော်ဖြတ်သန်းခဲ့သော တိုတောင်းသော အချိန်လေးအတွင်း ဆုံဘူးခဲ့သော သူတို့ အကြောင်းများသာဖြစ်ပါသည်
ထိုသူတို့ အကြောင်းကိုရေးရာ ၌ အာဃာတများနှင့် ၀ါဒဆွဲ အယူဆွဲများကို အတတ်နိုင်ဆုံး ရှောင်လျှက် အကြောင်းအရာများကို အဓိက ထားပြီး ရေးပါသည်
ကျတော်သိသောအကြောင်းအရာများသည် သက်ဆိုင်သူ ပုဂိုလ်တို့ ၏ ဖြတ်သန်းမှု ကာလတလျှောက် သေးငယ်သော အစက်အပျောက်ကလေး တခုသာဖြစ်ပါလိမ့်မည်
ထို့ ကြောင့် ကျတော်သိသော ရေးသောအကြောင်းအရာ အဖြစ်အပျက်များသည် မှန်ကန်သော်ငြားလည်း ပြီးပြည့်စုံပြီ ဟု မယူဆစေချင်ပါ သက်ဆိုင်သူ ပုဂိုလ်များနှင့် ပတ်သက်ပြီး ကျတော် မသိသေးသော အကြောင်းအရာ များ စွာကျန်ရှိနိုင်ပါသေးသည် ။
--------------------------------------------------------------------------------------------
သူကျဆုံးခဲ့တယ်
သူ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်
သူ ဟာ တိုက်ပွဲတပွဲကို တိုက်နေစဉ်အတွင်းမှာဘဲ ရန်သူနဲ့ ရှေ့ တန်းအကျဆုံး စစ်မြေပြင်မှာ သူရဲကောင်းပီသစွာ ကျဆုံးခဲ့သူဖြစ်တယ်
သူဟာ သူ့ ကိုယ်သူ ကွန်မြူနစ်တယောက်လို့ လက်ခံထားပြီး ကွန်မြူနစ်ဝါဒ မော်ဝါဒ တို့ ကိုယုံကြည်စွာလက်ခံခဲ့သူလည်းဖြစ်တယ်
ကွန်မြူနစ်လို့ ကြွေးကျော်ထားပြီး ကွန်မြူနစ်ဝါဒနဲ့ ဆန့် ကျင်ဘက်ပြောဆို တဲ့သူတွေကို ဘယ်လောက်မုန်းမုန်း သူ့ လိုလူကိုတော့ တန်ဘိုးထား လေးစားပါတယ် ။
သူ ကျတော့် အခန်းရှေ့ မှာလာရပ်ပြီး “ ညက မိတ်ဆက်သွားတာ မကြားလိုက်လို့ ပြန်ပြောပြပါဦး”
သူက အခန်းနံပါတ် ကိုး မှာနေပါတယ် ကျတော်တို့ က အခန်းနံပါတ် တစ်ဆယ့်ခုနှစ် ဆိုတော့နဲနဲဝေးတယ် ၄ တိုက်အတိုကနေပြီး သူရှိတဲ့ ၄ တိုက်အရှည်ကိုပြောင်းလာခဲ့ပြီးနောက်တနေ့ မနက် ရေချိုးချချိန်မှာ သူရောက်လာခဲ့တာပါ မုတ်ဆိတ်မွေး နှတ်ခမ်းမွှေး ကြိုးတို့ ကျဲတဲ နဲ့ သူ့ ကို ကျတော်တို့ ၎ ယောက်မိတ်ဆက်ပြီးချိန်မှာတော့ ကျတော်က“ ခင်ဗှား ချေဂွေဗားရားနဲ့ တူဘို့  အသားနဲနဲ မဲပြီး ပါးသိုင်းမွှေးထားလိုက်ပါလား”သူသဘောကျစွာ ရီမောလိုက်ပြီး “ ဆရာကြီးကတော့ ရောက်တာနဲ့ ပြဿနာစရှာပြီ”
သူက ကမာရွတ်မှာနေပါတယ် လှည်းတန်း ခိုင်ရွှေဝါ လမ်းထည်းမှာနေတဲ့  ကျတော့်သူငယ်ချင်းကောင်မလေးတွေကိုမေးတော့ သူတယောက်မှ မသိပါဘူး ကောင်လေးတချို့ ကိုတော့သိပါတယ် သူက အင်ဂျင်နီယာ ပေါက်စ တယောက်ပါ သူနဲ့ အတူနေသူတွေကတော့ ဟင်္သတာ ဦးအုန်းသန်း သားအဖ ကိုခင်အောင် (ဟင်္သာတ) ကိုစံမြင့် ( အင်းစိန်) တို့ နဲ့ အတူနေပါတယ် ၄တိုက်အရှည်မှာ UNDER GROUND လို့ ခေါ်တဲ့ တိုက်ခန်းတွေ အတွင်းမှာ မြေအောက်လှိုင်ခေါင်းတွေ ဖောက်တာကို သူက စလုပ်ခဲ့တာလို့ ပြောရင်မမှားပါဘူး သူက အင်ဂျင်နီယာ တယောက်ဖြစ်လို့ အခန်းနံရံနဲ့ ကပ်ပြီးဖောက်တဲ့ မြေအောက်လှိုင်ခေါင်းတွေကို ဘယ်နှစ်လ ကြာတဲ့အခါ မြေကြောဟာ ဘယ်လောက်ရွှေ့ သွားလို့ ဘယ်လိုဖောက် ဘယ်လိုတူးရတယ်ဆိုပြီး အသေးစိတ်ညွှန်ကြားပေးခဲ့သူပါ ။
တရက်မှာပေါ့
“ဆရာကြီးက မိန်းမတယောက်တောင် ရအောင်မစည်းရှုံး နိုင်ဘဲနဲ့ ဘယ်လိုလုပ်ပြီး တိုင်းပြည်ဦးဆောင်မှာလည်းဗျ ” “ ခင်ဗျားကိုကော ကြိုက်တဲ့သူ ရှိလို့ လား သူများလာပြော၇အောင် ကျတော်ကမှ ကြိုက်တဲ့ သူရှိသေးတယ်” သူဟက်ဟက်ပက်ပက် ရီသွားတယ် ။
၈၈၈၈ ကို ကွန်မြူနစ်တွေ လုပ်ခဲ့တာပါဆိုလို့ ကျတော်ကော်ဆဲတော့ ကွန်မြူနစ်တွေက ကျတော့်ကို ပိတ်ဆို့ မှုတွေလုပ်ခဲ့ပါတယ် သတင်းမပြော မပေးဖတ် စာအုပ်စာတန်းတွေ ပေးမဖတ် ကွမ်းဆေးလိပ်မပေး ရေနွေးမပေး အစရှိတဲ့ ပိတ်ဆို့ မှုတွေလုပ်တဲ့အခါ သူတို့ အစည်းအဝေးမှာ ကိုကိုးကျွန်းပြန် ဦးကြည်ညွန့် ( ပြည်သူ့ တိုးတက်ရေးပါတီ) နဲ့ သူ ၂ ယောက်က ကန့် ကွက်ပါတယ် ကျတော်နဲ့ ဆွေးနွေးမယ်ဆိုပြီး ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေပါဘူး အဲဒါနဲ့ ကျတော်တခန်းခြင်းလိုက်မေးပါတယ် ဦးမိုးဝင်း (ပြည့်သူ့ ရဲဘော်ဦးစိုးဝင်းသား သခင်ဇင် ဒေါ်ကြည်ကြည် သမက်) ကတော့ “သူမပြောဘူး ပြောတဲ့သူသွားပြောလေကွာ မင်းက အကုန်လုံးသိမ်းကြုံးဆဲတာတော့မကောင်းဘူးပေါ့ ”လို့ ပြောပါတယ် အာခေါင်နီ ဦးအောင်ခင် (ရန်ကုန်ခရိုင်ကျောင်းသားသမဂမှ နေလ ခေါ် အေဘီအက်ဒီအက်မှ ဂုရုခေါ် မြင့်အောင် ခေါ် ဘလော့ခ်ဂါ ကိုဖိုးဇေ ဖခင်) ကတော့ “ မင်းတို့ ဗကသ မှာ ဥက္ကဌ လုပ်ခဲ့တဲ့ ညိုထွန်း ခေါ် ဇော်အောင် ကငါတို့ လူကွ ” “ညိုထွန်းဘာလုပ်ခဲ့လို့ လည်း နောက်မှပါလာတာလေဗျာ ၉ ရက်နေ့ ထိ တောင်ငူဆောင် ကန်တီးမှာ မြန်မာစာဌာနက ဆရာကိုဌေးသိန်းတို့ နဲ့ တော်ကီပွားနေတုန်း ၉ ရက်နေ့ နောက်ပိုင်းမှ အဲကောင်ပါလာတာ” “မင်းမသိတာတွေ အများကြီးပါကွာ ” “ဟုတ်ပြီ ဒါဆိုသိတာပြောမယ် ခင်ဗျားလုပ်ခဲ့လား” “ငါလုပ်ခဲ့တယ်မပြောဘူး ဒါပေမယ့် မိုးသီးလည်း ၈၄ ထည်းက ဗကသ နံမယ်နဲ့ စာတွေထုတ်ခဲ့တယ်” “ မိုးသီးက ခင်ဗျားလူလား အဲကောင်တခါမှ သူ့ ကိုယ်သူ ကွန်မြူနစ်လို့ မအော်ဘူး စာထုတ်တာလည်း စာရွက်နဲ့ မီးချောင်းတချောင်းရှိရင်ထုတ်လို့ ၇တယ် ဘာမှမခက်ဘူး မိုးသီး ကွန်မြူနစ်လို့ ပြောရင်ပြောတဲ့အချိန် ရှင်းမယ်ဗျာ” သူဆက်မပြောတော့ပါဘူး ပြည်မှာနေတဲ့ ကိုချစ်ဆောင်ဦးကတော့ “ ပြည်မှာ ငါလုပ်ခဲ့တာကွ” (နောက်ပိုင်းသာယာဝတီတောရ မှာ ပြည်မြို့ က ကိုသန်းထိုက်အောင် ခေါ် ကိုပါချီး နဲ့ တွေ့ တော့“ အဲလူအလကားလိမ်တာ ပြည်မှာ ကျူပ်လုပ်ခဲ့တာ ကြိုက်တဲ့သူမေးကြည့်လိုက်လို့ ပြောပါတယ်) ( ကိုဇော်ထွန်းနိုင် လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပြည်မြို့ ကလည်း “ ကိုချစ်ဆောင်ဦးလုပ်မလုပ်တော့မသိဘူး ကိုပါချီးတို့ ကျောင်းသားတွေ လုပ်ခဲ့တာတော့သေချာတယ် လို့ ပြောပါတယ်) “ဟုတ်ပြီလေ ပြည်မှာလုပ်ခဲ့တယ်ဆိုရင် ပြည်မှာ ငါလုပ်ခဲ့တယ်လို့ ပြောပါ ၈၈၈၈ တခုလုံးကို ငါတို့ လုပ်ခဲ့တယ်လို့ မပြောပါနဲ့ ”“ငါတို့ လူတွေ အများကြီးလုပ်ခဲ့ပါခဲ့တယ်လေ” “ပါခဲ့တာကိုလက်ခံတယ် အကုန်ပါလာတာဘဲ စစ်တပ်ကလူတွေလည်းပါတာဘဲ အလှဖန်တီးရှင်တွေတောင်ပါတာဘဲလေ” သူဘာမှဆက်မပြောတော့ပါဘူး........။
နောက်တခါ မှတ်မှတ်ယယလေးတခုကတော့ ကွန်မြူနစ်တွေနဲ့ ဘဲ ပြဿနာတက်ခဲ့တာပါဘဲ ပြဿနာကို သူဘဲစတင်မီးမွှေးခဲ့သူပါ တနေ့ ( ၂၈.၃.၁၉၉၃) မှာပါ သူကျွန်တော့်အခန်းရှေ့ ကိုရောက်လာပါတယ် “ ဒီနေ့ ကျတော်တို့ ပါတီရဲ့ မွေးနေ့ လို့ ပြောလို့ ရပါတယ် အဲတော့ ဆရာကြီး ကျတော့်ကိုဖြစ်ဖြစ် ကျတော်တို့ ပါတီကိုဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းဝေဖန်ကြည့်ပါလား ဆရာကြီး အမြင်လေးတွေပေါ့” “မလုပ်နဲ့ လေ ပြဿနာတက်နေပါ့မယ် ခဏခဏ ပြဿနာတက်နေတာ ခင်ဗျားသိရဲ့ သားနဲ့ ” “ မဟုတ်ပါဘူးပြောလို့ ရပါတယ်” “ဒါဆိုလည်းပြောမယ်ဗျာ ပထမပြောချင်တာက အပြင်မှာတုန်းက ကျတော့်အဖေ ဗျာ ကွန်မြူနစ်ဆိုအရမ်းအထင်ကြီးတာ တခုခုပူဆာတိုင်း “မင်းတို့ ကွာ ဟိုဟာပူဆာ ဒီဟာလိုချင်နဲ့ တောထည်းက ကွန်မြူနစ်တွေ အတုယူစမ်းပါ မျှစ် ချိုးစားပြီး အနှစ် ၃.၄၀ တော်လှန်ရေးလုပ်နေတာ” လို့ ဆုံးမတယ်ဗျ ထောင်ထည်းက ကွန်မြူနစ်ဆိုသူတွေကို တွေ့ လို့ ကတော့ ထိုင်တောင် ငိုမလားမသိဘူး” “ဆက်ပြောပါဦး” “ဘာဘဲပြောပြော လက်ရှိတာဝန်ယူထားတဲ့သူတွေထည်းမှာတော့ ဗိုလ်ကျင်မောင်နဲ့ ရဲဘော်ထွန်းကိုတော့ အရမ်းလေးစားတယ်ဗျာ ဒါကြောင့် ကျတော်ကတော့မဝေဖန်ချင်ဘူး ဒါပေမယ့် ကျတော့်မိတ်ဆွေ အမတ်မင်းတယောက်ကတော့ ပြောဘူးတယ်” သူစိတ်ဝင်တစားနားထောင်နေတယ် “ ဒေါက်တာသန်းထွန်းက သူခိုးကို အမျိုးပေါင်း ၃၀ ကျော် အဓိပါယ်ဖွင့်ဆိုသွားသလို့  ကွန်မြူနစ်ကိုလည်း အမျိုး ၆၀ လောက် ခွဲလို့ ရမယ်တဲ့ မဆလခောတ်က သိတယ်မလား ၂ ကျပ်တို့ ၃ကျပ်တို့ ဆိုတဲ့ ကွန်မြူနစ် ဘာသာပြန် စာအုပ်တွေ ဖတ်ပြီး ကွန်မြူနစ်ဖြစ်လာတဲ့သူတွေကို ၂ ကျပ်ခွဲတန်ကွန်မြူနစ် လဘက်ရည်ဆိုင်ထိုင်ပြီး ဖတ်ဘူးတဲ့ စာအုပ်တွေထည်းက စာတွေ အလွတ်လျှောက်ပြော လျှောက်အော်နေလို့  အဖမ်းခံလိုက်ရတဲ့ လဘက်ရည်ဆိုင်ကွန်မြူနစ် ကိုသက်ခိုင်တို့ လိုလူတွေဖော်လို့ ထောင်ကျပြိးထောင်ထည်းရောက်မှာ ကွန်မြူနစ်နံမယ်ခံထားသူတွေကို ယောင်တောင်တောင်ပေါင်တောင်တောင်ကွန်မြူနစ် ကိုသက်ခိုင်တို့ လို လူမျိုးကို ဖော်ကောင်ကွန်မြူနစ်” ကွန်မြူနစ် အဓိပါယ်ဖွင့်ဆိုချက် မပြီးခင်မှာဘဲ တဖက်ခန်း အခန်းနံပါတ် ၁၈ က ကိုကျော်မြ အသံ စူးစူးဝါးဝါး ထွက်လာပါတယ် “ ကိုဇော်ထွန်း တော်တော့ မင်းငါတို့ ပါတီ နဲ့ ငါတို့ လူတွေကို စော်ကားခဲ့တာများပြီ ဒီတခါ အဆိုးဆုံးဘဲ သီးခံတာလည်းများလာပြီ မင်းက ဘာကောင်မို့ လို့ လည်း” သူလှစ်ကနဲ ပျောက်သွားခဲ့ပါတယ် ကျတော်ကတော့ ပြဿနာရှင်းစမ်း........။
(နောက်တနေ့ မှာတော့ ဦးကြည်ညွန့် က သူ့ အခန်းမှာ ကျတော်ကြိုက်တတ်တဲ့ ရေနွေးကြမ်းနဲ့ လဘက်သုတ်ကို တကူးတက ရှာထားပြီး ခေါ်ပြောပါတယ် “ ငါတို့ လူတွေဟာ ကေဒါသင်တန်းတွေ ယူဂျီသင်တန်းတွေ တက်ခဲ့၇တာမရှိဘူး မင်းပြောသလို အားနည်းချက်တွေ ရှိနိုင်ပါတယ် ဒါပေမယ့် အဲလိုတော့ သူများကြားအောင်မပြောသင့်ဘူး ဘေးခန်းတွေမှာ ကေအန်ယူတွေ ရှိနေတယ် အယ်နယ်ဒီတွေ ရှိနေတယ် ရန်သူ့ လူ ၀န်ထမ်းတွေ ရှိနေတယ် မင်းပြောတာတွေကို သူတို့ က အမြဲနားထောင်နေကြတာ အခြင်းခြင်းပြဿနာတက်မယ့်စကားတွေ မပြောပါနဲ့ ပြောစရာရှိရင် ငါ့ကိုတိုးတိုးတိတ်တိတ်လာပြော ငါရှင်းပေးမယ် ငါ့ကိုမပြောချင် ကိုမိုးဝင်းကိုသွားပြော မင်းနဲ့ တအားရင်းနှီးတာဘဲ နောက် မင်းလည်း ငါတို့ ပါတီနဲ့ ပတ်သက်ခဲ့ဘူးတာတွေ ရှိတာဘဲတဲ့ )......။
ကျတော်တို့ တိုက်ထည်းမှာ ညညဆို သီချင်းတွေ ဆိုကြသည် သူအမြဲဆိုနေကျ သီချင်းက “အင်တာနေရှင်နယ်သီချင်း” သူ့ ကိုမေးဘူးသည် “ခင်ဗျား ဘာလို့အဲသီချင်းတပုဒ်ထည်းဆိုတာလည်း”ဆိုတော့“အဲသီချင်းတပုဒ်ထည်းရလို့ ပါတဲ့” သီချင်းလည်းတခါမှ မဆိုဘူးဘူးတဲ့......ကောင်းရော ။
သူက ဆေးလိပ်မသောက် ကွမ်းမစား စာဘဲဖတ်နေသူတယောက်ဖြစ်သည် တခါက “ သခင်ဗသိန်းတင်တောင်ဆေးလိပ်လက်ကြားကမချတန်းသောက်သေးတာ ခင်ဗျားလည်း စိးကရက်ကလေးတော့ခဲထားပေါ့ဗျာ စတိုင်ပေါ့ အဲဒါမှ ကောင်မလေးတွေ ကြိုက်မှာ ဗျ ” တော်ပါတော့ဗျာ ဆေးလိပ်သောက်တာ ပိုက်ဆံတွေ မီးရှို့ နေတာဗျ ဘာမှလည်းကောင်းတာလည်းမဟုတ်ဘူး ” “ ခင်ဗျားလို သခင်ဗသိန်းတင် သဘောပေါက်ရင်ကောင်းမယ်ဗျ” ပြဿနာတက်ပြန်ပြီ ဒီတခါတော့လူလဲ သွားတယ် ပေါင်းတည်က ရှေ့ နေပေါက်စ ကိုခင်မောင်ဇော်နဲ့ ပါ.........။
တရက်မှာလည်း သူနဲ့ ကျွန်တော် စာအုပ်တွေအကြောင်းပြောဖြစ်တယ် စကားစပ်မိတာနဲ့ “ နေပါဦးဗျ ကျတော်လည်း လူရှောက်ချီ စာအုပ်တွေဖတ်ဘူးပါတယ် ကွန်မြူနစ်ကောင်း တယောက်ဖြစ်လိုသော် တို့  ကွန်မြူနစ်တို့ ကျင့်ဝတ်တို့  အဲစာအုပ်တွေထည်းမှာတော့ ကွန်မြူနစ်တယောက်ဖြစ်ဘို့ ဆိုတာ တော်ယုံလူမဖြစ်နိုင်ဘူးဗျ ခင်ဗျားတို့ ကျတော့် ကွန်မြူနစ်ဖြစ်တာလွယ်လှကြည့်လား” “ ဆရာကြီး ရ နေရာတကာ စာအုပ်ထည်းက ပေတံနဲ့ တိုင်းလို့ မရဘူးလေ အဲစာအုပ်ထည်းကအတိုင်းသာဆို ကွန် မြူနစ်တယောက်မှ မရှိတော့ဘူး နောက်ပြိး လူရှောက်ချီကိုယ်တိုင်လည်း မလိုက်နာလို့ ပါတီက ထုတ်ထားတာဗျ” တဲ့ 
တခါကလည်း “ ခင်ဗျားတို့ ပြောတဲ့ တရုက်က ကွန်မြူနစ်လားဗျ” “ ဟုတ်တယ်လေ တကမ္ဘာလုံးအသိမှတ်ပြုထားတာဘဲ” “ ဒါဆိုတခုမေးမယ်ဗျာ” သူကြိုသိနေတယ် ပြဿနာရှာတော့မယ်ဆိုတာ“ မမေးတာပိုကောင်းမယ်ထင်တယ်” တဲ့ “တခုထည်းပါ မဖြေလည်းရတယ် ကျတော်ဖတ်ဘူးတဲ့ မာခ့် ရဲ့ အရင်းကျမ်းထည်းမှာ ပစ္စည်းမဲ့ ကိုအဓိပါယ်ဖွင့်တဲ့ နေရာမှာ ကုန်ထုတ်အရင်းအနှီးတွေကိုတဲ့ ပုဂလိက မပိုင်ဆိုင်ရဘူးတဲ့ ဘုံဘဲပိုင်ဆိုင်ရမယ်တဲ့ တဦးထည်းပိုင်ဆိုင်တာနဲ့ အဲဒါဓနရှင်ဘဲတဲ့ ဥပမာဗျာ တောမှာပေါ့ သစ်ခုတ်ဝါးခုတ်ရောင်းစားဘို့  ဓါးမ တချောင်းလောက်ပိုင်ဆိုင်တာနဲ့  အဲလူက ဓန ရှင်လို့ သတ်မှတ်လို့ ၇နေပြီ ” သူစိတ်ဆိုးတာ မှတ်မှတ်ယယ အဲဒိတခါဘဲ တွေ့ ဘူးခဲ့တယ် ကျတော်ကဆက်ပြီး “ ဒီနေ့  တရုပ်ပြည်မှာ ကုမဏီပေါင်း ထောင်နဲ့ ချီပြီ ဖွင့်ထားတယ် ပိုင်ဆိုင်နေကြတယ် တရုပ်တွေက ကွန်မြူနစ်မစစ်ဘဲ ကွန်မြူနစ်အယောင်ဆောင်တွေ ဖောက်ပြန်နေတဲ့သူတွေပေါ့ လူလိမ်တွေပေါ့ ဓနရှင် စရိုက်ပျက်တွေပေါ့” ”တော်တော် တော်တော့ဗျာ ပြဿနာတက်လိမ့်မယ်ခင်ဗျားပြန်တော့” တဲ့......။
သူ သာယာဝတီတောရကိုကျွန်တော့ထက် ၃နှစ်လောက် စောပြီးပြောင်းသွားခဲ့ပါတယ် သာယာဝတီတောရ ကို ကျတော်တို့  ရောက်တော့ သူ သီးသန့်ဆောင်မှာပါ ကျတော်က သီသန့် တွဲဘက် တိုက် မှာဆိုတော့ တွေ့ ဘို့ မလွယ်လို့ မတွေ့ ခဲ့ရဘူး ကျတော်တို့ ရောက်ပြီး မကြာခင်မှာ သူနှစ်စေ့ပါတယ် သူက ၁၀ နှစ်ကျတာပါ ကျတော်တို့ နောက်တမှု ထပ်ဖြစ်တဲ့အချိန်က စပြိး ထောင်လျှော့ရက်တွေကို မပေးတော့ပါဘူး အပြည့်နေရပါတယ် တခြားအကျဉ်းသားတွေ ဆို (ထောင်အခေါ် ကွာ လို့ ခေါ်ပါတယ် ထောင်တွင်းဆုမှတ် လျှော့ရက်ပေါ့ A ကွာ B ကွာ C ကွာ ဆိုပြီး ၃ ဆင့်သတ်မှတ်ပါတယ် Aက တနှစ်ကို ၄ လ ပေးပြီး B က ၃လလောက်ရပါတယ် C ကတော့ တနှစ်ကို ၂ လကျော်ကျော်လောက်ဘဲ ရပါတယ် ) လျှော့ရက်ပေးပေမယ့် နိုင်ငံရေးမှုတွေကို လျှော့ရက်တရက်မပေးပါဘူး မပေးတဲ့ အပြင် ၁၀နှစ်ပြည့်တာတောင်မှ မလွတ်ပေးတဲ့အတွက် တိုက်ပွဲ စတိုက်ပါတယ် ဦးဆောင်သူကတော့ ဦးအောင်သန်း ( သဲကုန်းမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ကွန်မြူနစ်ယူဂျီမှုဖြစ်ထောင်ကျသူ) ပါ နောက်ပိုင်းမှာတော့ ပါဝင်သူအားလုံး( သူမှ အပ) အာဏာပိုင်တွေ ဆီမှာ အလျှော့ပေးခဲ့ပါတယ် ပြဿနာနဲ့ ပတ်သက်ပြီး တောင်းဆိုမှု လိုက်လျောမှုတွေကို တွေ့ ဆုံမေးမြန်းခဲ့ပေမယ့် ဘယ်သူမှ ဘာကြောင့်လည်းမသိပါဘူး ကျတော့်ကို မပြောခဲ့ ကြပါဘူး ကျတော်မေးခဲ့သူတွေကတော့ ထောင်ကလွတ်ပြီး ၀ရမ်းပြေးဘ၀ နဲ့ သဲကုန်းကိုသွားရှောင်နေစဉ် ဦးအောင်သန်း ကိုမေးပါတယ် သူကတော့ “အောင်ကျော်မိုး မိုက်တယ်ကွာ ငါ့စကားနားမထောင်ဘူး” ဆိုတာက အပ မပြောပါဘူးမေးလို့ လည်းစကားလွှဲသွားပါတယ် နော်ဝေ နိုင်ငံရောက် ဦးသိမ်းထူး ကိုမေးတော့လည်း နောက်တော့သူရေးပါ့မယ်လို့ ပြောပါတယ် ခုချိန်ထိတော့ ဘာလို့ မရေးသေးသလည်းတော့မသိပါဘူး ထိုင်းနိုင်ငံမှာနေစဉ်ကလည်း အဲတိုက်ပွဲမှာပါခဲ့တဲ့ ကိုကျော်ဦးညို ကိုမေးပါတယ် သူလည်းမပြောရဲဘူးထင်ပါတယ် လု့ ဘောင်သစ် ဒိမိုကရက်တစ်ပါတိက အထွေထွေ အတွင်းရေးမှုး ကိုဝေလင်းကိုတော့ မမေးဖြစ်ခဲ့ပါဘူး ( သူကလည်းဆရာကြီးတဆူဖြစ်သွားတော့ကျတော့ကို သိပ်စာရင်းမသွင်းချင်တာလည်းပါမယ်ထင်ပါတယ်)
ကျတော်တိုက်ကနေကြားသလောက်ကတော့ နှစ်ပြည့်နေပြီဖြစ်လို့ လွှတ်ပေးဘို့ တောင်းပါတယ် ဘာလို့ မလွှတ်သလည်းဆိုတော့ ခင်ဗှားတို့ နိုင်ငံရေးမှုတွေ ထောင်နဲ့ မဆိုင်ပါဘူးတဲ့ ထောက်လှမ်းရေးက တိုက်ရိုက်ကိုင်တွယ်ပါတယ်တဲ့ ထောက်လှမ်းရေး အမိန့် မရလို့ မလွတ်တာပါလို့ ထောင်ပိုင်က ဖြေပါတယ် ထောက်လှမ်းရေးနဲ့ တွေ့ ခွင့်တောင်းတော့လည်း ထောက်လှမ်းရေးက လာမတွေ့ လို့ တိုက်ပွဲစပါတယ် ပထမဆုံး အစာငတ်ခံ ဆနွပြပါတယ် (တိုက်ပွဲမှာ သီးသန့် ထောင်က လူအကုန်ပါဟန်မတူပါဘူး) တိုက်ပွဲစပြီး ၃ရက်လောက်အကြာမှာတော့ လူတွေခွဲပြစ်လိုက်ပါတယ် သူ့ ကို တယောက်ထည်း (တိုက်မမှတ်မိကိုပို့ လိုက်ပါတယ် )၄ ရက်မြောက်တဲ့နေ့ မှာတော့ ရေဖြတ်လိုက်ပါတယ် ( မိးကတော့ ကျတော်နေခဲ့တဲ့ ၇ နှစ်လုံးလုံး တညမှ မီးမလာလို့ တကူးတက မီးဖြတ်စရာမလိုပါဘူး ညဆိုမှောင်မှောင်ထည်း ခြင်ကလည်းပေါမှပေါ) ၅ ရက်မြောက်လောက်မှာတော့ တိုက်ပွဲပါခဲ့သူ အားလုံး (သူမှအပ) ဆနွပြမှုကို ရပ်ဆိုင်းလိုက်ပါတယ် ဘယ်နှစ်ရက်မြောက်မှာလည်း ရက်အတိကျတော့မမှတ်မိပါ ကိုအောင်ကျော်မိုးတယောက် နံရံကိုခေါင်းနဲ့ တိုက်ပြီး သူရဲကောင်း ပီသစွာ ကျဆုံးခဲ့ရပါတယ်
ကွန်မြူနစ်စစ်စစ်တယောက်ပီသစွာ တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ကိုအောင်ကျော်မိုးရေ
ခင်ဗျားကို ကိုကိုးကျွန်းတိုက်ပွဲမှာ ပထမ ဆုံးကျဆုံးသွားခဲ့တဲ့ ကိုချစ်ဆွေ ရဲ့ ကဗျာလေးနဲ့ အလေး နီ ပြုလိုက်ပါရဲ့ 
နီနီရဲရဲ
ငါ့အသည်းကား
တိုက်ပွဲအတွက်ဖြစ်သတည်း....
ခင်ဗျားရဲ့ 
ဇော်ထွန်း (ဗကသ)
20 comments:
  1. လာဖတ်ပါတယ် အစ်ကိုတိုး
    ဒီမိုကရေစီရေးအတွက် အသက်စွန့်သွားသူတွေကို တနေ့စစ်မှန်တဲ့လူထု
    အစိုးရပ်တရပ် ပေါ်ပေါက်လာရင် ကျောက်တိုင်ထူပြီး ပြည်သူတွေက
    လေးစားစွာ ဂုဏ်ပြု ကြမှာပါ။
    ဒီမိုကရေစီဆိုတာ လက်ဝဲရော လက်ယာရောလွတ်လပ်စွာ ယုံကြည်ခွင့်
    ရှိပါတယ်။ ဒီမိုကရေစီရှိတဲ့ တိုင်းပြည်မှာ လွတ်လပ်စွာ
    ငြိမ်းချမ်းစွာ စည်းရုံးပိုင်ခွင့် ဟောပြောခွင့်ရှိပါတယ်။ ပြည်သူလူထုက
    လွတ်လပ်စွာမဲပေးပိုင်ခွင့် ရှိပါတယ်။ဥပမာ အိန္ဒိယနိုင်ငံလိုပေါ့။
    ကွန်မြူနစ်စနစ်ကိုယုံကြည်သူများကလည်း ဒီမိုကရေစီနည်းအရ
    မြေပေါ်ပါတီထောင်ခွင့်ရှိပါတယ်။
    လူတိုင်းမိမိယုံကြည်မှုကို လွတ်လပ်စွာ တရားမျှတစွာ အေးချမ်းစွာ
    လုပ်ပိုင်ခွင့်အတွက် တောင်းဆိုနေကြတာပါ။
    လေးစားစွာဖြင့်
    ReplyDelete
  2. လေးစားစရာအညတရသူရဲကောင်းရဲဘော်တွေဟာ
    ကောင်းကင်က ကြယ်ပွင့်တွေလို မရေတွက်နိုင်အောင်များပါတယ်ဗျာ
    ကိုတိုးကြီးရေးပြမှ ထောင်ထဲမှာ အသက်စွန့်သွားကြတဲ့ သူရဲကောင်း
    တွေကို ပိုသိလာရပါတယ်။
    ကျေးဇူးတင်ပါတယ်ခင်မျာ။
    ReplyDelete
  3. အထက်က မကဗျာဦးပေးထားတဲ့ကွန်မန်းအတိုင်းပါပဲ
    လက်ဝဲရော လက်ယာရော ဒီမိုကရေစီ ရှိတဲ့ တိုင်းပြည်မှာ
    ငြိမ်းချမ်းစွာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိပါတယ်။
    ကွန်မြူနစ်တွေလည်း လူသားတွေဖြစ်တော့
    အားနည်းချက်တော့ရှိတာပေါ့ဗျာ
    မဆလခေတ်ကတည်းက စစ်အာဏာရှင်တွေဟာ လူထုထဲကို
    ဝါဒဖြန့်ချင်တော့ တဆိတ်ရှိ ကွန်မြူနစ်ကိုလက်ညှိုးထိုးပြနေတယ်။
    ကျတော်တို့အဖိုးက အမြဲပြောဘူးတယ်။
    ဒီကောင်တွေ အားအားရှိ ကွန်မြူနစ်ပဲတိုက်ခိုက်နေတယ်။
    အဲဒါကိုက သူတို့ ရဲ့ အာဏာနဲ့ ကိုယ်ကျိုးစီးပွားကို ထိခိုက်လာနိုင်တဲ့အထိ ကွန်မြူနစ်တွေက ချက်နဲ့ လက်နဲ့ ထောက်ပြနိုင်လို့ပဲတဲ့။
    ReplyDelete
  4. ကိုတိုးကြီးလဲ မဆလတွေ နဲ့ ကိုခင်ညွန့်တို့
    ဘ၀င်မြင့်ကုန်မှာပေါ့..တိုက်ဗျာ.. တိုက်
    လူရှောက်ချီတို့ လီနင်တို့ရေးသလိုတော့ အားလုံးဘယ်ဖြစ်ပါ့မလဲဗျ.ကျနော်တို့ ရပ်ကွက်လမ်းထိပ်က ဘုရားအကျယ်ကြီးအော်ရှစ်ခိုးတဲ့ ဂေါပကလူကြီးတောင် မိန်းမ ၂ ယောက်ရှိသေးတဲ့ဟာ..ကိုတိုးကြီးအလိုအရဆို ဒီလူကြီး အရိယာဖြစ်လောက်ရဲ့..ဟဲ..ထောင်တွင်းက နစ်ဖြူတွေနဲ့ ရန်ဖြစ်ခဲ့တာတော့ ခင်ဗျားသဘော သူတို့သဘောပေါ့ဗျာ.ရန်သူလက်အောက်အကျဉ်းကြပ်ဆုံး ဖိနှိပ်ခံရချိန်မှာ ညီညွတ်ရေးတည်ဆောက်နိုင်ရင်လဲ အနုပညာပေါ့ဗျာ..မဖြစ်ခဲ့တော့လဲ မဖြစ်ခဲ့ဘူးမှတ်ရသားရပေါ့.ကိုကိုးကျွန်းတိုက်ပွဲမှာတုန်းကတော့ ကျဆုံးတာ နစ်ဖြူတွေများသလားလို့..အဲ့ဒါလဲ မှတ်တမ်းပေါ့.ခုကိုတိုးကြီးရေးတာလဲ သိရသပေါ့..ဒါပေမဲ့ ကိုတိုးကြီးရယ်.မြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲတိုင်းမှာ နစ်ဖြူတွေအားလုံးလုပ်ခဲ့တာမဟုတ်ရင်တောင် တိုက်ပွဲတိုင်းမှာ တက်တက်ကြွကြွတော့ ပါခဲ့ကြတာပါပဲဗျာ..(ဟဲ..ကျနော့်ကိုလဲ နစ်ဖြူ မထင်နဲ့ဦးနော်..) အားလုံးကို ကလော်တုတ်ချင်ရင်လဲ သူတို့ရဲ့ပါဝင်မှုကို အသိအမှတ်ပြုပြီး အကုန်လုံးကိုတော့ မတုတ်ပါနဲ့ဗျာ.ဟုတ်ဘူးလား အားနာစရာကြီးလေ.ဒါမှမဟုတ်လဲ.နအဖ စာအုပ်မှာ ၀င်သာရေးပေတော့.
    ReplyDelete
  5. ဟုတ်ပါတယ် အဲအချိန်တုန်းက ငယ်လည်းငယ်သေးတယ် သိပ်လည်း မပြည့်ဝသေးလို့ ပါ နောက်တခုက ၈၈ ကိုထိရင် မခံချင်တဲ့စိတ်က ရှိနေခဲ့တယ်လေ မဟုတ်တာမပြောနဲ့ မှန်တာပြောဆိုတဲ့စိတ်က ရှိနေခဲ့တာလည်းပါပါတယ် ခင်ဗျားပြောသလို မဆလ နဲံ့  ကိုခင်ညွန့် မှိုင်းမိတာ တကယ်တော့ ကွန်မြူနစ်တွေဗျ ၈၈ တုန်းက ခေါင်းစီးအနီစည်းထားတာအကုန်ကွန်မြူနစ် ပြစ်လို့ အမိန့် ပေးခဲ့ဘူးသလို ကိုစိုင်းလောင်မိန်းသက်ရေးသလို ဘာဖြစ်ဖြစ် ကွန်မြူနစ်တံဆိပ်တပ်လိုက်ရင် လူထု သူတို့ ဘက်ပြန်ပါလာမယ်ထင်ပြီး ပြောခဲ့တာတွေကို ကွန်မြူနစ်တွေက တကယ်ထင်ဘ၀င်တွေမြင့်ပြီး ပြောတဲ့အပေါ် ကျတော်မကျေနပ်ခဲံ့လို့ ပါ
    ထောင်ထည်းမှာ ညီညွတ်ရေးတည်ဆောက်ဘို့ ဆိုတာတကယ်တော့မလွယ်ပါဘူး အပြင်မှာတောင်ညီညွတ်ရေးမလုပ်နိုင်တာ မွန်းကျပ်နေတဲ့ ထောင်ထည်းမှာ ပိုဆိုးတာပေါ့ နောက်တခုက ညီညွတ်ရေးအော်တာနဲ့ ကွဲတော့တာဘဲ အဲတာလက်တွေ့ လုပ်ခဲ့တာတွေပါ နောက်တော့ရေးပါဦးမယ်
    ကိုကိုကျွန်းတိုက်ပွဲမှာ နစ်ဖြူတွေကျတာများတယ်ဆိုတာဟုတ်ပါတယ် ကျတော်ပြောတဲ့ ကိုချစ်ဆွေက အဲဒီတိုက်ပွဲမှာ ပထမဆုံးကျခဲ့သူလို့ ဆိုပါတယ် သူကျတော့သူ့ခေါင်းအုံးအောက်က ကျတော်တင်လိုက်တဲ့ကဗျာလေးကို တွေ့ တယ်လို့ ပြောပါတယ် ပြောသူက ကိုကိုကျွှန်းတိုက်ပွဲမှာ ကိုယ်တိုင်ပါခဲ့သူ ဦးကြည်ညွန့် ပါ တောင်ဥက္ကလာ ၄ ရပ်ကွက်မှာနေပါတယ် ကိုကိုကျွန်းတိုက်ပွဲအကြောင်းကို အသေးစိတ်ပြောပြခဲ့သူ ထောင်ထည်းမှာ ၂ ယောက်ရှိပါတယ် တယောက်က စောစောကပြောတဲ့ နစ်ဖြစ် ဦးကြည်ညွန့် ဖြစ်ပြီး နောက်တယောက်ကတော့ နစိနီ ဦးအောင်ဆန်းမြင့် ( ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် မြိုင်အမတ်) ဖြစ်ပါတယ် သူတို့ ၂ ယောက်ပြောတဲ့အခါ ဦးကြည်ညွန့် က မျက်ရည်တွေ ကျပြီး နှလုံးသားနဲ့ ပြောခဲ့တာပါ အဲဒီကဗျာလေးကိုလည်း သူကိုယ်တိုင်ရွတ်ပြခဲ့တာပါ ကိုကိုးကျွန်းတိုက်ပွဲဆိုတာ တကယ်တော့ ၂ ပွဲပါ အများသိတာတပွဲလို့ ဘဲသိနေတာပါ နစ်ဖြူတွေတိုက်ပြီး ရခဲ့တဲ့အခွင့်အရေးကို နစ်နီတွေက သူတို့ တိုက်တာမဟုတ်လို့ ဆိုပြီးမယူဘဲ နောက်တပွဲထပ်တိုက်ခဲ့ပါတယ်
    မြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲမှာ ကွန်မြူနစ်တွေ ပါခဲ့တာလည်းကျတော်သိပါတယ် ကျတော်ကိုယ်တိုင်လည်း ပတ်သက်ဘူးပါတယ် တကယ်လုပ်နေတဲ့ ဗိုလ်ကျင်မောင်တို့ ရဲဘော်ထွန်းတို့ သခင်သန်းထွန်း သခင်ဇင်သခင်ချစ် တို့ဆို ကျတော်အရမ်းလေးစားတာပါဘဲ ဒါပေမယ့် မဆလ န၀တ နအဖ သမိုင်းလိမ်တာမျိုး ကွန်မြူနစ်တွေကိုလည်းမလိမ်စေချင်ဘူး အမှန်ပြောတာဘဲဖြစ်စေချင်တယ် သူတို့ ရွတ်နေတဲ့စာတွေ ကျတော်လည်းဖတ်ဘူးတာဘဲ သူတို့ လုပ်ခဲ့သလို ကျတော်တို့ လည်းလုပ်ခဲ့တာပါဘဲ လုပ်ခဲ့တာခြင်းအတူတူ လူလည်ကျပြီး သမိုင်းကိုအပိုင်စီးချင်တာမျိုး အကုန်လုံးကို ငါတို့ တပြည့်တွေလို ဆက်ဆံတာမျိုး ငါတို့ ကအစဉ်အလာရှိတယ် ငါတို့ လုပ်တာလိုက်လုပ်ဆိုတာမျိုးတော့ မရနိုင်ဘူးထင်ပါတယ် အဲလိုလူလည်ကျတဲ့သူတွေနဲ့ ပြဿနာတက်ခဲ့တာပါ ကွန်မြူနစ်မှ မဟုတ်ပါဘူး အယ်နယ်ဒီတွေနဲ့ လည်းပြဿနာအများကြီးတက်ခဲ့ပါတယ် ကြုံကြိုက်တဲ့အခါ ထည့်ရေးပါ့မယ် ခုဟာက ကိုအောင်ကျော်မိုးအကြောင်းရေးလို့ ကွန်မြူနစ်တွေနဲ့ ဆက်စပ်သွားတာပါ နောက်တခု က ကျွန်တော်ကလည်းမလိမ်ချင်ဘူး ထောင်ထည်းမှာတမျိုးပြောတမျိုးလုပ်ခဲံ့ အပြင်ရောက်မှ တမျိုးပြောတမျိုးလုပ်ခဲ့တာမျိုးလည်း မရေးချင်လို့ ပါ ကျတော်လုပ်ခဲ့ပြောခဲ့တာ တွေ မှန်တယ်လို ့မဆိုလို ဘူး ငါသည်တချိန်က ဒီလို ပြောခဲ့ဘူး တယ် ဒိလိုလုပ်ခဲ့ဘူးတယ် ဒိလူတွေနဲ့ ဒီလိုပတ်သက်ခဲ့ဘူးတယ် ဒီလိုဆက်ဆံခဲ့တယ် ဆိုတာက သိစေချင်တာပါ မှန်တယ်လို့ ပြောပြီး ရေးပြနေတာမဟုတ်ဘူးဆိုတာလေး သိထားရင် ကျေနပ်ပါတယ် ရေးရကျိုးလေးနပ်ပါတယ် ဦးချစ်ဖေ ကြီးရယ်
    ReplyDelete
  6. အော်..ရေးရေး ကိုတိုးကြီးရေး..အားမနာပါးမနာသာရေး..ဘာဖြစ်ဖြစ်ကိုတိုးကြီးဖြစ်တာပဲ (ဟဲဟဲ)
    ကိုတိုးကြီး ဖြစ်ခဲ့ဘူးတဲ့ ပြဿနာတွေ အကုန်သာရေး ဒါမှသိရမှာပေါ့..နို့မို့ရင် ကျနော်တို့ လို ၂၀၀၇ သံဃာ အရေးအခင်းကြမှ ပြေးလာရတဲ့သူတွေ သမိုင်းအမှန်ကို ဘယ်သိရပါ့မလဲ..နော်..
    ကျေးဇူးတင်စွာဖြင့်
    မောင်ချစ်ဖေ
    ReplyDelete
  7. ဒါနဲ့ စကားမစပ် ဘိုးတိုးကြီးရေ... ဦးတိုးရေးတဲ့ အထဲမှာ ကွန်မြူနစ် ကိုကျော်မြဆိုတာ တွေ့လိုက်သလားလို့ .. အဲဒီ အနှာကွန်မြူနစ် ဆရာကြီးက စည်းရုံးရေး လွှတ် ကောင်းတယ်ဆိုတာ ဟုတ်ကဲ့လားဗျ။ ဒီဖက်ရောက်တဲ့ သိလာတဲ့ ကျနော့်မိတ်တွေ တစ်ယောက်က နရသိမ်ထဲမှာတုန်းက အတူနေခဲ့ ဆွေးနွေးနှီးနှောခဲ့ဖူးတယ် ပြောလို့ပါ။ ခုတော့ အနှီ ဦးကျော်မြ လွတ်ပဲသွားသလား ဘာဖြစ်သွားသလဲဆိုတာရော သိလားဗျ။ ကျနော်က စိတ်ဝင်စားလို့ မေးကြည့်တာပါ။
    အဲ.... သမိုင်းကို အပိုင်စီးပြီး ငါတို့ လုပ်လို့ ဒါတွေ အားလုံး ဖြစ်ခဲ့တာပါကွာ မင်းတို့က ချာတိတ်ဆို ကြွေးကြော်တတ်တဲ့ သူတွေကတော့ ကွန်မြူနစ်တွေချည်း မဟုတ်ဘူးထင်တာပဲ။ ဘိုးတိုးတို့ ၈၈ အဖွဲ့ထဲက ဖောက်ပြန်ရေးတချို့ ဂုရုတွေလည်း ပြောတာကိုကြားခဲ့ဖူးလို့ပါ။ ကျနော်တို့က သူတို့နဲ့ကျတော့ ဘိုးတိုးတို့နဲ့ နစ်နီ နစ်ဖြူ ဘဘကြီးတွေလို မျိုးဆက်ချင်း နည်းနည်းခြားနေသလို ဖြစ်နေတာကိုး. ကိုယ်တွေက မှီသော်လည်း သိပ်မသိလိုက် ထဲထဲဝင်ဝင်လည်း မပတ်သက်ခဲ့တော့ သူတို့ပြောတာကို နားထောင်ရုံ ပြန်လေ့လာရုံပေါ့လေ။
    အဖြစ်က ဒီလိုပါ ၂၀၀၇ ရွှေဝါရောင် အရေးတော်ပုံကြီးလည်း ဖြစ် တဖြည်းဖြည်းနဲ့ အရှိန်ရစ ပြုလာတဲ့အခိုက်မှာ ပြည်တွင်းကို စာတစ်စောင်လည်း မပို့ အီးမေးလ်အဆက်အသွယ်လည်း မရှိတဲ့ အနှီ ၈၈ သူရဲကောင်း ဟောင်းကြီးတယောက်က သူ့ကြောင့်ပဲ ဒီသံဃာတော်တွေက ထတဲ့ပြီး မေတ္တာပို့ လမ်းလျှောက်ကြသယောင်ယောင်၊ သူရဲ့ ပင်ကိုယ်ရေး ဒီမို ၂၀၀၇ စီမံကိန်းကြီးရဲ့ အကျိုးဆက်ပဲ ဖြစ်သယောင်ယောင် အရက်မူးများနေလို့ ပြောသလား မသိပါဘူးဗျာ အဲသလို ထ ပြောတာ နားနဲ့ ကြားခဲ့ရလို့ပါ။ အဲသဟာနဲ့ ဘေးက လူ့ဂွစာ နိုင်ငံရေးသမားတယောက်က (သူ့ကလည်း ဘိုးတိုးသိတဲ့ ၈၈ တစ်ယောက်ပါ) ခင်ဗျားကြောင့်တော့ ဟုတ်မယ်မထင်ဘူး။ ပခုက္ကူက နအဖစစ်တပ်ကြောင့် ဖြစ်တာဗျ လို့ လည်းပြောလိုက်ရော သူ့အိမ်ထဲဝင် သူ့ကို ပေါ်တင်ဖြဲပါတယ်ဆိုပြီး သူတပဲ့တွေက ၀ိုင်းရိုက်မလို့ဗျို့။ မောင်ဖုန်းတို့တောင် မနည်းကို ၀င်ဆွဲလိုက်ရတယ် ဟ ဟ ဟ ဟ .......
    ၂၀၀၇ ရွှေဝါရောင်တုန်းက ဘိုးတိုးတို့ ဟစ်တိုင်က ဆောင်းပါးလေးတစ်ပုဒ်ကို ကြိုက်လည်း ကြိုက်ကဲ့။ သတိလည်း ရမိပါရဲ့။ ပြည်တွင်းမှာ ဘုန်းကြီးရော လူထုရော ဒီချုပ်ပါ ပါလာပြီး နအဖ ဘာလုပ်ရမှန်းမသိတဲ့ အချိန် ပြည်ပက ကျနော်တို့ရဲ့ အန္တေ၀ါသိက ဆရာ့ဆရာကြီးများကလည်း အစည်းအဝေးတွေ ကွန်ဖရင့်တွေ ခြိမ့်ခြိမ့်သဲပြီး ဆင်ဖမ်းမယ် ကျားဖမ်းမယ် နက်ဖြန် သဘက်ပဲ အမေရိကန်စစ်တပ်နဲ့ ၀င်ပြီး နအဖကို အာဏာသိမ်းတော့မဲ့အတိုင်း ခေါင်းချင်းရိုက်နေကြပါသတဲ့။ အဲဒီအချိန် ပြည်တွင်း က လျှို့ဝှက်ရောက်လာတဲ့ ကိုယ်စားလှယ်လေးက ၀င်ခွင့်တောင်းပြီး ပြည်တွင်းလှုပ်ရှားမှုကို ထောက်ပံ့ပေးမဲ့ အစီအစဉ်တွေကို လာရောက်တိုင်ပင်ပါသတဲ့။ အဲဒီအခိုက်မှာ အဝေးရောက် နိုင်ငံရေး ပရောဟိတ်ကြီးများက ဟိတ်ဟန်တခွဲသားနဲ့ ရွတ် ရှက် ဒွတ် ဒက်ဆိုပီး ပြည်တွင်းလှုပ်ရှားမှုကို ထောက်ခံသောအားဖြင့် စတိတ်မန့်ထုတ်မယ် အစာငတ်ခံ ဆန်ဒပြပေးမယ် ဒါတွေပဲလုပ်ပေးနိုင်မယ်လည်း ဖြေလိုက်ရော ပြည်တွင်း ကိုယ်စားလှယ်လေး ပြန်ပြေးလိုက်တာ မှုန်နေပါရောတဲ့ဗျာ။
    ၂၀၀၇ မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ ကိုချစ်ဖေတို့ များလည်း ကျနော်တို့ ပြည်ပက အဖွဲ့အစည်းတွေ ဘယ်လို အကူအညီများ ထိထိရောက်ရောက် ပေးခဲ့တယ်ဆိုတာများ ရှိခဲ့ရင် အလေးပြုချင်လို့ လက်တို့ပြီး သတိပေးပါအုန်းဗျာ။ ကျနော် သိသမျှတော့ လောက်လောက်လားလားကို မရှိခဲ့လို့ပါ။ အဲဒီအတွက် ပြည်ပရောက် ကျနော်တို့တတွေ တာဝန်မကျေ အပြစ်မကင်းခဲ့ဘူးလို့ပဲ ၀န်ခံချင်ပါတယ်။
    ReplyDelete
  8. စည်းရုံးရေး ကောင်းမကောင်းတော့ သေချာမသိဘူး ထောင်ထည်းမှာက ဆိုင်းဘုတ်တွေ ထောင်ထားပြီးသားဆိုတော့ စည်းရုံးဘို့ သိပ်မလွယ်ဘူးလေ ကျတော်နဲ့ လည်းသိပ်အဆင်မပြေဘူး အပြင်မှာတုန်းကလည်း မဆက်ဆံဘူဘူး ဖြိုးမင်းသိန်း နဲ့ တော့အစည်းကပ်တယ် လွတ်ပြီလို့ ထင်ပါတယ် သူက ကျွန်တော်တို့ ထက်စောပြီး တောင်ငူထောင်ကို ပြောင်းသွားခဲ့တယ် တောင်ငူထောင်မှာ နောက်တမှုထပ်ဖြစ်ပြီး ဧရာဝတီ တိုင်းဘက်က ထောင်တထောင်ထပ်ပြောင်းတယ်ထင်တယ် နောက်ပိုင်းမသိတော့ဘူး သူ့ ထက်ကောင်းတဲ့သူတွေများမှများ ကိုမိုးဝင်း ဦးကြည်ညွန့်  အန်ကယ်ကြီးဦးတင်အောင်တို့ သူ့ ထက်ပိုကောင်းတာပေါ့
    ၈၈ ဖောက်ပြန်ရေး ဂုရုတွေပြောတာတော့မကြားဘူး ပြန်လာမှ ဆက်ရေးမယ်နော် ခုတော့ အပြင်သွားလိုက်ပါဦးမယ် ညမှဆက်ရေးလိုက်ပါ့မယ်
    ReplyDelete
  9. ကိုတိုးကြီးရဲ့ ဆိုက်ကိုလာလည်ရတာ အလွန်ဗဟုသုတရပါတယ်ရှင်။
    ကွန်မန်းတွေဖတ်ပြီး မသိရသေးတာတွေလည်း ပိုသိရပါတယ်။
    နန်းတို့အဖိုးဝမ်းကွဲလည်းကွန်မြူနစ်တယောက်ပါပဲ။
    ကိုလိုနီအင်္ဂလိပ် နယ်ချဲ့တွေနဲ့ ဖက်ဆစ်ဂျပန် တွေကို အဖိုးတို့ တော်လှန်တိုက်ခဲ့တာတဲ့။ ဗိုလ်ချုပ်အောင်ဆန်းလည်း ကွန်မြူနစ်ပါတီကို တည်ထောင်တဲ့အထဲမှာ ပါတယ်ဆို။ စစ်တပ်ထဲမှာ ကွန်မြူနစ်တွေကို ယူဂျီမြုပ်ခဲ့တာလို့ အဖိုးက ပြောပြတယ်။
    အဖိုးကသေတဲ့အထိ ပုဆိုးတထည်နဲ့အကျီင်္တထည်ပဲရှိတယ်။
    အဖိုးပြောပြတာကတော့ ကွန်မြူနစ်စနစ်က ကောင်းတယ်တဲ့။
    ချမ်းသာလွန်း။ဆင်းရဲလွန်း မရှိဘူးတဲ့။မျှတတယ်တဲ့။
    လူတွေက မလိုက်နိုင်တာဆိုပဲ။ နန်းစာအုပ်တွေစုဆောင်းနေပါတယ်။
    အချိန်မလောက်လို့ စာတွေသိပ်မဖတ်နိုင်ဘူး။
    ReplyDelete
  10. ကွန်မန်းရေးတဲ့ကိုဖုန်းဆိုတာ ၈၈ ကလားဟင်
    အဲဒီဆိုက်ကိုသွားတာမရဘူး။
    အားလုံးကိုလေးစားပါတယ်ရှင်
    ReplyDelete
  11. ကျောင်းစာတွေပိနေလို့ အခုမှ စာကြွေးတွေလာဖတ်ရတယ်။
    စဉ်းစားစရာတွေ အများကြီးပါပဲ။
    အခြားလူမျိုးတွေနဲ့ယှဉ်လိုက်ရင် ကျမတို့ မြန်မာလူမျိုး အသိုက်အအုံမှာ
    ချို့ယွင်းချက်တွေအများကြီးတွေ့ရသလိုပါပဲ။
    စိတ်ဓါတ်တွေကအစ ချွတ်ချုံကျနေသလိုပါပဲ။
    ပြုပြင်ရမှာတွေ ကျမ တို့မှာအများကြီးပါ။
    တဦးနဲ့တဦး အပြစ်တင်နေကြမယ့်အစား ငါဘယ်လောက်အထိ
    လုပ်ပေးနိုင်မလဲ လို့ ကျမတို့ ဆုံးဖြတ်နိုင်ကြရင် သိပ်ကောင်းမယ်။
    မနာလိုတာ။ အပေါ်ရောက်သူကိုဆွဲချတာ။ တိုက်ခိုက်တာ။
    အပြစ်ဖို့တတ်တာ။ ကျမတို့မြန်မာလူမျိုးတွေမှာ ပိုတွေ့ရသလိုပါပဲ။
    မတရားသူကို ပြောချင်ရင် ကိုယ်ကအရင် တရားမျှတအောင်
    ပြုပြင်ရမယ်လို့ထင်ပါတယ်။
    အမှားပါရင် ခွင့်လွှတ်ပါရှင်
    လိုင့် စိတ်ထဲမှာ မြင်တာကိုပြောပြတာပါ။
    အားလုံးကို လေးစားလျက်
    ReplyDelete
  12. ဟုတ်ပါတယ် မမနန်း
    ဗမာပြည်ကွန်မြူနစ်ပါတီကို စပြီးတည်ထောင်ခဲ့တဲ့ ၅ ယောက်ထည်းမှာ ဗိုလ်ချုပ်အောင်ဆန်းပါပါတယ် မမနန်းအဖိုးလို တကယ့်ကွန်မြူနစ်စစ်စစ်ကြီးတွေက တကယ်ကိုလေးစားဘို့ ကောင်းတာပါ ခုဟာက ကွန်မြူနစ်လို့ အော်ပြီး ကွန်မြူနစ် မစစ်တဲ့ သူတွေ (လက်တွေ့ နဲ့ သဘောတရား မညီညွတ်တဲ့သူတွေ ) နဲ့ ပြဿနာတွေတက်ခဲ့တာပါဘဲ ကိုဖုန်း ဆိုတာ ဘယ်သူလည်းဆိုတာတော့ သိသော်လည်း မပြောတော့ပါဘူး ကာယကံရှင်ဖြေမယ်လို့ ယူဆပါတယ် မဖြေရင်လည်း သူ့ လုံခြုံရေးအရ နားလည်ပေးလိုက်စေချင်ပါတယ်
    ReplyDelete
  13. ဟုတ်ကဲ့ကိုဖုန်းရေ
    ခုလည်းအဲလိုဘဲ နအဖ ကိုပြုတ်အောင်တိုက်ပြီး နိုင်ငံရေး ဂုရုဆိုတဲ့ကောင်တွေ ဆရာကြီးထင်နေတဲ့ကောင်တွေ အကုန်သတ်လိုက်မှ မြန်မာပြည်ကောင်းသွားမှာဗျ အဲဒါတကယ်ဗျ --
    ကိုကျော်မြ ကတော့ အပြောကောင်းတယ်ဆိုတာက သာမာန် ဆိုင်းဘုတ်မရှိသေးတဲ့သူတွေဆိုရင်တော့ ဖြစ်နိုင်မယ်ထင်ပါတယ် ကျတော်တို့ နဲ့ဆက်ဆံတာတော့သာမာန်ဘဲ သူ့ ကိုတခုလေးစားတာက သူ့ ထက်ဘယ်လောက်ငယ်ငယ် “ကို” တပ်ခေါ်တယ် ဥပမာ တခြားသူတွေက ကိုမိုးဝင်း ဦးကြည်ညွန့် ဦးအောင်ခင် အစရှိတဲ့ကွန်မြူနစ်တွေက “ဟေ့ ဇော်ထွန်း ” အဲလိုခေါ်ပြောပေမယ့် သူက “ကိုဇော်ထွန်း” “ကိုဖုန်း” အဲလိုလေး ယဉ်ယဉ်ကျေးကျေး လေးခေါ်တတ်တာက အထင်ကြိးစရာတခုပေါ့
    ကိုချစ်ဖေ အကြောင်းကတော့ သူကိုယ်တိုင်ပြောပြလိမ့်မယ်လို့ ထင်ပါတယ် မပြောခဲ့ဘူးဆိုရင်လည်း နားလည်ပေးလိုက်ပါ ကျတော်က ကြားက ၀င်ပြောပြလို့ မကောင်းလို့ ပါ
    ReplyDelete
  14. ဟုတ်ပါတယ် မမလိုင်ရေ
    ဒါပေမယ့် အဲဒါက မမလိုင်ရဲ့ သာမာန်ပြည်သူတယောက်ရဲ့ အမြင်ပေါ့ နိုင်ငံရေးသမားတွေ နအဖ အပါအ၀င်ပေါ့ အဲလိုမမြင်ကြဘူးခင်ဗျ မနာလိုတာ။ အပေါ်ရောက်သူကိုဆွဲချတာ။ တိုက်ခိုက်တာ။
    အပြစ်ဖို့တတ်တာများနေတဲ့အကြောင်းက စိတ်ဓါတ်မရင့်ကျက်တာရယ် ခောတ်စံနစ် မကောင်းခဲ့တာတွေရယ်ကြောင့်လို့ ထင်ပါတယ် ( ဟိုကွန်မြူနစ်တွေကို လှောင်ထားတဲ့ ဟာသလေးတပုဒ်ထည်းကလို့  ကိုယ့်ဟာကိုယ် ခလုပ်တိုက်လည်းတာတောင်မှ ဒါဓနရှင်လက်ချက် လို့ တော့ မရည်ရွှယ်ပါဘူး ) မတရားသူကို ပြောဘို့ ကိုယ်ကအရင်တရားမျှတအောင် ပြုပြင်ရမယ် ဆိုတာလက်ခံပါတယ် ဒါပေမယ့် မမလိုင်ရယ် ဘုရားတောင်မှ ဆန့် ကျင်တဲ့သူ အပြစ်ပြောတဲ့သူ စော်ကားတဲ့သူတွေ ရှိနေသေးတာဘဲလေ ဟုတ်ဘူးလား
    ကိုယ်က တရားမျှတတယ်လို့ ထင်ပေမယ့် သူများတွေက ထင်မှာလား ဆိုတာလည်း ထည့်သွင်းစဉ်းစား၇ပါ့မယ် ဟုတ်တယ်ဟုတ် လူ့ အလို နတ်မလိုက်နိုင်ဆိုတဲ့စကားတခွန်းလည်း ရှိနေတာဘဲလေ
    ReplyDelete
  15. ကိုချစ်ဖေက ဘာမှမဟုတ်ပါဘူးကိုဖုန်း.. ၈၈ မျိုးဆက် ၉၆ မျိုးဆက် ..ဘာမျိုးဆက် ညာမျိုးဆက်ပြောကြတယ်ဆိုတော့ အသက်အငယ်ဆုံးဖြစ်အောင် ၂၀၀၇ မျိုးဆက် လုပ်လိုက်တာပါ.
    ကိုတိုးကြီးတို့လို ၈၈ ဆရာကြီးတွေကတော့ ဒီမိုကရေစီလိုချင်တယ်လဲပြောသေး..အာဏာရရင် ဟိုသတ်မယ် ဒီသတ်မယ်လဲပြောသေး..လူကြီးတွေ မတည့်အောင်လဲ ဖွပေးသေး..မကောင်းပါဘူး..ဗျာ..
    ReplyDelete
  16. လုပ်ချလိုက်ပြန်ပြီ
    ကျတော်က မသတ်ရပါဘူးဗျာ
    ကျတော့်ကိုသတ်မှာတဲ့ ကွန်မြူနစ်ပါတီ အာဏာရရင်တဲ့ ကျတော့်ကိုသတ်မတဲ့ ဟဟဟ ငခုတ်ကြီး ငဆော်ကြီး နဲ့ မတန်ဘူးတဲ့ ပဲခူးရိုးမ ခေါ်သွားပြီး ၀ါးစိမ်းကြော နဲ့ လည်လှိးသတ်မတဲ့ ဟဟဟဟ ကေအန်ယူက ကိုသန်းမြင့်ဆွေကလည်း ဒီမိုကရေစီ ရပြီးရင် ကရင်ပြည်နယ် ခြေဦးတောင်မလှည့်နဲ့ တဲ့ ကွင်းပြင်ထည်းမှာ အရှင်ခေါင်းလေးဖော်ပြိးတကိုယ်လုံးမြုတ်ထားမယ်တဲ့ လဒ တွေ လာစားအောင်တဲ့ အယ်နယ်ဒီကလည်း သတ်တော့မသတ်ဘူးတဲ့ သူတို့ ပါတီအာဏာရရင် ပထမဆုံးဖမ်းမယ့်သူက ကျွန်တော်တဲ့ဗျား ထောင်ထည်းထည့်ထားမယ်တဲ့ ဦးတင်ရွှေ (မုံရွာ) ကတော့ ၀င်ပြောပေးပါတယ် ညှာတာတဲ့အနေနဲ့  A class တော့ ပေးလိုက်ပါတဲ့ ဟဟဟဟဟဟဟ
    ReplyDelete
  17. ၁-----
    ဟုတ်ကဲ့ဗျာ ခုလို အားလုံးအချင်းချင်းတီးမိခေါက်မိ ရှိသွားလို့ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဘိုးတိုးနဲ့ ပတ်သက်လို့ကတော့ သေရွာရောက်တဲ့အထိ ကူးတို့နဲ့ လိုက်ပို့ချင်သူတွေ ပေါများတယ်ဆိုတာ သိရလို့ ပိုပြီးလေးစားမိပါတယ်။ ဟဲ ဟဲ
    မောင်ဖုန်းဆိုတဲ့ ကောင်ကလည်း ဘာကောင်မှ မဟုတ်ရပါ။ ဘာမျိုးဆက် ညာမျိုးဆက်ထဲမှာလည်း မပါဘဲ အချိန်ကျလို့ အခါကြုံမိတဲ့ အခိုက်များမှာ ပြည်သူတယောက်ကို အလုပ်ကို သာမာန်သာ ၀င်လုပ်ဖူးတဲ့ လူသားတစ်ယောက်မျှသာပါ။ ဘာပညာမှလည်း ဟုတ်တိပတ်လို့ မတတ်လို့ ဘာဆိုက် ညာဘလောခ့်မှလည်း မရှိပါ။ တော်ကြာ မောင်ဖုန်းဆိုလို့ ကိုဖုန်းကျော် (လူ့ဘောင်ချစ်) နဲ့ မှားယွင်းနေပါအုန်းမယ်။ အဲဒီ ကိုရင်ဖုန်းကျော်ဟာ မောင်ဖုန်း လုံးဝ (လုံးဝ) မဟုတ်ရပါဗျား။
    ပြည်တွင်းမှာ တိုင်းပြည်အတွက် ဘာမှ မလုပ်နိုင်လို့ လုပ်ရတဲ့ဘောင်ကျဉ်းလွန်းလို့ တနည်း ပြောရရင် ထောင်ကျ တန်းကျမှာ ကြောက်လို့ (ထောင်ထဲမှာ အချိန်မဖြုန်းနိုင်လို့ ဆိုပြီး လူကြားကောင်းအောင် တချို့က ပြောတတ်ပါတယ်) ဆိုပြီး ပြည်ပရောက်လာပြီးသကာလ အန္တေ၀ါသိက အမြဲထာဝရ (အမြဲထာဝရဆိုတာ အကြီးအမှူးနေရာက ဘယ်တော့မှ မထလို့ နေရာဖယ်မပေးလို့ ပြောတာပါ။ ပြည်တွင်းက အဘသန်းကို အားကျလို့ထင်ပါတယ်။ ဒါမှမဟုတ် သူလောက်တော်တဲ့သူ မရှိတာလည်း ပါမှာပေါ့လေ ဟဲ ဟဲ) ဆရာ့ဆရာ့ကြီးများထံ နည်းနားနိဿယ ခံနေတဲ့ ကျောင်းတော်သား တစ်ဦးမျှသာ ဖြစ်ပါတယ်။ (ကျောင်းသားဆိုတာတောင် အောက်ဆုံးက ဘုန်းကြီးကျောင်းသား အဆင့်လောက်ရှိပါတယ်။ ဘုန်းကြီးကျောင်းသားအဆင့်လောက်နဲ့ ကျောင်းထိုင်ဆရာတော်ကြီး ချဲတွက်တာ ဝေဖန်တော့ လွန်တာပေါ့နော် မှန်ရဲ့နော် ကိုတိုး)
    ကျနော်တို့ ပြည်ပရောက် ဆရာကြီးများကြားမှာ အဓိက ဖြစ်နေတဲ့ ပြဿနာတစ်ရပ်က ဒီမိုကရေစီမှာ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ်ဆိုတဲ့ သဘောတရားတစ်ခုကို ရေလိုက်လွဲနေကြတာလို့ပဲ မြင်မိပါတယ်။ တခုခု သဘောမတူတာ အကြိုက်မတွေ့တာ ကြုံရင် စေ့စပ်ညှိနှိုင်းပြီး ညီအောင် ပြုရမဲ့အစား ငြင်းကြ ခုန်ကြ လက်သီးလက်မောင်းတန်းကြ၊ အာဃတ တရားတွေ ပွားများကြနဲ့ နောက်ဆုံးပြောရရင်တော့ စလယ်ဝင် ဖင်မမည်းခင်ကတည်းက ကွဲကြတော့တာပါပဲ။ ဒီလိုနဲ့ နှစ်ယောက်နဲ့ သုံးဖွဲ့ဖြစ်တာမျိုးတွေအထိ ရန်သူက လှောင်ရတဲ့အခြေဆိုက်လာတာ တွေ့တွေ့နေရလို့ပါဗျာ။
    ရန်သူစစ်တပ်က ဘယ်လောက်ပဲ ရပ်တည်ချက်မှားနေနေ သဘောထား ကွဲလွဲနေပါစေ။ အမှန်တရားကို မျက်ကွယ်ပြုပြီး ထင်ရာစိုင်းနေပါစေ။ (လက်နက်တွေေးဘဖယ်ထားလိုက်ပါဦး) သူတို့က သိပ်ညီညွှတ်တယ်။ ကျောချင်းကပ် ရင်ချင်းအပ်ထားတယ်။ အချင်းချင်း သေနတ်နဲ့ ချောင်းပစ်ချင် ပစ်မယ်။ ဓားချင်း ယှဉ်ခုတ်ရင် ခုတ်နေမယ်။ ဒါပေမဲ့ လမ်းလွဲမသွားဘူး အဖွဲ့ကွဲ မသွားဘူးဗျ. ပြောရရင် တသွေး တသံ တမိန့်ရှိနေတယ်။ သူတို့ကို နှောင့်ယှက်မဲ့သူတိုင်း ဆူးငြောင့်ခလုတ် ဖြစ်လာမယ်ဆိုရင် ရက်ရက်စက်စက် ခြေမှုန်းတယ်။ ဘယ်သူမှ လက်မနှေးဘူး။ ဆုံးဖြတ်ချက် ပြတ်သားတယ်။
    ကျနော်တို့ဖက်ကျတော့ ခုတင်ကပြောသလို ရေရှည်တိုက်ပွဲနဲ့ အဆုံးသတ်ရည်မှန်းချက်တွေ ပျောက်ပြီးသကာလ ၀ါဒရေးရာတွေကို ငြင်းလိုငြင်း၊ ရှေးတုန်းကရွှေထီးဆောင်းရတာတွေ တမ်းတရင်း အချိန်တွေကုန်၊ ဘာမှ မဟုတ်တဲ့ ပြဿနာလေးကို ဒီဃာတွေချဲ့ စစ်မျက်နှာတွေ တဖြည်းဖြည်းများလာ အချင်းချင်း ရန်တွေဖြစ် ကွဲကြ ပြဲကြ တစ်စင်ထောင်ကြနဲ့ ဆိုတော့ အောက်ကလူကလည်း အထက်ကလူကို ဆွဲချဖို့ ချောင်းနေတယ်။ အထက်က လူကလည်း ဒီနေရာမှာ ကျောက်ချထိုင်နိုင်ဖို့ သြဇာနဲ့ကျော်ကြားမှုရဖို့ အောက်က ကောင်ကို ပညာပြမယ် ဆော်မယ်။ နှက်မယ်။ မင်းတို့က ချာတိတ်တွေပါကွာဆိုပြီး အထင်သေးမယ်။ ဒီတော့ကာဗျာ တော်လှန်ရေး နှစ် ၂၀ ကြာလာတော့ ရန်သူစစ်တပ်နဲ့ ကိုယ့်ဖက်ဟာ တော်တော်များများ တူလာတဲ့သဘောတွေ မြင်လာရတယ်ဗျ။ ဆွမ်းဆန်ထဲ ကြွက်ချေးရောလာတယ်ပေါ့ဗျာ။
    ReplyDelete
  18. ၂-----
    အဲဒီမှာ မပါတဲ့ တကယ့်ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားကြီးတွေ ပြည်တွင်း ပြည်ပမှာ အများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့ သူတို့က ဘေးထွက်ထိုင်တာ ရပ်ကြည့်တာ ဒီကောင်တွေ အချင်းချင်းချနေတာ ထိန်းရအတော်ခက်တာပဲဆိုပြီး သံဝေဂပွားနေရတဲ့ အခြေဆိုက်လာတယ်။
    နိုင်ငံရေးဘိုးအေကြီးတချို့က ပြောရှာပါတယ်။ အဘိုးသခင်ကိုယ်တော်မှိုင်းကို ခုမှ ကိုယ်ချင်းစာမိပါတယ်တဲ့။ ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လောက်ခက်ခက်ခဲခဲ လုပ်ရမယ်ဆိုတာကိုတဲ့။ သူပုန်နဲ့ စစ်တပ် ကျေနပ်အောင် ပြောခဲ့ရတဲ့ အဘိုးကိုယ်တော်မှိုင်းတော့ ဘယ်လိုနေမယ် မသိဘူး။ ဒို့များတော့ ခုနေခါ ဒို့သူပုန်အချင်းချင်း မညီညွှတ်တာတောင် ရင်ကြားမစေ့နိုင်တော့ဘူးတဲ့ဗျ။ အဲသလို ပြောကြရှာပါတယ်။
    အမှားလုပ်ဖူးတဲ့သူတိုင်း အပြစ်ပေးရမယ် ဖြုတ်ထုတ်သတ်ရမယ်ဆိုရင်တော့ လောကကြီးမှာ အစိတ်သားလောက်ပဲ ကျန်တော့မယ် ထင်တာပဲဗျာ။ စစ်တပ်ကိုလည်း အရင်တုန်းက ရွေးကောက်ပွဲပြီးစက ခေါင်းဖြတ် ကိုယ်ယူမယ် ဘာညာ လျာထားပြီး စီမံကိန်း ဆွဲခဲ့ကြသေးတာပါပဲ။ အဲဒီသတင်းက အချိန်မတိုင်ခင် ရန်သူ့နားပေါက်သွားတော့ (တချို့ကလည်း ရန်သူဖန်တီးတဲ့ သတင်းမှားတစ်ပုဒ်လို့ ပြောကြပါတယ်) အခြေအနေ ပိုဆိုးသွားပါတယ်။
    ကိုချစ်ဖေ ပြောသလိုပါပဲ။ ကျနော်များ ပြောတာကလည်း ဆန်ရင်းနာနာဖွပ်တဲ့ သဘောပြောရတာပါ။ တခါလာတိုင်း ရန်သူမကောင်းကြောင်းချည်း ပြောနေရတာကလည်း ၄ နှစ်သားက အစ သိနေပါတယ်။ ကိုယ့်ဖက်က ဆရာကြီးများမှာ အချိန်မှီ ပြင်သင့်တာတွေလည်း ပြင်ကြ ညီညွှတ်ရေးလုပ်ကြ တိုင်းပြည်အတွက် တကယ်လက်တွဲ လုပ်နိုင်ကြဖို့သာ ကျနော်တို့ တပဲ့လေးများက အသိဥာဏ် တထွာတမိုက်လောက်နဲ့ တိုက်တွန်း တောင်းပန်တိုးလျှိုးတဲ့ သဘောနဲ့ ဘိုးတိုးဆိုက်မှာ လာလာရေးနေရတာပါ။
    နေ့စဉ် ထမင်းတလုတ် ရေတမှုတ်သောက်ရဖို့ ကိုယ့်အလုပ်လေးလည်း ကိုယ်လုပ်နေရတဲ့ ဘ၀ဆိုတော့ ဆရာကြီးများလို နိုင်ငံရေးထဲမှာ အချိန်ပြည့် နစ်မြှုပ်မထားနိုင်ပါဘူး။ ဒီတော့ ဆရာကြီးတွေဆီမှာ တပည့်ခံချင်လို့ အလုပ်အကျွေးပြုချင်လို့ လာခဲ့ပါတယ်။ အချင်းချင်း ကိုယ်ရည်သွေးပြီး ထချကြ ကိုယ့်တပ်ကိုယ်ပြန်နင်းကြတဲ့ ပွဲတွေမှာ ၀င်ချည်းဆွဲနေရတဲ့ တပည့်ဘ၀မှာ နေရတာကလည်း ကြာလှနေပါပြီ။
    ခေါင်းဆောင်ကြီးများက တကယ်ပြတ်သားတဲ့ ခေါင်းဆောင်မှုတွေ လမ်းညွန်ချက်တွေကို တစုတဝေးတည်း ဆုံးဖြတ်ချက်ချပြီး ချမှတ်ပေးပါ။ နောက်က လိုက်လာမဲ့ တိုင်းရင်းသားနဲ့ ဗမာပြည်သူတွေ ဒုနဲ့ ဒေးရှိနေပါတယ်။ အချင်းချင်း တွန်းပွဲတွေ တိုက်ပွဲတွေ ချောက်ချပွဲတွေ ရပ်ကြပါတော့ဗျာ။ ကိုယ်ကျိုးလေးတွေလည်း နည်းနည်းလျှော့ကြပါ။ မမနန်းရဲ့ အဘိုးကဲ့သို့ အ၀တ်တထည် ကိုယ်တစ်ခုနဲ့ တကယ့်ကျမ်းရင်းအတိုင်း နေနိုင်တဲ့ ကွန်မြူနစ်ပါတီဝင်တွေလို လေးစားချင်ပါတယ်။ ဦးချချင်ပါတယ်။ နောက်က ထမင်းအိုးထမ်း ဟင်းအိုးထမ်းပဲ လိုက်ပရစေတော့။
    ဘိုးတိုးတို့လည်း ဒီအတိုင်း ဘလော့ခ်ရေးရူံတင် မကဘူး။ တကယ် ပြန်လာလုပ်ကြပါ။ တိုင်းပြည်အတွက် အများကြီးလုပ်နိုင်ကြပါသေးတယ်။ ဒါကလည်း ခုလုပ်နေတဲ့သူတွေ ညီညွတ်မှ ဘေးထွက်နေတဲ့ သူတွေက ပြန်ဝင်လာကြမှာပါ။ အချင်းချင်း ရန်ပွဲကို ဆွဲနေရရင် ဘယ်သူမှ နိုင်ငံရေးလုပ်ချင်ကြမှာ မဟုတ်ဘူး။ ကျနော်တို့ တိုင်းပြည်မှာ လွတ်လပ်ရေးလည်း ရရော လွတ်လပ်ပြီဟဆို ကွဲလိုက်ကြတာ အစိတ်စိတ် အမွှာမွှာ ခုလည်း ဒီမိုကရေစီတောင်းရင်း တိုက်ရင်း မရသေးခင်ကတည်းကကို ကွဲနေကြတာ---- တခြားတိုင်းပြည်တွေ လူမျိုးတွေက မေးငေါ့စရာ ဖြစ်နေပါပြီ။ ရန်သူက လှောင်စရာကို ဖြစ်နေပါပြီ။
    ကျနော်တို့ဖက်က အဝေးရောက်အစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ အတိုက်အခံဒီမိုကရက်တစ် အုပ်စုတွေ၊ ကွန်မြူနစ်ပါတီ အစရှိသဖြင့် --- စစ်အစိုးရ နအဖရဲ့ ရန်သူမှန်သမျှ ညီညွှတ်ကြစေချင်ပါတယ်။ ဘုံရန်သူကို မြင်စေချင်ပါတယ်။ ရန်သူနဲ့ သင်ပုန်းမချေခင် ကိုယ့်အချင်းချင်း အမာရွတ်တွေဖျောက်လို့ သင်ပုန်းချေကြစေချင်ပါတယ်။ ဦးနု ပြောသလို သူမသာ ကိုယ်မနာ ငြိမ်းချမ်းရေးကို ကျနော်တို့ အချင်းချင်းထဲမှာပဲ ပီပီပြင်ပြင် တည်ဆောက်ကြပါစို့ဗျာ။
    P.S ဦးကျော်မြ သတင်းအတွက် ကျေးဇူးပါ ကိုတိုး-- ကျနော့်ကို ပြည်ပရောက် သူ့အသိတယောက် (တိုက်ထဲမှာတုန်းက အတူတူလို့ ပြောပါတယ်) က မေးခိုင်းနေတာ ကြာပါပြီ။
    ReplyDelete
  19. ပြန်လာပြီး လုပ်ဘို့က မလွယ်ဘူးလေ ဆရာဖုန်းရေ
    ထိုင်းမှာ ဘာမှ အလုပ်မရှိလို့ ဒီနိုင်ငံရောက်လာတာလေ ရှိခဲ့ရင် ဒီနိုင်ငံတောင်မရောက်ဘူး ထက်မိုး ရှိတုန်းကတော့ ဒေါင်းဂွင် လိုက်ခဲ့ဘို့ ခေါ်တယ် ကျောင်းဆရာ လုပ်တဲ့ စိတ်ပျက်သွားတယ် ကျတော့်အဖေ အနှစ် ၃၀ ကျောင်းဆရာ ဘာမှ မတိုးတက်ခဲ့သလို ဒေါက်တာသန်းထွန်း စာအုပ်ဖတ်ပြီး ဒေါက်တာသန်းထွန်း ပြောတာလေးမှတ်ထားတယ် ဗေဒင်ဆရာ လုပ်စားတာမှ ကြီးပွားဦးမယ်တဲ့ ဘာမှ သုံးမရတဲ့ ကျောင်းဆရာအလုပ် လုပ်ခဲ့မိတာ မှားတယ်တဲ့ အဲစကားလုံးတွေကလည်း ခေါင်းထည်းစွဲနေတာလည်းပါတယ် တခြားအလုပ်ကလည် ခင်ဗျားပြောသလို ဆရာကြီးတွေ က အဘသန်းအားကျပြီး နေရာမဖယ်ချင်တာရယ် သူတို့ ဂွင် သူများလုမှာစိုးတာရယ်ကြောင့် ဘာမှလုပ်လို့ ၇မယ်မထင်ဘူး ကိုယ့်ဟာကိုယ် သီးခြားတခုခု လုပ်နိုင်ရင်တော့ကောင်းမယ်ထင်တယ် ထားလိုက်ပါ နောက်မှပေါ့
    တိုက်ထည်းမှာ ကိုကျော်မြနဲ့ တူတူနေဘူးတယ်ဆိုတော့ အင်းစိန် တိုက်ဆို၇င်တော့ ကျတော်သိမှာပါ မသိစရာအကြောင်းမရှိဘူးထင်တယ် လာဖတ်လို့ ဆွေးနွေးပေးလို့ ကျေးဇူးပါ
    ReplyDelete
  20. အင်း ဟုတ်ပ ဘိုးတိုးပြောမယ်ဆိုလည်း ပြောစရာပဲဗျာ။ ဒီမှာကတော့ ရောက်နေရင်လည်း လူသစ်ဆိုတစ်မျိုး လူဟောင်းဆို တစ်ဘာသာ လုပ်ရကိုင်ရတာမှာ အခက်အခဲတွေ ရှိပါတယ်။ အခက်အခဲရှိတယ်ဆိုတာ ရှိသင့်တာ မဟုတ်ဘဲ အပိုရှိနေတာတွေကြောင့်ပြောရတာပါ။
    ဘိုးတိုးပြောသလို နေရာဖယ်မပေးချင်တာ (ကိုယ်ကိုတိုင်လည်း မလုပ်နိုင် အစွမ်းအစရှိတဲ့သူကိုလည်း နေရာမပေးချင်တာမျိုး) သူတို့ဂွင် သူများလုမှာ စိုးတာရယ် (အဲတာကတော့ တော်တော်ဆိုးတယ်ဗျာ။ အဲလိုလူတွေကတော့ တော်လှန်ရေးကြီးအဓွန့်ရှည်ပါစေဆို ကြိတ်ဆုတောင်းနေတဲ့ ငို့ဘသမား သက်သက်တွေပါ) ကြောင့်ဆိုပြီး လူသစ်လာပြန်တော့လည်း ထောက်လှမ်းရေးကဖြစ်နိုင်တာမို့ မသင်္ကာဘူးဆိုတာက အကြောင်းပြလိုက်၊ လုပ်ဖော်ကိုင်ဖက် လူဟောင်း ပြန်လာရင်လည်း (ဘိုးတိုးတို့လိုလူမျိုး) ဒီလူကတော်လှန်ရေးနဲ့ အဆက်ပြတ်နေတော့ အတွေးအခေါ်တွေ ခေတ်နောက်ကျနေပြီဆိုသကာလ ချောင်ထိုးထားလိုက်တာ သက်သက်ရယ်နဲ့ ၀ိုင်းကန့်ထားလိုက်ကြတာပဲ။ အဲဒီအဖြစ်အပျက်တွေက မဖြစ်သင့်ဘဲ ဖြစ်နေတာ မဟုတ်ဘူးလားဗျာ။ အာဏာရှင်ကို တိုက်ရင်းနဲ့ အာဏာရူး ဖြစ်မှန်းမသိဖြစ်လာနေကြတယ်။
    အလုပ်အကိုင်ဆိုတာကတော့ဖြင့်ဗျာ။ ပြောမရပါဘူး။ ကိုယ့်အကျိုးပေးတာနဲ့ တိုးတော့လည်း ဘာမှ ပြောပလောက်အောင် စိုက်ထုတ်စရာမလိုဘဲ စင်ပေါ်ရောက်တတ်ကြတာကိုး။ အဲ ကိုယ့်ဝါသနာ စိတ်ဝင်စားတာနဲ့တော့ ကိုက်ညီချင်မှ ကိုက်ညီပေမပေါ့နော..ကျောင်းဆရာက ဆယ်တန်း ဘော်ဒါဆောင်ထောင်ပြီး သိန်းထောင်ချီ ချမ်းသာနိုင်သလို ဆရာဝန်က တောခိုပြီး မျှစ်ချိုးစားနေရတဲ့ ဘ၀တွေလည်း ရှိမှာပေါ့။ ဟား ဟား ဟား-----ကိုယ်ရပ်တည်တဲ့ဖက်က ကိုယ်ယုံကြည်ရာမှာဆိုရင်တော့ လူမွဲပေမဲ့ စိတ်ချမ်းသာပါတယ်ဗျာ။ ကျေးဇူးပါ။
    လေးစားခင်မင်လျက်
    မောင်ဖုန်း
    ReplyDelete