
အိမ်လည်ကြူးတဲ့သား
ကာရန်ချိုမြ၊ သွေးစစွန်းထင်နေတယ်
တယောကြိုးလည်း ၊ တီးတိုးငိုကြွေးတယ်
ဂစ်တာတလက် အုတ်ခုံထက်မှာ
အသက်မရှိ ရှာတော့ဘူး ။
အမေ့အိမ်နား ဒီညများမှာ
စစ်သားဖိနပ် တခွပ်ခွပ်နဲ့ 
ရပ်လို့ စောင့်နေတယ် ။
အိမ်လည်ကြူးတဲ့သား
မိုးစက်တွေကြားမှာ
ဌက်ဖျားမိနေရော့သလား ။
အမေ့နားမှာ
“သား” ခေါ်သံများ တီးတိုးကြားရင်
နားကိုလှည့်စား ဒီညများမှာ
ဘယ်ရောက်နေလည်း လူလေးရယ် ။
သားတို့ ကျောင်းက
ခွပ်ဒေါင်းလှံ့ ကလေး
ရေမြောင်းရဲ့ ဘေးမှာ
သွေးတွေ စွန်းလျှက် ညနေဘက်က
ရပ်ကွပ်ထည်းက လူတွေ တွေ့ ခဲ့သတဲ့
အမေ့သား
စကားတိုးတိုးပြောလှည့်ပါ ။ ။
တင်မိုး
ကာရန်ချိုမြ၊ သွေးစစွန်းထင်နေတယ်
ReplyDeleteတယောကြိုးလည်း ၊ တီးတိုးငိုကြွေးတယ်
ဂစ်တာတလက် အုတ်ခုံထက်မှာ
အသက်မရှိ ရှာတော့ဘူး ။
အမေ့အိမ်နား ဒီညများမှာ
စစ်သားဖိနပ် တခွပ်ခွပ်နဲ့ 
ရပ်လို့ စောင့်နေတယ် ။
အိမ်လည်ကြူးတဲ့သား
မိုးစက်တွေကြားမှာ
ဌက်ဖျားမိနေရော့သလား ။
အမေ့နားမှာ
“သား” ခေါ်သံများ တီးတိုးကြားရင်
နားကိုလှည့်စား ဒီညများမှာ
ဘယ်ရောက်နေလည်း လူလေးရယ် ။
ကဗျာလေးဖတ်ပြီး မျက်ရည်ဝဲမိပါတယ်
ဒီလိုခေတ်ပျက်ကြီးထဲမှာ အမှန်တရားဖက်က ရပ်တည်တဲ့သူတိုင်း မိသားစုတိုင်း အိမ်ထောင်စုတိုင်းမှာ အသက်တွေ ပျောက်မယ်၊ ဘ၀တွေ ပျက်မယ်။ ငတ်မယ် ပြတ်မယ်။ ဆင်းရဲဒုက္ခ မှန်သမျှနဲ့ ကြုံရ ဆုံရမယ်။ ရစရာ ဘာတစ်ခုမှ မရှိဘဲ ပေးဆပ်မှုသက်သက်နဲ့ပဲ အဆုံးသတ်ချင်သတ်ရမယ်။
ReplyDeleteအဲဒီအတွက် အမှန်တရားဆိုတဲ့ ခမ်းမထဲကို ဘယ်သူတွေများ ရဲရဲဝံ့ဝံ့ ရင်ကော့ ခေါင်းမော့ပြီး တလှမ်းချင်း ၀င်လာနိုင်မလဲ
ကျနော်တို့ တတွေ အားလုံးက သောင်းသောင်းဖြဖြ ကြိုဆိုပါ့မယ်။
အားလုံးသောင်းသောင်းဖြဖြ ကြိုဆိုမှာ သေချာရဲ့ လား ဆရာဖုန်းရေ
ReplyDeleteရင်ဝ အကန်ခံရတာတွေရယ် ခြေထိုးခံခဲ့တဲ့သူတွေရယ် နောက်ကျောက ချောင်းရိုက်တဲ့သူတွေရယ် များလွန်းတယ် သုမကျောမှာ ဒဏ်ရာတွေနဲ့ လို့ မပြောရက်တောင်မှ အမှန်တရားမှာ အခါးတွေနဲ့ ပါလားဗျာလို့ ပြောခွင့်ပြုပါ
စစ်အာဏာရှင်စနစ်ကိုသက်ဆိုးရှည်စေမယ့် ၂၀၀၈ အခြေခံဥပဒေနဲ့
ReplyDelete၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသူတိုင်းဟာ ပြည်သူထူထုရဲ့
''ရန်သူ'' အဖြစ် သတ်မှတ်ရမှာပဲ။
ဒီမိုကရေစီ ရေး အတွက် ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေရဲ့ အရိုးတွန်သံ တွေ ကြားနေမိပါတယ်။
အမေ တို့ ရဲ့ သားကောင်းရတနာတွေ အကျဉ်းထောင်ထဲမှာအများကြီး
ရှိနေပါတယ်။ရင်ကွဲနာကျသွားတဲ့အမေရေ
အမေ့သားတွေ တပွင့်ကြွေရင် နှစ်ပွင့်ဝေမယ်အမေ
သားတို့ကျောင်းက၊ ခွပ်ဒေါင်းလံလေး၊ ရေမြောင်းရဲ့ဘေးမှာ သွေးတွေစွန်းလျက် ညနေဖက်က ရပ်ကွက်ကလူတွေတွေ့လိုက်တယ်။
ReplyDeleteအဲဒီတပိုင်းလေးကို ကျနော်ငယ်ငယ်က စာရွက်ပြဲလေးတခုပေါ်မှာဖတ်လိုက်ရတယ်။