Wednesday, December 30, 2009

ကျတော် နှင့် အယူဆ မတူသော ကျောင်းသားခေါင်းဆောင်ဆိုသူများ (အပိုင်းတစ်)

Photobucket

ဒီမိုကရေစီကို လက်ခံသူတိုင်း လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကို လက်ခံရမယ်လို့ ကျွန်နော် နားလည်ပါတယ် ဒါပေမယ့် ပြည်သူကို ဒုခပေးနေတဲ့ နအဖ စစ်အုပ်စု နဲ့ ပေါင်းနေတဲ့ သူတွေကိုတော့ (သူတို့ ဘယ်လို အယူအဆ အတွေးအခေါ်နဲ့ ပေါင်းပေါင်း ) ကျွန်နော်ဘယ်လို မှလက်ခံလို့ မ၇ခဲ့ပါဘူး
ပထမဆုံး စပြီးရေးမယ့် ကျောင်းသားခေါင်းဆောင်ဆိုသူတယောက်ကတော့ ဖြိုးမင်းသိန်းပါ သူ့ အကြောင်းရေးဖြစ်တာကလည်း ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့  နေ့ လည် (၁) နာရီကနေ (၃) နာရီအတွင်း။ နေရာက အမှတ် ၁၂၃၊ ဘီ (၃)၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်မှာမြန်မာ့အရေးဆွေးနွေးပွဲကော်မတီ နာမည်ခံထားတဲ့ အဖွဲ့ နဲ့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ပြည်တွင်းက ကျောင်းသားတယောက်က သတင်းပေးပို့ ခဲ့လို့ ပါဘဲ ။
သူ့ ကိုစပြီးသိခဲ့တာက ဗကသ ကနေပြီး သူတို့ အောက်ဗခွဲထွက်သွားခဲ့ပြီးတဲ့နောက် ရန်ကုန်ခရိုင် ကျောင်းသားသမဂက နွေးနွေးနိုင် ခေါ် အေးအေးမြင့် (ယခု ထိုင်း) က “ အောက်ဗက ကိုဖြိုးက ဗကသ နဲ့ ဆွေးနွေးချင်လို့ ကိုဇော်ထွန်းလိုက်ခဲ့ပါ ”ဆိုပြိး ခေါ် လို့ လိုက်သွားခဲ့တာပါ ဟိုရောက်တော့ ဘာတွေမှန်းမသိဘူး စာအုပ်ထည်းက စကားလုံးတွေ အလွတ်ရွတ်ပြီး ကိုကိုကြီးမကောင်းတာတွေ ပြောလို့  “မင်းလောက်တော့ ငါလည်းဖတ်ဘူးတယ်ကွာလို့ ”ပြောပြီး ပြန်လာခဲ့ဘူးပါတယ် ၊ ထောင်ထည်းရောက်လို့ ပြန်တွေ့ တော့ ကျောင်းသားညီညွတ်ရေး လုပ်ကြမယ်ဆိုပြီး ဗ မ အောက်ဗ ရန်ကုန်ခရိုင် နံမယ်တွေ အကုန်ဖျက် ကျောင်းသားညီညွတ်ရေးအဖွဲ့နံမယ်နဲ့ ထောင်ထည်းမှာ ရပ်တည်ခဲ့ကြပါတယ် အဲဒီအချိန် တွဲလုပ်ဘူးထည်းက သူ့ စိတ်နေသဘောထား အရည်အချင်းတွေ သိခဲ့တာပါ
သူနဲ့ ကျွန်နော် နဲ့ အမှုတွဲပါ ထောင်ထည်းမှာ ထပ်တွဲခဲ့ဘူးပါတယ် ကျွန်တော့်အမှုတွဲ ကျွန်နော် တွဲခဲ့ဘူးတဲ့ ကျောင်းသားတွေ ကျောင်းသားခေါင်းဆောင်ဆိုသူတွေ ထည်းမှာ အဲလိုခပ်ညံ့ညံ့ကောင်တွေလည်း ရှိနေပါတယ် ( ကျတော့်ကိုတယောက်က ဝေဖန်ဘူးလို့ ပါ ခင်ဗျားတွဲ တဲ့သူတွေ ခင်ဗျားဆရာတွေ ထည်းမှာ အကုန်အကောင်းကြည့်ဘဲလားတဲ့ မကောင်းတဲ့သူတယောက်မှ မပါဘူးလားတဲ့ )
ဟုတ်ကဲ့ ကျတော်ခုရေးလိုက်ပါပြီ
ဖြိုးမင်းသိန်းဟာ တညင်မှာနေပါတယ် ၈၈၈၈ ဖြစ်တဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်ဗိုလ်တထောင်နယ်မြေမှာ တက်နေတာပါ ၈၈၈၈ လှုပ်ရှားမှုထည်းမှာ စက်မှုတက္ကသိုလ်မှာ ဦးဆောင်သူထည်းမှာပါခဲ့တယ်ဆို တာ လုံးဝ မဟုတ်ပါဘူး သူလိုကိုယ်လိုပါဘဲပါခဲ့သူပါ
ဖြိုးမင်းသိန်းရဲ့ ပင်ကိုယ်စရိုက်ကိုက ပေါ်ပြူလာသိပ်ဖြစ်ချင်ပါတယ် နာမည်ကြီးချင်သူတယောက်ပါ ဗကသမှာတိုးလို့ မရတဲ့အတွက် နေရာရဘို့ အတွက် ၉၀ ခုနှစ်မှာ ကိုကိုကြီးကိုတိုက်ခဲ့ပြီး အောက်ဗကို ဦးဆောင်ဖွဲ့ စည်းခဲ့သူပါ သူအမြဲပြောနေကျက “နာမည်ကြီးချင်ရင် နံမည်ကြီးတဲ့သူကိုတိုက်လိုက် လွယ်လွယ်လေးနဲ့ နံမယ်ကြီးမယ်တဲ့ ” သူအဲဒီအယူအဆနဲ့ ဘဲ ဗကသ မှာနေရာမ၇တော့ နေရာယူချင်တဲ့အတွက် ကိုကိုကြီးကိုတိုက်ခိုက်ခဲ့ပြီး မနွလေး ဒုတိယ ညီလာခံကို လူလည်ကျ ပြီးလုပ်ခဲ့သူပါ သူတို့ လုပ်လို့ မအောင်မြင်ခဲ့တာတောင်မှ ကိုကိုကြီး မနွလေးညီလာခံဖျက်တယ် ထောက်လှမ်းရေးနဲ့ ပေါင်းပြီး သူတို့ လူတွေကို ဖမ်းတယ်လို့ တိုက်ခဲ့တဲ့ သူတယောက်ပါ သူ့ မှာခိုင်မာတဲ့ အယူအဆ မရှိပါဘူး ပေါ်ပြူလာဖြစ်ချင် နာမည်ကြီးချင်တာတခုပါဘဲ ထောင်ထည်းမှာရပ်တည်ခဲ့တဲ့ တလျှောက်မှာလည်း ကွန်မြူနစ် နဲ့တွေ့ ရင် ကွန်မြူနစ်ဖြစ်သွားခဲ့သလို အယ်နယ်ဒီ နဲ့ တွေ့ လည်း ဖောဖောရှောရှောပေါင်းခဲ့တာပါဘဲ သူ့ စည်းရုံးရေးစွမ်းရည်ဆိုတာလည်း မရှိသလောက်ပါဘဲ ဘယ်လောက်ထိလည်းဆို ထောင်ထည်းမှာ တိုက်ပွဲတပွဲတိုက်ဘူးပါတယ် (နိုင်ခဲ့ဘူးတဲ့ တိုက်ပွဲပါ) အဲဒီအတွက် ကျွန်နော်တို့ ကျောင်းသားအုပ်စုတွေ ကျန်တဲ့အဖွဲ့ အစည်းတွေ လူခွဲပြီး တိုက်ပွဲထည်းပါဘို့ လိုက်ဆွေးနွေးတဲ့အခါ သူတသီးပုဂလ တွေ နဲ့ ဆွေးနွေးဘို့ တာဝန်ကျခဲ့ပါတယ် သူပထမဆုံး တာဝန်ယူဆွေးနွေးတဲ့သူက ဦးသန်းစော ပါ ဦးသန်းစောက ကွန်မြူနစ်ပါတီက ကိုသက်ခိုင်ဖော်လိုက်လို့ ကွန်မြူနစ် ပါတီကိုကော နိုင်ငံရေးကို ပါ စိတ်နာနေသူပါ သူသွားဆွေးနွေးတဲ့အခါ ဦးသန်းစောက “ မင်းဘာမှ မပြောနဲ့ မင်းပြောမှာတွေ ငါအကုန်သိပြီးသား ရော့ မုန့် စား လဘက်ရည်သောက် ပြီးရင်ပြန်” လို့ အပြောခံရလောက်အောင်စည်း ၇ုံးရေးစွမ်းရည် ကောင်းကောင်းနဲ့ စည်းရုံးခဲ့သူပါ ခုလည်း ကိုဌေးကြွယ်ညီမကို ယူထားပြီး ကိုဌေးကြွယ်အရှိန်နဲ့ နိုင်ငံရေးလောကထည်း ပြန်ဝင်လာသူပါ သူထောင်ကလွတ်လာပြီး ၈၈ မျိုးဆက်တွေ နဲ့ ပေါင်းတာ သူ့ ကိုအယုံအကြည်မရှိ လို့ အကပ်မခံခဲ့ တိုးမရခဲ့လို့ အေးလွင် တို့နဲ့ သွားပေါင်းခဲ့သူတယောက်ပါ ဌေးကြွယ်ထောင်ထည်းရောက်ပြီးမှ ဌေးကြွယ်ညီမကို ဘယ်လိုယူခဲ့လည်းတော့မသိပါဘူး နိုင်ငံရေးလောကမှာ တိုးလို့ မပေါက်လို့ နံမယ်ကြီးသူတယောက်ရဲ့ ညီမကို ယူခဲံ့သူပါ သူဟာ နံမယ်ကြီးဘို့ အတွက်ဆို အကုန်လုပ်မယ့်သူတယောက်ပါ ဦးဝင်တင်ကို ကျွန်တော်မေးကြည့်တော့ (သိပ်မကြာသေးခင်ကပါ) “ လာတယ်ကွ သူက ရွှေးကောက်ပွဲလက်ခံဘို့ လာပြောတယ် ငါနဲ့ ဘယ်လို မှ အယူဆ မတူဘူး နောက်မလာနဲ့ လို့ ပြောလွှတ်လိုက်တယ် ” လို့ ပြောပါတယ်
သူ့ ရဲ့ ထူးခြားချက်တခုကတော့ နံမယ်ကြီးတဲ့သူမှန်သမျှကို အတင်းမိတ်ဆွေလိုက်ဖွဲ့ တတ်ပါတယ် နိုင်ငံရေးမှာဆိုလည်း ဒေါ်ချိုချိုကျော်ငြိမ်းကို ဆရာတင်ထားသူပါ ဒေါ်ချိုချိုကျော်ငြိမ်းကလည်း အဲလို မတောက်တခေါက်ကျောင်းသားလေးတွေကို အသုံးချဘို့ မွေးတဲ့နေရာမှာ နံမယ်ကြီးသူပါ သူဟာ ၈၈ ကျောင်းသားနံမယ်ခံထားပေမယ့် သူလက်ရှိပေါင်းနေတဲ့သူတွေဟာ သမိုင်းကြောင်းကောင်းတဲ့သူ ခပ်ရှားရှားပါဘဲ အေးလွင် နေမျိုးဝေ သိန်းတင်အောင် အစရှိတဲ့သူအားလုံးနီးပါးပါဘဲ နောက်ဆုံးပြောသွားတဲ့ ပြည်တွင်းက ကျောင်းသားလေးကတော့ “ ကိုဖြိုးက အမတ်ရူး ရူးနေတယ် သူလည်းအမတ်တနေရာကို ၈၈ နံမယ်ခံပြီး ယူချင်နေတယ်” တဲ့ ၊
အဲဒီဆွေးနွေးပွဲကို လုပ်နိုင်ဘို့ အတွက် ဗိုလ်ကြီးကိုကိုနိုင်ဆိုတာကို ကပ်ခဲ့ရတာလို့ လည်းပြောပါတယ် ( အခြားဘလော့ခ်သတင်းတခုအ၇တော့ ဗိုလ်ကြီးကိုကိုနိုင်ဆိုတာ ၀န်ကြီးအောင်သောင်းရဲ့ ပိင်္အေလို့ ပြောပါတယ်)
နောက်မှ သတိယတာလေးတွေ ထပ်မံဖြည့်စွတ်ပါ့မယ် ခုလောလောဆယ် သူ့ အကြောင်းကြိုတင်စဉ်းစားထားတာမရှိလို့ ပါ သတင်းအပေါ်မှာဘဲ ချက်ချင်းရေးလိုက်ရလို့ ပါ

11 comments:

  1. အင်း....

    အာဏာ၊ ပါဝါ....

    စိတ်ဓါတ်မခိုင်သူလူအများစုကြီးရဲ့ သည်းခြေကြိုက်ပေါ့ ဗျာ...

    ReplyDelete
  2. အော..ဒီလိုကိုး..
    ဆက်ပြောပါဦး..အခြားသူတွေကိုလဲ.ဟုတ်သော်ရှိမဟုတ်သော်ရှိ.ပေါ့ဗျာ.
    ကိုတိုးကြီးရဲ့ ရိုးသားမှုကို ယုံကြည်ပြီး တော်တော်တွေးစရာတွေရပါတယ်.
    ကျနော်တို့မှာက အဲ့လို ခေါင်းဆောင်ကြီးတွေနဲ့ မနီးစပ်ခဲ့လို့ပါ..နီးစပ်ခဲ့ဘူးသူတွေကတော့ ဘက်မပြောင်းသေးလို့ပါ.ဘက်ပြောင်းရင် တဖြောင်းဖြောင်း လက်ခမောင်းခတ်ပြီး..ပြောပါမယ်..ဟဲဟဲ.

    ReplyDelete
  3. စိတ်ချပါ ဆရာမိုးစဲနေ
    ကျွန်တော်ဆိုတဲ့ကောင်က ပုဂိုလ်စွဲတော့မထားပါဘူး လူအားလုံးဟာဖောက်ပြန်တတ်တယ်ဆိုတာလည်းနားလည်ပါတယ် ဒါပေမယ့် ဘယ်အပေါ်မှာဖောက်ပြန်တာလည်း ဆိုတာစဉ်းစားကြည့်ကြတာပေါ့ သူများမှန်တိုင်းကိုယ်မှန်လို့ မရနိုင်ပါဘူး အဲသလိုဘဲ လူနည်းစု လက်ခံတာကို့အမှားလို့ လည်း ပြောလို့ မရပါဘူး ကိုယ့်သမိုင်းကိုယ်ရေးတယ်ဆိုတာအဲတာမျိုးပေါ့ ၈၈ ကျောင်းသားခေါင်းဆောင်ကြီးဆိုသူတယောက်လုပ်သလိုပေါ့ ဗျာ လုပ်ချင်တာလုပ်ပြီး ကျွန်တော်မှားသွားတယ်ဗျာလို့  ၀န်ခံလို့ မရနိုင်ပါဘူး(တချို့ က အမှားဝန်ခံရဲတယ်ဆိုပြီး ချီးတောင်ချီးကျူးကြသေး) ကျတော်ကတော့လက်မခံနိုင်ပါဘူး သူပြောလိုက်တဲ့ မှားပါတယ်ဆိုတဲ့စကားလေးကတော့ စိတ်ထည်းက ပါ မပါတော့ တကယ်သင်ခန်းစာ နောင်တ ရ မရတော့မသိဘူး ခံလိုက်ရတဲ့သူတွေကတော့ မချိမဆန့် ပါဘဲ
    ခုလည်းသူတို့ လုပ်နေတာတွေဟာ ပြည်သူတွေ တကယ့် အခြေခံလူတန်းစား လယ်သမား အလုပ်သမားတွေ ဘယ်လောက်ထိ ဘယ်နှစ်မျိုးဆက်လောက်ထိ ပေးဆပ်ရဦးမယ် ကျွန်ခံ ရဥိးမယ် အဖိနှိပ်ခံရဦးမလည်း ဆိုတာမသိနိုင်သေးဘူးလေ

    ReplyDelete
  4. လာဖတ်ပါတယ်အစ်ကိုတိုး
    အစ်ကိုတိုးရေးတဲ့အမည် တွေထဲက ကျောင်းသားဟောင်းအချို့ဟာ
    ယနေ့ နအဖနဲ့ပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပေါ်တင်
    စာထုတ်ပြီးတိုက်ခိုက်နေတာတွေ့ရပါတယ်။
    ကဗျာတို့မျိုးဆက်သစ် ကျောင်းသားတွေပြည်သူတွေကတော့
    သူတို့ကို ကျောင်းသားခေါင်းဆောင်စာရင်းမှာ လုံးဝမထည့်ပါဘူး။
    ကိုကိုကြီးတို့လိုကျောင်းသားခေါင်းဆောင် တွေကို သာ သူရဲကောင်းအဖြစ်
    ထာဝရမှတ်တမ်းတင်သွားရမှာဖြစ်ပါတယ်။

    လေးစားလျက်
    ကဗျာဦး

    ReplyDelete
  5. ကိုယ့်သမိုင်းကိုယ်ရေးတယ်ဆိုတာ
    သိပ်မှန်တာပဲဗျာ

    ReplyDelete
  6. ကျတော် နှင့် အယူဆ မတူသော ကျောင်းသားခေါင်းဆောင်ဆိုသူများ

    ဆိုတဲ့ခေါင်းစဉ်ကြီးက တမျိုးကြီးဗျာ ?
    ဒီလိုလူမျိုးတွေကို ကျောင်းသားခေါင်းဆောင်လို့
    မသတ်မှတ်သင့်ဘူးဗျာ

    ReplyDelete
  7. ဟုတ်ပါတယ်မကဗျာဦး
    အဲဒါကြောင့်လည်း ကျတော် ကျောင်းသားခေါင်းဆောင်ဆိုသူများလို့ ရေးပါတယ် သူတို့ က ကျောင်းသားခေါင်းဆောင်နေရာက တပြားမှ မလျော့ဘူးလေ နေမျိုးဝေ ဆို ပိုဆိုးတယ် နအဖ ကျော်ဆန်းနဲ့ ပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေတဲ့ကောင်ပါ သမိုင်းအမှန်နဲ့ ခေါင်းဆောင်အမှန်ဆိုတာဘာလည်းလို့ မကဗျာဦးတို့ လို ပြည်သူက အဆုံးဖြတ်ပေးပါလိမ့်မယ်

    ReplyDelete
  8. ဟုတ်ပါတယ် ကိုစိုင်းလောင်မိန်းသက်
    ခင်ဗျားတို့ လို စာဖတ်သူတွေ ဆုံးဖြတ်ပေးစေချင်ပါတယ် ကျောင်းသားခေါင်းဆောင်မဟုတ်ဘူးလို့ ပြောဘို့ ကလည်း ဖြိုးမင်းသိန်းဟာတချိန်က အောက်ဗမာပြည် ဗကသ မှာ အတွင်းရေးမှုးလုပ်သွားခဲ့သူပါ သူတို့ ဟာသူတို့ တော့ခုထိ မလျော့တော့ခက်တယ်ဗျ အယူအဆ မတုသော လို့ ရေးတာကလည်း သူ့ ကိုထောက်ခံတဲ့သူတွေ ရှိနေပါသေးတယ် သူကလည်းအေးလွင်ဂိုဏ်းရဲ့ အစွယ်အပွားတွေပါ သူတို့ ကိုလည်းလျှော့မတွက်ပါနဲ့

    ReplyDelete
  9. နောက်တခုက လက်ရှီ အတိုက်အခံ ဆရာကြီးများဆိုသူတွေက ပြောထားတာလေးတွေ ပါ မဇျွီမ သတင်းဌာနက အင်တာဗျူးထားတာလေး ကော်ပီိကူးပြိးတင်ပေးလိုက်ပါတယ် သူတို့ လိုလူတွေကတောင် စောင့်ကြည့်မယ်လို့ ပြောပြီး သစ္စာဖောက် ခေါင်းဆောင်မဟုတ်ဘူးလို့ မပြောရဲတော့ ကျတော်လို ဘာမှ မဟုတ်တဲ့ လူတယောက်က ပြောခွင့်မရှိပါဘူး သူ့ သမိုင်းနဲ့ သူသွားပါလိမ့်မယ် ဗဟုသုတရဘို့ နဲ့ ဆောင်းပါးကိုဖြည့်စွတ်ဖတ်နိုင်ဘို့ မဇျွိမ ကနေကူးယူတင်ပြပေးပါတယ်
    ဒေါက်တာနိုင်အောင်
    အတွင်းရေးမှူးချုပ်
    မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု - FDB

    “အခု မြန်မာပြည်မှာ နိုင်ငံရေးအကြောင်း ဆွေးနွေးပွဲလုပ်မယ်ဆိုတာက လွတ်လွတ်လပ်လပ် လုပ်ခွင့်ရ ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဘာအကြောင်းပြောမယ်ဆိုတာကတော့ တပိုင်းပေါ့နော်။ လူတိုင်း လူတိုင်း နိုင်ငံရေးအကြောင်းတွေ များများစားစားဆွေးနွေးနိုင်တာ၊ ပြောဆိုနိုင်တာ၊ ဆွေးနွေးနိုင်ခွင့် ရှိရင်တော့ ကောင်းတာပေါ့နော်။ ဒါပေမဲ့ အခု သူတို့လုပ်တယ်ဆိုတာက ဘာရည်ရွယ်ချက်နဲ့ လုပ် တယ်ဆိုတာက သေချာမသိရသေးဘူးပေါ့နော်။ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပုံစံတွေနဲ့ အသံထွက်နေ တဲ့ လူတွေဘဲလို့ ပြောလို့ရမယ်။ လူတိုင်း လွတ်လွတ်လပ်လပ် နိုင်ငံရေးအကြောင်း ကိုယ်မြင်တဲ့ အမြင်ကို ရဲရဲဝံ့ဝံ့ ဆွေးနွေးတာ ကောင်းတယ်။ ကြိုက်သည်ရှိရှိ မကြိုက်သည်ရှိရှိပေါ့နော်။ ဒါပေမဲ့ စစ် အစိုးရ အလိုကျ လူတွေဘဲ ပြောဆိုခွင့်ရနေတော့ ကျန်တဲ့အဖွဲ့တွေက ဆွေးနွေးခွင့်မရဘူးဆိုတော့ ဒီလိုဆွေးနွေးပွဲက ဘာအဓိပ္ပါယ်ဆိုတာ အလိုလိုပေါ်ပြီးသား ဖြစ်ပါလိမ့်မယ်”
    ----------------------------------------------------------------------------------------------------
    ကိုငွေလင်း
    တွဲဘက်အထွေထွေအတွင်းရေးမှူး
    လူ့ဘောင်သစ်ဒီမိုကရေစီသစ်ပါတီ- DPNS

    “မြန်မာနိုင်ငံအရေး၊ မြန်မာပြည်သူတွေ ဒီမိုကရေစီရရှိရေးအတွက် ဒီလိုဆွေးနွေးပွဲ လုပ်ကြတယ်ဆို တာက အင်မတန်ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ သို့ပေမဲ့လို့ စစ်အစိုးရက တရားဝင်ပါတီဖြစ်တဲ့ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အန်အယ်ဒီပါတီတောင် အဲဒီကိစ္စ ခွင့်မပြုဘူး။ လုပ်ခွင့်မရှိဘူးဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ ကျနော်တို့ သံသယအများကြီးဖြစ်တယ်။ ဘာလုပ်ကြမှာလဲ၊ ဘယ်သူ တွေက လုပ်ကြမှာလဲ။ ဘယ်လောက်ထိ လုပ်ခွင့်ပေးရမှာလဲ။ နောက်ဆုံး ဒီကရလဒ်က ဘာတွေထိ ဖြစ်လာမလဲ။ ဘယ်အဆင့်ထိ စစ်အစိုးရက ခွင့်ပြုပြီး ဘယ်အဆင့်လောက်က ခွင့်မပြုဘူးလဲဆိုတာ ကျနော်တို့ သံသယအများကြီး ဖြစ်ပါတယ်။

    ကိုအေးလွင်တို့ လုပ်နေတဲ့အလုပ်ကလဲ ကျနော်တို့ကြားနေရတာဘဲ။ ပြည်သူတွေအတွက် ဘာမှ အကျိုးမရှိဘူး။ သူတို့လဲ ကိုအေးလွင်တို့လို ဆင်တူရိုးမှားလားဆိုတာလဲ ကျနော် မပြောနိုင်ဘူး။ ဒါပေမဲ့ မပြောနိုင်တော့ မစွတ်စွဲချင်ပါဘူး”
    ----------------------------------------------------------------------------------------------------
    ကိုမင်းနိုင်
    နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံ
    ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်-ဗကသ

    “ကျနော်တို့အနေနဲ့ကတော့ သူတို့ လူ ၅ယောက် ဦးစီးပြီးတော့ ကော်မတီဖွဲ့မယ်ဆိုတာကြားတယ်။ ၂ဝ၁ဝ မြန်မာ့အရေးကိစ္စ ဆွေးနွေးမယ်ဆိုတာ ကြားတယ်။ ကျနော်တို့ ဗကသ အနေနဲ့ ပြောရရင်တော့ ဗမာပြည်မှာ ဒီနေ့ ကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးက တကယ်လိုအပ်နေတဲ့ အချိန်ဖြစ် တယ်။ ဒါပေမဲ့ သူတို့ ၅ ယောက်ရဲ့ ရည်ရွယ်ချက် ရှင်းရှင်းလင်းလင်း ဘာမှမသိသေးဘူးဆိုတော့ မှတ်ချက်ပေးဖို့က စောသေးတယ်။ ဒါပေမဲ့ ကျနော်တို့အမြင်ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြန်လည် မပြင် ဆင်ဘူးဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲကိုလုံးဝ လက်မခံနိုင်ဘူး။ ရွှေဂုံတိုင်ကြေငြာချက် အခြေခံ အပေါ် မှာဘဲ ဝန်းရံထောက်ခံသွားမှာ ဖြစ်ပါတယ်”
    ----------------------------------------------------------------------------------------------------
    ဦးခင်မောင်ဆွေ
    ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

    “ကျနော့်ကို ပုဂ္ဂိုလ်ရေးအရ လာပြောဆိုတာတော့ ရှိတယ်။ အန်ကယ်က ဘာမှ မတုံ့ပြန်ပါဘူး။ မနက်ဖြန်ခါ သတင်းစာ ရှင်းလင်းပွဲလုပ်မယ်ဆိုတာ လာပြောတယ်။ တက်လဲ တက်မှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ ရက်လောက်က လာပြောတာပါ။

    ReplyDelete
  10. အန်အယ်ဒီကို တရားဝင် စာပို့တာ မဟုတ်တဲ့အတွက်ကြောင့် အန်အယ်ဒီက ဘာမှ မဆုံးဖြတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ လာဖိတ်တာ။ အန်ကယ်က မဖြစ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဂုံတိုင်ကြေငြာချက်မှာပါတဲ့ အချက်ထက်ကျော်ပြီး ဘာမှ ဆွေးနွေးခြင်း၊ ထုတ်ပြန်ခြင်း လုပ်လို့မရ ပါဘူး။ သဘောထားလဲ ပေးလို့မရဘူး။ သူတို့လုပ်တဲ့အပေါ်မှာတော့ ဘာမှ မပြောပါဘူး။ သူတို့က လုပ်စရာရှိတာဆက်လုပ်ကြပေါ့”
    ----------------------------------------------------------------------------------------------------
    ဦးအေးသာအောင်
    အတွင်းရေးမှူး
    ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

    “၈၈ ကျောင်းသားဆိုတာက ဘယ်လိုလူတွေလဲ။ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့လိုလူလား။ ဒါမှမဟုတ် မြန်မာနိုင်ငံအရေးဆိုပြီးတော့ ဖွဲ့လိုက်တဲ့ ဘယ်လိုအဖွဲ့လဲ။ အခုခေတ်မှာကလေ အန်အယ်ဒီကိုတောင် မှ ဝံသာနုအန်အယ်လ်ဒီ ဆိုပြီးတော့ ရှိနေတာကိုး။ အဲတော့ ၈၈ ကျောင်းသားဆိုတော့ ဘယ်လို ၈၈ ကျောင်းသားဆိုတာလဲ ရှိသေးတယ်။ အခုထိတော့ သူတို့နဲ့ မတွေ့ရသေးဘူး။ အန်ကယ်ကိုလည်း ခေါ်တာ မရှိသေးဘူး။ ၈၈ကျောင်းသားဆိုရုံလေးနဲ့လောက်တော့ သူတို့က ဘယ်ကို ဦးတည်နေသလဲ၊ ဘယ်လိုအခြေခံပြီးတော့ ဆွေးနွေးမှာလဲ ဆိုတော မသိရသေးတော့ ဆိုတော့။ ဆွေးနွေးရုံလောက်နဲ့ ရော ဘာထူးမှာလဲ။ သူတို့က ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖွဲ့တယ်၊ ဘယ်လောက်ထိ ပြည်သူတွေ ဘက်က လုပ်ပေးနိုင်မလဲ ဆိုတာတွေ အသေးစိတ် မသိသေးတော့ ပြောဖို့ ခက်တယ်လေ။ သူတို့ ဒီလို ကာလာမှာတောင် နိုင်ငံရေးဆွေးနွေးမယ်ဆိုတော့ ကောင်းပါတယ်လေ”
    ----------------------------------------------------------------------------------------------------
    ဦးပူကျင့်ရှင်းထန်
    ဥက္ကဌ
    ဇိုမီးအမျိုးသားကွန်ကရက်

    “ကျနော်အမြင်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာက အင်မတန် အရေးကြီးတယ်။ တကယ်လဲ လိုအပ်နေတယ်။ ဒါပေမဲ့ သူတို့လုပ်ပုံ လုပ်နည်းကတော့ ဖြစ်နိုင်ပါ့မလား။ အခုနိုင်ငံရေး မှာက ကျနော်တို့ တိုင်းရင်းသားတွေလည်းရှိတယ်။ အဖွဲ့ချုပ်လည်း ရှိတယ်။ အဲဒါတွေကို လွတ်လွတ် လပ်လပ် ဆွေးနွေးခွင့်မရတာတွေ။ ဖော်ပြခွင့်မရတာတွေ ဒီကြားထဲမှာ သူတို့က ရမလား။ တကယ်လို့ ရသွားတယ်ဆိုလို့ရှိရင် ၈၈ ကျောင်းသားတွေ ပြည်သူလူထုဘက်ကို ဦးတည်ပြီးတော့ လူထုကို ကယ်တင်ချင်တဲ့ ကယ်တင်ချင်တဲ့ဆန္ဒများ တကယ်ဟုတ်ရဲ့လားဆိုတာကတော့ စဉ်းစားစရာ ဖြစ်လိမ့် မယ်ထင်တယ်။

    ကျနော့်ဆီမှာ မနေ့က ဖိတ်စာတော့ ရောက်လာတယ်။ လူတော့ မတွေ့ရသေးဘူး။ စာထဲမှာလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးမယ်။ ၃ဝ ရက်နေ့ (မနက်ဖြန်) သတင်းထောက် တွေ အယောက် ၂ဝ လောက် ဖိတ်ပြီးတော့ ဆွေးနွေးမယ်လို့ ပြောတယ်”
    ----------------------------------------------------------------------------------------------------
    သခင်ချန်ထွန်း
    ဝါရင်းနိုင်ငံရေးသမားကြီး
    “သူတို့လာ ဆွေးနွေးတာပါ။ တမန်မနေ့ကပေါ့နော်။ သူတို့ ၄ ယောက်လာတယ်။ မြန်မာ့အရေးဆွေး နွေးပွဲခေါင်းစဉ်တပ်ပြီးတော့ ကိုယ့်အယူအဆ၊ ကိုယ့်အတွေးအခေါ်တွေ ဆွေးနွေးကြမယ်လို့ ပြော တယ်။ ဒီဆွေးနွေးပွဲ လုပ်ခွင့်ရရင်တော့ ဖွဲ့စည်းခွင့်ပြုလိုက်တဲ့ သဘောပေါ့နော်။ အမြင်က လုပ်နိုင်ရင် ဘယ်လိုနည်းနဲ့လုပ်လုပ် ကောင်းတာပေါ့နော်။ ဒါက ပါတီဖွဲ့ရေး သို့မဟုတ် ဒီမိုကရေစီအရေးလုပ်တဲ့ အခါကြတော့ ကောင်းတဲ့ လုပ်ငန်းလို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်ချင်တဲ့ လူမ ရှိရင် တဘက်သတ် စစ်တပ်က အမြတ်ဖြစ်သွားမှာပေါ့။ ဘာဘဲပြောပြော ဒီမိုကရေစီဆိုတဲ့ အသံက တော့ ကြားနေရတာ။ ရတာ မရတာ ထားပေါ့။

    ကျနော့်အနေနဲ့တော့ လုပ်တဲ့နေ့ကျမှ လာနိုင်မလာနိုင်၊ တက်နိုင်မတက်နိုင် ဆိုတာတွေဘဲ ရှိသေး တယ်လေ။ သူတို့ဆွေးနွေးပြီးမှ သူတို့ရည်ရွယ်ချက်၊ မြန်မာ့အရေးဆွေးနွေးပွဲဆိုတော့ မြန်မာ့အရေး ဆွေးနွေးဖို့က အများကြီးဘဲလေ။ မပြောတတ်ပါဘူး။ သူတို့ကို ခွင့်ပြုလားတော့ မသိဘူး

    ReplyDelete
  11. ပြောရရင် ပုဂ္ဂိုလ်ရေးဆန်တယ်လို့ ဆိုနိုင်ပေမဲ့ မပြောလို့လည်း မဖြစ်တာကို နားလည်ပါတယ် ဦးဇော်ထွန်းရေ..
    နို့ပေမဲ့ ဒီလိုမျိုး ဆိတ်လစေ့လို နိုင်ငံရေးသမားယောင်ယောင် ကျောင်းသားခေါင်းဆောင် အယောင်ဆောင်တွေကတော့ဗျာ။ ဟိုးတုန်းကလည်း ရှိခဲ့မှာပဲ ခုလည်း ရှိနေမှာပဲ။ နောက်လည်း ဆက်ရှိနေကြအုန်းမှာပဲ။ အရေးကြီးတာက အဲသလို လောက်ကောင်တွေကို အချိန်မနှောင်းခင် စည်းဝိုင်းတွင်းက ဆွဲထုတ်နိုင်ဖို့ လိုပါတယ်။ ဒီလိုအကောင်မျိုးတို့က အမှန်တရားကို ပူဇော်ချင်ကြတာမဟုတ်ဘဲ အာဏာနဲ့ နာမည်ကြီးချင်တာ ထင်ပေါ်ကျော်ကြားချင်တာ သက်သက်နဲ့ အချောင်သမားလမ်းစဉ်ကို ဖော်ထုတ်နေကြတာပါပဲ။ အန်အယ်ဒီက ဖော်ကောင်စိုးလင်းလည်း ပါသေးတယ်ဗျို့...

    ReplyDelete