Sunday, March 28, 2010

အင်တာဗျူး (ဒုတိယပိုင်း)

စကားရွှေ့ လန် မှားမေ့ကျန်၍
မမှန်ယွင်းချော် တိမ်းပါးသော်မူ
သူတော်တကာသီးခံပါဟု (လောကသာရပျို့ )
ဟုတ်ကဲ့ ကိုထွန်းဝင်းလတ်ရေ ကျတော် ၁၂ ခွဲလို့ပြောထားပါတယ် ကျတော်အချိန်အတိကျနဲ့ ဘဲလာပါတယ် မေးချင်တယ်ဆိုရင်ရပါပြီ ကျတော်ပညာရှင်မဟုတ်ပါ အကုန်မသိပါ မေးတယ်ဆိုတာထက် အကြောင်းအရာတခုကို ၀ိုင်းဝန်း ဆွေးနွေးကြတယ်လို့ သုံးတာပိုကောင်းပါတယ်

kotunwinlatt: အစ်ကိုကယုံလားဗျ..ရွေးကောက်ပွဲကို

ကိုတို: ဟဟဟဟ
စလာပြီ
စနေနေ့ မှဆို ပိုကောင်းမယ်

kotunwinlatt: မစပါဘူးတကယ်ပြောတာပါဗျာ..
စနေနေ့က မီးပျက်နေရင်တက်လို့မရဘူး..

ကိုတို: ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျတော်စိတ်မ၀င်စားဘူးဗျ
ဘာလို့ လည်းဆိုတော့ စစ်မှန်မယ်လို့ မယုံကြည်လို့ ပါ

kotunwinlatt: ဟုတ်တယ်လေ..ဖွဲ့စည်းပုံကတော့ သူတို့စိတ်ကြိုက်ပဲဟာ..

ကိုတို: ဟုတ် သူတို့စိတ်ကြိုက်ဖွဲ့ စည်းပုံနဲ့ 
လုပ်မယ့်
ရွှေးကောက်ပွဲကို ကျတော်တို့ ထည့်စဉ်းစားဘို့ မလိုဘူးထင်တယ်

မသော်တာ
ဟုတ်ကဲ့ ။သော်တာသိချင်တာလေးမေးလို့ရပါပြီလား။ကိုကြီးတိုး


ကိုတိုး ဟုတ်ရပါပြီ

မသော်တာ ကိုရီးတိုးမင်္ဂလာပါ။
စနစ်တွေမှာလည်း ကောင်းကျိုးဆိုးကျိုးတွဲနေမယ်ထင်ပါတယ်။ဒါကြောင့်
၁။ကွန်မြူနစ်စနစ် ၂။ဆိုရှယ်လစ်။၃။ဒီမိုကရေစီ စနစ်တွေရဲ့ကောင်းကျိုးဆိုးကျိုးတွေကို သော်တာ့လို လူပိန်းနားလည်လွယ်အောင် ပြောပြပေးစေချင်ပါတယ်။
၎။ဘာသာမဲ့တွေပေါ် ထားတဲ့ ကိုကြီးတိုးရဲ့ သဘောထားအမြင်လေး သိပါရစေ။(သော်တာက တချို့ဘာသာမဲ့တွေရဲ့ ကြည်လင်ရှင်းလင်းတဲ့
စိတ်ထားလေးကို နှစ်သက်မိတာရှိလို့ပါ။)
၅။အခုတလော “စလုံး”မှာ အသံထွက်နေတဲ့ နိုင်ငံခြား အလုပ်သမားလျော့ချရေးဟာ
အများအပြားသွားရောက်လုပ်ကိုင်နေတဲ့ မြန်မာတွေအပေါ် ဘယ်လောက်ထိ
သက်ရောက်မှုရှိနိုင်ပါသလဲ။ တဆင့်ခံပြီး မြန်မာနိုင်ငံလည်း ဘယ်လိုအခြေအနေပေါ်ဦးတည်မိသွားနိုင်ပါသလဲ။၆။ မြဝတီမဲဆောက်ကနေ ထိုင်းဘက်ကို သွားလုပ်နေတဲ့ မြန်မာတွေနှင်လွှတ်ခံရတယ်လို့ကြားမိပါတယ်။ အဲဒါလေးသေချာသိချင်ပါတယ်။ကျန်တဲ့ အကိုတွေ ။သူငယ်ချင်းတွေလည်း ဆွေးနွေးချင်တာလေးတွေကိုပါဝင် ဆွေးနွေးပေးရန် (စကားဝိုင်းသဘောမျိုး) မေတ္တာရပ်ခံပါတယ်။


ဟုတ်ကဲ့ဒေါ်သော်တာ
ခောတ်စံနစ်တွေနဲ့ ပတ်သက်ပြီး ကျတော် သေသေချာချာ အသေးစိတ် တခုချင်းကို ပညာရှင်ဆန်ဆန် လေ့လာဘူးတာမျိုးမရှိပါဘူး
နောက်အသေးစိတ်ပြောရင်လည်း အချိန်အများယူရမှာပါ
ယေဘူယျှ ဖြေရမယ်ဆိုရင်တော့ ကွန်မြူနစ် ဆိုရှယ်လစ်ဆိုတာ လက်ဝဲအယူအဆပါ ကောင်းတာတွေလည်းရှိတယ်ဆိုပေမယ့် လူတွေလိုက်နာနိုင်ဘို့ မလွယ်ပါဘူး ဥပမာ တရုပ်ပြည်ပေါ့ ကွန်မြူနစ်စစ်လားမေးရင်မစစ်ဘူးလို့ ကျတော်ဖြေမယ်
ကွန်မြူနစ်စံနစ် မှာ ကုန်ထုတ်အရင်းနှီးတွေကို ပုဂလိက ပိုင်ဆိုင်ခွင့်မပေးဘူးလို့ ပထမ ထည်းက ဖြေခဲ့ဘူးပါတယ် တန်းတူခံစားခွင့်ရှီတယ်ဆိုတာမှာလည်း ပြဿနာပါဘဲ လူဆိုတာ လောဘ ဒေါသတွေနဲ့ ပါ ကိုယ်ဘယ်လောက်အလုပ်လုပ် မလုပ်တဲ့သူကော လုပ်တဲ့သူကော တူတူခံစားရမယ်ဆိုတာ ပြဿနာ ရှိလာပါပြီ ဆရာဝန်တယောက်နဲ့ ဆိုက်ကားသမားတယောက်တန်းတူခံစားခွင့်ရှိဘို့ ဆိုတာ ပြောတာလွယ်ပေမယ့် လက်တွေ့ မှာတော့မလွယ်ပါဘူး
နောက်တခုက ကျတော်ဖြေခဲ့ဘူးတယ်နော်
ဒီမိုကရေစီဆိုတာ စံနစ်မဟုတ်ဘူးလို့ 
ဒီမိုကရေစီဆိုတာ နည်းလမ်းပါ ၀ါဒတခု စံနစ်တခုကို တည်ထောင်ဘို့ နည်းလမ်းကို ဒီမိုကရေစီ လို့ ခေါ်ပါတယ်
ကွန်မြူနစ် ဆိုရှယ်လစ်မှာလည်း ဒီမိုကရေစီရှိပါတယ် မဆလမှာလည်းထည့်သွင်းရေးဆွဲခဲ့ဘူးပါတယ် ဥပမာပြောရရင် ၇၄ ဖွဲ့ စည်းပုံမှာ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ရှိတယ်လို့ ထည့်သွင်းရေးဆွဲခဲ့ပေမယ့် တကယ်တန်းကျ ပြစ်ခတ် ဖမ်းဆိး ရိုက်နှက်ခဲ့တာပါဘဲ
နောက်တခု တရုပ်ပြည်မှာလည်း လွတ်လပ်စွာမဲပေးခွင့်ရှိတယ်ဆိုပေမယ့်  ဗြူရေကရေစီ နည်းလမ်းအရ အပေါ်က ချပေးတဲ့သူကိုဘဲ လွတ်လပ်စွာ ရွေးချယ်ရတာပါ ကိုယ်ကြိုက်တဲ့သူ ကိုရွေးလို့ မရပါဘူး
ဘာသာမဲ့တွေကတော့ သူ့ ဟာသူမဲ့တာ ပြဿနာမရှိပါဘူး လွတ်လပ်စွာ ယုံကြည်ခွင့်ကိုလက်ခံပါတယ် အရေးကြိးတာက သူများယုံကြည်မှုကို မထိခိုက်မနှောက်ယှက်ဘို့ လိုပါတယ် လူတိုင်းဟာာ သတ်မှတ်ပြီးသားသတ်မှတ်ချက်တွေနဲ့ လူ့ လောကကြီးကိုရောက်လာခဲံ့တယ်လို့ စာအုပ်တအုပ်မှာဖတ်ဘူးပါတယ်
နောက်တခုက အစ္စလာမ်မှာ သူများကိုထိခိုက်နစ်နာတာတချို့ တွေ့ ရပါတယ် ဘာသာမတူရင် အကုန်သတ်ရမယ်လို့ မိုဟာမက် ဟောတာမျိုးပေါ့
နောက်တခုက မူလ၀င်္ီနဲ့ ယောဂီဆိုတဲ့ ကျမ်းမှာ ဗုဒွဘာသာအမျိုးသမီးတယောက်ကိုယူနိုင်ရင် ဗိုလ်မူးသမိးဆို နှစ်သောင်း ဆရာဝန်မယူနိုင်ရင် ၅ သောင်း ထောက်ပံ့မယ်ဆိုတာမျိုးကျ မကောင်းဘူးပေါ့နော်
တတိယတခုက စလုံးကိစ္စပေါ့
ကောင်းလည်းကောင်းတယ်မကောင်းလည်းမကောင်းဘူး မနေ့ ကသတင်းမှာတောင်ဖတ်လိုက်ရတယ် ဗမာအမျိုးသမီးအိမ်ဖော်တယောက်ကို အနိုင်ကျင့်တဲ့ စလုံးအိမ်ရှင်အမျိုးသမီးကို ထောင်လေးလ ချလိုက်တဲ့သတင်းပေါ့
သူများနိုင်ငံမှာ သူများနဲ့ တန်းတူ အခွင့်အရေး ရပြီးလုပ်တာ ကောင်းပေမယ့် အဲလို သူများနိုင်ငံမှာမတရားအနိုင်ကျင့်ခံနေရပြီး ပိုက်ဆံလေး မဆို့ မပို့ ရတာထက်စာရင် ဗမာပြည်မှာ ဈေးရောင်းစားတာက ပိုကောင်းပါတယ်

thawtar99
ဟုတ်ကဲ့ ဒီလောက်အကြမ်းဖျင်းလောက်သိရတာပဲ ကျေးဇူးပါ။ ဆရာသစ် မေးတုန်းက ကိုကြီးတိုးဖြေခဲ့ပါတယ်။“အလွယ်ပြောရရင် ဒီမိုကရေစီဆိုတာ အများသဘောကို လက်ခံကျင့်သုံးတဲ့ စနစ်”လို့ဆိုထားပါတယ်။
ဒီလိုဆိုရင် အဲဒီလူအများက မကောင်းတဲ့ အသိုင်းအဝိုင်းက လူအများစုဆိုရင် မကောင်းတဲ့ဒီမိုကရေစီနည်းလမ်းပဲဖြစ်ထွန်းတော့မှာပေါ့နော်။

ကိုတိုး ဟုတ်ပါတယ် ဒေါ်သော်တာ
ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အများသဘောတူ လုပ်ရတာ ဒီမိုကရေစီပါဘဲ ဒါကြောင့်ဟိုတနေ့ က ဒေါ်မီးမီးသျှင်ကိုဖြေခဲ့တာပါ မူက အဲဒီနေရာမှာအရေးကြိးသွားပြန်ပါတယ် မကောင်းတဲ့ဒီမိုကရေစီနည်းလမ်းလို့ ပြောလို့ တော့မရပါဘူး ဒီမိုကရေစီက ကောင်းပါတယ် သို့သော်လူမကောင်းတာဘဲဖြစ်မှာပါ
ဥပမာ ထပ်ပေးရရင် ခု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပေါ့ ပထမရွှေဂုန်တိုင်ရပ်တည်ချက်လို့ အော်ခဲ့တယ် ခုတော့ တမျိုးဖြစ်သွားပြီး မှတ်ပုံတင်မယ်သဘောရှိနေပါတယ် ၂၉ ရက်နေ့ မှာ မဲခွဲပါလိမ့်မယ် အများက မှတ်ပုံတင်မယ်ဆိုရင် အယူအဆတခု ဘယ်လောက်မှန်မှန် စွန့် လွတ်လိုက်ရမှာပါဘဲ

မသော်တာ ဒီလ၂၉ရက်ပါလားကိုကြီးတိုး မဲခွဲရလဒ်လေး သိရတဲ့အခါ တင်ပေးပါရှင်။ အကျိုးအကြောင်းလေးသိချင်လို့ပါ။ အစ္စလာမ်နဲ့ ပက်သက်ပြီး သော်တာလည်း ကိုကြီးတိုးနဲ့ တူညီတဲ့အမြင်ရှိပါတယ်။ ဒါပေမယ့် မာတီမှာလည်း အစ္စလာမ်တွေရှိနေတော့ ...။

ကိုတိုး ရှိပါစေ လွတ်လပ်စွာ ဆွေးနွေးခွင့်ပြုပါတယ် သူတို့ လည်းစော်ကားတဲ့ ရည်ရွယ်ချက်မပါပါ ဘူး လူရယ်လို့ ဖြစ်လာရင် အမှားမှန် ခွဲခြားသိနိုင်မယ်လို့ ထင်ပါတယ် ကျတော်ပြောတာမှားရင်ထောက်ပြပါ မဟုတ်တာမမှန်တာမရေးပါ မပြောပါဘူး
ကိုယ့်ဟာကိုယ် ချစ်လို့ ကြိုက်လို့ ယူတာ ဘာသာတရားမလိုပါဘူး ယူလို့ ရပါတယ် မေတ္တာ နဲ့ ချစ်တာမဟုတ်ဘဲ သူတို့ ဘာသာပြန့် ပွားရေးအတွက် တခြားသော ခရစ်ယာန် ဗုဒွ ဟိနွူ ဘာသာတွေကို ဖျက်စီးတာ မကောင်းဘူးလို့ ဆိုလိုတာပါ

မသော်တာ လုံးဝလက်ခံပါတယ်။ နောက်တခုကမြန်မာတွေဟာ သူများတိုင်းပြည်မှာ သူများနဲ့တန်းတူ အခွင့်အရေး ရတယ်လို့ ကိုကြီးတိုးထင်ပါသလား။သော်တာက ရာနှုန်းပြည့်လောက်ကြီးတော့ မယုံကြည်လို့ပါ။

ကိုတိုး ဟင့်အင်းမရဘူး
ဒါပေမယ့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ဆိုတော့ နဲနဲ ကူညီမယ့် သူရှီနိုင်ပါတယ် တခြားသူ တခြားလူမျိုးတွေ နှိပ်စက်တာ အနိုင်ကျင့်တာ ကျတော့ တော်ယုံလူက ကူညီဘို့ ခဲယဉ်းပါတယ် အဲတာကိုဆိုလိုတာပါ

မသော်တာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးဆွဲနေတာ ကြာလှပါပြီ။ ပညာရှင်တွေနဲ့ကို ရေးဆွဲနေတာပါ။ ဘာလို့အခုထိမပြီးပြတ်သေးတာပါလဲ။

ကိုတိုး ပြီးသွားပြီလေ ၂၀၀၈ က သဘောတူ အတည်ပြုလိုက်ပြီလေ ဒေါ်သော်တာမဲမပေးခဲ့ဘူးလား

မသော်တာ ဟုတ်ကဲ့ သော်တာလေ့လာမှုအားနည်းခဲ့ပါတယ်။ကန်တော့ပါ ကိုကြီးတိုး။ ဒီတခေါက်ရွေးကောက်ပွဲကို ကိုကြီးတိုးမယုံဘူးပြောပါတယ်။ အခုအမျိုးသား ဒီမိုကရေစီက မှတ်ပုံတင်ဖို့လုပ်မယ်ဆိုတာ ရွေးကောက်ပွဲဝင်ဖို့ပါလား။ ဒါဆို သူတို့ကတော့ ယုံကြည်တယ်ဆိုတဲ့သဘောသက်ရောက်ပါသလား။

ကိုတိုး ဟုတ်တယ် မှတ်ပုံတင်ပြီဆိုကထည်း ကရွေးကောက်ပွဲ ၀င်ရတော့မှာပါ သူတို့ အကြောင်းပြချက်ကတော့ ယုံကြည်လို့ ဆိုတာထက် သူတို့ ပါတီ အဖျက်မခံရဘို့ နဲ့ ပါတီအစွန့် ရှည်ရေးလို့ အကြောင်းပြပါတယ်
သူတို့ ဆွေးနွေးပွဲက မပြတ်သေးပါဘူး ဦးဝင်းတင် ဦးသိန်းညွန့် ဦးဟံသာမြင့်တို့ က မှတ်ပုံမတင်ဘူး လို့ လိုင်းတင်သလို ဦးအောင်ရွှေ ဦးခင်မောင်ဆွေ တို့ က မှတ်ပုံတင်ဘို့ ပြောနေပါတယ်အောက်ချေကတော့ မှတ်ပုံမတင်ဘူးလို့ ကြားပါတယ် သူတို့ ဆွေးနွေးပွဲလည်းမပြတ်သေးပါ ဒါကြောင့်အတိကျတော့ပြောလို့ မရသေးဘူးပေါ့

ကိုစတုန်း အင်္ဂလိမ်ခေတ်ကတည်းက
ကျွန်တော်တို့ကြုံခဲ့ကြရတဲ့အခြေအနေပါပဲလေ။
အတုယူဖို့ကောင်းပါတယ်။
တွဲမလားခွဲမလားဆိုတဲ့အခြေအနေတစ်ခုကိုရောက်အောင်ဖန်တီးထားတာပဲလေ။

မသော်တာ အခုအချိန်မှာ ကိုကြီးတိုးကို ဟာသတခုလောက်ပြောပြပါဆိုရင်...........

ကိုတိုး တယောက်ထည်း နေလာခဲ့ရတာ အနှစ် ၂၀ ကျော်ခဲ့ပြီ မိတ်ဆွေမရှိ သူငယ်ချင်းအဖော်မရှိ စာမတတ် စကားမတတ်လို့ ဘယ်မှမသွားဘဲ အိမ်ပေါ်မှာ ကွန်ပြူတာ ၂ လုံးနဲ့ တယောက်ထည်း အထီးကျန်နေတဲ့ ဘ၀မှာ ပျော်စရာ ကြည်နူးစရာ ဟာသ ဆိုတာ ဆိတ်သုန်းခဲ့တာ ကြာပါပြိ ဒေါ်သော်တာ ဟာသ ဆိုလို့ တခုသတိယသွားလို့ 
တခါက ၀က်ဆိုဒ်တခု မှာဖတ်ဘူးတယ်
“ ငိုချင်ရင် ဒီမိုကရေစီ သတင်းတွေ ဖတ်
ရီချင်ရင် နအဖ သတင်းစားဖတ် ” တဲ့
အဲဒီတော့ ဟာသ ဖတ်ချင်ရင် နအဖ သတင်းစာဘဲ ဖတ်လိုက်ပါတော့ ဒေါ်သော်တာရယ်

မသော်တာ တယောက်တည်းနေရတာ တနှစ်ခွဲလောက်ပဲ ရှိသေးပေမယ့် တော်တော်မုန်းနေပြီ။ အနှစ်၂၀ ဆိုတော့ ကိုယ်ချင်းစာမိပါ၏။
ဟုတ်ကဲ့ ထိုင်းအကြောင်းလေး ကိုကြီးတိုးသိသလောက်ပြောပြပါ။သော်တာ့ဖေကြီးကပြောပြတော့“မြန်မာအလုပ်သမားတွေ ထိုင်းဘက်ကနေ နှင်ထုတ်ခံရတယ်”လို့ပြောပြခဲ့ပါတယ်။
မြန်မာမှာ သိတဲ့အတိုင်း သတင်းမှန်သိရဖို့ခက်ပါတယ်။ကိုယ့်နိုင်ငံသားတွေ နှင်ထုတ်ခံရတယ်ဆိုတဲ့ အသုံးအနှုန်းက ရင်ထဲမှာနင့်သွားအောင်ခံစားရပါတယ်။
ကိုယ့်တိုင်းပြည်ထက် ငွေလေးပိုရလို့ အနှိမ့်ချခံပြီး သွားလုပ် ။ကိုယ့်တိုင်းပြည်ကို ရသမျှလေးတွေပြန်ပို့ကြ။ အရေးအကြောင်းကြတော့ နိုင်ငံဘက်ဂရောင်းကမရှိလေတော့...။ဟင်း
ကိုတိုး အမလေး
နှင်ထုတ်ခံရတာထက်ဆိုးတာတွေများကြီးဗျာ
အသတ်ခံလိုက်ရတာ နေ့ တိုင်း လူတွေမသိလို့  နှင်ထုတ်ခံလိုက်ရတာက အသက်ပြန်ပါလာသေး
ဒုခသည်စခန်း ဆိုတဲ့နေရာတွေကကို နှင်ထုတ်ခံနေရတာပါ သတင်းတွေကို ၀က်ဆိုဒ်တော်တော်များများမှာ ဖော်ပြထားတာ နေ့တဒူဝပါ ၀င်ဖတ်ဘို့ အချိန်မရဘူးဆို ကျတော်မေးလ်ကနေ ပို့ ပေးပါ့မယ် ထိုင်းမှာက ထိုင်းပုလိပ်လည်းကြောက်ရ ထိုင်းလမ်းသရဲလည်းကြောက်ရ နယ်စပ်မှာလည်း ကေအန်ယူလည်းကြောက်ရ ဒီကေဘီအေ လည်းကြောက်ရ မိုင်းထောင်ထားတာလည်းကြောက်ရ ဗမာစစ်တပ်လည်းကြောက်ရ သာမာန်ပြည်သူတွေဘ၀ တကယ်ရင်နာဘို့ ကောင်းပါတယ် ကျတော်ထိုင်းမှာ ၁ နှစ်လောက်နေတာ တော်တော်ဆိုးဆိုးဝါးဝါးတွေကိုတွေ့ ခဲ့ရ မြင်ခဲ့ရတာပါ ပိုက်ဆံရတယ်ဆိုတာကလည်း (ဗမာပြည်ထက်သာတယ်ဆိုပေမယ့်) သူတို့ လူမျိုးပေးတဲ့ လစာထက် အများကြီးကိုနှိမ်ပြီးမှပေးတာပါ အဲပိုက်ဆံလေးကို ထိုင်းပုလိပ်ပေးရ ဟိုပေး ဒိပေး မလွယ်ပါဘူး ဒေါ်သော်တာရာ မပြောတော့ဘူး ရင်နာစရာတွေ

မသော်တာ ဟုတ်ကဲ့။ ဒီမေးခွန်းက ကိုယ်ရေးကိုယ်တာပါ။ဖြေချင်မှဖြေပါ ကိုကြီးတိုး။ အနှစ်၂၀အတွင်း ဘာတွေကို ဆက်လက်လေ့လာဖြစ်ခဲ့ပါသလဲ။နိုင်ငံရေးမဟုတ်တဲ့ အကြိုက်ဆုံးစာပေ အမျိုးအစားရှိရင် ပြောပြပါ။ဘာလို့ကြိုက်ရတာပါလဲ။

ကိုတိုး ဘာတွေလေ့လာသလည်းလို့ မေးရင်
ဘာမှမလေ့လာဘူးလို့ အမှန်အတိုင်းဖြေမယ် လေ့လာချင်တယ် ဒါပေမယ့်
ဥပမာပေါ့ဗျာ အနှစ် ၂၀မှာ ထောင်ထည်းမှာ ၁၄ နှစ် တယောက်ထည်း ၁၂ ပေ ၈ ပေ အခန်းကျဉ်းလေးထည်းမှာ ဘာလေ့လာလို့ ရမလည်း စာအုပ်မပြောနဲ့  စာလေးတကြောင်းဖတ်ဘို့ တောင် ဆေးပေါ့လိပ်တို ဖင်ဆီခံကို ဖြဲပြီးဖတ်လာခဲ့ရတဲ့ဘဝ
ထိုင်းမှာတနှစ် နေတာတော့ သင်တန်း ၃ လ တက်ခဲ့ဘူးတယ် ဖွဲ့ စည်းပုံ အခြေခံဥပဒေနဲ့ လူ့ အခွင့်အရေးသင်တန်းပေါ့  အဲဒိမှာနဲနဲ ရလိုက်တယ် ဗဟုသုတပေါ့
ဒီနိုင်ငံရောက်တာ ၅ နှစ်ပြည့်တော့မယ် ဘာစာဘာစကားမှမတက်လို့  ဘယ်မှမသွားဘူး အဖော်ဆိုလို့ ကွန်ပြူတာ ၂ လုံးနဲ့ အရက်ပုလင်းဘဲရှိတယ် (ခုတော့မသောက်ဖြစ်တာကြာပြီ) ဒီတော့ဘာမှမလေ့လာဖြစ်ဘူး သေဘို့ ထိုင်စောင့်နေတယ်လို့ ဖြေမယ်နော် ဘောလုံးပွဲကြည့်မယ် သတင်းတွေဖတ်မယ် ကိုယ်ဖတ်ထားတဲ့ အထည်းက ကိုယ်ကြိုက်ပြီး သူများကို သိစေချင်တယ်လို့  ယူဆတာလေးတွေကို ဗမာပြည်က အင်တာနက်ပိတ်ဆို့ ခြင်းခံထားရသူတွေအတွက် မာတီမှာတင်တယ် ရုပ်ရှင်ကြည့်ရင်းသေဘို့ ထိုင်စောင့်နေတယ်ပေါ့ ကွန်ပြူတာဆိုလည်း ဒီနိုင်ငံရောက်မှ ကိုင်ဘူးမြင်ဘူးတဲ့သူဆိုတော့ ဘာသင်တန်းမှ မတက်ဘူးတော့ ဘာမှမသိဘူးလေ ခင်တဲ့သူတချို့ ကတော့ အွန်လိုင်းကနေပြောပြပေမယ့် ဘယ်ခလုပ် ဘယ်လိုခေါ်မှန်းမသိ တဲ့လူတယောက်အတွက် ဘာမှ မတတ်ဘူး လို့ ဘဲဖြေပါ့မယ်
နိုင်ငံရေးမဟုတ်တဲ့စာပေထည်းမှာ ဘာတွေကြိုက်သလည်းမေးရင် ဘာထရမ်ရပ်ဆယ် စာအုပ်တွေ အကြိုက်ဆုံးလို့ ဖြေပါ့မယ် တအုပ်ခြင်းအနေနဲ့ တော့ “ယောနသံဇင်ယော်” “ စိတ္တရလေခါ” “စည်းအပြင်ကလူ” ဒေါက်တာသန်းထွန်းစာအုပ်တွေ ချစ်ဦးညိုရဲ့  ” သမိုင်းမ၀င်ပေမယ့် သမိုင်းတွင်တဲ့ စကားများ” စာအုပ်တွေကြိုက်မိပါတယ် ဘာစာပေအမျိုးအစားကြိုက်သလည်းမေးရင် အတွေးအခေါ်စာပေကိုအကြိုက်ဆုံးပါဘဲ
ဘာလို့ ကြိုက်လည်းမေးရင် တွေးနေရတယ် ဖြစ်နိုင်လား မဖြစ်နိုင်လား ဒိလို လေးဆိုပိုမကောင်းသွားဘူး သူပြောတာမှန်လား မှားလား အစရှိသဖြင့်တွေးနေရတာကိုဘဲ သဘောကျလို့ ပါ

မသော်တာ
ကိုကြီးတိုး နည်းနည်းတော့ရစ်တယ် မထင်ပါနဲ့။(အမှန်ကတော့ ရစ်တာပါပဲ)။သျှင်လေးက ပြောခဲ့ပါတယ်“ဖွံ့ဖြိုးဆဲနိုင်ငံအနေနဲ့ဒီမိုကရေစီကို သွတ်သွင်းဖို့ အခက်အခဲရှိနိုင်တယ်”လို့ပြောတဲ့အခါ။ကိုကြီးတိုးက “ပထမဆုံး လူတွေကိုယ်ကျင့်တရားကောင်းဖို့ ပထမဆုံးပြုပြင်မှ အဆင်ပြေမယ်ထင်ပါတယ်။ ပညာရှင်တွေဖြေတာပိုကောင်းမယ်”လို့ဖြေခဲ့ပါတယ်။ကိုကြီးတိုးက ပညာရှင်မဟုတ်ပေမယ့် နိုင်ငံရေးလေ့လာသူ အနေနဲ့ ကိုယ်ကျင့်တရားကောင်းဖို့ ဘယ်လိုလုပ်သင့်တယ်ထင်ပါသလဲ။
တခုခုပေါ့။
တခုထည်းဖြေရရင်တော့ ခရစ်တော်ရဲ့ စကားကိုယူဖြေပါ့မယ် “ သတ္တ၀ါ အားလုံးကို မိမိနှင့်အမျှ ကြင်နာလော့” တဲ့
ဘာလုပ်လုပ် ကိုယ်ခြင်းစာတရားလေးထားပါ ကိုယ့်ကို မတရားလုပ်တာမကြိုက်သလို သူများကိုလည်းမလုပ်နဲ့  ကိုယ့်ရီးစား ကိုယ့်နှမ ကိုယ့်မိန်းမ ကိုယ့်အမေ သူများစော်ကားတာမကြိုက်သလို ကိုယ်လည်းမစော်ကားနဲ့ 
ကိုယ့်ကိုပါးရိုက်တာမကြိုက်သလို ကိုယ်လည်းသွားမရိုက်နဲ့  ကိုယ့်လိမ်တာမကြိုက်သလို သူများလည်းမလိမ်နဲ့ 
ဘာလုပ်လုပ် “ကိုယ်ချင်းစာတရားလေးထားပါ” အဲဒါဆို မတရားမှုတွေ မကောင်းမှုတွေ တော်တော်နည်းသွားမယ်လို့ ထင်ပါတယ်

မသော်တာ
“သေဘို့ ထိုင်စောင့်နေတယ်လို့”ဒီအယူအဆကို သော်တာလက်မခံပါဘူး။ကိစ္စတိုင်းမှာ ထွက်ပေါက်ရှိတယ်လို့ယူဆလို့ပါ။သော်တာစကားမှားရ်ခွင့်လွှတ်ပါ။ တကယ်လို့သေဖို့ကလွဲလို့ တခြားမရှိတော့ဘူးဆိုရင်လည်း။ ကန်တော့ပါ သော်တာ့ အယူအဆကိုပြောတာပါ။ ဘဝကအဲလောက်မဆိုးနိုင်ပါဘူးဗျာ။အမှားပါရင်ခွင့်လွှတ်ပါရန်။
ကိုတိုး ဒေါ်သော်တာနဲ့ ကျတော် ဘ၀ခြင်းမတူတော့ ခံစားချက်ခြင်းမတူနိုင်ပါဘူး ခံစားချက်တွေတူရင်တောင်မှာ တထပ်တော့မကျနိုင်ပါဘူး
ဒေါ်သော်တာပြောတဲ့ ထွက်ပေါက်လက်ခံပါတယ် တနေ့ နေ့ ဆိုတာလေးပေါ့ အဲဒီတနေ့ နေ့ ဆိုတာလေးကို စောင့်နေတာနဲ့ ဘဲ တနေ့ နေ့ တွေများလာခဲ့ပြီ
သေခြင်းတရားဆိုတာ ကွေးသောလက်မဆန့် ခင် ဆန့် သောလက်မကွေးခင် သေနိုင်ပါတယ် ထွက်ပေါက်ဆိုတာလေးကို စောင့်နေရင်း စောင့်နေရင်းနဲ့ ဘဲ သေသွားခဲ့သည်ရှိသော် သေဘို့စောင့်နေတာနဲ့ တူတူပါဘဲလို့ ဆိုလိုတာပါ ဘ၀က ဆိုးတာမဟုတ်ဘူး ကံဇာတာကိုကဆိုးတာပါ
တိုက်ခန်းတခန်း ကွန်ပြူတာ နှစ်လုံး ရေမီးအစုံ အချိန်တန် ဘဏ်ကဒ်ထည်းပိုက်ဆံဝင်လာတဲ့ သူတယောက် ဆိုးတယ်လို့ ပြောရင် စောစောက ဒေါ်သော်တာပြောတဲ့ ထိုင်းက နှင်ထုတ်ခံနေရတဲ့သူတွေ ဒုခသည်တွေ ထမင်းတလုပ်အတွက် ဘ၀တွေ ရင်းနေရတဲ့ ဗမာပြည်က ပြည်သူတွေ က အရူး သေလိုက်တော့မြန်မြန်လို့ ပြောမှာပေါ့ ဗျာ
ကျတော်ပြောတဲ့ဆိုးတာက ဆိုးတော့ဆိုးနေတယ် ဘာဆိုးနေမှန်းကိုမသိတဲ့ဘ၀ဖြစ်နေတာပါ

မသော်တာ
အင်းနည်းနည်းတော့ ခံစားမိ၏။ ဘာလုပ်ရမှန်းမသိတာလား။ဘာမှ လုပ်ခွင့်မရှိတာလား။ဘာဆိုးမှန်းမသိတာတော့ အဆိုးဆုံးပေါ့ ကိုကြီးတိုးရာ။
ကိုတိုး လုပ်ခွင့်မရှီတာမဟုတ်ဘူး တတ်ရင်လုပ်လို့ ရပါတယ် ကိုယ်က ဘာမှမတတ်တဲ့ကောင်လေ
ဥပမာ
ဒီရောက်တဲ့ ဗမာတွေပေါ့ ရောက်ပြီး ၂ လလောက်ကြာ ကားဝယ်ကြတယ်ပေါ့
ကျတော်ကျတော့ကားမှ မမောင်းတတ်တာ
တချို့ ကပြောပါတယ် ကားမောင်းသင်ပေါ့တဲ့  ဒါလည်းလွယ်တာဘဲ
ကျတော်ကတော့စဉ်းစားတယ် ကားမောင်းတတ်ပါပြီ တဲ့ ကားဝယ်ကားမောင်း
မတော်တဆများ သူများသွားတိုက်မိရင် ကားချင်းတိုက်မိရင် ငါသေသွားတာ ငိုမယ့်သူ သနားမယ့်သူမရှိဘူး အတိုက်ခံလိုက်ရမယ့် သေသွားမယ့် မိသားစုတွေ ဘယ်လောက်ဝမ်းနည်းလိုက်ကြမလည်း
သူများမိသားစုကို ခွဲလိုက်သလိုဖြစ်မနေဘူးလား အစရှိသဖြင့် မဖြစ်သေးတာတွေကို ဖြစ်လာခဲ့ရင်ဆိုပြီးတွေးမိတယ်ပေါ့ဗှာ အဲတော့ မမောင်းတတ်တာကောင်းပါတယ်ဆိုပြီးမသင်ချင်တော့ဘူး လေ
အဲဒါမျိုးလေးတွေပေါ့ စဉ်းစားလွန်းလို့ ဘာမှအလုပ်မဖြစ်တာလည်း တော်တော်များများပါပါတယ်

မသော်တာ
ကံ ကံရဲ့အကျိုးဆိုတာနဲ့ ကိုယ့်လုပ်နိုင်စွမ်းကို ဘယ်လောက်ရာခိုင်နှုန်းလောက်ဆီ ယုံကြည်မှုရှိပါသလဲ။
ကိုတိုး ကံဆိုတာအလုပ်ပါ ဒေါ်သော်တာ
အဲဒီတော့ ၅၀ - ၅၀ လို့ ပြောပါ့မယ်
ဘာလို့ လည်းဆိုတော့ ကိုယ်လုပ်တိုင်းမဖြစ်ခဲ့တာအများကြီးမို့ ပါ ခုလက်ရှိလုပ်နေတဲ့ကံကို ယုံကြည်မှု ၅၀ ပေးထားပေမယ့် အတိတ်က အကုသိုလ် ကုသိုလ်ကို ၅၀ ပေးထားမိလို့ ပါ

မသော်တာ
ဟုတ်ပါတယ်။ကံဆိုတာ အလုပ်ပါ။ပြာပုံထဲက ထလာတဲ့ဂျပန်က တနိုင်ငံလုံးလိုလို ဗုဒ္ဓဘာသာဆိုပေမယ့် ဘာသာရေးကို သိပ်မယုံကြည်ပါဘူး။
အလုပ်ကိုပဲ ဘုရားလိုကိုးကွယ်တာပါ။ အတိတ်ကံဆိုတာ သိပ်မသိတဲ့လူတွေ။ တခါတလေ သော်တာစဉ်းစားမိပါတယ်။ သော်တာတို့နိုင်ငံက ကံကံရဲ့အကျိုးကို ယုံလွန်းနေတာလားလို့ပါ။ ဖိနှိပ်ခံနေရလည်း ငါတို့အတိတ်က့ကိုကမကောင်းတာ ။ရှိပါစေတော့။ဒီလိုနဲ့ပဲ နှစ်၂၀ကျော်ပြီ။
လူငယ်တွေလည်း ကုန်ပြီ။
ကိုတိုး ဟုတ်
အလုပ်ဆိုတာ ဘာလည်းမေးရင် အရွှေ့ နဲ့ အား ရဲ့ မြောက်လဒ်ပေါ့
ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူး ရွှေ့ သွားအောင် အားတခုခု တော့လိုပါတယ် ကံကိုကြည့်ယုံပြီးထိုင်စောင့်နေရင်တော့ဘာမှ ဖြစ်လာမယ်လို့ မထင်ပါဘူး လူငယ်တွေ ကုန်ပေမယ့် တခုခုတော့ ဖြစ်လာပါလိမ့်မယ် လုပ်တဲ့သူတွေလည်း လုပ်နေဆဲ ပ

မသော်တာ
သော်တာ၁၀တန်းအောင်တော့ ဖေကြီးကဘာလုပ်ချင်လည်းမေးတယ်။ သော်တာကနိုင်ငံရေးလုပ်ချင်တယ်ဖြေတယ်။နိုင်ငံရေးကိုစိတ်ဝင်စားခွင့်ပေးပေမယ့် လုပ်ခွင့်မပေးခဲ့ဘူး။
ဒီလာခါနီးလည်း မလုပ်ပါဘူးဆိုတဲ့ကတိပေးခဲ့ရတယ်။သူကိုယ်တိုင်လုပ်ခဲ့ပေမယ့် သားသမီးကို စိုးရိမ်တာ သဘာဝကျပါတယ်။ကိုကြီးတိုးက ရေးခဲ့ပါတယ်။ ဆိုက်ကားနင်းတာလည်းနိုင်ငံရေးလုပ်တာ။စာသင်တာလည်းနိုင်ငံရေးလုပ်တာ။ သော်တာတို့ (သူတို့ပြောပြောနေကျ စကားနဲ့ပြောရရင်) ဥပဒေဘောင်အတွင်းက ဒီထက်ပိုပြီးလုပ်နိုင်တာဘာများရှိပါသေးသလဲ။သိရင်ပြောပြပေးပါ။
ကိုတိုး ဥပဒေ ဆိုတာပြောစရဖြစ်လာပြန်ပြီ
တရားဥပဒေလား
မတရားဥပဒေလားပေါ့
အမှုတခုဖြစ်တယ် ငွေများတရားနိုင်တဲ့ခောတ်ကြီးမှာ တရားဥပဒေလို့ ပြောမလား
ရွှေမန်းပြောခဲ့တယ် “ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးတဲ့ ”
တကယ်လက်တွေ့ သူတို့ ကျင့်ခဲ့ပါသလား
၉၀ ရွှေးကောက်ပွဲလုပ်ခဲ့တယ် စောမောပြောခဲ့တယ်
“စစ်သား စစ်တန်းလျှားပြန်မယ်” တဲ့ တကယ်ပြန်ခဲ့သလား
ဥပဒေဘာလည်းလို့ ကျတော်စဉ်းစားဘူးတယ် ဥပဒေ ဘယ်မှာရှိသလည်း ကျတော်မေးခဲ့ဘူးတယ်
ပုလိပ်တယောက်ကို မေးဘူးတယ် သူဖြေတယ် “ ဥပဒေ ငါ့ယူနီဖောင်းမှာရှိတယ် မကောင်းတဲ့သူတွေ ပိုက်ဆံပေးမဖမ်းဘူး ကောင်းတဲ့သူဆို ဘာလုပ်လုပ် အီးပေါက်တာတောင် လေထုညစ်ညမ်းမှုနဲ့ ဖမ်းလို့ ရတယ်တဲ့”
ရှေ့ နေတယောက် ကိုမေးဘူးတယ် သူဖြေတယ် ” ဥပဒေ စာအုပ်ထည်းရှိတယ်တဲ့ အမှုသည် နိုင်နိုင်ရှုံးရှုံး ငါနဲ့ မဆိုင်ဘူး စာအုပ်ထည်းရေးထားတဲ့ဥပဒေတွေကို ဖတ်ပြနေယုံဘဲ ” တဲ့
တရားသူကြီးမေးတယ် သူဖြေတယ် “မှန်တာတွေမမှန်တာတွေမပြောနဲ့ ရှေ့ နေလျှောက်လည်းချက်ဘယ်လောက်ကောင်းကောင်း ပိုက်ဆံများများပေးထားတဲ့သူဆို ပြစ်မှုထင်ရှားနေတာတောင်မှာ လျော့ပေါ့ ထောင်ချလို့ ရတယ်
ပြစ်မှုသေးရင်လွတ်လိုက်လို့ ရတယ် ဥပဒေ ငါ့ပါးစပ်ထည်း ရှိတာတဲ့ ”
အဲဒိတော့ ဒေါ်သော်တာပြောတဲ့ ဥပဒေက ဘယ်ဥပဒေကိုပြောထားလည်းမသိဘူးနော် နအဖ ထုတ်တဲ့ဥပဒေအတွင်းကဆိုရင်တော့ မှန်ကန်ပါသည် ထောက်ခံပါသည် ဆိုတာဘဲလုပ်လို့ ရပါမယ် ဘာကြောင့်လည်းဆိုရင်တော့ ဗမာပြည်မှာတရားဥပဒေ ဆိတ်သုန်းနေတယ်လို့ ကျတော်မြင်လို့ ပါဘဲ ဥပဒေဆိုတာ ဂျိုကုတ် မှုးကြီးသန်းရွှေ ပါးစပ်ထည်းမှာရောက်နေလို့ ပါ

မသော်တာ
ကိုကြီးတိုးက နိုင်ငံရေးလေ့လာသူအနေနဲ့ အခုရွေးကောက်ပွဲကို မယုံကြည်ဘူးဆိုရင်။ ရွေးကောက်ပွဲပြီးလည်း ဘာမှတိုးတက်ပြောင်းလဲမှု မရှိနိုင်ဘူးဆိုတဲ့သဘောပါလား။ဒါဆို ကိုကြီးတိုးယုံကြည်လောက်တဲ့အနေအထားကိုသိပါရစေ။
ကိုတိုး ရွေးကောက်ပွဲပြီးသွားတာနဲ့ ပြဿနာတွေ မပြီးနိုင်ပါဘူး ဗမာပြည်တိုးတက်ဘို့ က ပြဿနာတွေ ဖြေရှင်းနိုင်ရပါ့မယ် ပြဿနာတွေ ရှိနေရင် တိုးတက်အောင်ဘယ်လိုလုပ်မလည်း စဉ်းစားကြည့်လေ အတိုက်အခံနဲ့ အခြားအဖွဲ့ အစည်းတွေ ကိုလည်းလျှော့တွက်လို့ မရပါဘူး ရွေးကောက်ပွဲ ပြီးပါပြီတဲ့ အစိုး၇တက်လာပါပြီတဲ့ တိုင်းပြည်တိုးတက်အောင်ဘာလုပ်မလည်း ဥပမာပြောမယ် လျှက်စစ်ထုတ်တယ်ပေါ့ ဟိုတလောကဘဲ ကယန်းပြည်သစ်က ဗုံးခွဲလိုက်တယ် သူတို့ ပြောတယ် သူတို့ ပြည်နယ်က ထွက်တဲ့မီး သူတို့ ပြည်နယ်ကလူတွေ မသုံးရဘူး ဒါကြောင့်ခွဲတယ်တဲ့ သူတို့ ဘက်က ကြည့်မှားတယ်ပြောမလား သူတို့ လူမျိုးစုတွေ ဒုခရောက်နေတယ် လှည့်မကြည့်ဘူး ဒုခပေးနေတယ်တဲ့
ဆိုလိုချင်တာက ပြည်တွင်းစစ်ရှိနေသမျှတော့ တိုင်းပြည်တိုးတက်အောင်လုပ်လို့ ဘယ်လိုမှ မရနိုင်ဘူး တိုးတက်ဘို့ အတွက် မြန်မာပြည်နိင်ငံရေးပြဿနာတွေ ရှင်းရပါ့မယ် ပြည်တွင်းစစ်ကို ရပ်ရပါ့မယ် လူမျိုးစုပြဿနာတွေ ရှင်းနိုင်ရပါ့မယ် လူမျိုးစုတွေလက်ခံတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေ လိုအပ်ပါတယ် အဲဒီဥပဒေကိုလည်း တိတိကျကျ အကောင်အထည်ဖော်နိုင်ဘို့ လိုပါတယ်
သေချာတာတခုက ပြည်တွင်းစစ်ရှိနေမျှ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်မှ မတိုးတက်ပါ

aungsangeneration said
အစ်ကိုကြီး တို့ ...

အခုချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ ဘာတွေပြင်ဆင်ထားရမလဲ ဘယ်လိုနေသင့်လဲ ....

ကိုအလင်းစေတမာန်
နိုင်ငံရေး ဗဟုသုတရှိအောင် စာများများ ဖတ်ဖို့ လိုပါသည်ဟု ထင်ပါသည်။

ကိုတိုး ဟုတ်တယ် ဒါလည်းတနည်းပါပါတယ် သူများလိမ်လို့ မရအောင် နိုင်ငံရေးသမား စစ်တပ် အစရှိတဲ့ သူတွေ ဘယ်သူမှလိမ်တာ မခံရအောင် များများသိသင့်တယ်

ကိုစတုန်း ဒါကိုကျွန်တော်ထောက်ခံတယ်ဗျ။
တော်တော်များများကနိုင်ငံရေးလေ့လာရမယ်ဆိုရင်
တီစားနဲ့တို့သလိုဖြစ်နေတယ်။
အမှန်တော့ဒီနိုင်ငံမှာနေပြီး
ဒီနိုင်ငံရဲ့အကြောင်းမှမသိရင်
သိပ်ရှက်ဖို့ကောင်းတယ်ဆိုတာကိုမသိကြဘူးလေ။

ကိုတိုး ဟုတ်တယ်ကိုစတုန်းရေ
နိုင်ငံရေးဆိုတာ အစိုးရထောက်ခံမှ ဆန့် ကျင်မှ နိုင်ငံရေးမဟုတ်သလို ကိုယ့်နိုင်ငံအကြောင်းကိုယ်သိပြီး အားနည်းချက်အားသာချက်ကို ထောက်ပြတာလည်း နိုင်ငံရေးပါဘဲ

ကိုစတုန်း ဟုတ်တယ်အစ်ကို။
ကျွန်တော်လေ့လာတယ်ဗျ။ဒါပေမယ့်အစ်ကိုရာလောလောဆယ်တော့နဲနဲအဆက်အသွယ်ပြတ်နေတယ်လေ။
စီးပွားရေးအကြောင်းတွေပဲခေါင်းစားနေရတယ်လေ။
ဒါကလည်း သူတို့ဖန်တီးထားတာပဲလေ။စီးပွားရေးမကောင်းရင်နိုင်ငံရေးဘက်ကိုဘယ်သူမှမလှည့်နိုင်ဘူးဆိုတာသူတို့သိတယ်ဗျ။
ဒါပေမယ့်စိတ်ရှိနေသေးပါတယ်လေ။လုပ်တော့မလုပ်ရဲသေးဘူးအစ်ကို။

ကိုစိုးမိုး အမှန်ပါဘဲဦးတိုးေ၇....ကျွန်တော်ကတော့ တိုင်းပြည်တိုးတက်တာ...ဖွံ ဖြိုးတာကိုဘဲမြင်ချင်တာပါ....ပါတီနိင်ငံေ၇းဆိုတာကိုလုံးဝစိတ်မ၀င်စားပါဘူး
ကိုယ့်နိင်ငံမှာဘာတွေလိုအပ်နေလည်း...ဘယ်နေ၇ာမှာအားနည်းတယ်...ဒါကိုဘယ်လိုဝိုင်းဝန်းကူညီဆောင်၇ွက်ကြမလည်းဆိုတာကိုဘဲ စိတ်ဝင်စားပါတယ်

ကိုတိုး ဟုတ်ပါတယ်ကိုစတုန်းရေ
စီးပွားရေးပြေလည်လို့ ဘဲဖြစ်ဖြစ် မကျေနပ်မှုတွေများလာလို့ဘဲဖြစ်ဖြစ် နိုင်ငံရေးဘက်လှည့်လာပြန်တော့ တမျိုးလှည့်တိုက်ပြန်ပါတယ်
အဲဒါကတော့ ဘာသာရေးနဲ့ ပါဘဲ အဓိက ကုလား ဗမာ အဓိကရုင်္ဏးလိုဟာမျိုး နောက်တခုက ဗုဒွ ဘာသာဘုန်းကြီးတွေထည်းမှာတောင်မှ ကွန်မြူနစ် တွေ ၀င်နေတယ် ကွန်မြူနစ်ဘုန်းကြီးတွေပါဆိုပြီး
လှည့်တိုက်ပြန်ပါတယ် အမျိုးမျိုးပေါ့ဗျာ သတိထားစရာတွေပေါ့ အရေးကြီးဆုံးက သူတို့ မှိုင်းတိုက်တာတွေနောက်ပါမသွားဘို့ပါဘဲ

ကိုစိုးမိုး ဦးတိုးေ၇....တိုင်းပြည်ကောင်းကျိုးလုပ်တဲ့နေ၇ာမှာ..အဲဒီလို မှိုင်းတိုက်မှုတွေကြောင့် ထိထိေ၇ာက်ေ၇ာက်မဖြစ်တာတွေ၇ှိတယ်လို့ ယူဆပါတယ်
တချို့ ကလည်း ..မစဉ်းစား မဆင်ခြင်ဘဲ..မှိုင်းတိုက်တာကို အလွယ်တကူလက်ခံလိုက်ကြတာကိုး
အင်္ဂလိပ်တွေလည်းဒီနည်းလမ်းကိုအသုံးချခဲ့ တာပါဘဲ.....

ကိုစတုန်း အခုတော့
ပြည်သူတွေလည်းနပ်တော့နပ်ကုန်ပါပြီ။အဓိကရုန်းတွေတော့မဖြစ်ကြတော့ဘူး။
စက်တင်ဘာတုန်းကကြားလိုက်သေးတယ်လေ။ထိုင်းမှာဘာသာပေါင်းစုံဆုတောင်းပွဲတွေလုပ်တာလေ။
ကျွန်တော်အားရလိုက်တာဗျာ။ဘာပဲဖြစ်ဖြစ်လေ။လူမကောင်းရင်လူပေါ့ဗျာ။မူကိုတော့စွဲမထည့်စေချင်လို့ပါ။
အားလုံးစည်းလုံးညီညွတ်တာကိုပဲကျွန်တော်တော့မြင်ချင်တယ်လေ။အခုအခြေအနေကိုပဲကြည့်ဗျာ။NLD ရဲ့အခြေအနေကယိမ်းယိုင်နေပြီလေ။
ပြည်သူတွေမျက်စိလည်မယ့်အပေါက်ပဲဗျ။ကျွန်တော်ဆိုးရိမ်းတာဒါပဲလေ။ဘယ်နောက်ကိုလိုက်ကြမလဲ။အစ်ကိုအနေနဲ့ရောဘယ်လိုထင်လဲဗျ။
ကျွန်တော်ကတော့ဘယ်လိုမှကိုမဆုံးဖြတ်တတ်ဘူးဖြစ်နေတယ်လေ။ဆက်လက်ဆွေးနွေးချင်သေးတယ်ဗျာ။
နိုင်ငံရေးလုပ်တဲ့သူတွေကိုကျွန်တော်အရမ်းလေးစားတယ်။
ရလိုမှုတွေကိုမရှိရဘူးလေ။နိုင်ငံအတွက်ပေးဆပ်ချင်းသက်သက်ပါပဲလေ။
အာဏာရသွားမှတစ်မျိုးဖြစ်သွားရင်တော့မသိဘူးပေါ့။

ကိုတိုး ကျတော့်သဘောထားကတော့ ရှင်းပါတယ်
ဦးဝင်းတင်ပြောတာလက်ခံတယ်
ပါတီမရှိလည်း နိုင်ငံရေးရှိဘို့ ဘဲလိုတယ် ပါတီရှိပြီး ဘာမှလုပ်မရ အလကားဘဲလေ အယ်လ်နယ်ဒီ အနှစ် ၂၀ ပါတီရှိခဲ့တယ် ဘာလုပ်ခဲ့လည်းလို့ ပြန်မေးရမယ် ၈၈၈၈ ဆိုတာ ဘာပါတီမှ မရှိခဲ့ပါဘူး ၂၀၀၇ ဘာပါတီမှ မရှိဘဲနိုင်ငံရေးလုပ်ခဲ့ကြတာပါ
ခက်နေတာက အယ်လ်နယ်ဒီ နဲ့ ပြည်တွင်း ပြည်ပ နိုင်ငံရေးသမားဆိုသူတွေမှာ ကိုယ်ပိုင်လမ်းကြောင်းမရှိခဲ့ဘူး
အဲသတော့  ဘာဖြစ်လာလည်းဆိုတော့ ဘာလုပ်ရမှန်းမသိဘူး နအဖ ငြိမ်နေရင် လိုက်ငြိမ်နေလိုက်ရတယ် ဒေါ်အောင်ဆန်းစုကြည်လွတ်ပေး မင်းကိုနိုင်လွတ်ပေး ဆိုတာလေးအော်လိုက် စတိတ်မန့် လေးတွေထုတ်လိုက်နဲ့ ဘဲ နိုင်ငံရေးထင်ပြီး ကျေနပ်နေလိုက်ကြတယ် နအဖ ကိုပြင်ဆင်ချိန်တွေအများကြီးပေးခဲ့ကြတယ် နအဖက သေချာပြင်ဆင်ပြီး
နအဖ တခုခုလုပ်လိုက်ပြီဆိုတော့ကာ ထောက်ခံပါတယ် ကန့် ကွက်ပါတယ် ဆိုပြီး အော်လိုက်ကြ ငြင်းလိုက်ခုံလိုက်ကြနဲ့ အနှစ် ၂၀ ကျော်ခဲ့ပြီ ကိုယ့်နည်းလမ်းနဲ့ ကိုယ် ဖောက်ထွက်နိုင်ဘို့ မစဥင်္းစားတတ်ကြဘူး
အမတ်မင်းတွေကလည်း အမတ်မင်းသာဆိုတယ် ဘာမှမလုပ်တတ်ဘူး တနေ့ နေ့ လွှတ်တော်ကြီးကို ခေါင်းပေါင်းစ တလူလူ တက်ရမလား လာခေါ်မလား စောင့်နေကြတယ် ပြည်သူတွေ ရင်ထည်းကပေးထားခဲ့ရတဲ့ မဲတပြားကိုတန်ဘိုးမထားခဲ့ဘူး အမျိုးသားညီလာခံကြီးလုပ်တယ်ဆိုတော့လည်းသွားတက်လိုက်တာဘဲ
ထားလိုက်ပါတော့
ဒီတော့ကာ အယ်လ်နယ်ဒီအနေနဲ့ ပြည်သူ တွေထောက်ခံတဲ့ ရွှေဂုန်တိုင် ကြောငြာချက်ကို ဆုတ်ကိုင်ထားသင့်တယ် တကမ္ဘာလုံးက အတိုက်အခံတွေ နိုင်ငံခြား တိုင်းပြည်တွေ ကုလသမဂ အတွင်းရေးမှုးချုပ်ကိုယ်တိုင်က ရွှေးကောက်ပွဲကို ဆန့် ကျင်နေပါတယ် ဆိုတဲ့အချိန်မှာ သူတို့ က ၀င်မယ်လုပ်နေကြပါတယ် ဖောက်ပြန်ချင်နေကြတယ် အတိအကျကတော့ ၂၉ ရက်နေ့ မှသိမယ်ပေါ့ဗျာ ကျတော့်သဘောထားပြောပါဆိုရင် နအဖ ၂၀၀၈ ဥပဒေလည်းဆန့် ကျင်ထားလို့  အဲဒိဥပဒေအရ လုပ်တဲ့ ရွေှ့းကောက်ပွဲကို အသိအမှတ်ပြုစရာ အကြောင်းကို မရှိပါဘူး

15 comments:

  1. အင်တာဗျူးအရှည်ကြီးရေးတာ..ဘာသဘောလဲဗျ.ကြာကြာဖတ်ရအောင်လား
    ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ကြောက်ရတယ်လဲပါသေး
    ဘယ်လို ကြောက်ရတာလဲကို ခွဲပြောရင်ပိုကောင်းမယ် ဘယ်အဖွဲ့ကို ဘယ်လိုဆိုတာတိတိကျကျပြောစေချင်ပါတယ် အကုန်ရောပြောတော့ ကောင်းတဲ့ အဖွဲ့အစည်းတွေက အသားလွတ်ခံရတာပေါ့..ငါသာလျှင် ငါ့ဘလော့ရဲ့ အရှင်သခင်ဆိုတာမျိုးလုပ်နေတာလား..ဟဲ..အင်းပေါ့လေ..ခင်ဗျားတို့က နိုင်ငံရေးသမား
    ထောင်ထွက်တွေ ဂီးဆောင်ကြောင်းတွေဆိုတော့ လုပ်ပေါ့ဗျာ

    ReplyDelete
  2. ဒုတိယပိုင်းလာဖတ်ပါတယ်
    အင်တာဗျူးက အတော်ရှည်တယ်အချို့စာတွေထပ်နေတယ်
    အကြောင်းအရာတခုကို လိုရင်းတိုရှင်းပိုစ့်တိုတိုပဲတင်သင့်ပါတယ်။
    ဖြတ်ပြီးဆက်ရန်တင်လည်းကောင်းတာပဲ
    အနှစ်သာရရှိပေမယ့် ရှည်လွန်းရင် လုံးထွေးကုန်ပါတယ်
    အကြံပေးတာပါ။
    အကြောင်းအရာတွေက ကောင်းလို့ပါ။
    အမှားပါရင်ခွင့်လွှတ်ပါ။

    ReplyDelete
  3. တမင်အရှည်ကြီး ရေးတာမဟုတ်ပါဘူး သူများက ကိုယ့်ကို ဗျူးတာကို မူရင်းအတိုင်းတင်လိုက်တဲ့အတွက် ရှည်သွားတာပါ တိုတို တင်ဘို့ ဖြတ်တောက်တဲ့အခါမှာ ဗျူးတဲ့ သူက တမျိုးထင်ပြီး ကိုယ်မှန်တာဘဲတင်တယ် မှားတာ မတင်ဘူးဆိုတဲ့ အမြင်မျိုး မြင်သွားမှာ စိုးလို့ မူရင်းအတိုင်းမဖြတ်မတောက်ဘဲတင်လိုက်တာပါ လာဖတ်လို့ တော့ကျေးဇူးနော် မမလိုင် ရေ
    အမှားမပါပါဘူး ပွင့်ပွင့်လင်းလင်းဝေဖန် ပြောဆိုလို့ ရပါတယ် အပေါ်က ဦးချစ်ဖေ ပြောသလို ငါသာလျှင် ငါ့ဘလော့ခ်ရဲ့ အရှင်သခင် အမှန်တွေ အကောင်းတွေ ကြည့်ဘဲလို့ မဆိုလိုပါဘူး
    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ကို ယုံကြည်သူတယောက်ပါ

    ReplyDelete
  4. ဟုတ်ကဲ့ ဦးချစ်ဖေကြီးခင်ဗျား
    ဘယ်လက်နှက်ကိုင်အဖွဲ့ အစည်းလည်းလို့ မေးရင် အကုန်လုံးပါဘဲ
    ခင်ဗှားတို့ ကတော့ ဘယ်သွားသွား ကိုယ်ရံတော်တွေ နဲ့ ဆိုတော့ ဘာမှ မကြောက်ရပေမယ့် သာမာန် အလုပ်လာလုပ်နေတဲ့ ပြည်သူတွေက အကုန်လုံးကို ကြောက်နေရတာပါဗျာ ပြည်သူတွေ ဘ၀ကိုသနားပါဗျာ သူတို့ ခင်မျာ ထမင်းတလုပ်အတွက်ဘ၀တွေ ရင်းနေရတာပါ ခင်ဗျားတို့ လို ဘာအဖွဲ့ အစည်းမှ နောက်ခံမရှိပါဘူး သူတို့ မှာ ဒုခရောက်လို့ မှ ကူညီမယ့်သူမရှိတဲ့ဘ၀ ဟုတ်ဘူးလား ခင်ဗှားတို့ လို ဆရာကြီးတွေ ဘ၀နဲ့  ကွာလွန်းပါတယ်ဗျာ

    ReplyDelete
  5. အလုပ်များနေလို့ အခုမှလာဖတ်ပါတယ် အစ်ကိုတိုးကြီး
    ဘယ်ကိုမှမရောက်နိုင်ပေမယ့် အစ်ကိုတိုးဆီတော့အရောက်လာပါတယ်။
    အမှန်တရားတွေရေးတဲ့ဘလောက်မို့ပါ။
    လေးစားလျက်
    ညီမ ကဗျာဦး

    ReplyDelete
  6. ဟဲ ဟဲ ပီးခဲ့တဲ့ တစ်ပတ်က မျက်မြင်ကိုယ်တွေ့လေးတစ်ခုကို သတိရလို့ ရင်ထဲမှာ ယားကျိကျိ ဖြစ်လာမိတယ် ဦးတိုးရေ။

    ဖြစ်တာကတော့ ဦးတိုး ကျင်လည်သွားတဲ့ တော်လှန်ရေးနယ်မြေတစ်နေရာက သာမန်လက်လုပ်လက်စား ဗမာပြည်သားတွေနေတဲ့ ရပ်ကွက်မှာပါဗျာ။

    ကျန်းမာရေးအဖွဲ့အစည်းတစ်ခုက အခမဲ့ ဖြန့်ဝေတဲ့ ပြက္ခဒိန်လေးတွေကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတစ်ခုရဲ့ လူငယ်အဖွဲ့က အခကြေးငွေကောက်ပြီး အဲဒီရပ်ကွက်ထဲမှာ လိုက်ရောင်းသတဲ့ဗျ။ ဗမာပြည်သားရွှေ့ပြောင်းအလုပ်သမားတွေက မ၀ယ်နိုင်လို့ ညည်းကြတယ်။ မ၀ယ်နိုင်ဘူးလို့လည်း မပြောရဲဘူးတဲ့ သူတို့က လုံခြုံရေး ယူပေးထားလို့ဆိုပဲ။ ဒေသခံ ရဲနဲ့ ကိစ္စပြီးတာလား။ လက်ဝါးချင်းရိုက်ထားတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ပုလိပ်လာရင် ပြေးရတာပါပဲတဲ့။ ဘယ်တော်လှန်ရေးအဖွဲ့မှလည်း မကယ်နိုင်ပါဘူးတဲ့ဗျ။ အဲတာ ဘယ်လိုလုံခြုံရေးကို အကြောင်းပြပြီး ပြည်တွင်းက ကြံဖွတ်တွေလုပ်ရပ်လိုမျိုး ပိုက်ဆံလိုက်ကောက်ကြတယ် မသိဘူးနော်။

    ကျနော်တို့များ ကြားထဲက မျက်နှာပူလိုက်ချေရဲ့ဗျာ အဟတ် အဟတ်---- ဒီနေရာ ဒီဒေသတွေမှာတော့ အဖွဲ့အစည်းနောက်ခံရှိမှ အသက်ရှုဖြောင့်တယ်လေဗျာ။ ကျီးလန့်စာစားဆိုတဲ့ စကား ကြားဖူးမှတ်လား မနှိုင်းကောင်း နှိုင်းကောင်းဆိုရင်တော့ ရှေ့တိုးလည်း ထမ်းပိုး နောက်ဆုတ်လည်း လှည်းတုတ်ပေါ့ ဂီးဆောင်ကြောင်းရယ်။

    ReplyDelete
  7. မရောက်တာ ကြာလှပြီ။
    လုံးဝကိုမအားတာ။
    စာကြွေးတွေဖတ်သွားပါတယ်ရှင်။

    ReplyDelete
  8. ဆရာတိုး...
    နှစ်သစ်မင်္ဂလာပါဗျာ...
    အားလုံးကိုသဘောမတူနိုင်ပေမယ့် တော်တော်များများတော့ တစ်ထပ်တည်း
    ပါပဲ...
    ရွှင်လန်းချမ်းမြေ့ ပါစေ...

    ဖြစ်နိုင်ယင်တော့ ဘာသာရေးစာအုပ်တွေဖတ်စေချင်တယ်...
    တရားတော်တွေလည်းနားထောင်နိုင်သေးတာပဲ...
    အင်တာနက်မှာ အဆင်သင့် ပါပဲ...

    ReplyDelete
  9. လေ့လာ သင်ယူခဲ့တယ်ခင်ဗျ
    ဗဟုသုတတွေ အများကြီးရလိုက်ပါတယ်...

    ReplyDelete
  10. အင်တာဗျူးလာဖတ်ပါတယ်
    ပုံ
    အန်တီမေ

    ReplyDelete
  11. ဘယ်လိုခေါ်ခေါ်ရပါတယ်။
    အင်တာဗျူးကအစုံပဲနော်

    ReplyDelete
  12. ဝိုင်းပြီး ကြင်ယာရှာပေးရရင်ကောင်းမယ်ထင်တယ်။

    ReplyDelete
  13. ဘိုးတော်ကြီး ခွဲတဲ့ဗုံးကို အရူးခင်ရီက မသိပဲ ပေါက်ကရလျှောက်ပြောနေတယ်။ လူလုံးထွက်ပြလိုက်အုန်းနော် စတာ စ တာဗျ။

    ReplyDelete
  14. သစ်သစ် လာရှာတာ အဟောင်းပဲဖတ်သွားတယ်။

    ReplyDelete
  15. အ၇ူးခင်ရီ အရူးခင်ရီ ဘယ်သူဖောက်သလည်း သူများတွေတောင် သိတယ် သူ့ ခမျာ မသိရှာဘူးဗျာ ဟဟဟဟဟ
    ခင်ဗျားတော်တယ် ကိုအောင် ရေ

    ReplyDelete